အခု လာမည့် ကြားဖြတ် ရွေးကောက်ပွဲဟာ ဒီမိုကရေစီ အစမ်း စာမေးပွဲစစ်သလို ဖြစ်လာမည်။ ပြည်သူတွေက ဘယ်သူတွေကို ဘယ်လောက်အထိ လက်တွေ. တကယ် အားပေးထောက်ခံ တယ်ဆိုတာ စစ်ဆေးတော့မည့် မှတ်ကျောက်တင်မည့် စားမေးပွဲတခုဆိုရင် မှားမယ်မထင်။
အရင်ကတော့ သူရော ကိုယ်ရော ကျောက်ရောရောနဲ. လူထုထောက်ခံမှုရှိသူတွေ လူထုကိုယ် စား တိုက်ပွဲဝင်သူတွေအဖြစ် ရှေ.ထွက်ပြီး စကားတွေ ပြောခဲ့သည်။ နောက်ပြီး အစိုးရက မတ ရား ဖိထားလို. လူတွေက အကြောက်တရားတွေ များနေလို. သူတို.ဆန္ဒကို အမှန်အတိုင်း မ ဖော်ရဲဖူးလို.လဲ ဆင်ခြေပေးခဲ့ကျပါသည်။
ကဲအခုတော့ လာပါပြီ။ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူတွေက လွတ်လွတ်လပ်လပ်နဲ. သူ တို. ကြိုက်တဲ့သူတွေကို မဲပေးထောက်ခံ ရွေးချယ်ကျတော့မည်။ ဒါဆိုရင် ဘယ်သူတွေကို ပြည်သူတွေက ဘယ်လောက်အထိ ထောက်ခံသလဲဆိုတာ ကွဲသွားစေမည့် ဒီမိုကရေစီ အစမ်း စာမေးပွဲကြီး စစ်တော့မည်။ အောင်စာရင်းမှာ ဘယ်သူတွေ ပါမလဲ စောင့်ကြည့်ရပါမည်။ နောက် ဘယ်လောက်အောင်ချက် ရာခိုင်နှုန်းနဲ. အောင်ခဲ့သလဲဆိုတာလဲ သိလာရမည်။
လူထုက ဘယ်လောက်အထိ ထောက်ခံသလဲဆိုတာ အတိအကျ သိဖို.ပြောဖို.ကတော့ ဒီမိုက ရေစီကျင့်စဉ်မှာ လူထုက ရွေးကောက်ပွဲမှာ မဲပေးပြီး ထောက်ခံခြင်းကလွဲလို. တခြားနည်းဖြင့် အတိအကျပြောဖို. သိဖို.ခက်ပါသည်။ ရွေးကောက်ပွဲမှာ လူထုက မဲပေးပြီး စစ်ဆေးတဲ့နည်းဖြင့် သာ ငဖြူ င၀ါကို လူထုက ထောက်ခံ မထောက်ခံ အမှန် ပြောနိုင်မှာ ဖြစ်ပါသည်။ ကျန်တဲ့ နည်းတွေကတော့ အနီးကပ်ဆုံး ခန်.မှန်းပြောဆိုခြင်း ထင်မြင်ယူဆ ခန်းမှန်းချင်း သက်သက် သာ ဖြစ်ပါမည်။
လူစုလူဝေးတွေ လူအုပ်ကြီးတွေ လမ်းပေါ်မှာ လူတွေ စုဝေးတဲ့မြင်ခွင်းကို ကြည့်ပြီး တကယ့် လူထုထောက်ခံမှု ရှိတယ် ရတယ်လို. လက်တွေ.မှာတော့ ပြောဖို. ခက်ပါသည်။ အဲဒီလူအုပ် ကြီးဟာ အားလုံး အားပေးထောက်ခံသူလို. ပြောလို.မရလို.ပါ။ တကယ် အားပေး ထောက်ခံသူ တွေ ပါနေသလို လမ်းကြုံလို. ရပ်ကြည်သူ.တွေ၊ မမြင်ဖူး မကြားဖူး မတွေ.ဖူးလို. လာကြည့်သူ တွေ ရှိနေပါနေသလို လုံခြုံရေးအရ သတင်းယူဖို.လာတဲ့သူတွေ၊ စာနယ်ဇင်းသမားတွေလဲ လူ အုပ်တွေ လူစုလူဝေတွေမှာလဲ ရောနေတတ်ပါသည်။ ဒါကြောင့် လူအုပ်ကြီးတွေ လူစုလူဝေး တွေကို ထောက်ပြီး လူထုထောက်ခံမှု ဘယ်လောက်ရှိတယ်ဆိုတာ အတိအကျ ပြောဖို. ခက်ပါသည်။
၁၉၉၀ ရွေးကောက်ပွဲ ကာလတုန်းက ရွှေဘိုမှာ လာတဲ့ ဦးအောင်ကြီးရဲ့ ပရိတ်သတ်ကြီးဟာ နဲတဲ့အရာ မဟုတ်ပါ။ လူတွေ အတော်စည်ကား များပြားပါသည်။ ဦးအောင်ကြီးလုပ်တဲ့ မဲဆွယ်ပွဲတွေမှာလဲ ၀က်သားနဲ. ထမင်းကျွေးတာတွေရှိတော့ တက်ရောက်အားပေးတဲ့ ပရိတ် သတ်ဟာ အတော် များလှပါသည်။ ဒါပေမယ့် ၁၉၉၀ ရွေးကောက်ပွဲမှာ ရွှေဘိုမှာ အရွေးခံတဲ့ ဦးအောင်ကြီး မဲရှုံးခဲ့တာ သာတက တခုပါ။ ဒါကြောင့် လူစုလူအုပ်ကြီးကို ကြည့်ရုံဖြင့် လူုထု၏ ထောက်ခံမှု ဘယ်လောက်ရှိဖို. မသိနိုင်ပါ။
တကယ် သိနိုင်ပြောနိုင်တာတော့ ရွေးကောက်ပွဲမှာ မဲ အရွေးခံတဲ့အခါ လူတွေက တကယ် မဲပေးထောက်ခံ အားပေးနိုင်တဲ့ နည်းလမ်းနဲ.သာ အတိ အကျ အမှန်အကန် ပြောနိုင်မှာ ဖြစ်ပါသည်။
နောက်တခုက အခု လေ့လွတ်နေတဲ့ မဲဆန္ဒနယ်မြေတွေဟာလဲ အာဏာရပါတီ ကြံ့ခိုင်ရေး၏ အမာခံ Stronghold လို. အတိအကျပြောလို.မရသော်လဲ သေခြာတာကတော့ လက်ရှိအစိုးရ ၏ ထိပ်တန်းခေါင်းဆောင်တွေ၏ နယ်မြေခံတွေဖြစ်တဲ့အပြင် သူတို.ကိုယ်တိုင် စိတ်ချရမည် လို.ယူဆပြီး ပြိုင်ထားတဲ့ မဲဆန္ဒတွေဖြစ်တာကြောင့် အလွယ်တကူနဲ. နိုင်မယ်လို.လဲ ယူဆလို. မရပါ။
ဒါအပြင် ဒီမိုအင်အားစုတွေမှာ လက်တွေ.ကျကျ ရွေးကောက်ပွဲမဟာမိတ်အဖြစ် အင်အားစု ကြီးတွေအကြား မဲ မပြား မဲ မကွဲသွားအောင် ရွေးကောက်ပွဲအောင်နိုင်ရေး မဟာမိတ်လုပ်ပြီး စနစ်တကျဖြင့် ယှဉ်ပြိုင်တာမျိုး မရှိပါ။ ဒီတော့ ဒီမိုတွေရရှိမည့် မဲတွေဟာ ကွဲပြားနိုင်တဲ့ အ ချက်ကလဲ ရွေးကောက်ပွဲမှာ တကယ်အရွေးခံဖို. လက်တွေ.ကျတဲ့ စိမ်ခေါ်ချက်ပါ။
မကြာခင် လာမည့် ဒီမိုကရေစီ အစမ်းစာမေးပွဲမှာ ဒီမိုကရေစီ အင်အားစုတွေ အများအပြား ၀င်ပြီး အရွေးခံကျတာမို. တဖက်မှာလဲ အရင်ကနဲ.စာလျင် လွတ်လပ် ပွင့်လင်းမှုတွေရှိနေတာ မို. ဘယ်သူတွေ ဘယ်ခေါင်းဆောင်တွေကို ပြည်သူတွေက ဘယ်လောက်အထိ တကယ် အားပေး ထောက်ခံနေတယ်ဆိုတာ ဒီိမိုကရေစိ အစမ်း စာမေးပွဲ အောင်စာရင်းထွက်တဲ့အခါ လက်တွေ. သိရတော့မှာ ဖြစ်ပါသည်။
No comments:
Post a Comment