တန့်ဆည်မြို့နယ် ဗိုလ်မြရပ် မဲရုံအမှတ်(၂) ၆ နာရီမှ ရ နာရီအတွင် မဲပေးသောမိဘပြည်သူများ

ဒီနေ့ မြန်မာသံရုံးကို မဲသွားပေးခဲ့ပါတယ်။ ရုံးပိတ်ရက် ဖြစ်ပါသဖြင့် ရုံးမဖွင့်ပါဟု
လုံခြုံရေး ၏ အဟောက်ခံခဲ့ရပါ သည်။ မည့်သည့် အကြောင်းပြချက်မှ မရဘဲ
လုံခြုံရေးမှ သူမသိပါဟု သာပြောလာပါသည်။ မြန်မာအမျိုးသမီးတစ်ယောက်မှာ
သံရုံးတွင်းမှ မျက်နှာထား မာမာဖြင့် ခဏထွက်ကြည့်ပီး ပြန်ဝင်သွားခဲ့ပါသည်။
ဒီနေ့သည် ရွေးကောက်ပွဲနေ့ ဖြစ်ပါလျှက် အကြောင်းပြချက် မရှိဘဲ
သံရုံးပိတ်ထားပါသည်။ ကျွန်ုပ် တို့ သည် မြန်မာနိုင်ငံသားများ
ဟုတ်ပါ၏လော?????........လူ့အခွ င့်ရေးဟူသည်
အဘယ်နည်း????? စင်ကာပူရှိ မြန်မာသံရုံးသည် အခွန်ကိစ္စ သာ လုပ်ဆောင်သော
ရုံးတရုံးပါလား????? မြန်မာနိုင်ငံ၏ ကြားဖြတ်ရွေးကောက်ပွဲသည်
စင်ကာပူတွင်နေထိုင်သော မြန်မာနိုင်ငံသားများ နှင့် မသက်ဆိုင်သလော?????

By: Aye Thu
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂၀)
အောင်ပန်းမြို့ မှ အိမ်ထောင်စု ဇယား |
ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့
အမှတ် ( ၃ )ရပ်ကွက်တွင် အိမ်ထောင်စု ဇယားများလည်း ရှိပြီး လူဦးရေ ( ၁၇၀
)ခန့်မှာ မဲစားရင်းတွင် မပါသဖြင့် မဲမပေးရကြောင်း ယင်းရပ်ကွက်နေ မဲမပေးရသော
အမျိုးသမီးတစ်ဦးက ပြောပြပါသည် ။နောက်ထပ် မဲစားရင်းတွင် မပါသူများ ထပ်မံ
တိုးလာနိုင်ကြောင်း ယင်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးမှ ပြေပါသည်။
အောင်ပန်းမြို့ ရွာသစ်ရပ်ကွက် ဇောတိ မဲရုံ တွင်လည်း မဲစားရင်းနံပါတ် ( ၉၁၇ ။ ၉၁၈ ) နစ်ခု တို့သည် နစ်နေရာတွင် ဖော်ပြထားပြီး မဲပေးရမယ့်သူအမည်မှာ နစ်မျိုးဖြစ်နေကြောင်း သိရပါသည်။
ယင်းကိစ္စ နှင့်ပတ်သက်၍ မဲ ရုံမှုး အားမေးမြန်းစုံစမ်းရာ ပထမနှစ်ဦးမှာ သေဆုံးသွားပြီးဖြစ်ကြောင်း နှောက်နစ်ဦးမှာ ရပ်ကွက်ရှုံးမှ တာဝန်ရှိသူက အမှတ်စဉ် အတိုင်းပြုစုခြင်းမရှိပဲ မှုလ 2010 ခုနစ်က
စားရင်းကို ပြုစု၍ ပြုလုပ်ကြောင်း ရှင်းပြပါသည်။ အဆိုပါဇောတိရပ်ကွက်တွင် မဲဆန္ဒ ပေးရမည့် စားရင်းစုစုပေါင်းမှာ ၁၁၃၂ ဦးရှိပြီး တပ်နယ်မြေတွင် အများဆုံးဖြစ်ကြောင်း သိရပါသည်..။

မအူပင်မြို့နယ် အောင်ဘုံကျေးရွာမဲရုံတွင် ရာအိမ်မှူး ဦးမြင့်အောင်မှ ကြိုတင်မဲ (၁၅) မဲကို ၄င်းလုပ်ပိုင်ခွင့်ရှိသည်ဟုပြော ဆိုပြီး မဲရုံအတွင်းဝင်ထည့်သွားသည်။ မဲရုံမှူးဒေါ်မူမူခင်မှ NLD ပါတီကိုယ်စားလှယ် အကူကိုယ်စားလှယ်များဝင်ရောက်ခွင့်မပြုပဲ အခြားပါတီကိုယ်စားလှယ်များကို ၀င်ခွင့်ပြုပါသည်။ မအူပင်မြို့နယ် ကန်စုကြီးကျေးရွာမဲရုံတွင်လည်း ဆယ်အိမ်မှူး ဦးကံမြင့်မှ ကြိုတင်မဲ (၅) မဲကို သူ့သဘောနှင့်သူ ၀င်ထည့်သွားပါသည်။
Myanmar News Now
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂၁)
ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်ရာ ကော့မှူး မဲဆန္ဒနယ်တွင်
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့်
ဒေါက်တာ စိုးမင်း မဲရုံများသို့ လာရောက်ကြည့်ရှုခြင်းမရှိကြောင်း
နှင့် ကြံ့ခိုင်ရေးပါတီ၏ မည်သည့် လှုပ်ရှားမှုကိုမှ မတွေ့ရကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
![]() |
နိုင်ငံတော်သမ္မတ ယနေ့နေ့လည် (၁၁) နာရီတွင် မဲဆန္ဒနယ်အမှတ်တစ်တွင် မဲလာထည့်စဉ်..Messenger News Journal |
The Voice Weekly
---------------------------------------------------------------------------------
ဒဂုံဆိပ်ကမ်းတွင် မဲဝယ်မှု၊ မဲလိမ်မှုများ အကြီးအကျယ် ဖြစ်ပွား
ဒဂုံဆိပ်ကမ်းတွင် မဲဝယ်မှု၊ မဲလိမ်မှုများ အကြီးအကျယ် ဖြစ်ပွားလျက်ရှိကြောင်း
weekly express times သတင်းထောက်က သတင်းပေးပို့သည်။

မနက်
၇း၄၀မှာ ကြံ့ခိုင်ရေးကိုယ်စားလှယ်ဦးဌေးဝင်းက ဒဂုံဆိပ်ကမ်းမြို့နယ်
၆၇ရက်ကွက်မှာ ငွေ၃၀၀၀ပေးပြီး မဲဝယ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
၈၈ရပကွက်မဲရုံ ၆၊၇ မှာမဲစစ်ခွင့်မရသည်သာမက ၈၉ရပ်ကွက်မဲရုံ ၃ တွင် ကြိုတင်မဲ ၁၂မဲရှိကြောင်းသိရသည်။
မဲနံပတ် ၈၇၀ အောင်မြတ်တင် မဲနှစ်ခါထည့်၊သကဲ့သို့ ၈း၃၅ ၉၂ရက်ကွက်မှာ မသန်းသန်းဆင့် မဲအမှတ်၁၁၁၆၊ ၉၂၀ နဲ့မဲနှစ်ခါထည့် သို့သော်မှတ်ပုံတင်မရှိသဖြင့် မဲပေးခွင့်မရသူ၅၀ရှိခဲ့သည်။
မဲရုံ၁၂မှာ မဲစာရင်းမပါသဖြင့် အော်ဟစ်ဆူပူမှုဖြစ်ပွားခဲ့ပြီး ၈း၄၀ ၉၃ရက်ကွက်မှာ ဓာတ်ပုံကိုင်ဆန္ဒပြရန်ကြိုးစားမှုဖြစ်ခဲ့ပြီး မည့်သည့်ဓာတ်ပုံမှန်းမသိလိုက်ရပေ။
၆၇ ရက်ကွက် ကြံ့ခိုင်ရေးမှဦးခင်ဇော် ရွှေကျီးကိတ်မုန့်ကျွှေးပြီး ကားနံပါတ် ၈င/၂၈၆၀ကားနဲ့ မဲရုံများကိုလိုက်လံပို့
၉၃ ရက်ကွက် မုခ်ဦးမှာ ကြံ့ခိုင်ရေးအလံထောင်ထားရာ မဲရုံနဲ့ ကိုက်၁၅၀ပဲကွာသည်။
၈း၄၀ ၉၈ရက်ကွက် မထားစုအပိုင် စားအုန်းဆီစက်ရုံမှာ မန်နေဂျာ ၀င်းထက်ပိုင်၊ စက်ရုံမှုး ဦးဝင်းကို အလုပ်သမား ၇၀ ရဲ့မှတ်ပုံတင်တွေကို ကြံ့ခိုင်ရေးကိုပေးခဲ့ကြောင်း သိရသည်။
The Express Times

------------------------------------------------------------
၈၈ ရပ်ကွက် ဒဂုံဆိပ်ကမ်းမှာ ဖြစ်နေသော မသမာမှုများ မဲရုံ ၆၊၇ တွင်
ဆရာမများ မှာပါလာသော မဲပြား၊ မဲထုတ်များကို ကိုယ်စားလှယ်များ မကြည့်ရ
ပုံစံ(၁၃)တွင်ဖြေ့မရကြိုတင်မဲများပါပါလာသည်။
မဲရုံ ၇ တွင် မဲလက်မှတ်တိုင်းမှာ မဲရုံစီးတံဆိပ်တုံး ရိုက်နှိပ်မထားပါ
ကြံခိုင်ရေးမှ ဦးသိန်းဝင်းမှ မဲရုံအတွင်း အသံဖမ်း ဓါတ်ပုံရိုက်
မဲရုံ ၅ မှာ မဲပေးတဲ့နေရာမှာ မီးချောင်းတွေကြွင်းနေတယ်။
NLD ပုံစံ (၁၁)နဲ့ ၁၃ တွေမှာ လက်မှတ်လုံဝ မထိုးပေး
မရင်ရင်အေး အမှတ်(၅၀) ခ ယုဇနလမ်း
နေသူသည် မဲရုံတွင်မဲပေးဖို့သွားတာကို ရာအိမ်မှုးဦးခင်မောင်ထွေးမှ
ငါတို့ကြံခိုင်ရေးအားနည်းနေလို့ နင်တို့မဲတွေပေးလိုက်ပါလို့ပြော
မရင်ရင်အေး မဲမပေးခဲ့ရ။
တချို့ဆိုမိသားစုလိုက် မဲမပေးရသူများရှိနေ
၂၀၁၀ တုန်းကမဲပေးလိုက်ရပြီးခုချိန်မှ မဲမပေးရသူများရှိ
မှတ်ပုံတင်နံပါတ်များလွဲနေသူများရှိ
၁၆၈ ရပ်ကွက် မှာ ကြံခိုင်ရေး စည်းမှူးဒေါ်ဥမ္မာညွန့် နှင့် လူ၂၀ ခန့်
မဲရုံအနီးတွင် ကြံခိုင်ရေး ကိုမဲပေးဖို့စည်းရုံး
ခုပို့လိုက်သော ပုံများမှာ မဲမထည့်ရသောသူများဖြစ်ပါသည်။

မှတ်ပုံတင်နံပါတ်များလွဲနေသူမျာ