Saturday, March 31, 2012

ဖယောင်းမပါကြေး လို့ ပြောထားတယ်လေ...

ကျောက်ပန်းတောင်းမြို့နယ်တွင် မဲစာရင်းကျန်ခဲ့သူများက ရပ်ကွက်ရုံးသို့ မေးမြန်းရာ နေ့လယ်ပိုင်း တွင် မဲစာရင်း ကျန်ခဲ့သူများမဲပေးနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း ပြောဆို၍ မဲစာရင်းကျန်ခဲ့သူများက စိတ်ကျေနပ် ကြကြောင်း သတင်းရရှိသည်။ အဆိုပါ ကိစ္စကို ရပ်ကွက်ကော်မရှင်သို့ အတည်ပြုမေးမြန်းရာ ရုံးသို့ ထိုသို့ လုပ်ပေးရန် ညွှန်ကြားချက် တစ်စုံတစ်ရာ မရောက်ရှိကြောင်း၊ လုပ်ပေးခဲ့ပါကလည်း တစ်ဖက်ပါတီမှ ထောက်ပြ စရာဖြစ်လာမည်ဖြစ်ကြောင်း၊ ၂၄ ရက်နေ့ စာရင်းသာ အတည်ဖြစ်ကြောင်း ပြောဆိုသည်။
 

ဖယောင်းမပါကြေး လို့ ပြောထားတယ်လေ...
 
ပခုက္ကူမြို့ အမှတ် (၃)ရက်ကွက် သီရိရတနာလမ်းမှ ဒေါ်အေးမြင့် မိသားစု (၈)ယောက်၊ ဒေါ်လှသန်းမိသားစု (၆)ယောက်၊ ဒေါ်ဖွားနုမိသားစု (၂)ယောက် မဲပေးခွင့်စာရင်းတွင် မပါဝင်သည့်အတွက်
ရပ်ကွက်အုပ်ချုပ်ရေးမှူးသို့ အချိန်မှီ တင်ပြပြီးမဲပေးခွင့်ရရှိရန် ဆောင်ရွက်၇ာ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဧပြီလ (၁)ရက်နေ့တွင် မဲပေးခွင့်ရရှိရေး ဆောင်ရွက်ပေးမည်ဟု ချွေးသိပ့်နှစ်သိမ့်ထားပြီး ၊
ယနေ့မနက်မဲသွားပေးရာတွင် မဲပေးခွင့်မရ ရပ်ကွက် ဥက္ကဌမှ အဆိုပါလူများအား အတွေ့မခံ ရှောင်နေကြောင်း ဒေါ်နွေနွေလှိုင်မှ သတင်းပေးပို့ပါသည်။
 
Linn Yaung's Photos
ဒေါသတွေ အကြီးကြီး ထွက်လာပြီ
ယနေ့ဝါးသင်္ခမှာတွေ့ရတဲ့
ခွပ်ဒေါင်းမိခင်

AP

ကျွန်တော် ကောင်းမြတ်ဦီး ရိုက်ခဲ့ပါတယ် ကြိုက်တဲ့ပုံစံနဲ့ရှင်းနိုင်ပါတယ်
 
 
မိတ္ထီလာမြို့  တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဒေါ်မြင့်မြင့်အေးသည် မဲရုံများသို့ လှည့်လည်ကြည့်ရှုရာတွင် ခဲဖြင့် ပစ်ပေါက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း ကာယကံရှင် မိသားစုက The Voice Weekly ကို အတည်ပြုပြောကြားသည်။

ပစ်ပေါက်ခံရသော နေရာမှာ လူမျိုးခြား အများစု နေထိုင်သော ရပ်ကွက်ဖြစ်ကြောင်း၊ ခဲဖြင့် ပစ်ပေါက်မှုကြောင့် ဒေါ်မြင့်မြင့်အေး အနီးတွင် လိုက်ပါလာသည့် အမျိုးသမီး ၂ ဦး ခြေသလုံးနှင့် လက်မောင်း စသည်တို့ကို ထိခိုက်ခဲ့ပြီး မည်သည့် ဒဏ်ရာမျှ မရရှိခြင်းမရှိကြောင်း ၎င်းတို့က ဆိုသည်။

ဒေါ်မြင့်မြင့်အေးမှာလည်း ခဲဖြင့်ပစ်ပေါက်ခံရမှုမှာ မည်သို့မှ ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း၊ ဓါးဖြင့် အထိုးခံရမှုကြောင့် ဆေးရုံတွင် တက်ရောက်ကုသမှု ခံနေရသည် ဟူသော သတင်းမှာ မှားယွင်းကြောင်း ကာယကံရှင်များက အတည်ပြု ပြောကြားသည်။
ယနေ့ နေ့လည် ၁၀ နာရီခွဲ အချိန်ခန့်က မင်္ဂလာတောင်ညွန့် အမှတ်၁ အခြေခံပညာကျောင်း အတွင်း မဲပေးသူများနှင့် ပြည်ပ သတင်းထောက်များ.. (သတင်းထောက်တစ်ယောက်က ပြောတယ် သူက သတင်းထောက်တစ်ယောက်ပါတဲ့ ပါးရိုက်ချင်ရင် ၁၀၀၀ ကျပ်။ အာဗွားတစ်ခါပေးချင်လျှင် ၁၅၀၀ ကျပ်ဖြင့် စိတ်ကြိုက်ပေးလို့ ရိုက်လို့ ရပါပြီ။ တဲ့ )
၁၉၅၀ ခုနှစ်တွင် ထုတ်ပေးထားသော မှတ်ပုံတင်ကဒ်ပြားဖြင့် မဲလာထည့်သော အမေအို
 
 
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၉)
ငှက်အော်စမ်းကျေးရွာ မဲရုံအမှတ် ( ၁ )တွင် ဒေသခံများအား နှုတ်ဆက် Photo -- Messenger News Journal
ကော့မှူးမြို့ နယ်ပြည်တော်သာရပ်ကွက်နှင့်သမင်
ခြံကျေးရွာမဲရုံတွင်မဲလက်မှတ် များကိုဖယောင်းသုတ်ထားသဖြင့်မဲပေးသူတစ်ချို့ မှမဲလက်မှတ်များ 
ကုိၿပန္လည္လဲေ
ပးရန်တောင်းဆိုသည်ကိုမဲရုံမှူးမှမဲလက်မှတ်
အသစ်ပြန်လည်ထုတ်မပေးဘြဲငင်းဆန်
သည်ဟုသတင်းများရရှိပါသည်။သတင်းထောက်များမှလည်းသတင်းရယူရန်ကြိုးစားနေကြပါသည်။ထိုဖြစ်စဉ်မှာမနက်
၉နာရီခန့် တွင်စတင်ဖြစ်ပွါးနေကြောင်းသိရှ
ိရပါသည်။
ဒေါ်အောင်ဆန်းစုကြည်မှလည်းထြို
ဖစ်စဉ်ကိုသတင်းရရှိသွားပြီးကိုယ်စားလှယ်များ
ကိုစေလွှတ်စုံစမ်း
နေကြောင်းသိရှိရပါသည်။ဒေါ်အောင်ဆန်းစုကြည်မှ
လည်းရွေးကောက်ပွဲေ
က်ာမရှင်သို့ တိုင်ကြားသွားမည်ဟုသိရှိရပါသည်
 မအူပင်မြို.နယ် အမှတ်(၁၂)ရပ်ကွက် ၊ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းတွင် (၁.၄. ၂၀၁၂) တနင်္ဂနွေနေ. နံနက် (၉း၀၀) နာရီ အချိန်ခန်.တွင် မဲဆန္ဒ ဖော်ထုတ်လိုသူ ပြည်သူတစ်ဦး ဖြစ်သည့်မြို.သစ်(၂)လမ်း အမှတ်(၁၂)ရပ်ကွက်တွင်နေထိုင်သူ ဒေါ်ပေါက်စ အသက် (၅၁) နှစ်ဆိုသူသည် မဲပေးရန် မဲရုံသို.အရောက်တွင် မိမိ မဲပေးရာတွင် လက်တုန်နေသောကြောင်. ကူညီပေးပါရန်နှင်. မိမိသိသည်မှာ ခွပ်ဒေါင်းကိုဘဲ သိသည်သာဖြစ်ကြောင်း ပြောဆိုသည်ကို မဲရုံမှုးဖြစ်သူ ဆရာမကြီးဒေါ်ဝင်းမြင့်သန်းက ဒေါ်ပေါက်စ ထံမှ မဲပြားကို ယူဆောင်ပြီး ဒီလိုခြစ်ရသည်ဟု ပြောဆိုကာ ပြည်ခိုင်ဖြိုး ပါတီနေရာကို အမှန်ခြစ်ပြီး မဲဆန္ဒဖုံးထဲသို. ထည့်လိုက်ကြောင်း သိရှိ မှတ်တမ်းတင်လိုက်ပါသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဆင်ရှည်ကျေးရွာ၌ မဲဆန္ဒပေးရာတွင် မဲလက်မှတ် ၁၀၀ ကျော်၌ ဖယောင်းများသုတ်
လိမ်းထားသည်ကို တွေ့ရှိရပြီး ပြန်လဲခွင့်တောင်းရာ လဲမပေးကြောင်းသိရသည်။


Myanmar News Now


ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် မဲရုံ (၅) ၌ ထုတ်ပေးသည့် မဲစာရွက်တွင် NLD ပါတီဘေးရှိ ဆန္ဒပြုရန် နေရာ၌ ဖယောင်းများ သုတ်ထားသဖြင့် အမှန်ခြစ်၍ မရသောကြောင့် မဲစာရွက်အသစ် တောင်းဆိုလဲလှယ် ခဲ့ရကြောင်း ကာယကံရှင် ကိုကျော်စွာဝင်းက The Voice Weekly သို့ ပြောကြားသည်။


အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မျက်မြင်သက်သေ ၃ ဦးကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့မှ ဒေါ်မေချိုဝင်းက ခေါ်ဆောင်သွားကြောင်း သိရသည်။


- မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်သို့ မဲစာရင်းတွင် မပါဝင်သော အခြားဒေသများမှ ရာနှင့်ချီသော ကြံ့ခိုင်ရေး ပါတီဝင်များစုရုံး ရောက်ရှိလာပြီး မဲပေးခွင့်ပြုရန် တောင်းဆိုရာ မဲရုံမှူးက ခွင့်မပြု၍ မဲရုံ ဝန်းကျင်တွင် စုဝေးနေကြကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။


ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်မြို့ နယ် အမှတ် ၆ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက်တို့တွင် မဲစာရင်း မပါရှိသူများ ရှိနေပြီး ရပ်ကွက်ကော်မရှင်ရုံး များကလည်း ထိုကဲ့သို့ မပါရှိခြင်းကို မည်သို့မျှ လုပ်ဆောင်ပေး၍ မရကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ၏ စာရင်း ပေးပို့ချက်များအတွက်သာ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။


ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် မဲရုံ (၅) ၌ ထုတ်ပေးသည့် မဲစာရွက်တွင် NLD ပါတီဘေးရှိ ဆန္ဒပြုရန် နေရာ၌ ဖယောင်းများ သုတ်ထားသဖြင့် အမှန်ခြစ်၍ မရသောကြောင့် မဲစာရွက်အသစ် တောင်းဆိုလဲလှယ် ခဲ့ရကြောင်း ကာယကံရှင် ကိုကျော်စွာဝင်းက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မျက်မြင်သက်သေ ၃ ဦးကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့မှ ဒေါ်မေချိုဝင်းက ခေါ်ဆောင်သွားကြောင်း သိရသည်။
 
 
 
 ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၈) ပခုက္ကူမြို့ အမှတ်(၃)ရက်ကွက်တွင် မဲရုံ (၁၂)ရုံရှိပါသည် ကြိုတင်မဲ (၁၂၈)ဦး ကောက်ခံရရှိပါသည်။
၎င်းရက်ကွက်အတွင်း မဲပေးပိုင်ခွင့်ရှိပြီး ဆန္ဒမဲပေးခွင့်မရသော ဦးရေ အယောက် (၃၀၀)ကျော်ရှိပါသည်။
မဲပေးခွင့် စလစ်များတွင် ၄င်းတို့ကိုယ်တိုင် ရေးသားထားသော အမည်လွဲမှားခြင်း မှတ်ပုံတင်လွဲမှားခြင်းများကြော

င့် မဲပေးခွင့်စလစ်ရှိသော်လည်း မဲပေးခွင့်မရသည့် ဆန္ဒမဲရှင်များ အမှတ် (၃)ရက်ကွက် မဲရုံ (၉)(၁၀)တို့တွင် တွေ့ရှိနေရပါသည်။
 ပခုက္ကူမြို့ အမှတ် (၃)ရက်ကွက် သီရိရတနာလမ်းမှ ဒေါ်အေးမြင့် မိသားစု (၈)ယောက်၊ ဒေါ်လှသန်းမိသားစု (၆)ယောက်၊ ဒေါ်ဖွားနုမိသားစု (၂)ယောက် မဲပေးခွင့်စာရင်းတွင် မပါဝင်သည့်အတွက် 
ရပ်ကွက်အုပ်ချုပ်ရေးမှူးသို့ အချိန်မှီ တင်ပြပြီးမဲပေးခွင့်ရရှိရန် ဆောင်ရွက်၇ာ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဧပြီလ (၁)ရက်နေ့တွင် မဲပေးခွင့်ရရှိရေး ဆောင်ရွက်ပေးမည်ဟု ချွေးသိပ့်နှစ်သိမ့်ထားပြီး ၊
ယနေ့မနက်မဲသွားပေးရာတွင် မဲပေးခွင့်မရ ရပ်ကွက် ဥက္ကဌမှ အဆိုပါလူများအား အတွေ့မခံ ရှောင်နေကြောင်း ဒေါ်နွေနွေလှိုင်မှ သတင်းပေးပို့ပါသည်။

 အောင်ပန်းမြို့ အမှတ်( ၃ ) ရပ်ကွက်  မဲရုံတွင် ရပ်ကွက် အတွင်း အိမ်ထောင်စုဇယားရှိပြီး မဲ ဆန္ဒ စာရင်းတွင် မပါသောအိမ်ထောင်စု ဦးရေ (၂၀) 
ခန့် ရှိကြောင်းသိရပါသည်။ ယင်း ကိစ္စနဲ့ပတ်သက်၍  ရပ်ကွက်နေလူထုများနှင့် မဲရုံတာဝန်ရှိသူများ စကားများလျှက်ရှိနေပါသည်.....ကျ
န်တဲ့ ရပ်ကွက်တစ်ချို့ တွင် လည်း NLD မဲနေရာတွင် အမှန်မခြစ် နိုင်အောင် ဖယောင်းသုတ် ထားကြောင်းသိရပါသည်။
 Myanmar  News Now
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၇)
အိန္ဒိယ ရွေးကောက်ပွဲ လေ့လာသူအဖွဲ့ မန်း ကြားဖြတ်လေ့လာ
မန်းမဟာအောင်မြေ လမ်း ၄၀ နှင့် ၈၃ လမ်းကြားရှိ မဲရုံ အမှတ် ၃ သို့ အိန္ဒိယ နိုင်ငံအာသံ မဏိပူရ မှ ရွေးကောက်ပွဲ လေ့လာသူအဖွဲ့ ဧပြီ ၁ ရက် နံနက် ပိုင်းတွင် လာရောက် ကြည့်ရှုကြောင်း သိရသည်။ အဆိုပါအဖွဲ့ နှင့် အတူ အိန္ဒိယကောင်စစ်ဝန်လည်း လိုက်ပါလာခဲ့ပြီး မြို့ နယ် ကော်မရှင်တာဝန်ရှိသူများ သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။ " ယခု ကြားဖြတ်ရွေးကောက်ပွဲကို Free and Fair ဖြစ်နိုင်တယ် ထင်ရကြောင်း သတင်းထောက် တစ်ဦး ၏ မေးမြန်းချက်ကို ၄င်းအဖွဲ့ မှ Mr. Maninder Singh ကဖြေကြားသည်။ အဆိုပါ မဟာအောင်မြေ အနောက်ရပ် မဲရုံ အမှတ် ( ၃ ) တွင် ကြိုတင်မဲ ၄ မဲသာ ရှိသည်ဟု မြို့ နယ် ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

 ပုသိမ်မြို့ (၁၄)ရပ်ကွက်၊ မဲရုံအမှတ်(၁)နှင့် မဲရုံအမှတ်(၂)၊ အမှတ်(၅)ရပ်ကွက်ရှိ မဲရုံအမှတ်(၂)တို့တွင် မှတ်ပုံတင်ရှိ၊ အိမ်ထောင်စုစာရင်းလည်းရှိပြီး မဲစာရင်းတွင်မပါရှိသဖြင့် မဲမပေးရသူတို့ ရှိနေပြီး၊ အချို့မှာ ငိုယိုနေကြသည်။ ထို့ကြောင့် Popular News ဂျာနယ်သတင်းထောက်မှ တိုင်းကော်မရှင် ဥက္ထဌ ဦးမျိုးထွန်းထံသို့ ဆက်သွယ်အကြောင်းကြားရာ လာရောက်စစ်ဆေးမည်ဖြစ်ကြောင်း၊ ယခုလည်း လိုက်လံစစ်ဆေးလျက်ရှိနေကြာင်းပြ
န်လည်ဖြေကြားပါသည်။

"NLD အလံစတစ်ကာများ ကပ်ထားမှု ဧပြီလ (၁)ရက်နေ့အထိရှိနေဆဲဖြစ်ကြောင်း

သုံးခွပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူတစ်ဦးပြောကြား"

သုံးခွမြို့မှ ဆိုင်ကယ်များနှင့် ကားများတွင် NLD အလံစတစ်ကာများ ကပ်ထားမှု ကို ယနေ့အထိမြင်တွေ့နေရဆဲဖြစ်ကြောင်
း သုံးခွပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူတစ်ဦးက ဧပြီလ (၁)နေ့နံနက်ဆယ်နာရီခန့်ကပြောသည်။ မျက်မြင်သက်သေအချို့ကမူ "ဟုတ်တယ် ဆိုင်ကယ်တွေနဲ့ ကားတွေရဲ့ ထိပ်ဦးမှာ ခုထိ ခွပ်ဒေါင်းကြယ်တစ်လုံးအလံတွေကပ်ထားတုန်းပဲ"ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ NLD အောင်နိုင်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးမျိုးတင့်က "တစ်မြို့လုံးလိုလိုတော့ အဲဒီလို တံဆိပ်တွေဖြုတ်ဖို့တော့ လိုက်ပြီးကြေညာထားတာပဲ။ မဖြုတ်ကြတာကြောင့် အရေးယူမယ်ဆိုရင်လဲ မတတ်နိုင်ဘူး။ တစ်ခြားပါတီတွေကလဲ ၀တ်စုံပြည့်ဝတ်ထားတာမျိုးတွေရှိနေကြတယ်လို့သိရတယ်။ အဲဒီလိုဖြစ်နေတာတွေကြောင့် ခုလို အလံစတစ်ကာကပ်ထားတာတွေကိုလဲ အရေးယူဖို့လိုမယ်မထင်တော့ပါဘူး"ဟုပြောသည်။

ဝေယံ+မေဇင်
 
Popular Myanmar News Journal
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၆)
ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာ မဲရုံအမှတ် ( ၁ ) သို့ လာရောက်ကြည့်ရှုသော ဒေါ်အောင်ဆန်းစုကြည် (Messenger News Journal)
ပုဗ္ဗသီရိမြို့နယ် ညောင်လူးကျေးရွာတွင် မဲလက်မှတ်များ အပေါက်အပြဲဖြစ်နေခြင်း၊ NLD နေရာတွင် ဖယောင်းသုတ်ထားသည့်အတွက် ခြစ်သည့်အခါ လုံးဝမှင်မထင်ခြင်းများ ဖြစ်ပွားနေသည်သည်။ ပြန်လဲခိုင်းသည့်အခါ ကော်မရှင်က လုံးဝလဲမပေးကြောင်း ယင်းဆန္ဒနယ်မှ ဒီချုပ်ကိုယ်စားလှယ်လောင်း ဦးဇေယျာသော်ကပြောသည်။ ပုဗ္ဖသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာတွင်လည်း ၂၀၁၀ က မဲပေးထားသူများ အခုမဲစာရင်းတွင်မပါဝင်ကြောင်းသိ
ရသည်။
 7Day News Journal
----------------------------------------------------------------------------------------
 မဲရုံနဲ့ကိုက်၅၀၀အတွင်းမဲဆွယ်စည
်းရုံးမှုတွေမလုပ်ရဘူးလို့ပြောထားတာလေ။ ကျွန်မတို့အနေနဲ့ကတော့ ဒါတွေကိုထောက်ပြပြီးကန့်ကွက်တဲ့လူရှိရင်တင်ပြရမှာပဲ။
(နတ်စင်ကုန်းကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တ
စ်ဦး)
ကျွန်တော်တို့ကမဲထည့်ပြီးပြီလာ
းလို့မေးတာလေ၊ NLD ကိုမဲထည့်ပြီးပြီလားလို့မေးတာမဟုတ်ပါဘူး
(NLD အဖွဲ့ဝင်တစ်ဦး)
မဲစာရင်းလာကောက်တဲ့နေ့က ကျွန်မကွင်းထဲရောက်နေလို့နံမည်စ
ာရင်းပါမသွားဘူး၊ အခုမှတ်ပုံတင်နဲ့မဲသွားထည့်တော့ ၂၄ရက်နေ့ကတည်းက စာရင်းပိတ်သွားပြီးထည့်လို့မရတော့ဘူးလို့ပြောတယ်။
(နတ်စင်ကုန်းရွာမှ မဲထည့်ခွင့်မရခဲ့သူအမျိုးသမီးတစ
်ဦး)
 Yangon Press International
 ---------------------------------------------------------------------------------
 ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်မဲဆန္ဒနယ်တွင်အသ
က်မပြည့်ဘဲမဲပေးခဲ့သောဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ကြောင်းအဆိုပါမဲဆန္ဒနယ်တွင်သွားရောက်သတင်းရယူနေသော The Messenger သတင်းထောက်က ကာယကံရှင်နှင့်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာနေသူတစ်ချို့၏ပြောကြားချက်ကိုကိုးကား၍သတင်းပေးပို့သည်။အသက်မပြည့်ဘဲဆန္ဒမဲပေးခဲ့သူမှာလှည်းကူးမြို့နယ်၊ကျွန်းကလေးကျေးရွာ၊ရွှေနှင်းဆီရပ်ကွက်နေ (ဘ)ဦးတင်အောင်၏သမီးဖြစ်သူ မသန္တာအေး ဆိုသူဖြစ်ကြောင်းသိရသည်။မသန္တာအေး၏နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ်မှာ ၁၂/လကန(နိုင်)၂၂၉၇၇၁ ဖြစ်ပြီးသူမ၏မွေးသက္ကရာဇ်မှာ ၁၄ . ၈ . ၁၉၉၈ ဖြစ်ကြောင်းသိရသည်။အသက် ၁၄ နှစ်သာရှိသေးသော မသန္တာအေးသည်ကျွန်းကလေးရွာ၊အာဇီဝမဲရုံ(၂)တွင် ( မဲစာရင်းခုံ အမှတ် (၄) မှ မဲလက်မှတ်နံပါတ် ၁၆၆၇ ဖြင့်) မဲပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အဆိုပါမဲရုံမှမဲရုံမှူးမှာဒေါ်ညွှန့်ရီဖြစ်ပြီး ထိုသို့အသက်မပြည့်ဘဲမဲပေးခဲ့ခြင်းကိုအရေးယူဆောင်ရွက်နိုင်ရန်နှင့်မည်သူကထိုသို့မဲပေးခိုင်းခြင်းကိုစုံစမ်းဖေါ်ထုတ်နိုင်ရန်တာဝန်ရှိသူများက သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးသို့ဆက်သွယ်ဆောင်ရွက်နေကြောင်းသိရသည်။
(Messenger News Journal)
ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာ မဲရုံ အမှတ် ( ၁ )(Messenger News Journal)
(Messenger News Journal)  

No comments: