Sunday, January 15, 2012

ဦးခင်ညွန့်နဲ့အမှတ်တရ

ဦးခင်ညွန့်နဲ့အမှတ်တရပေါ့ဗျာ တဲ့

တအားများပေါ့ပေါ့ပျက်ပျက်နှိုင်နေလားလို့ ။။။။
ရင်ထဲမှာလဲခံစားလိုက်ရလို့ ပါ။။။။။
ကိုယ်ဘာသာကိုယ် အသေခံနှိုင်လို့ ကျားသေကိုအသက်သွင်း ပြီးကစားတာ ကျနော့်အလုပ့်မဟုတ်ပါ။ သို့ သော် တပါးသူတွေအတွက်ပါအန္တ၇ာယ်ရှိလာအောင်တော့ ကျားသေကိုပြန်ပြီးအသက်မသွင်းချင်ကြပါနဲ့၊ မကစားချင်ကြပါနဲ့၊ နောက်လိုက်ငယ်သားတယောက်ရဲ့အမှားဟာမပြောပလောက်၊ပြုပြင်ရလွယ်နှိုင်ပေမယ့်၊အများပြည်သူလေးစားလောက်တဲ့ ကိုသူရတို့ လိုလူမျိုးတွေ၊ ပညာရှိသတိဖြစ်ခဲဖြစ်မှာစိုးလို့ ပါ။
ဘယ်လိုကြောင့်ဖြစ်ပါစေ၊ ကိုယ်စေတနာကိုယ်အကျိုးပေးမှာမို့ ၊စေတနာမှန်ပါစေလို့ ဆန္တပြုလိုက်ပါတယ်။။။။။

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ဇာဂနာကို ဖိတ်ကြား

2012-01-16
မနေ့က ညနေပိုင်းက ဇာဂနာနဲ့ ရုပ်ရှင်လောကသား တချို့ဟာ နေအိမ်အကျယ်ချုပ်က လွတ်မြောက် လာခဲ့တဲ့ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နဲ့ သူရဲ့နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။ ဦးခင်ညွန့်က ဖိတ်ခေါ်တဲ့အတွက် သွားရောက်တွေ့ဆုံကြောင်း ဇာဂနာ ခေါ် ကိုသူရက အာအက်ဖ်အေကို ပြောပါတယ်။

Maung Thura/ Facebook
ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဒါရိုက်တာ ကြည်ဖြူသျှင်၊ ဇာဂနာ၊ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်၊ ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်း။
“ကျွန်တော် ထောင်ကထွက်တဲ့အခါကျတော့ ကျွန်တော်က ဗိုလ်ချုပ်ခင်ညွန့်တို့ကိုလည်း ထောင်ထဲမှာ ထားတဲ့ကိစ္စ မသင့်တော်ပါဘူး။ လွှတ်ပေးသင့်ပါတယ်လို့ ကျွန်တော် တောင်းဆိုခဲ့တယ်လေ။ အဲဒီဟာနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်ခင်ညွန့်က ကျေးဇူးတင်စကား ပြောချင်ပါတယ်ဆိုပြီး ဖိတ်ကြားတဲ့အတွက် ကျွန်တော် ရောက်သွားတာပါပဲ။ ကျွန်တော်တို့ ထောင်ထဲမှာ ဘယ်လိုနေခဲ့တယ် ဆိုတဲ့အကြောင်းပြော၊ သူလည်း သူ အကျယ်ချုပ် နေရတဲ့ဘဝမှာ ဘယ်လို ဘယ်လို နေထိုင်ရတယ် ဆိုတာလေးတွေ ပြောပေါ့။ မလွတ်မြောက်သေးတဲ့လူတွေအကြောင်းလည်း ပြောဖြစ်ကြတယ်။ ဘယ်သူက ဘယ်ထောင်မှာ။ သူတောင် မသိပါဘူး”

ဦးခင်ညွန့်ကို ဇာဂနာနဲ့အတူ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဒါရိုက်တာ ကြည်ဖြူသျှင်နဲ့ ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်းတို့ သွားရောက် တွေ့ကြပါတယ်။ အဲဒီလို သွားရောက်တွေ့ဆုံရတာဟာ အင်တာနက်မှာ ပျံ့နှံ့နေသလို ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်နဲ့ လုံးဝ မသက်ဆိုင်သလို အဲဒီကိစ္စပြောဆိုတာလည်း မရှိဘူးလို့ ဇာဂနာက ပြောပါတယ်။

No comments: