Saturday, March 31, 2012

သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ တရားဝင် နိုင်ငံရေးခရီးစဉ်အဖြစ် လာရောက် မည်ြ

အမေရိကန် သမ္မတ အိုဘားမား ရဲ့ ခရီးစဉ်များကို
မြန်မာနိုင်ငံတွင် ကျင်းပသည့် ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲအပြီးနှင့် အမေရိကန်ပြည်ထောင်စုမှ နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမတိုင်မီ ကြားကာလတွင် သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ တရားဝင် နိုင်ငံရေးခရီးစဉ်အဖြစ် လာရောက်
မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။
Kyaw Swar Myint
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၂)
မန္တလေးမှာ အင်းတိုက်အားတိုက်မဲပေးနေစဉ်
မန်းကြားဖြတ် မဲပေးသူများ အင်တိုက်အားတိုက် မဲပေး  
 
မန္တလေးမြို့ ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီ ၁ ရက် နံနက် ၆ နာရီက စတင်ကျင်းပရာ မဲပေးသူများသည် မဲရုံ မဖွင့်မှီက ပင် မဲရုံသို့ လာရောက် မဲပေးရန်စောင့်ဆိုင်းနေကြကြောင်း မန်း မြို့ ခံ တစ်ဦးကပြောသည်။ " ဟေမ မာလာ မြောက် ရပ်ကွက် မဲရုံ ၃ တွင် ပထမဆုံးမဲ လာပေးသူ ဒေါ်အမာညွန့် က အိမ်က ဖွင့်ထားတဲ့ စတိုးဆိုင် မှာ ဈေးရောင်းရမှာမို့  အစောဆုံးမဲ လာပေးတာ၊ မဲပေးရတာ အဆင်ပြေပါတယ် " ဟု ပြောသည်။ မဲရုံကို ၆ နာရီ အတိမှာ ဖွင့်တယ်။ မဲရုံတာဝန်ရှိသူတွေက ၄ နာရီ ကတည်းက လာကြတယ်လို့ ပြောတယ်။ မဲရုံထဲကို မ၀င်ရတော့ ကြိုတင်မဲ ကြေငြာတာနဲ့ မဲပုံး စစ်ဆေးတာ မမြင်ရဘူး။ မဲရုံတာဝန်ရှိသူတွေက ဆက်ဆံတာ ၂၀၁၀ ထက်စာရင် ပိုကောင်းလာတယ်။ သတင်းယူရတာလည်း အဆင်ပြေပါတယ်။ မဲရုံထဲ မ၀င်ရပေမယ့် အပေါက်ဝကနေ ဓါတ်ပုံ ရိုက်လို့ ရတယ် ဟု မန်း သတင်း ထောက် တစ်ဦးကပြောသည်။

"သုံးခွတွင် ပြည်ခိုင်ဖြိုးပါတီမှ ၇၀ ရာခိုင်နှုန်းအောင်ရမည်ဟု မျှော်လင့်ထား"

သုံးခွမြို့နယ် မဲဆန္ဒနယ်များတွင် အောင်နိုင်ရေးအတွက် ၇၀ ရာခိုင်နှုန်းမျှော်လင့်ထားကြောင
်း ပြည်ခိုင်ဖြိုးပါတီ၏ တိုင်းတွဲဖက်အတွင်းရေးမှူး ဦးသာဝင်းက ဧပြီလ (၁)ရက်နေ့ နံနက်ပိုင်းကပြောသည်။ သုံးခွမြို့နယ်တွင် မဲဆန္ဒရှင်ပေါင်း ၁၁၂၇၉၀ ဦးရှိသည့်အနက် ပြည်ခိုင်ဖြိုး ပါတီဝင်ဦးရေ လေးသောင်းကျော်ရှိခြင်းကြောင့် အောင်နိုင်ရေးအတွက် လေးဆယ်ရာခိုင်နှုန်းမှာ သေချာသလောက်ရှိနေပြီး၊ ၄င်းတို့၏ စည်းရုံးရေးအပေါ်လည်း အားရကျေနပ်မှုရှိခြင်းကြောင့်၊ ထို့သို့ပြောရခြင်းဖြစ်ကြောင်း ဦးသာဝင်းကပြောသည်။

ဧပြီလ (၁)ရက်နေ့တွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ဦးအောင်ဇော်မင်းက "ကျွန်တော်က ပြိုင်ရင်နိုင်ရမယ်ဆိုတဲ့စိတ်နဲ့ပြိုင်တာပဲလေ၊ ကိုယ့်ပါတီ ကိုယ်ယုံကြည်လို့ပြိုင်တာလဲဖြစ်တဲ့အတွက် အနိုင်ရမယ်လို့ယုံကြည်ပါတယ်"ဟု ပြောသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် မြို့ပေါ်ရပ်ကွက်များထက် ကျေးရွာများကို ဦးစားပေးစည်းရုံးရေးဆင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မေဇင်+ဝေယံ
ဇေယျသိဒ္ဒိရပ်ကွက်မဲရုံသို့ သမ္မတကြီးဦးသိန်းစိန် လာရောက်မဲပေးမည် 
နေပြည်တော်ကောင်စီနယ် ဇဗ္မူသီရိမြို့နယ် ဇေယျသိဒ္ဒိရပ်ကွက် အ.ထ.က ၅ မဲရုံအမှတ် ၁/၁ ၊ ၂/၂ သို့ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် လာရောက်မဲပေးမည်။
နိုင်ငံတော် သမ္မတ လာရောက် မဲဆန္ဒပြုမည်ကို စောင့်မျှော်နေကြသော မီဒီယာသမားများ
 Popular Myanmar News Journal
  ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၃)
ကြားဖြတ်ရွေးကောက်ပွဲ ဒဂုံဆိပ်ကမ်းမြို့နယ်မှ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ကိုစားပြုဝင်ရောက်ယှ
ဉ်ပြိုင်သော
ကိုယ်စားလှယ်လောင်းဒေါက်တာမျိုးအောင်၏ မဲဆန္ဒနယ်မှ မဲပေးနေကျသူများ
မဲရုံပေါင်း ၆၇
မဲပေးနိုင်သူ ၈၁၅၈၄
ပခုက္ကူမြို့ ရွှေဘေးရွာ မဲစားရင်းတွင် ပါဝင်သော ဆန္ဒမဲပေးခွင့်ရှိ သူများ၏ မဲလက်မှတ်များ ပျောက်ဆုံးသွားသိအတွက် မဲပေးခွင့်မရရှိကြောင်း အောင်နိုင်ရေးအဖွဲ့ဝင် ဒေါ်မူမူခိုင်မှ သတင်းပို့ပါသည်။

မြိုင်မြို့ အောင်သုခရွာ မဲရုံရှေ့တွင် ကြံခိုင်ရေးပါတီမှ ယူနီဖောင်းများဝတ်ဆင်၍ မဲဆွယ်စည်းရုံးနေကြောင်း 
မြိုင်မြို့ အမှတ် (၁) ရက်ကွက် နေထိုင်သူ မဲပေးခွင့်ရှိသူ အနည်းဆုံး လူ (၂၀၀)ခန့်သည် မဲစာရင်းတွင်မပါ မဲထည့်ခွင့် မရရှိ 
မြိုင်မြို့ ညောင်ပင်ရွာတွင် မဲစာရွက်ပေါ်တွင် ဆန္ဒမဲပေးရာ မင်မထင်ဘောပင်မကောင်း ဆန္ဒမဲပေး၍မရကြောင်း မြိုင်မြို့ NLD ပါတီဝင် ဦးကျော်ကျော်သက်မှ သတင်းပို့ပါသည်။


မကွေးမြို့မှာလည်း ရပ်ကွက်တိုင်းမှာ အိမ်ထောင်စုတိုင်းရဲ့
မဲပေးနိုင်သောလူဦးရေရှိသလောက် မဲပေးခွင့်မရကြဘူး။ ကျမတို့ကိုဘဲ
ဘယ်မဲရုံရဲ့ မဲစာရင်းမှာမှ မပါခဲ့လို့ ရပ်ကွက်ကော်မရှင်ရုံးကို
သွားပြောခဲ့လို့ လျှောက်လွှာမှာ ဖြည့်ပြီးပြန်တင်ခဲ့လို့ မဲရလာခဲ့တာ။
အမတို့လို ရပ်ကွက်ကော်မရှင်ရုံးကို သွားမပြောကြလို့ ဘယ်မဲရုံရဲ့
စာရင်းထဲမှာမှ မပါလို့ မဲမပေးရတဲ့သူတွေ မကွေးမြို့ရဲ့
ရပ်ကွက်တိုင်းလိုလိုမှာပဲ အများကြီးပဲရှိကြတယ်။


ပခုက္ကူမြို့နယ် အမှတ် (ံ၃) ၇ပ်ကွက် နှင့် အမှတ်(၁၁) မဲ၇ုံများတွင် ယခင် မဲပေးခွင့်ရရန် ထုတ်ပေးထားသော လက်မှတ်များနှင့်သွားရောက် မဲထည့်ရာ လက်မခံကြောင်းနှင့် ယင်းလက်မှတ် များရှိလည်း ဘာမှလုပ် မရကြောင်း ရပ်ကွက်ကော်မရှင်မှ ပြောကြားလိုက်ကြောင်း သတင်းရရှိပါသည်။    သက်သေ....ဦးသိန်းလွင်၊ကိုဌေးေ
ကျာ်၊မနွေနွေခင်  

Myanmar News Now 
‎- မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်သို့ မဲစာရင်းတွင် မပါဝင်သော အခြားဒေသများမှ ရာနှင့်ချီသော ကြံ့ခိုင်ရေး ပါတီဝင်များစုရုံး ရောက်ရှိလာပြီး မဲပေးခွင့်ပြုရန် တောင်းဆိုရာ မဲရုံမှူးက ခွင့်မပြု၍ မဲရုံ ဝန်းကျင်တွင် စုဝေးနေကြကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
 

ကြားဖြတ်ရွေးကောက်ပွဲ ရန်ကုန်မြင်ကွင်းဓာတ်ပုံများ
 
 

မန်းမဟာအောင်မြေ ကြားဖြတ်တွင် ကြိုတင်မဲ ၃၀၀ နီးပါးသာ ရှိ

ကြားဖြတ်အတွက်ကြိုတင်မဲများကို မတ် ၃၀ နှင့် ၃၁ ရက်နေ့ များက မဟာ အောင်မြေ ၁၈ ရပ်ကွက် အသီးသီး မဲမေးခဲ့ရာ ၂ ရက်ပေါင်း ကြိုတင်မဲ ၂၉၃ မဲ ရှိကြောင်း မြို့ နယ်ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မဟာအောင်မြေ မဲရုံ ၃ မှာ ကြိုတင်မဲ ၄ မဲ၊ ရဲမွန်တောင်မှာ ကြိုတင်မဲ ၂ မဲ၊ ရှိကြောင်း သိရသည်။
 နွားထိုးကြီးမြို့နယ် ၀က်လူးကျေးရွာ မဲရုံ သုံရုံရှိ၊ အရှေ့ခြမ်းမဲရုံမဲစာရွက်အချို့တ
ွင် ဖယောင်းများသုတ်ထားသဖြင့် မဲပေးနိုင်ခြင်းမရှိသဖြင့် မဲစာရွက်အသစ်ထပ်တောင်း၍ မရကြောင်း သိရှိရပါသည်။ မှတ်ပုံနံပတ်လွဲမှားမှုများ၊ အဘအမည် လွဲမှားမှုများ ဖြစ်ပေါ်နေကြောင်းသိရသည်။ မဲပေးခွင့်ရှိသူ ၆၉၉ ဦး ရှိသည်။
 
 ထန်းတပင်မြို့နယ် ရှားစေးဘိုကျေးရွာ၌ မဲပေးပိုင်ခွင့် ရှိသူ ၁၅၀၄ ဦးရှိသည့် အနက် ၈၀ခန့်သာ မဲပေးခဲ့ရပြီး ကျန်ရှိသူများမှာ မဲပေးရမည့် စာရင်း၌ ပါဝင်ခဲ့ခြင်းမရှိကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။ ထို့အပြင် နတ်ရွာ၌လည်း မဲပေးရမည့် စာရင်း၌ မပါလာခဲ့သူ အများအပြား ကျန်ရှိနေခဲ့ပြီး သေဆုံးပြီးသုများမှာမူ မဲစားရင်း၌ ပါဝင်နေခဲ့ကြောင်း သိရပါသည်။
 တောင်ငူမြို့တွင် မဲရုံ (၁၉၉) ရုံရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၁၆၄၄၂၇ ဦး ၊
ထန်းတပင် မြို့နယ်တွင် (၉၃) ရုံရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၇၁၈၂၇ ဦး၊
အုတ်တွင်းမြို့နယ်တွင် မဲရုံ (၁၄၁) ရုံရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ဦးရေ
၁၀၅၅၅၅ ဦး ရှိကြောင်း သိရှိရသည်။
 

 

No comments: