တောင်ငူမြို့၊ ၁၈ ရပ်ကွက် ကြာနီကန်အနောက်ခြမ်းမဲရုံအမှတ်( ၁)တွင်
မဲဆန္ဒရှင်တစ်ဦးအား NLD အင်္ကျီဝတ်ဆင်လာ၍ အင်္ကျီပြန်လဲခိုင်းကြောင်းသိရသည်။
ထို့အပြင် အဆိုပါ မဲရုံတွင် မဲပေးမည့်သူများစုပြုံရောက်ရှိလာ၍ မဲစလစ်ပြားနှင့် မှတ်ပုံတင် ထပ်ထားရန် မဲရုံမှူးကပြောကြားနေသည်ကိုတွေ့ ရသည်။


လားရှိုးမြို့၊ ဗျုဟာလမ်းမကြီးပေါ်ရှိ အမှတ်(၁၆)အခြေခံပညာအလယ်တန်းကျော င်းခွဲတွင် နံနက်
၅ နာရီ ၅၀က မဲရုံအတွင်း ဖယောင်းတိုင်မီးများဖြင့် မဲရုံတာဝန်ရှိသူများ
အလုပ်စနေကြပြီဖြစ်သည်။ မဲရုံကို ခြောက်နာရီတွင်စဖွင့်ပြီး ၁၀ မိနစ်အကြာတွင်
ပထမဆုံးရောက်ရှိလာသူမှာ ရှမ်းအမျိုးသားဝတ်စုံပြည့်ဝတ်ဆင်ထားသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ေ လာင်း ဦးစိုင်းစံမင်းဖြစ်သည်။ ပထမဆုံးမဲပေးသူဖြစ်ပြီး မဲရုံတာဝန်ရှိသူများကိုလိုက်လံနှုတ်ဆက်ကာ
ပြန်ထွက်လာသည်။ ““ကြိုတင်မဲ ၁၀ မဲရှိတယ်လို့ပြောတယ်။ ကျွန်တော် ကဒ်ပြား
ကိုးခုပဲတွေ့ခဲ့တယ်”” ဟု မဲရုံပြင်ပရှိ သတင်းထောက်များအား ပြောသည်။
ထို့နောက် တခြားမဲရုံများသို့ လိုက်ခံကြည့်ရှုရန် စူပါရုဖ်ဗင်ကားလေးကို
မောင်းနှင်၍ ထွက်ခွာသွားသည်။
ဓာတ်ပုံ- သန်းဌေး
ဓာတ်ပုံ- သန်းဌေး
နေပြည်တော်ခရိုင်
ဇမ္ဗူသီရိမြို့နယ် လက်ပံခါးလှကျေးရွာတွင် အသက် (၁၃) နှစ်အရွယ်
မြစ်ကြီးနားမှ လာရောက်သော ကလေးငယ်တစ်ဦးသည် မဲရုံ၌ မဲပေးနေသည်ကို
ဗီဒီယိုကင်မရာဖြင့် ရိုက်ယူရာ၌ ကျေးရွာကော်မရှင်ဥက္ကဋ္ဌ
ကျောင်းဆရာတစ်ဦးဖြစ်သူ ဦးတင်မိုးအောင်က အဆိုပါ ကင်မရာအား ကလေးထံမှ
သိမ်းယူလိုက်ပြီး ၄င်း၏ အုပ်ထိန်းသူအား ဆင့်ခေါ်ထားကြောင်းသိရသည်။
ကော်မရှင်ဥက္ကဋ္ဌက 7Day News ၏ မေးမြန်းမှုကို ယင်းကိစ္စအား မြို့နယ်ကော်မရှင်ထံ
တင်ပြသွားမည်ဖြစ်ပြီး ကင်မရာကိုလည်း မြို့နယ်ကော်မရှင်ထံ
အပ်နှံသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။


မရမ်းကုန်းမြို့နယ်
အမှတ်(၃)ရပ်ကွက် ရှိ အလက(၅)ကျောင်းတွင် လူအများ လာရောက် မဲပေးနေကြစဉ်။
အဆိုပါမဲရုံတွင် မဲရုံ အမှတ်(၁)(၂)(၃)(၄)(၁၃)ဲ ရုံ(၅)ရုံ
ဖွင့်လှစ်ထားကြောင်း သိရသည် ။ "၂၀၁၀တုန်းကနဲ့ အခု မဲပေးရတာ အတူတူပါပဲ၊
၂၀၁၀တုန်းကတော့ အလုပ်တခု အနေ့နဲ့လာပေးဖြစ်တယ်။ အခုကတော့ ကိုယ်အသိ
စိတ်ဓာတ်နဲ့ကိုယ် လာပေးဖြစ်တာပါ"ဟု မဲလာေ၇ာက် ပေးခဲ့သည့် အသက်(၅၀) အရွယ်
အမျိုးသမီး တစ်ဦးက ပြောသည်။သူကတော့ NLDကို မဲပေးခဲ့သည်ဟု ဆိုသည်။
No comments:
Post a Comment