Monday, January 16, 2012

တိုက်ခိုက်ခံရနိုင်ခြေရှိ၍ ထိုင်းနိုင်ငံတွင် လုံခြုံရေးတိုးမြှင့်

PDF Print
Monday, 16 January 2012 01:28
AddThis Social Bookmark Button
အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားနိုင်ခြေရှိသည်ဟု အမေရိကန်နှင့်အစ္စရေးတို့၏ သတိပေးချက်ရရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ရှိ နေရာအချို့နှင့် ကမ္ဘာ့လှည့်ခရီးသွားများ သွားရောက်သောနေရာအချို့တွင် လုံခြုံရေးများ တိုးမြှင့်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ 
ဘန်ကောက်တွင် တိုက်ခိုက်ခံရနိုင်ဟု အစ္စရေးက သတိပေးချက်ထုတ်ပြန်ခဲ့ပြီးနောက် ဆွီဒင်ပတ်စပို့ ကိုင်ထားသော သံသယဖြစ်ဖွယ် လက်ဘနွန်နိုင်ငံသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ယခုသီတင်းပတ်အတွင်း ဖမ်းဆီးခဲ့ ကြောင်း ထိုင်းဒုတိယ၀န်ကြီးချုပ် Chalerm Yoobamrung က ဇန်န၀ါရီလ ၁၃ ရက်တွင် ပြောကြားခဲ့ သည်။  အစ္စရေးထောက်လှမ်းရေးအဖွဲ့သည် ထိုင်းတာဝန်ရှိသူများကို ဒီဇင်ဘာလ ၂၂ ရက်တွင် ဆက်သွယ်ပြီး ထိုင်းတွင် လူနှစ်ဦး သို့မဟုတ် သုံးဦးက တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်နေဖွယ်ရှိကြောင်း အသိပေးခဲ့သည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီး သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

No comments: