Friday, March 30, 2012

စနစ်ဆိုးနဲ့ စစ်ဂျိုးခွာစို့

ဒီကနေ့ နယ်မြို့တခုမှာနေတဲ့ သူငယ်ချင်းတယောက်နဲ့ ရွေးကောက်ပွဲအကြောင်း မေးဖြစ်ပြောဖြစ်ကြတယ်။ အဲ့ဒီမှာသူငယ်ချင်းက (၂၀၁၀) ရွေးကောက်ပွဲတုန်းက သူတို့မြို့အပိုင် အတွင်းမှာရှိတဲ့ ကျေးရွာတွေမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြောပြတယ်။ ပြောပြတာတွေကတော့ အများကြီးပါဘဲ ဒါပေမဲ့ ကြံ့ဖွတ်ပါတီရဲ့ အောက်ခြေအဖွဲ့အစည်းတွေ လုပ်သွားတဲ့ လက်တလုံးကြား လုပ်ရပ်လေးတခုကိုဘဲ မှတ်မှတ်ရရ ပြန်ပြောပြပါရစေ။
သူပြောပြတာက ( ကျေးရွာအများစုက မဲရုံတွေမှာ မဲရုံလုံခြုံရေးဆိုပြီး မဲရုံတရုံကို ယူနီဖောင်းဝတ် လက်နက်အပြည့်အစုံနဲ့ ရဲ နှစ်ယောက် သုံးယောက်လောက် ချထားပေးတယ်တဲ့ ။ အဲ့ဒီလိုလုံခြုံရေးအရ ချထားပေးတယ်ဆိုတာက လိုအပ်ရင် အစိုးရက လုပ်ကို လုပ်ပေးရမဲ့ တာဝန်တခုပါတဲ့၊ ဒါပေမဲ့ ကျေးရွာ အုပ်ချုပ်ရေးမှုးတွေက ရွာထဲမှာ ဘာသတင်းလွင့်ထားလဲဆိုတော့ မဲရုံမှာ စောင့်နေတဲ့ ရဲတွေက ကြံ့ဖွံ့ပါတီကို မဲမပေးတဲ့ လူဆိုရင် တခါထဲဖမ်းသွားဖို့ လာဆောင့်နေတာတဲ့ ) အားလုံးစဉ်းစားကြည့်လို့ ရမယ်ထင်ပါတယ်။ ဘယ်လို နှစ်ပေါက်တပေါက်ရိုက်လိုက်လဲဆို
တာကို။ ဒါကြောင့် အမေစုက အမြဲပြောနေတာ ပြည်သူတွေ သတ္တိရှိကြပါလို့။ ကျွန်တော်တို့ တိုင်းပြည်က ကျေးရွာတွေမှာ နေထိုင်ကြတဲ့ တောသူတောင်သားတွေက ရိုးသား ကြသလို အစိုးရနဲ့ ထိပ်တိုက်တွေ့မဲ့ အလုပ်ဆိုရင် ရွေထုပ်ကြီး ပုံပေးပါစေ မလုပ်ရဲကြဘူးလေဗျာ။ ဒါကြောင့် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့တွေအနေနဲ့ ကျေးရွာတွေကို ဦးစားပေး စောင့်ကြည့်ကြဖို့ အကြံပြုပါရစေခင်ဗျာ။
 
 
 
ဤ စာသားများသည် သံချပ်ဝါသနာပါသော ၀ါသနာရှင် အောင်ဟိန်း(မုံရွာ)၊ မုတ်သုန်လေး(ယောရပ်ရွာ) ၊ ထွန်းတောက်နေ၊ ဒေါက်တာ နိုင်သူထွန်း နှင့် ဇာနည်(ပခုက္ကူ) တို့ ရေးသားသော သံချပ်မူရင်းစာမူများဖြစ်ပါသည်။ နောက်ဆုံးပိတ် အချောသတ်တိုက်ပြီး အားလုံးသဘောတူညီချက်ယူပြီးကာမှ စီစဉ်သူ ကင်ပေတိုင်များမှ ဖြတ်တောက်လိုက်သဖြင့် ဆားမသော ဟင်းကဲ့သို့ ပေါ့ရွှတ်သွားသော စာသားများဖြစ်သွားပါသည်။ သို့ဖြစ်ပါ၍ ကျနော်တို့ ရေးသားသော မူရင်းစာသားများကို ပြန်လည်တင်ပြလိုက်ပါတယ်ခင်များoriginal than gyat
Posted: 29 Mar 2012 03:36 AM PDT
အိန္ဒိယရောက် ဒီမိုကရေစီ အင်အားစုများရဲ့ (၁၄) ကြိမ်မြောက် စနစ်ဆိုးနဲ့ စစ်ဂျိုးခွာစို့ တိုက်ပွဲခေါ် သံချပ်ခွေကို ကျောက်မဲကျော်ကြီးစီစဉ်ပြီး တေးရေး အောင်ဟိန်း(မုံရွာ)၊ ဇာနည်(ပခုက္ကူ)၊ မုတ်သုန်(ယောရပ်ရွာ)၊ ထွန်းတောက်နေ၊ ဆလိုင်း၊ ဒေါက်တာနိုင်သူထွန်းနဲ့ ကလောင်ရှင် ဆုရသည် တို့ဖြစ်ပါတယ်။ မူလရေးထားတဲ့ ဖိုင်တွေကတော့ ဒီထက်ကြမ်းပြီး ဒီထက်ပိုထိပါတယ်။ သို့သော်လည်း ပြင်ပမှ စာပေကင်ပေတိုင်ရဲ့လက်ချက်ကြောင့် ဖြတ်တောက်မှုများရှိပါသဖြင့် မူရင်းအရသာလျော့သွားရပါသောကြောင့် သံချပ်ရေးသူများကို ကျနော် မောင်ဇာနည်(ပခုက္ကူ) မှ စီစဉ်သူ ကျောက်မဲကျော်ကြီးကိုယ်စား အနူးအညွတ်တောင်းပန်ပါသည်။ မူရင်းစာသားများလိုချင်သူရှိပါက အညာနွေတမာမြေထံ တောင်းယူနိုင်ပါသည်။ ငွေကြေးထောက်ပံ့ပေးသော အဖွဲ့အစည်းနှင့် ပန်းချီဒီဇိုင်း ဆိုင်းမူကေး၊ ချင်းတွင်းစတူဒီယို ၊ မက်စ် စတူဒီယိုနဲ့ အစစအရာရာအစအဆုံး ကူညီပေးပါသော ဦးနန်းအားလည်း ကျေးဇူးတင်ပါသည်။

အားပေးမှုကို အစဉ်လေးစားလျှက်
 မြန်မာပြည်သူအပေါင်း ဘယာဘေးတွေကွာဝေးလို့ ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်စုံနိုင်ကြပါစေ 
စနစ်ဆိုးနဲ့ စစ်ဂျိုးခွာစို့ ၀ိုင်းတော်သားများ

အစအဆုံး တပြိုင်တည်းနားထောင်လိုလျှင် အညာနွေဘလောခ်ဘေးမှာ အစအဆုံး တပေါင်းတည်းတင်ပေးထားပါတယ်။
Posted: 29 Mar 2012 03:16 AM PDT
Posted: 29 Mar 2012 03:07 AM PDT
Posted: 29 Mar 2012 03:02 AM PDT
Posted: 29 Mar 2012 02:55 AM PDT
Posted: 29 Mar 2012 02:44 AM PDT
Posted: 29 Mar 2012 02:24 AM PDT
Posted: 29 Mar 2012 02:13 AM PDT
Posted: 29 Mar 2012 02:08 AM PDT
Posted: 29 Mar 2012 01:29 AM PDT

No comments: