Friday, March 30, 2012

ရေတပ်နဲ့ ကြည်းတပ် စစ်သင်္ဘောများ အဓမ္မဆက်ကြေးကောက်ခံနေ

တနင်္သာရီ ကမ်ရှိးတန်းတလျှောက် လက်နက်ကိုင် ဓါးမြတိုက်ဆက်ကြေး လိ
ုက်တောင်းနေတဲ့ 
စက်လှေငယ်များမှာ ရေတပ်နဲ့ ကြည်းတပ် က စက်လှေများ ဖြစ်နေကြောင်းသိရပါတယ်။



ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့  ရေတပ် စစ်သင်္ဘော အမှတ်( ၄၀၅ ) က တရားဝင်ငါးဖမ်းစက်

လှေများကို လက်နက်ငယ်  ( G 3 ' G 4 ) များဖြင့်လိုက်လန်ပြစ်ခတ်ဖမ်းဆီးကာ  ငါးဖမ်း

စက်လှေတစ်စီးကို ဒီဇယ်ဆီ (၅)ပေပါစီ( ကာလတန်ဖိုး  ကိုးသိန်းခန်.) ငါးဖမ်းလှေ(၃)စီးထံမှ ယူဆောင်သွားပါတယ်။

 ကော့သောင်းမြို့ရဲ့  အနောက်ဖက်မှာလည်း ရွှေကျွန်း၊ ငါးချည်ပေါင်အော်ကျွန်း၊ သံကျွန်း 
အခြေစိုက် ရေတပ်စစ်သင်္ဘော အမှတ် (၅၁၇)နဲ့ အမှတ်(၁၁၅) တို့ က  (သားပေါက်)ခေါ်

စက်လှေငယ်များနဲ့ အရာရှိအကြပ်တပ်သားများကိုယ်တိုင် ဆက်ကြေးလိုက်လံတောင်း

ခံနေပါတယ်။

ဒါအပြင် ကျွန်းစုမြို့နယ်နဲ့  မြိတ်မြို့အဝင် အထွက်ရေ လမ်းကြောင်းမှာလည်း သင်္ကန်း
အော်ကျွန်း နဲ့ ကျောက်ငါးကျွန်း စစ်စခန်းများမှ စစ်သဘောင်္ အမှတ် (၁၁၄)၊ (၅၁၆)၊ 

(၆၁၁)နဲ့ (၅၀၇) များကလည်း (သားပေါက်)စက်လှေငယ်များ နဲ့  ဖြက်သန်းသွားလာ

 နေတဲ့ စက်လှေများထံမှ ဒီဇယ်ဆီ များ ဆက်ကြေးအဖြစ် လိုက်လံတောင်းခံနေ
ကြောင်း ဒေသခံ ငါးဖမ်းစက်လှေပိုင်ရှင်များက Myanmar News Now ကို ပြော

ပြပါတယ်။ 
















 ၂၀၁၂ မတ်လ ၂၇ ရက်နေ့ က ဆက်ကြေးလိုက်လံကောက်ခံနေတဲ့ စစ်သင်္ဘောများ၊ (သားပေါက်)ခေါ် စက်လှေငယ်များနဲ့ ငါးဖမ်းစက်လှေများကို ဘိတ်ကျွန်းစုများမှာတွေ့ ရစဉ်။

Myanmar News Now

No comments: