Friday, March 30, 2012

အမေစုရဲ့ဂုဏ်ရောင်




မြန်မာပြည်တပြည်လုံး
ပြည်သူရဲ့ အသဲနှလုံးက
တအုံးအုံးတကြွကြွ ထွက်လာတဲ့စကားလုံးက
“အမေစု မှ အမေစု”
အမေစုက လူထုကိုကိုယ်စားပြု
အမေစုရဲ့အသံ လူထုရင်ထဲကအသံ
အမေစုရဲ့လှုပ်ရှားမှု
ပြည်သူတွေရဲ့ မျှောင်လင့်ချက်တခု
အမေစု ဘယ်ရောက်ရောက်
လူထုတွေက အမြဲထောက်
လူထုတွေရဲ့ လွတ်မြောက်မှု
အမေစုကိုသာ အားကိုးပြု
ဤကောင်းမှု အစုစုကြောင့်
အမေစုဟာ ပြည်သူတွေရဲ့အမေတခု
တိုင်းပြုပြည်ပြု လှုပ်ရှားမှု
အမေစုမှတပါး အခြားမရှိတော့ပါ။

သင့်ကိုယ်သင်မေးပါ
ကိုယ့်အိမ်ထောင်ရေး မိသားစုအရေးထက်
တိုင်ပြည်အရေးကို ဦးစားပေးနိုင်မလား။

ခင်ပွန်းရဲ့အလောင်းကိုပြန်ပိုက်ရမဲ့အစား
ပြည်သူပြည်သားတွေကိုရင်ခွင်ပိုက်
ခေါင်းမငိုက် ဦးမညွတ်ဘဲ
ကိုယ်ကျိုးကိုစွန့်ပြီး ခွပ်ဒေါင်းလိုခွပ်
ကြောက်ရွံ့ခြင်းမရှိ ဖခင်ရဲ့ရဲစွမ်းသတ္တိမျိုးနဲ့
တိုင်းပြည်နဲ့ လူမျိုးအကျိုး
အရိုးကြေကြေ အရေခမ်းခမ်း
အမှောင်ခန်းကိုကျော်လှမ်းပြီး
ဒီမိုကရေစီအလင်းတန်းရသည့်တိုင်
မယိမ်းမယိုင် ဇွဲခိုင်ခိုင်နဲ့
အမြဲရင်ဆိုင်တိုက်ခိုက်နေတဲ့သူရဲ့ဂုဏ်ဟာ
ကမ္ဘာမြေမဟုန် တုန်လောက်ပါပေတယ်။

ကိုယ်ရခဲ့တဲ့ နိုဗယ်ဆု
ငွေထုအားလုံးကိုလဲ
ကိုယ်ပိုင်မသုံးစွဲဘဲ
တလုံးတခဲထဲ လှူတန်း
ဖြူလန်းတဲ့စိတ်ဓါတ်
မြင့်မြတ်တဲ့ဂုဏ်ရည်စုကို
အလေးမပြုဘဲ မနေနိုင်။

သားအရေးကို အရေးမသယ်
ဘေးဖယ်ထားပြီး အလေးပေါ့
အလျှော့အတင်း အရင်းအမြစ်ကို
ဆန်းစစ်ဝေဖန် မှန်ကန်တဲ့အကြံနဲ့
ပြည်သူ့ထံ အသက်အပ်နှံပြီး
အဓိဌာန်ကိုချ ဒုတိယလွတ်မြောက်ခြင်း
မရမချင်း မငြင်းမဆန် အပြင်းအထန်နှင့်
နင်းကန်စွမ်းဆောင်
ညစ်မှောင်တဲ့ စစ်အမှောင်ကို
ဝင်းပြောင်တဲ့တတိုင်မီးဖြင့်
ထိန်ညီးအောင်စွမ်းဆောင်ကြိုးပမ်း
ကိုယ့်ကိုယ်တိုင်အလောင်ကျွမ်းခံပြီး
အမှောင်ခန်း ထိန်တောက်
စိန်ကျောက်ထက်မယွင်းအောင်
အလင်းဆောင်နေသူပါတကား။
(လေးစားပါသောအမေစုသို့)
တက္ကသိုလ်ဘုန်းကြွယ်(မတ် ၃၀ ၂၀၁၂)

No comments: