Saturday, March 31, 2012

"ကြားဖြတ်ရွေးကောက်ပွဲ"


»

ABSDF နဲ့ အစိုးရ ဆွေးနွေးပွဲ ရက်ရွှေ့


ABSDF နဲ့ အစိုးရ ဆွေးနွေးပွဲ ရက်ရွှေ့တယ် တဲ့။

မြန်မာစံတော်ချိန် ညနေ ၆း၀၀ နာရီဝန်းကျင် ထွက်လာတဲ့ ကြေညာချက် ဖြစ်ပါတယ်။

စ၊ လယ်၊ ဆုံး ပေးဆပ်မှုများ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
မတ်လ ၃၁၊ ၂၀၁၂

၂၈.၃.၂၀၁၂ (ဗုဒ္ဓဟူးနေ့) ညနေ (၄း ၀၀) နာရီချိန်တွင် (၈၈ကျောင်းသားခေါင်းဆောင်) များဖြစ်ကြသော ကိုဂျင်မီနှင့် မနီလာသိန်းတို့ မိသားစုဝင်များ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ရောက်ရှိလာကာ အလှူငွေကျပ် (၅သိန်း) နှင့် အဝေးထိန်းခလုတ်ပါ လူနာကုတင်၊ အိမ် သာပါ လူနာသုံးထိုင်ခုံ၊ ရေမြှုပ်မွေ့ယာတို့ကို လာရောက်လှူဒါန်းခဲ့သည်။ ကွယ်လွန်သွားရှာပြီဖြစ်သော မနီလာသိန်း၏ဖခင် ဦးသိန်း (ခ)ဦး ကန့်ခိန့်ဘန် ရတနာပုံဆန်စက် (ဖျာပုံ) အသက် (၈၁) နှစ်အားရည်စူး၍ လာရောက်လှူဒါန်းခြင်းဖြစ်ပါသည်။



နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသည် လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့ကို (အခမဲ့) ကူညီကုသပေးလျှက် ရှိရာ နေ့စဉ် လူနာဦးရေ (၂၀၀) ကျော်တို့အား ကုသိုလ်ဖြစ် ဆရာဝန်ပေါင်း (၅၀ )ခန့်တို့သည် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ အကြင်နာတရားများ ပွားများကာ လူသားချင်းစာနာစိတ်နှင့် ကုသပေးလျှက်ရှိသည်။

၂၁.၃.၂၀၁၂ (ဗုဒ္ဓဟူးနေ့) နံနက်စောစောပိုင်း၌် နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်သို့ ၈၈မျိုးဆက်ကျောင်းသူ မနီလာသိန်း၏ဖခင်ဖြစ်သူ ဦးသိန်း (ခ) ဦးကန့်ခိန့်ဘန်သည် ဖျာပုံမြို့ ပြည်သူ့ဆေးရုံကြီးတွင် အစာအိမ်သွေးကြောပေါက် ဝေဒနာခံစားနေရသဖြင့် ရန်ကုန်မြို့ရှိဆေးရုံတွင် ဆေးကုသခံရန်လူနာအား ဖျာပုံမြို့မှ ရန်ကုန်မြို့သို့ပို့ဆောင်ရန် အခက်အခဲများစွာရှိနေသည့်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ သုခကုသိုလ်ဖြစ်ဆေးခန်းရှိ အရေးပေါ်လူနာတင်ယာဉ်ဖြင့်သယ်ဆောင်ရန် တယ်လီဖုန်းဖြင့် ဆက်သွယ်အကူအညီတောင်းခံခဲ့ပါသည်။

စစ်မှန်သော ဒီမိုကရေစီရရှိရေးအတွက် စွန့်လွှတ်၊ စွန့်စားမှုများစွာဖြင့် ကြိုးပမ်းနေကြသော (၈၈မျိုးဆက်ကျောင်းသားများ) တို့၏ ဖခင်ဖြစ် သောကြောင့် အထူးအစီအစဉ်အဖြစ် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ တာဝန်ရှိသူများသည် နံနက် (၁၀း ၀၀) နာရီအချိန်တွင် ဖျာပုံမြို့သို့ သယ်ဆောင်ရန်သွားခဲ့ကြသည်။ ယင်းကုသိုလ်ရေးသည် ရပ်ဝေးသို့ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ယခင်က ရန်ကုန်မြို့တွင်း၌သာ ကူညီမှုပြုခဲ့ သော်လည်း ယခုအခါတွင် အများပြည်သူအတွက်ပေးဆပ်ခဲ့သော (၈၈မျိုးဆက်ကျောင်းသူ)မနီလာသိန်း၏ ဖခင်ဖြစ်သောကြောင့် အထူး အစီအစဉ်အဖြစ် ဖျာပုံမြို့သို့ သွားရောက်ကူညီခဲ့ခြင်းဖြစ်သည်။ နေ့လည် (၁၂း၃၀) အချိန်တွင် ဖျာပုံမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) မှ တာဝန်ရှိသူများသည် (၁၂း၄၀) အချိန်တွင် ဦးသိန်း (ခ) ကန့်ခိန့်ဘန်အား အရေးပေါ်လူနာတင်ယာဉ်ဖြင့် ခေါ်ဆောင်ကာ ဖျာပုံမြို့မှ ပြန်လည်ထွက်ခွာခဲ့ပါသည်။


ဖျာပုံမြို့နှင့်ဒေးဒရဲသည် (၁၆) မိုင်သာရှိသော လမ်းခရီးအား တစ်နာရီကြာ ခက်ခက်ခဲခဲ မောင်းနှင်ခဲ့ရာ အသွားခရီးတွင် (၂း၃၀) နာရီခန့်သာ ကြာမြင့်ခဲ့သော်လည်း အပြန်ခရီးတွင် (၄း၀၀) နာရီခန့် ကြာမြင့်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် လမ်းခရီးသည် ကြမ်းတမ်းသည့်အတွက် လူနာအား ထိခိုက်နာကျင်မှုများဖြစ်ပေါ်မည်ကိုစိုးရိမ်သဖြင့် ဖြေးညှင်းစွာမောင်းနှင်ခဲ့ရာ ညနေ (၄း၁၀) နာရီအချိန်မှသာ ရန်ကုန်မြို့ရှိ (ဗဟို စည် အထူးကုဆေးခန်း) သို့ရောက်ရှိခဲ့ကြသည်။
သို့ရာတွင် ၂၅.၃.၂၀၁၂ (တနင်္ဂနွေနေ့) ၌ ဦးသိန်း (ခ) ကန့်ခိန့်ဘန်သည် အစာအိမ်ဝေဒနာမှာ ပြင်းထန်လွန်း၍ နံနက် (၅း ၅၅) နာရီတွင် (ဗဟိုစည် အထူးကုဆေးခန်း) ၌ ကွယ်လွန်အနိစ္စရောက်ရှိသွားပါသဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ နာရေးပို့ဆောင်ရေးယာဉ်ဖြင့် သွားရောက်၍ ကျန်ရစ်ခဲ့သော ဦးသိန်း(ခ) ဦးကန့်ခိန့်ဘန် အသက် (၈၁) နှစ်၏ရုပ်ကလာပ်အား ရေဝေးသုဿန်အအေးခန်းရှိရာသို့ ပို့ ဆောင်ခြင်းကို ပြုလုပ်ပေးခဲ့သည်။


၂၇.၃.၂၀၁၂ နေ့လည် (၁၂း ၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း (ရန်ကုန်) အစီအစဉ်ဖြင့် ကွယ်လွန်သူ၏ တရုတ် ထုံးတမ်းအစဉ်အလာအရ မီးသင်္ဂြိုလ်ခြင်းအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။ ကွယ်လွန်သူ ဦးသိန်း (ခ) ဦးကန့်ခိန့်ဘန်အား ၈၈ မျိုး ဆက်ကျောင်းသားများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ၊ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အသင်းသား/သူများနှင့် ဆွေမျိုးမိတ်သင်္ဂဟအပေါင်းတို့မှ စည်ကားသိုက်မြိုက်စွာ လိုက်လံပို့ဆောင် သင်္ဂြိုလ်ပေးခဲ့ကြပါသည်။

ထို့ကြောင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် လူသားတို့၏နောက်ဆုံးခရီးအား ကာယကံရှင်မိသားစုတို့၏ ဆန္ဒ အတိုင်း ပြုလုပ်ပေးဆပ်နေရသလို၊ နာမကျန်းသောလူနာများအတွက်ပါ အသက်သာဆုံး ကူညီဖေးမမှုများကို ပြုလုပ်ပေးဆပ်ခဲ့ရသည့်အပြင် လူ့လောကသို့ ရောက်ရှိကာ ပညာ သင်ကြားရမည့်အရွယ်တွင် ပညာရေးအားလည်းမလစ်ဟင်းစေရန် တဖက်တလမ်းမှ ပံ့ပိုးကူညီသင်ကြား ပေးခြင်းများ၊ ဘွဲ့ရရှိပြီး အလုပ်အကိုင်မရရှိသေးသော လူရွယ်လူငယ်များအား အလုပ်အကိုင်ရရှိရန်အတွက် အခြေခံသင်တန်းများဖြစ်သော ကွန်ပျူတာပညာရပ်၊ စာရင်းကိုင်ပညာရပ်၊ ဟိုတယ်နှင့်ခရီးသွားပညာရပ်၊ ဒီဇိုင်နာပညာရပ်၊ အင်္ဂလိပ်စာ အရေး အဖတ် အပြော သင်တန်းများ အခမဲ့ပို့ချသင်ကြားပေးခဲ့ရသောကြောင့် လူ့ဘ၀တွင် စ၊ လယ်၊ ဆုံး ကူညီဖေးမ ပေးဆပ်ခွင့်ရရှိမှုများအပေါ် ကျေနပ်ပီတိဖြစ်ရကာ အများ ပြည်သူတို့အား မိမိတို့လုပ်ဆောင်မှုများ၊ ပေးဆပ်ခဲ့မှုများအပေါ် အမျှ … အမျှ … အမျှ ဟူ၍ပေးဝေငှလိုက်ပါတော့သည်။


Posted: 30 Mar 2012 07:16 AM PDT
အန်အယ်လ်ဒီပါတီဝင်တွေ မြို့အနှံ့
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကလည်း ဒီလိုပြိုင်ဆိုင်မဲဆွယ်တယ်
ကိုညိုကြီးမေတ္တာဖြင့် ပေးပို့သည်။
Posted: 30 Mar 2012 02:13 AM PDT

 

ကာတွန်းအော်ပီကျယ်၊ "ကြားဖြတ်ရွေးကောက်ပွဲ"
မတ် ၃၁၊ ၂၀၁၂

"နောက်ဆုံးထုတ် ပြည်သူ့ခေတ်ဂျာနယ် (အတွဲ ၂. အမှတ် ၈၈) အဖုံးမှာ ခွင့်ပြုချက်မရခဲ့တဲ့ ကာတွန်း" ဟု အော်ပီကျယ်၏ Facebook တွင် ဖော်ပြထားသည်။


Posted: 30 Mar 2012 11:10 PM PDT
ညီအကို ထက်တောင် ချစ်တဲ့ သူငယ်ချင်းရေ .....ငါတို့သဘောတွေ ကွဲလွဲကြတဲ့အခါ .....မာန်မာနတွေ ခေါင်းထောင် ထပြီးတော့ ......သန်ရာခရီးကို လျောက်ခဲ့ကြတယ်လေ ..................အတူလက်တွဲကာ လုပ်ကိုင်ခဲ့တုန်းက ...........တော်ယုံ အပြစ်ဆို....... မေ့ပျောက်ပစ်ခဲ့သလို ...ဒါပေမယ့်... သြော်.... အခုချိန်ခါများတော့.....အာဃာတတွေ... ဖုံးလွှမ်းခဲ့တယ်လေ .................သူငယ်ချင်းရေ ( ချစ်တဲ့ သူငယ်ချင်း) .....သူငယ်ချင်းရေ ( ချစ်တဲ့ သူငယ်ချင်း) .......သူငယ်ချင်းရေ .... ချစ်သူငယ်ချင်းရေ ....သူငယ်ချင်းရေ ( ချစ်တဲ့ သူငယ်ချင်း) ...သူငယ်ချင်းရေ ( ချစ်တဲ့ သူငယ်ချင်း) ....သူငယ်ချင်းရေ....... ချစ်သူငယ်ချင်းရေ ..........နိုင်ငံအတွက်ကို ဦးထိပ်ပန်ပြိးတော့ ....ငါနဲ့မင်း အတူတွဲလုပ်ခဲ့သမျှကို.......ဘာတွေနဲ့.... ချေဖျက်ကာ.... မေ့ထားမလဲ ..ပြန်လည်ပြီး ၇င်ကြားစေ့ကြမယ်လေ ...........မာန်မာနတွေ လျော့ပါ သူငယ်ချင်းရေ..............အာဃာတတွေ ဖျောက်မှ ဖြစ်တော့မလေ..............မတူပေမယ့် အတူပေါင်း၇င် အင်အားပဲ တအူတုံဆင်းလို....ခွင့်လွှတ်ကြမယ်လေသူငယ်ချင်းရေ ( ချစ်တဲ့ သူငယ်ချင်း) .....သူငယ်ချင်းရေ ( ချစ်တဲ့ သူငယ်ချင်း) .......သူငယ်ချင်းရေ .... ချစ်သူငယ်ချင်းရေ ....သူငယ်ချင်းရေ ( ချစ်တဲ့ သူငယ်ချင်း) ...သူငယ်ချင်းရေ ( ချစ်တဲ့ သူငယ်ချင်း) ....သူငယ်ချင်းရေ....... ချစ်သူငယ်ချင်းရေ ..............................................................ညီအကို ထက်တောင် ချစ်တဲ့ သူငယ်ချင်းရေ .....ငါတို့သဘောတွေ ကွဲလွဲကြတဲ့အခါ .....မာန်မာနတွေ ခေါင်းထောင် ထပြီးတော့ ......သန်ရာခရီးကို လျောက်ခဲ့ကြတယ်လေ ..................အတူလက်တွဲကာ လုပ်ကိုင်ခဲ့တုန်းက ...........တော်ယုံ အပြစ်ဆို....... မေ့ပျောက်ပစ်ခဲ့သလို ...ဒါပေမယ့်... သြော်.... အခုချိန်ခါများတော့.....အာဃာတတွေ... ဖုံးလွှမ်းခဲ့တယ်လေ .................သူငယ်ချင်းရေ ( ချစ်တဲ့ သူငယ်ချင်း) .....သူငယ်ချင်းရေ ( ချစ်တဲ့ သူငယ်ချင်း) .......သူငယ်ချင်းရေ .... ချစ်သူငယ်ချင်းရေ ....သူငယ်ချင်းရေ ( ချစ်တဲ့ သူငယ်ချင်း) ...သူငယ်ချင်းရေ ( ချစ်တဲ့ သူငယ်ချင်း) ....သူငယ်ချင်းရေ....... ချစ်သူငယ်ချင်းရေ ..........နိုင်ငံအတွက်ကို ဦးထိပ်ပန်ပြိးတော့ ....ငါနဲ့မင်း အတူတွဲလုပ်ခဲ့သမျှကို....... ဘာတွေနဲ့.... ချေဖျက်ကာ.... မေ့ထားမလဲ .. ပြန်လည်ပြီး ၇င်ကြားစေ့ကြမယ်လေ ...........မာန်မာနတွေ လျော့ပါ သူငယ်ချင်းရေ.............. အာဃာတတွေ ဖျောက်မှ ဖြစ်တော့မလေ..............မတူပေမယ့် အတူပေါင်း၇င် အင်အားပဲ တအူတုံဆင်းလို.... ခွင့်လွှတ်ကြမယ်လေသူငယ်ချင်းရေ ( ချစ်တဲ့ သူငယ်ချင်း) .....သူငယ်ချင်းရေ ( ချစ်တဲ့ သူငယ်ချင်း) .......သူငယ်ချင်းရေ .... ချစ်သူငယ်ချင်းရေ ....သူငယ်ချင်းရေ ( ချစ်တဲ့ သူငယ်ချင်း) ...သူငယ်ချင်းရေ ( ချစ်တဲ့ သူငယ်ချင်း) ....သူငယ်ချင်းရေ....... ချစ်သူငယ်ချင်းရေ ..........သူငယ်ချင်းရေ ( ချစ်တဲ့ သူငယ်ချင်း) .....သူငယ်ချင်းရေ ( ချစ်တဲ့ သူငယ်ချင်း) .......သူငယ်ချင်းရေ .... ချစ်သူငယ်ချင်းရေ ....သူငယ်ချင်းရေ ( ချစ်တဲ့ သူငယ်ချင်း) ...သူငယ်ချင်းရေ ( ချစ်တဲ့ သူငယ်ချင်း) ....သူငယ်ချင်းရေ....... ချစ်သူငယ်ချင်းရေ .
 ရေးစပ်သူက ကိုသားဖေထင် ဖြစ်ပြီး ။ တီးခတ်အသံသွင်းပေးသူက ကိုဝင်းကျော် ဖြစ်ပါတယ်။ သီဆိုသူက ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဖြစ်ပါတယ်။ နားဆင်မှု အတွက် ကျေးဇူး အထူးတင်ရှိပါတယ် သူငယ်ချင်းတွေ အားလုံး နိုင်ငံအနာဂတ် အတွက် အတူလက်တွဲဆောင်ရွက်နိုင်ကြပါစေ။ အာဃာတတွေ ဖျောက်ဖျက်ချေဖျက်နိုင်ကြပါစေ။

No comments: