ဥာဏ်ဥာဏ်(ရွှေမြစ်မခ)
by Myit Makha Mediagroup on 24 Jan, 2012
by Myit Makha Mediagroup on 24 Jan, 2012
ပြည်တွင်း လေကြောင်းလိုင်း တစ်ခုဖြစ်သော အဲကမ္ဘောဇ လေကြောင်းလိုင်းအနေဖြင့် ယခုလ တတိယပတ်မှ စတင်ပြီး ခရီးစဉ်သစ်များကို တိုးချဲ့ ပျံသန်းလျက်ရှိကြောင်း သိရှိရသည်။
“ဒီလို ခရီးစဉ်တွေမှာ အပတ်စဉ် ကြာသပတေး နေ့မှာ ပုံမှန် ပျံသန်း ပေးနေတဲ့ ရန်ကုန်- မန္တလေး ခရီးစဉ် အပြင် မန္တလေးမှ ဟုမ္မလင်း ၊ ဟုမ္မလင်း-မုံရွာ ၊ မုံရွာမှ မန္တလေး ခရီးစဉ်နဲ့ အပတ်စဉ် သောကြာနေ့ ညနေပိုင်းမှာတော့ နေပြည်တော်-ရန်ကုန် ခရီးစဉ်တွေကို တိုးချဲ့ ပျံသန်းပေးမှာပါ”ဟု အဲကမ္ဘောဇ မှတာဝန်ရှိသူ တစ်ဦ ဆိုသည်။
ရန်ကုန်မှ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့များသို့ တနင်္လာ၊ ကြာသပတေးနှင့် စနေနေ့များတွင်လည်းကောင်း၊ မန္တလေးမှ ဟဲဟိုး၊ လားရှိုး၊ ကျိုင်းတုံနှင့် တာချီလိတ်မြို့များသို့ နေ့စဉ်ပျံသန်းပြေးဆွဲ သွားမည်ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးခရီးစဉ်ကို တစ်ရက်ခြားစီ ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။
“ခရီးစဉ်တွေ တိုးချဲ့ ပျံသန်းရာမှာ ဟုမ္မလင်းနဲ့ မုံရွာမြို့ ခရီးစဉ်တွေ တိုးချဲ့ ပျံသန်း ပေးခြင်းဟာ ဆောင်းရာသီနဲ့ နွေရာသီတွေမှာ ချင်းတွင်းမြစ်ရေကျတဲ့ အတွက် ရေလမ်းကြောင်းမှ သင်္ဘောများ သွားလာရန် ခက်ခဲမှုတွေကြောင့် ခရီးစဉ် တိုးချဲ့ ပျံသန်းပေးတာ ဖြစ်သလို နေပြည်တော်- ရန်ကုန် ခရီးစဉ်ဟာလည်း သောကြာနေ့မှာ ၀န်ထမ်းများ အဆင်ပြေစေရေး အတွက် ပျံ သန်းပေးတာ ဖြစ်တယ်လို” တာဝန်ရှိသူတစ်ဦး က ပြောသည်။
ယခုနှစ် ခရီးသွားရာသီတွင် နိုင်ငံခြားသားခရီးသွားများ များပြားလာသည့်အပြင် ပြည်တွင်းလေယာဉ်စီး ခရီးသည်များပါ များပြားလာသည်သောကြောင့် ခရီးစဉ်များ တိုးချဲ့ရန်လိုအပ်လာသဖြင့် မြန်မာ့လေကြောင်းနှင့် ဆန်းဖား (SUN FAR) ခရီးသွားလုပ်ငန်းတို့၏ အစီအစဉ်ဖြစ်သည်ဟု အဲကမ္ဘောဇလေကြောင်းလိုင်းမှ တာဝန်ရှိသူက ပြောသည်။
အဆိုပါ အဲကမ္ဘောဇ လေကြောင်းလိုင်းကို ကမ္ဘောဇကုမ္ပဏီက၂၀၁၁ ခုနှစ် ဧပြီလတွင် စတင်ခဲ့ပြီး ယခုအခါ ATR - 72-500 လေယာဉ်နှစ်စင်းဖြင့် ပြည်တွင်းခရီးစဉ်များကို ပြေးဆွဲလျက်ရှိသည်။
No comments:
Post a Comment