ခွန်အားကြီးတဲ့ လက်ဖ၀ါးများနဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး နိုးဆော်မှု ဖေ့စ်ဘွတ်တွင်ပေါ်ထွက်
မိုးမခ၊ ဇန်န၀ါရီ ၁၀၊ ၂၀၁၂
Powerful Palms For Political Prisoners (P4 Campaign) အမည်နဲ့ မြန်မာ့ဖေ့စ်ဘွတ်သမားများက နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနိုးဆော်တဲ့ လှုပ်ရှားမှုတခု ပြုလုပ်နေတာကို တွေ့ရပါတယ်။ ထင်ရှားတဲ့ နိုင်ငံရေးသမားများ၊ စာနယ်ဇင်းသမားများအပါအ၀င် မြန်မာပြည်သူလူထု၊ ကျောင်းသားလူငယ်တွေက မိမိလက်ဖ၀ါးပေါ်မှာ အကျဉ်းကျဆဲ နိုင်ငံရေးအကျဉ်းသားအမည်ကို ထုတ်ဖော်ရေးသားပြီး ဓာတ်ပုံရိုက်ကာ ဖေ့စ်ဘွတ်ပေါ်မှာ တင်ဆက်တဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။
မကြာသေးမီက နိုင်ငံရပ်ခြား ဓာတ်ပုံဆရာ James Mackey ရဲ့ Abhaya: Burma’s Fearlessness ဓာတ်ပုံပြပွဲက ပုံသဏ္ဍန်နဲ့ အလားတူ မြန်မာပြည်သူတွေက သူတို့နည်း သူတို့ဟန်နဲ့ဆန္ဒထုတ်ဖော်တဲ့ လှုံ့ဆော်မှုဟာ လက်ရှိ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မပေးဘဲ ကြားဖြတ်ရွေးကောက်ပွဲတခုဖြစ်မြောက်ရေးကိုသာ ဦးစားပေးဆောင်ရွက်နေတဲ့ သိန်းစိန်အစိုးရကို မေးခွန်းထုတ်လိုက်တဲ့ စိန်ခေါ်မှုဖြစ်တယ်လို့ ဆိုကြပါတယ်။
(ဓာတ်ပုံ – Free All Now လို့ ရေးထားတဲ့ လက်ဖ၀ါးကို ထောင်ထားတဲ့ စာရေးဆရာ၊ ဒါရိုက်တာ ချိုတူးဇော်)
share
shareshareshareRelated posts:
- Suu met with Burmese political prisoners’ families and former prisoners
- 2 Political Prisoners in the group of release yet so far
- Prominent Political Prisoners Relocated
- Former Political Prisoners – မေတ္တာရပ်ခံ လျှောက်ထားလွှာပေးပို့
- Former Political Prisoners – charity runs




No comments:
Post a Comment