Saturday, March 31, 2012

ရွှေပိတောက်တွေနဲ့ အကြိုထောက်ပါရစေ " မေမေ"

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၅)  အောင်ပန်းမြို့ အမှတ်( ၃ ) ရပ်ကွက်  မဲရုံတွင် ရပ်ကွက် အတွင်း အိမ်ထောင်စုဇယားရှိပြီး မဲ ဆန္ဒ စာရင်းတွင် မပါသောအိမ်ထောင်စု ဦးရေ (၂၀) ခန့် ရှိကြောင်းသိရပါသည်။
 ယင်း ကိစ္စနဲ့ပတ်သက်၍  ရပ်ကွက်နေလူထုများနှင့် မဲရုံတာဝန်ရှိသူများ စကားများလျှက်ရှိနေပါသည်.....ကျ

န်တဲ့ ရပ်ကွက်တစ်ချို့ တွင် လည်း NLD မဲနေရာတွင် အမှန်မခြစ် နိုင်အောင် ဖယောင်းသုတ် ထားကြောင်းသိရပါသည်။  
ပခုက္ကူမြို့  အမှတ်(၃) ရက်ကွက်တာဝန်ခံ  မနွေးနွေး (ရွေးကောက်ပွဲစောင့်ကြည့် (NLD)) အား ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လိုက်လံနှောက်ရှက်နေပါသည်ဟု ကာယကံရှင်ကိုယ်တိုင်ပြောကြားပါ
သည်။
ပခုက္ကူမြို့ စက်မှုဇုံမဲရုံမှူးမှ NLD ပါတီဝင် ကိုယ်စားလည်နှင့် ကိုယ်စားလည်အကူများ ၀တ်ဆင်လာသော ယူနီဖောင်းများကို ချွတ်ခိုင်းသည်ဟုပခုက္ကူစက်မှုဇုံမှ ဦးဌေးအောင်မှ သတင်းပေးပို့ပါသည်



Myanmar News Now



ကြံဖွံ့ပါတီ ပယ်မဲများဖြစ်အောင် လုပ်ဆောင်နေ
ကိုထွေး(DVB)
ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့က အမှတ် ၃ ရပ်ကွက် မဲရုံနဲ့ သတ်မှတ်ထားတဲ့နေရာ အပြင်ဘက်မှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက လာရောက်မဲပေးတဲ့သူတွေကို ကြိုက်တဲ့သူတွေကို အမှန်ခြစ်ပြီး မကြိုက်တဲ့သူတွေကို အမှားခြစ်ဖို့ဆိုပြီး ပြောဆိုတာတွေ လုပ်နေတယ်လို့ အောင်ပန်းမြို့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး တာဝန်ခံ ဦးရဲမြင့်သိန်းက ပြောပါတယ်။
တခြားမဲရုံတွေဖြစ်တဲ့ လက္မပင်နဲ့ မြို့ဟောင်းရပ်ကွက်က မဲရုံတွေမှာလည်း မသမာတာတွေ ရှိနေတဲ့အတွက် ကန့်ကွက်ထားလို့ မြို့နယ်ကော်မရှင်က အခု ဖြေရှင်းပေးနေတယ်လို့ ဆိုပါတယ်။

နေ့ရက်။ ။ ၁. ၄.၂၀၁၂
နေရာ ။ ။မြောင်းမြမြို့နယ် ၊ ထူချောင်းကျေးရွာ
မဲရုံထဲတွင် မဲဆန္ဒပေးရန် လာသူများသူများကို မဲရုံမှုးက ခြင်္သေံ့ အားမဲပေးရန် မဲရုံထဲတွင်ပေါ်လွင်ထင်ရှားစွာဖြ
င့် ပြောဆို၍မဲပေးခိုင်းနေသောကြောင့် NLD ပါတီကိုယ်စားလှယ်မှ(၂)ကြိမ်သတိပေးသော်လည်းမရ၍ရဲစခန်းတွင်၎င်းမဲရုံမှုးအားအမှုဖွင့်တိုင်ကြားထားကြောင်းသိရှိရသည်။
ဇော်မင်း(ရွေးကောက်ပွဲလေ့လာစောင
့်ကြည့်သူ)


ဒီနေ့ထုတ် True News (အတွဲ ၄၊ အမှတ် ၂၈) မှာ ပါတဲ့ ကာတွန်း
ခုတလော ဆွဲဖြစ်ခဲ့တဲ့ ကာတွန်းအချို့ပါ။
ယနေ့ ကော့မှူးမဲဆန္ဒနယ်မှာ တွေ့မြင်ရတဲ့ အမေစုနဲ့
ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ...

Getty Images
 
မန္တလေးပြည်တော်သာရပ်ကွက်မဲရုံအမှတ်(၁) ရှိ မဲစာရင်းစာရွက်တွင် ဆန္ဒမဲပေးသည့် စာရွက်ကို ခြစ်မရသဖြင့် အာဆီယံ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ မှ စစ်ဆေးနေကြောင်း သတင်းရရှိသည်။
ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်း.
Yangon Media Group
ကန်တော်လေး ကန်နောက် ရပ်ကွက် ၈၉ လမ်း ရှိ မဲရုံအမှတ် (၂) တွင် လူ တစ်ဦးတည်းမှ မဲသုံးခါပေး သူကို အရေးယူထားကြောင်း သိရသည်။ ယင်းမဲ ၃ ခါပေးသူကို NLD စောင့်ကြည့် သူက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းသည်
ပြည်ခိုင်ဖြိုးပါတီကို မဲထည့်ခဲ့သည် ဟု သတင်းများထွက်ပေါ်နေသည်။
ကျောက်ပန်းတောင်းမြို့ သာယာအေးရပ်ကွက် မဲရုံရှိ မဲစာရင်းတွင် မပါဝင်သူများ ရပ်ကွက်ကော်မရှင် သို့ သွားရောက် ပြောဆိုရာ မဲရုံပိတ်မည်ဟု ရပ်ကွက်ကော်မရှင်က ပြောဆိုသည်။ ယင်းကြောင့် မဲစာရင်းတွင် မပါဝင်သူများက NLD ကိုယ်စားလှယ်လောင်းကို သွားရောက်ပြောဆိုသည်။
ရပ်ကွက် မဲရုံမှူးမှာ မူးနေသဖြင့် လူအစားထိုးလဲလှယ်ပေးမည်ဖြစ်ပြီး အဆင်ပြေအောင် ဖြေရှင်းပေးမည်ဖြစ်ကြောင်း မြို့နယ် ကော်မရှင် ဥက္ကဋ္ဌက ပြောကြားသည်။
 

ရွှေပိတောက်တွေနဲ့ အကြိုထောက်ပါရစေ " မေမေ"

မဲပေးခွင့်ရှိသူ သဘောထား ကောက်ယူ

2012-03-31
မနေ့က ရန်ကုန်မြို့မှာရှိတဲ့ Community Response Group အဖွဲ့ရဲ့ စာရင်းကောက်ခံချက် တစ်ရပ်မှာ မဲပေးခွင့်ရှိသူ ၆၀ ရာခိုင်နှုန်းလောက်က အမျိုးသားဒီမိုကရေစီအဖွဲ့ကို ကြိုက်နှစ်သက်တယ်လို့ သဘောထား ပေးခဲ့ကြကြောင်း ဖော်ပြပါတယ်။

AFP
ရန်ကုန်မြို့က မဲရုံတစ်ရုံတွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပေးရန် တန်းစီနေကြသူများကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် တွေ့ရပုံ။
မဲပေးခွင့်ရှိသူ ၃၆၂ ဦးကို သဘောထား ကောက်ယူခဲ့ရာမှာ ၇၀ ရာခိုင်နှုန်းက သူတို့ ကြိုက်နှစ်သက်တဲ့ ပါတီရဲ့ မူဝါဒတွေနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို ကောင်းကောင်းသိရှိတယ်လို့ ဆိုပါတယ်။
သဘောထားပေးရာမှာ ပါဝင်သူတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်က အသက် ၁၈ နှစ်နဲ့ ၂၅ နှစ်ကြား လူငယ်တွေ ဖြစ်ကြပါတယ်။
သဘောထားပေးသူ ၈၅ ရာခိုင်နှုန်းက သူတို့ အနေနဲ့ ရွေးကောက်ပွဲကို စိတ်ဝင်စားပြီး မဲပေးဖို့ အသင့်ရှိနေတယ်လို့ ဆိုပါတယ်။
၆၀ ရာခိုင်နှုန်းက NLD ကို မဲပေးမယ်လို့ဆိုပြီး ၃၁ ရာခိုင်နှုန်းက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲပေးမယ်လို့ ဆိုပါတယ်။
စစ်တမ်းအရ ပညာအရည်အချင်း မြင့်မားလေလေ မဲပေးဖို့ အသင့်ဖြစ်နေလေလေလို့ တွေ့ရှိရပါတယ်။

မန္တလေးမြို့မှာ အဲန်အယ်လ်ဒီ မဲရုံကိုယ်စားလှယ် ၁၅၈ ဦး ကူညီ

2012-03-31
ဒီကနေ့ ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲရုံအသီးသီးမှာ မဲပေးနိုင်ဖို့ မန္တလေး မဟာအောင်မြေ မဲဆန္ဒနယ်မြေမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မဲရုံကိုယ်စားလှယ်တွေဟာ မနက် ၅ နာရီကတည်းက မဲရုံအသီးသီးကို ရောက်ရှိနေကြပြီလို့ စုံစမ်းသိရှိရပါတယ်။

demowaiyen
၂ဝ၁၂ မတ်လ ၃ ရက်နေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့ အောင်ပင်လယ်ကွင်းတွင် ဟောပြောပွဲ ပြုလုပ်စဉ်။
မဲရုံ စုစုပေါင်း ၇၉ ရုံမှာ မဲရုံကိုယ်စားလှယ် ၁၅၈ ဦးက မဲဆန္ဒရှင်တွေကို ကူညီဖို့ အသင့်ဖြစ်နေကြတယ်လို့ မဟာအောင်မြေ မဲဆန္ဒနယ်မြေ ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင်က ပြောပါတယ်။
မနေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူဝင်ရောက်ယှဉ်ပြိုင်မယ့် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်ကို သွားရောက်ခဲ့ရာမှာ ပြည်သူအများက ကြိုဆိုခဲ့ကြပါတယ်။
ကော့မှူးမြို့နယ်မှာလည်း ဒီကနေ့ မနက် ၅ နာရီကတည်းက မဲရုံတွေမှာ မဲပေးဖို့ ပြည်သူတွေ လာရောက်စုဝေးနေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

မဲရလဒ် လွဲမှားမယ့်အရေး မဲဆန္ဒရှင်တွေ စိုးရိမ်ပူပန်

2012-03-31
ဒီကနေ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်အထိ မဲစာရင်းအရေအတွက် မှန်မှန်ကန်ကန် မရှိတာကြောင့် မဲအရေအတွက် ရလဒ်မှားယွင်း ချွတ်ချော်မှုတွေ ရှိမှာကို မဲဆန္ဒရှင်အများစုက စိုးရိမ်နေကြတယ်လို့ စုံစမ်းသိရှိရပါတယ်။

RFA
ကြားဖြတ်ရွေးကောက်ပွဲအတွက် ရန်ကုန်မြို့ရှိ မဲရုံတစ်ရုံကို ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့က အပြီးသတ် ပြင်ဆင်နေစဉ်။
မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်မြေမှာ မဲထည့်ရမယ့် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူတို့ အိမ်ထောင်စုစာရင်းအရ မဲပေးပိုင်ခွင့်ရှိသူ ၁၁ ဦးရှိတဲ့ အထဲမှာ အခုချိန်ထိ ၅ ဦးပဲ မဲစာရင်းထဲ ပါနေသေးတယ်လို့ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်က ပြောပါတယ်။
အလားတူပဲ တခြားမြို့နယ်တွေမှာလည်း မဲပေးရမယ့်နေ့အထိ မဲစာရင်းအရေအတွက် မှန်မှန်ကန်ကန် မလုပ်နိုင်တာ တွေ့ရတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဝင် ဦးနေမျိုးဇင်က ပြောပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွေမှာ ပြည်သူတွေက မဲပေးဖို့ အသင့်ဖြစ်နေကြတယ်လို့လည်း ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေက မဲရုံတွေ မဖွင့်မီက အာအက်ဖ်အေကို ပြောပါတယ်။


ကြားဖြတ် ရွေးကောက်ပွဲ စတင်

မြန်မာနိုင်ငံမှာ ကြားဖြတ် ရွေးကောက်ပွဲ စတင် ကျင်းပနေပြီ ဖြစ်ပါတယ်။ ဒီကနေ့ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မြန်မာ့ဒီမိုကရေစီ ရရှိရေး အတွက် နှစ်ပေါင်းများစွာ ဇွဲကောင်းကောင်းနဲ့ ကြိုးပမ်းအားထုတ်ခဲ့တဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ပထမဦးဆုံး ၀င်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တဲ့အတွက် ပြည်တွင်းမှာရော၊ နိုင်ငံတကာကပါ အထူး စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နှစ်ပေါင်း အတန်ကြာအောင် စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ထားခဲ့တဲ့ ဥရောပသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုတို့က အခုကျင်းပတဲ့ ကြားဖြတ် ရွေးကောက်ပွဲသာ လွတ်လပ်ပြီး တရားမျှတမှု ရှိမယ်ဆိုရင် အရေးယူမှုတွေကို ရုတ်သိမ်းပေးနိုင်ကြောင်း အရိပ်မွက် ပြောဆိုထားတာပါ။
ဒေါ်အောင်ဆန်းစုကြည် ကတော့ လွန်ခဲ့တဲ့ ၂ ရက်ကပဲ ကြားဖြတ် ရွေးကောက်ပွဲမှာ မူမမှန်တဲ့ဖြစ်စဉ်တွေ မမှန်မကန် လုပ်မှုတွေ တွေ့နေရတဲ့အတွက် စင်းလုံးချော လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီနည်းကျတဲ့ ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ မထင်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ သူနဲ့ သူ့ရဲ့ပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆောင်ရွက်နိုင်ဖို့အတွက် ပါဝင်ယှဉ်ပြိုင်ဖို့ စိတ်ဆုံးဖြတ် ထားကြောင်းလည်း ပြောဆိုပါတယ်။
အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမယ့် ကော့မှုးမြို့နယ် ၀ါးသင်္ခ ကျေးရွာကို မနေ့က ညကတည်းက ရောက်ရှိနေပါပြီ။ သူ့ကို လာရောက် ကြိုဆိုသူတွေကို ဒီကနေ့ မဲထည့်ကြဖို့အတွက် အခုလို ထပ်မံ သတိပေးသွားပါတယ်။
“အားလုံး လာပြီးတော့ကြိုဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အရေးကြီးတာက မနက်ဖြန် မဲပေးရမယ်နော်။ မမေ့ကြနဲ့နော်။ မနက်ဖြန်ကျလို့ရှိရင် ကျမတို့လည်း စောစောစီးစီး ဒီမှာ ၀ါသင်္ခမှာ မဲပေးနေတာတွေ လိုက်ကြည့်ပြီးတဲ့ အခါကျလို့ရှိရင် ရန်ကုန်လမ်းမှာပြန်ရင်းနဲ့ မဲပေးတဲ့နေရာတွေမှာ ကျမတို့ ရပ်ပြီးတော့ နှုတ်ဆက်သွားမှာပါ။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ ကိုယ်စားလှယ် နေရာပေါင်း ၄၅ နေရာအတွက် ကျင်းပပေးမယ့် လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲမှာ ၄၄ နေရာကို ပါဝင်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၂ တာအတွင်း အများစုကို နေအိမ်အကျယ်ချုပ် ဘ၀နဲ့ ဖြတ်သန်းခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၀ နိုဝင်ဘာလ အထွေထွေ ရွေးကောက်ပွဲအပြီး ရက်ပိုင်းမှာ စစ်အစိုးရက နေအိမ်အကျယ်ချုပ်ကနေ ပြန်လွှတ် ပေးခဲ့တာပါ။
၂၀၁၀ ရွေးကောက်ပွဲအပြီး တက်လာတဲ့ စစ်တပ် ကြောထောက် နောက်ခံပေးထားတဲ့ အရပ်သားအစိုးရဟာ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်လာခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ NLD ပါတီကို မြန်မာနိုင်ငံရေး စင်မြင့်မှာ ပါဝင်နိုင်အောင် လမ်းဖွင့်ပေးခဲ့ပါတယ်။




 

No comments: