အစိုးရနှင့် KNU အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပြည်နယ်အဆင့် လက်မှတ်ရေးထိုးပြီးနောက် ဆက်ဆံရေး ၁၁ ရုံးဖွင့်လှစ်ရန် သဘောတူခဲ့သည်။
အဆိုပါ ဆက်ဆံရေးရုံးများကို သထုံမြို့နှင့် တောင်ငူမြို့တို့တွင် နှစ်ရုံးစီ၊ ညောင်လေးပင်၊ ဖားပွန်၊ ဘားအံမြို့တို့တွင် တစ်ရုံးစီနှင့် ကျန် ၄ နေရာအတွက်နေရာမရွေးချယ်ရသေးကြောင်း သတင်းရရှိသည်။
အစိုးရဘက်က တောင်းဆိုချက် ၄ ချက်မှာ
၁။ အပစ်အခတ်ရပ်စဲရန်
၂။ ဆက်ဆံရေးရုံးထားရှိရန်
၃။ လက်နက်မပါဘဲ တစ်နိုင်ငံလုံးသွားလာရန်
၎။ ပြည်ထောင်စု အဆင့် ဆက်လက်ဆွေးနွေးရန်
အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးရာတွင်အစိုးရထံမှ KNU ဘက်မှ တောင်းဆိုခဲ့သော အချက်များမှာ
ပြည်နယ်အဆင့် ၄ ချက်
၁။ နှစ်ဦးနှစ်ဖက်အပစ်အခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရန်ကိစ္စ
၂။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ဆွေးနွေးရေးအတွက် ကိုယ်စားလှယ်အဖွဲ့ တရားဝင်ဖွဲ့စည်းပေးရန်နှင့်
ဆွေးနွေးမည့်နေ့ရက်အချိန်နှင့်နေရာတို့ကို ညှိနှိုင်းသတ်မှတ်ခြင်းအား ၄၅ ရက်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည်။
၃။ သတ်မှတ်နေရာမှ အပ အခြားဒေသသို့ လက်နက်ဖြင့် သွားလာခြင်း မပြုရန်ကိစ္စ
၎။ နှစ်ဖက်သဘောတူညီမှု ညှိနှိုင်းရရှိထားသည့်သတ်မှတ်ထားသည့်နေရာများတွင် လက်နက်မပါဘဲ နေထိုင်ရန် ကိစ္စအား နောက်ဆက်တွဲကိစ္စအဖြစ် ဖော်ပြအပ်ပါသည်။
ပြည်ထောင်စုအဆင့် ၁၁ ချက်
၁။ တစ်ပြည်လုံး အတိုင်းအတာအားဖြင့် အပစ်အခတ်ရပ်စဲရမည်။(အထူးသဖြင့် တိုင်းရင်းသားဒေသများတွင်ဖြစ်ပွားနေသည့် စစ်ပွဲများအား ရပ်စဲပေးရန်)
၂။ ကြောက်ရွှံ့ခြင်းကင်းသည့် ပြည်သူပြည်သားများအဖြစ် ဘ၀ရပ်တည်နိုင်ရန် အာမခံရမည်။
၃။ ပြည်သူပြည်သားများအတွင်း ယုံကြည်ရသည့် အခြေအနေတည်ဆောက်ရန်
၎။ အခြေခံပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရေးနှင့် ဒေသဆိုင်ရာ လူထုနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား အထောက်အကူပေးရန်
၅။ နိုင်ငံတော်အတွင်း သတင်းမီဒီယာများအား ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပူးပေါင်းဆောင်ရွက်စေရန်နှင့် အခြားသတင်းမီဒီယာများအား တိကျသော ငြိမ်းချမ်းရေးဆိုင်ရာသတင်းအချက်အလက်များ ရယူခွင့်ပြုရန်။
၆။ အတင်းအဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ပုံစံအမျိုးမျိုးဖြင့် ငွေကြေးကောက်ခံခြင်း၊ ပေးကမ်းလှူဒါန်းခိုင်းစေခြင်း အခြားသောနည်းလမ်းဖြင့် ငွေကြေးကူညီခြင်းများမပြုလုပ်ရန်။
၇။ အကျဉ်းသားများလွှတ်ပေးရန် ပြည်သူပြည်သားများအား ဘ၀ပြန်လည်ထူထောင်ရေးနှင့် ပြည်သူပြည်သားများ၏ မြေယာကိစ္စများအား ဖြေရှင်းပေးရန်၊
၈။ နှစ်ဖက်စလုံးငြိမ်းချမ်းရေးပြောဆိုမှုများနှင့် နည်းလမ်းများအား အကျိုးဆောင် ပံ့ပိုးကြရန်
၉။ စေ့စပ်ညှိနှိုင်းမှု စားပွဲဝိုင်းတွင် ပါဝင်သည့် ကိုယ်စားလှယ်များ တရားဝင်မှု ရှိစေရန် သက်ဆိုင်သည့်နယ်မြေများရှိ ပြည်သူများနှင့် လုံလောက်သည့် ညှိနှိုင်းတိုင်ပင်မှုပြုချိန်ရရှိရန်နှင့် ဖြစ်စဉ်အား ပြင်ပမှ ကူညီပံ့ပိုးသူများအကြား ရှင်းလင်းသည့် အခန်းကဏ္ဍများထားရှိရန်
၁၀။ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် စောင့်ကြည့်စစ်ဆေးခြင်း၊ စိစစ်အတည်ပြုခြင်းနှင့် တည့်မတ်မှန်ကန်အောင် အစီအစဉ်လုပ်ဆောင်မှုများ စတင်ရန်
၁၁။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် ပဏာမ သဘောတူညီချက်
ထိုအချက်များကို နှစ်ဖက်စလုံးက အပြန်အလှန် သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ပြီဖြစ်သည်။
KNU ဘက်မှ တောင်းဆိုချက်(၁၁)ချက်
KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွင် …
၁-ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး
၂-ပဒိုဒေးဗစ်ထော
၃-ပဒိုအားတိုး
၎-ဗိုလ်မှူးချုပ်ဂျော်နီ
၅-ဒု-ဗိုလ်မှူးကြီးရောဂျာခင်
၆-ဗိုလ်မှူးအိသာ
၇-ဗိုလ်မှူးရှီးရှို
၈-ပဒိုကွယ်ထူးဝင်း
၉-ပဒိုအောင်မော်အေး
၁၀-ပဒိုရွှေမောင်း
၁၁-ပဒိုလေးလော်ဆော
၁၂-ပဒိုအယ်ဝါး
၁၃-ပဒိုသောသီဘွဲ
၁၄-ပဒိုလှထွန်း
၁၅-ပဒိုအောင်ဝင်းရွှေ
၁၆-ဆရာစောတာမူးလာ။
၁၇-ဆရာဂျီးဂျီ
၁၈-ဗိုလ်ကြီးဆာ့ဆေး
၁၉-ဗိုလ်ကြီးစဂျွန် တို့ပါဝင်သည်။
ဆွေးနွေးပွဲမှာKNU ဘက်မှ အချက် ၁၁ ချက် တောင်းဆိုသွားမည်ဟု သိရသည်။
၁။ တပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရမည်။ အထူးသဖြင့် တိုင်းရင်းသားနယ်မြေများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများကို အမြန်ဆုံး ရပ်စဲရမည်။
၂။ ကြောက်ရွှံ့ခြင်းကင်းသည့် ပြည်သူပြည်သားဘ၀အဖြစ် ရပ်တည်နိုင်ရန် အာမခံရမည်။
၃။ ပြည်သူပြည်သားများအတွင်း ယုံကြည်ရသည့် အခြေအနေ တည်ဆောက်ရန်။
၎။ အခြေခံ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်ပေးရေးနှင့် ဒေသဆိုင်ရာ လူထုနှင့် အတိုင်ပင်ခံပြုသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား အထောက်အကူပေးရန်။
၅။ နိုင်ငံတော်၏ သတင်းမီဒီယာများအား ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပူးပေါင်းဆောင်ရွက်စေရန်နှင့် အခြားမီဒီယာများအား တိကျသော ငြိမ်းချမ်းရေးဖြစ်စဉ်များဆိုင်ရာ အချက်အလက် ရယူခွင့်ပြုရန်။
၆။ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်း၊ ပုံစံအမျိုးမျိုးဖြင့် ငွေကြေးကောက်ခံခြင်း၊ ပေးကမ်းလှူဒါန်းခိုင်းခြင်း၊ အခြားအခြားသော ငွေကြေးကူညီစေခြင်း မပြုရန်။
၇။ အကျဉ်းသားများအား လွှတ်ပေးရန်၊ ပြည်သူပြည်သားများဘ၀ ပြန်လည်ထူထောင်ရေးနှင့် ပြည်သူများ၏ မြေယာများကိစ္စကို ဖြေရှင်းပေးရန်။
၈။ နှစ်ဘက်စလုံးမှ ငြိမ်းချမ်းရေးပြောဆိုမှုများနှင့် တိုးတက်ရေးနည်းလမ်းများအား အကျိုး ဆောင်ပံ့ပိုးကြရန်။
၉။ စေ့စပ်ညှိနှိုင်းမှုစားပွဲဝိုင်းတွင် ပါဝင်သည့် ကိုယ်စားလှယ်များ တရားဝင်မှုရှိစေရန်နှင့် သက်ဆိုင်ရာ နယ်မြေများရှိ ပြည်သူများနှင့် လုံလောက်သည့် တိုင်ပင်မှုပြုချိန် ရရှိရန်နှင့် ဖြစ်စဉ်အား ပြင်ပမှ ကူညီပံ့ပိုးသူများအကြား ရှင်းလင်းသည့် အခန်းကဏ္ဍများ ထားရှိရန်။
၁၀။ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် စောင့်ကြပ်စစ်ဆေးခြင်း၊ စိစစ်အတည်ပြုခြင်းနှင့် တည့်မတ်မှန်ကန်အောင် အစီအစဉ်လုပ်ဆောင်မှုများ စတင်ရန်။
၁၁။ ဘက်အားလုံးမှ တည်မြဲသည့် ငြိမ်းချမ်းရေးကို ရှေးရှုသည့် လုပ်ဆောင်မှုများ တိုးတက်ဖြစ်ပေါ်စေနိုင်ရန် အာမခံသည့်၊ ပျော့ပြောင်းညင်သာသည့် လုပ်ငန်းစဉ် ထားရှိရန်၊ ဘက်တာက်အပေါ် သတိမဲ့ ခွင့်ပြုလိုက်လျှောသည့်၊ လိုသလို အနက်အဓိပ္ပာယ်ကောက်ယူနိုင်သော ဝေါဟာရအသုံးအနှုန်းများ ပပျောက်ရေးကို လုပ်ကိုင်ရမည်။
ကရင်အမျိုးသားအစည်းအရုံး KNU သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ၁၉၄၉ ခုနှစ်ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စ၍ အစိုးရအဆက်ဆက်ကို တိုက်ပွဲဝင်ခဲ့သည်မှာ ၆၃ နှစ်ရှိပြီဖြစ်သည်။ ။


No comments:
Post a Comment