Saturday, March 31, 2012

မဲဆန္ဒနယ်ရှင်တွေ ကို ယုံကြည်ပါတယ်”

မအူပင်မြို့နယ် မဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၂၀၂၉၅၃ ဦးရှိပြီး မဲရုံစုစုပေါင်း ၃၁၅ ရုံရှိကာ နံနက်ခြောက်နာရီ မဲရုံဖွင့်ချိန်မှ စပြီး ယခုအချိန်အထိ တန်းစီစောင့်ဆိုင်းပြီး မဲပေးမှုများ ရှိနေဆဲ ဖြစ်ကြောင်းသိရပါသည်။

“ကျွန်တော်တို့အနေနဲ့ အချိန် နှစ်လ သုံးလလောက် အချိန်ယူပြီး ကြိုးစားခဲ့တာပါ။ မဲဆန္ဒနယ်ရှင်တွေ ကို ယုံကြည်ပါတယ်”ဟု မအူပင် မဲဆန္ဒနယ် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော် ကိုယ်စားလောင်း ဒေါက်တာမျိုးသန့်တင
်က ပြောပါသည်။

“ကြိုတင်မဲ ကောက်တဲ့အခါ တစ်ချို့နေရာတွေမှာ ပြည်ခိုင်ဖြိုးကိုပဲ ခေါ်ပြီး ကျွန်တော်တို့ကို မခေါ်တာတွေ ရှိပါတယ်။ ဒီနေ့မနက်မှာလည်း ကျွန်တော်တို့ရဲ့ မဲရုံကိုယ်စားလှယ် မဲရုံတွေဆီ အရောက် နောက်ကျသွားတဲ့အတွက် ပေးမ၀င်တော့တာတွေ ရှိပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်တို့ နိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု မအူပင် မဲဆန္ဒနယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိန်ဝင်းဟန်(ခေါ်)ဦးစိန်ဝင်းက ပြောပါသည်။


တောင်ငူမြို့နယ် (၁၉) ရပ်ကွက် မဲရုံအမှတ် (၂) တွင် မဲပေးနေသည်ကို တွေ့ရစဉ်

စာရေးဆရာ သိပ္ပံမှုးတင် မရမ်းကုန်းမဲဆန္ဒနယ်တွင် မဲပေးပြီး တွေ့ရစဉ်


ဒေါ်အောင်ဆန်းစုကြည် ၀ါးသင်္ခမှ ငှက်အော်စမ်းဘက်သို့ မဲရုံများကြည့်ရှုဖို့ သွားနေပြီ၊ မဲစာရင်းမပါရှိမှုများ နေရာအနှံ့အပြား ကြုံတွေ့နေရဆဲ၊
မဲလက်မှတ် မှားယွင်းခြစ်မိရာမှ ပြန်လဲလှယ်ရန် တောင်းဆိုသော်လည်း မလဲလှယ်ပေးသည့် မဲရုံများရှိနေ

ဧပြီ ၁ ရက်၊ နံနက် ၈နာရီ ၅၀ မိနစ်

ယမန်နေ့ညက ၀ါးသင်္ခရွာတွင် ညအိပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် သည် နံနက် ၆နာရီက ၀ါးသင်္ခကျေးရွာ မဲရုံများကို ကြည့်ရှုကာ ငှက်အော်စမ်းဘက်သို့ ဆက်လက်ထွက်ခွာလာပြီဖြစ်သည်။

မဲစာရင်းကို မဲပေးသည့်နေ့မှ ကပ်သည့် မဲရုံများလည်း မဟာအောင်မြေ မြို့နယ် (မန္တလေး) တွင် မဲစာရင်းမပါသည့် လူ ၃၀၀ ကျော်ရှိနေပြီဖြစ်သည်ဟု သတင်းထောက်မှ သတင်းပေးပို့သည်။
မန္တလေးမြို့ မဟာအောင်မြေ ရဲမွန်တောင် ရပ်ကွက်ရှိ ကျူးကျော်ရပ်ကွက်တွင် နေထိုင်သူ ၁၀၀ ကျော်မှာ မှတ်ပုံတင်ရှိသော်လည်း မဲစာရင်းတွင် မပါရှိသဖြင့်မဲပေးခွင့်မရကြပဲ ပြန်သွားကြရသည်ဟုလည်း သတင်းထောက်က သတင်းပေးပို့သည်။
ကျူးကျော်ရပ်ကွက်ဖြစ်ခြင်းကြောင့် မဲပေးခွင့်မရှိဟု ဆိုသည်။
နေပြည်တော်တွင် ဆောက်လုပ်ရေး လုပ်သား တထောင်ကျော်မှာ မူ ယာယီမှတ်ပုံတင်များဖြင့် မဲပေးခွင့် ရရှိနေခဲ့သည်။

အခြားသတင်းတရပ်တွင် ဥတ္တရ သီရိမြို့နယ် တပ်နယ်မဲရုံတရုံတွင် မဲပေးခွင့်ရှိသူ ၂၀၀ အနက် ၁၉၉ ဦးမဲပေးပြီးဖြစ်ကာ ကြံ့ခိုင်ရေး ၁၉၆ မဲ၊ ဒီချုပ် ၁ မဲ၊ တစည ၁ မဲနှင့် ပယ်မဲ ၁ မဲဟု သိရှိရသည်။
မဲပေးသူအားလုံး ပြီးစီး၍ ရေတွက်ကာ သိရှိရခြင်းဖြစ်သည်။

မဲစာရွက်တွင် မှားယွင်းခြစ်မိခြင်း၊ နှစ်ကြောင်း ထပ်ခြစ်မိခြင်းတို့ကြောင့် မဲစာရွက် ပြန်လဲလှယ်ပေးရန် တောင်းဆိုသော်လည်း မဲရုံမှူးက မဲစာရွက် ပြန်လဲခွင့်မရှိဟု ပြောဆိုမှုလည်း မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သလို အခြားမြို့နယ်များတွင်လည်း ကြုံတွေ့နေရသည်ဟု သိရသည်။

မင်္ဂလာတောင်ညွန့် မလွှကုန်း မဲရုံ ၁၊ ၂၊ ၃ တို့ကို လှည့်လည်ကြည့်ရှုသူ ဒီချုပ်ကိုယ်စားလှယ်လောင်း မဖြူဖြူသင်းက ၎င်းအနေဖြင့် မဲရရှိမှု အခြေအနေ ကောင်းသည်ဟု YPI သို့ပြောသည်။
Yangon Press International
 
 

No comments: