(ဆရာတင်မိုးကွယ်လွန်ခြင်း၅နှစ်မြောက်)
လ္ဘက်ရည်ပူပူကြိုက်
လ္ဘက်အတူတူနှိုက်
ကြည်ဖြုပျော်ပိုက်
ကဗျာလဲကြိုက်
ဆေးလိပ်လဲကြိုက်တဲ့ဆရာ
ဘယ်နေရာရောက်ရောက်
ဆေးလိပ်လဲသောက်ရမှ
ကဗျာလဲစွဲလောက်အောင်ရေးရမှ
အိပ်လို့လဲရ ခေါ်လို့ပင်မထ။
ကဗျာကြိုက်ပုံများ
ပြောရပါရင်လား
အစားမှာလျှာမတွေ့
ကဗျာဈာဉ်ဝင်မွေ့လာပါရင်
အစားကိုပင်မေ့
ကဗျာနဲ့အဖေါ်တွေ့
ကဗျာနဲ့ပျော်မွေ့
အားလုံးကိုမေ့တဲ့။
ပန်းမုန်းတဲ့ ပျားပိတုန်းဟူ၍
ထုံးမရှိ ပြုံးမိတယ်လေ့။
ဆရာတင်မိုးရဲ့ပျော်ရာကဗျာမို့
ဆရာမိုးရဲ့ဝါသနာဟာလဲ ကဗျာပါပဲ
ဆရာတင်မိုးနဲ့ကဗျာ
ကဗျာနဲ့ဆရာတင်မိုး
ခွဲမရ တွဲနေကြပုံများ
တွဲကနေတဲ့ နှစ်ပါးသွား။
ဆေးလိပ်သောက်တာမကျန်းမာ
ရွံလဲရွံစရာ
ငွေကုန်သံပြာချောင်းတွေဆိုး
သောက်ဟဲ့ သေခြင်းဆိုး
တင်မိုး တင်မိုး။
ဤကဗျာသည် ဆရာကိုယ်တိုင်
အပိုင်ဆုံးရေးသွားတဲ့ကဗျာ။
နောင်လာနောင်သားမှတ်စေဖို့
စေတနာထားပြီးသူမှာသဗျို့
သူ့အဖို့တော့ဆေးလိပ်စွဲ
မိုက်လက်စနဲ့ မိုက်မှာပဲ တဲ့။
ပြောမယုံ ကြုံမှသိ
မယုံမရှိနဲ့ ကိုယ်တွေ့တဲ့
သေတဲ့အထိ ဆေးလိပ်ညှိ
သောက်ဘိ သောက်၏။
လွမ်းတယ်ဆရာမိုး
ဆရာမိုးကိုလွမ်းတယ်
မှန်းတဆဆ လွမ်းတသသနဲ့က
လွမ်းနေရပါပြီး ဆရာကြီး။
ယခုချိန်မှာ ဆရာလဲဆုံး
ပခုံးပြောင်းတာဝန် ကျေပွန်အောင်
ထမ်းဆောင်ကြိုးပမ်းလာမှ
ဆရာ့ဈာဉ်အတိုင်း ကဗျာကိုညွတ်ကိုင်း
စိတ်ကိုမှိုင်းကပ် ကဗျာတွေရေးစပ်လာတော့မှ
ဘ၀ကွန်ချာထဲမှာ ဤကဗျာသည်
ဒိုင်ယာရီအဖြစ် နေ့စဉ်ရေးခြစ်လို့
ချစ်တဲ့သူပမာ တွဲလာခဲ့ရာ
ကဗျာသည်ထမင်း ကဗျာသည်ဟင်း
စားရင်းအားတွေရှိ စိတ်အသိတွေပွား
ကိုယ့်ပြည်သားအကျိုး ကိုယ်မြော်ကိုး
အရိုးကျေကျေ အရေခန်းခန်း
လွတ်လမ်းအတွက် ချီတက်နေပြါုပီ။
မပြီးသေးတဲ့တော်လှန်ရေး ခရီးမဝေးတော့ပါ
ဆရာကိုရော်ရမ်း ဆရာ့ကိုလွမ်းတဲ့စိတ်နဲ့
ဆရာလျှောက်လှမ်းခဲ့တဲ့ခရီးကြမ်း
မညည်းတမ်းအရောက်မှန်းပြီး
လျှောက်လှမ်းချီတက် ခရီးဆက်ပါတော့မယ်။
ကိုကိုအောင်(ခေါ်) တက္ကသိုလ်ဘုန်းကြွယ်
ဇန္န၀ါရီ ၂၂ ၂၀၁၂
No comments:
Post a Comment