Saturday, March 31, 2012

မဲဓါးမြ လား?

စစ်ကိုင်းတိုင်ဒေသကြီး၊ ပုလဲမြို့နယ်၊ ပန်းရွာကျေးရွာ၊ ကုန်းပေါ်ရပ်ကွက်တွင်နေထိုင်သူ မမိမာ(မှတ်ပုံတင်အမှတ်- ၅/
ပလန(နိုင်)၁၀၄၈၉၆)ကိုင်ဆောင်ထားသော မဲနံပါတ်(၇၁)အား တစ်ရွာထဲနေသူ ဦးပြည်အေးဆိုသူကလုယူပြီး ကြံ့ခိုင်ရေးပါတီအား မဲပေးသွားသဖြင့် ရပ်/ကျေးကော်မရှင်ထံတိုင်ကြားရန်သွားရောက်ခဲ့ရာတွင် ကော်မရှင်မှတာဝန်ရှိသူများက မမိမာအားဝင်ရောက်ခွင့်မပြုခဲ့ကြောင်းသိရှိရသည်။
 
 နေပြည်တော် ပုပ္ပသီရိမြို့နယ် ကြိုတင်မဲ
=======================
ဝဲကြီးကျေးရွာ

မဲရုံ ၂ ရုံ

ကြိုတင်မဲ ၁၀၂ မဲ

သရက်ပင်ကျေးရွာ


မဲရုံ ၁ ရုံ

ကြိုတင်မဲ ၃၁ မဲ

ကစွန်းအင်းကျေးရွာ

မဲရုံ ၂ ရုံ
ကြိုတင်မဲ ၆၀

ပုစွန်ဆိတ်ကျေးရွာ

မဲရုံ ၂ ရုံ
ကြိုတင်မဲ ၂၉ မဲ

ညောင်လူးကျေးရွာ

မဲရုံ ၂ ရုံ
ကြိုတင်မဲ ၄၈ မဲ

ဖြုတ်ခွဲကျေးရွာ

ကြိုတင်မဲ = မဲရုံ အမှတ် ၁၊ ၂ မဲ။ အမှတ် ၂၊ ၂၆ မဲ။ အမှတ် ၃၊ မရှိ။ အမှတ် ၄၊ ၅ မဲ။

ဖြုတ်ကွန်းကျေးရွာ

ကြိုတင်မဲ ၄၁၀ မဲ
မဲရုံ ၅ ရုံ
 
 
ပုသိမ်မြို့နယ် မဲရုံများမှ မဲပေးပြီး မဲရုံမှပြန်ထွက်လာသူများကို မေးမြန်းစုံစမ်းမှုများအရ NLD ကိုသာ မဲပေးခဲ့ကြသည်ဟု အတိအလင်းပြောကြားကြကြောင်း၊ ထိုအထဲတွင် မီးရထားဝန်ထမ်းများနှင့် အငြိမ်းစားဝန်များလည်းပါဝင်ကြောင်း၊ လူငယ်အချို့ဆိုလျှင်"ခွပ်ဒေါင်းကိုပဲမဲပေးခဲ့တယ်ဟေ့"ဟု အော်ဟစ်ပြီးပင်ပြောဆိုနေကြကြောင်း၊ ပုသိမ်သတင်းထောက်ထံမှ သတင်းပေးပို့သည်။
 
မအူပင် မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု ဇီးကုန်းမဲဆန္ဒနယ်တွင် ၄၀၃ မဲ မှာ မဲစာရင်းကျန်ခဲ့ကြောင်း မဲစာရင်းကျန်ခဲ့သော ဒေသခံများက မတ်လ ၃၁ရက်နေ့ ည၁၀နာရီခန့်တွင် ကျေးရွာရပ်ကွက်ကော်မရှင်နှင့် အုပ်ချုပ်ရေးမှူးထံ သွာေးရာက်ပြိး နိုင်ငံသားအခွင့်အရေးကို လုပ်ပေးပါဟု သွားရောက် မေတ္တာရပ်ခံခဲ့ကြောင်း၊ ခရိုင်ကော်မရှင်ကိုဖုန်းဆက်အကြောင်းကြားရာ ခရိုင်ကော်မရှင်က ဆန္ဒမပြပါနှင့် မနက် ၉နာရီတွင် တိုင်းကော်မရှင်ကို တင်ပြပေးမည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့ သော်လည်း ဒေသခံ မဲဆန္ဒရှင် ၄၀၃ဦးမှာ ယခုအချိန်ထိ မဲပေးခွင့်မရရှိသေးကြောင်း NLD ပါတီအတွက် အောင်နိုင်ရေး ဆင်းပေးနေသော ၈၈ ကျောင်းသားခေါင်းဆောင် ကိုဇော်ရမ်းက မြစ်မခသို့ ပြောပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ငှက်အော်စမ်းမှ ကော့မှူးသို့ရောက်ရှိလာပြီး မကြာမီအချိန်ပိုင်းတွင် နတ်စင်ကုန်း မဲရုံကိုကြည့်ရှုပြီးနောက် ရန်ကုန်သို့ တန်းပြန်တော့မည်ဟု ကော့မှူးမှ သတင်းထောက်က သတင်းပေးပို့သည်။
  မန္တလေးကျောက်ပန်းတောင်းရှိ လူဦးရေ ၁၀၀ ကျော်နေသည့်ရွာ ကြိုတင်မဲ ၇၀ ဖြစ်နေ  မန္တလေး ကျောက်ပန်းတောင်းမြို့နယ် ၊ လက်ပံပြားတိုက်နယ်အုပ်စုခွဲ ၊ စင်မြင်အုပ်စု မြင်သာရွာတွင် မဲပေးနိုင်သူဦးရေမှာ ၁၀၀ ခန့်သာရှိ သော်လည်း အခုအချိန်တွင် ကြိုတင်မဲ ကောက်ယူထားသည်မှာ ၇၀ ကျော်ပြီဖြစ်ကြောင်းသိရသည် ။
မတ်လ ၃၁ ရက်နေ့တွင်မှ ကြိုတင်မဲ စတင်ကောက်ခံခဲ့ခြင်းဖြစ်ပြီး ယနေ့ တစ်ရက်ထဲဖြင့် ကြိုတင်မဲ ၇၀ ရရန် ကောက်ယူသွားခဲ့ခြင်းဖြစ် သည်ဟု ဒေသခံအချို့ထံမှ စုံစမ်းသိရှိရသည်။
မသိနားမလည်သော ရွာသားများကို ခြိမ်းခြောက်ပြီး ကြိုတင်မဲကောက်ယူခဲ့သည့်အပြင် ခြင်္သေ့ကိုသာ မဖြစ်မနေထည့်ခိုင်းခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ယင်းလုပ်ရပ်ကို ဦးဆောင်သူများမှာ အဆိုပါ ကျေးရွာ၏ ဥက္ကဌဟောင်း ဦးစံသိန်း ၊ ဆယ်အိမ်မှုး ဦးစိုးရ ၊ ဦးတင်ညွန့် ၊ အုပ်ချုပ်ရေးမှုး ကိုမြင့်အေး ၊ ရပ်မိရပ်ဖ ဦးဖြိုးရ တို့မှာ ကော်မရှင် အဖွဲ့ဝင်များ မဟုတ် သော်လည်း ကြိုတင်မဲ လိုက်လံကောက်ယူနေကြောင်း သိရှိရပါသည် ။
ယင်းကိစ္စရပ်ကို ရွေးကောက်ပွဲကော်မရှင်သို့ တယ်လီဖုန်းနှင့်လည်းကောင်း၊ စာဖြင့်လည်းကောင်း တိုင်ကြားခဲ့သော်လည်း အရေးယူမှုမရှိသေးကြောင်း အန်အယ်လ်ဒီပါတီထံမှ စုံစမ်းသိရှိရသည်။
 The Express Times
 

No comments: