Friday, March 30, 2012

တိုင်ရီ ဆန္ဒပြပွဲအရှိန်မြှင့်တင် အလုပ်သမားတဦး လုံခြုံရေးတပ်ဖွဲ့ ဝင်များ ၏ ရိုက်နှက်ခြင်းခံရ



နှစ်လကြာနေပြီဖြစ်တဲ့ လှိုင်သာယာတိုင်ရီဖိနပ်စက်ရုံက ဆန္ဒပြအလုပ်သမားတွေရဲ့ 
ဆန္ဒပြမှုကိုဒီကနေ့မှာ အရှိန်မြှင့်လိုက်ပါတယ် ..။ ၃၀ ရက်နေ့ မနက် ၈း၃၀ လောက်မှာ 
တိုင်ရီဖိနပ်စက်ရုံ အလုပ်သမား ၁၀၀၀ ခန့်ဟာ စက်ရုံရှေ့ကနေ စက်မှုဇုံ အတွင်းကို လမ်းလျှေက်လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
 ဆန္ဒပြလို့မိနစ်ပိုင်းအကြာမှာပဲ ယူနီဖောင်းဝတ်ရဲတွေနဲ့ အရပ်ဝတ် စွမ်းအားရှင် 
အင်အား ၅၀ခန့်ရောက်ရှိလာပြီ ဆန္ဒပြအလုပ်သမားတွေကိုလူစုခွဲခိုင်းပါတယ်။ 
အလုပ်သမားတွေဘက်က လူစုခွဲမပေးတဲ့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် 
စကားအခန့်မသင့်ဖြစ်ကာ အလုပ်သမားတဦး အရိုက်ခံရကြောင်း မျက်မြင်
တွေ့ ရှိသူတဦးက Myanmar News Now ကိုပြောပါတယ်။

လုံခြုံရေး တပ်ဖွဲ့ဝင်တချို့က အလုပ်သမားများကို ဆဲဆိုရာမှ အလုပ်သမား တဦးက ပြန်လည်တုံ့ပြန်ဆဲဆိုတာကြောင့်  လုံခြုံရေး တပ်ဖွဲ့ဝင်က ဆဲဆိုသူကို 

အလုပ်သမားကို ရိုက်နှက်ခြင်းဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ ဆန္ဒပြ အမျိုးသမီးအလုပ်သမားတွေကတစ်ဘက် 

ရဲတပ်ဖွဲ့ဝင်တွေကတစ်ဘက် အခြေအနေကတင်းမာမယ့်အနေအထားမှာရှိပါတယ်။ ဆန္ဒပြအလုပ်သမားတွေဘက်ကနား နာကျဉ်းမှုတွေကိုဘယ်လိုမှသည်းမခံနိုင်သည့်
အဆုံးပေါက်ကွဲသည့်အနေအထားဖြစ်ပြီး အာဏာပိုင်တွေဘက်ကလည်း
 ရွေးကောက်ပွဲနီးနေသည့်အချိန်မှာ ဆန္ဒပြတောင်းဆိုမှုဟာ ကျန်တဲ့ နေရာများကိုပါ
ကူးစက်သွားမှာကိုစိုးရိမ်နေကြပါတယ် ... တိုင်ရီစက်ရုံတာဝန်ရှိသူတွေအနေနဲ့တော့ တစုံတရာဖြေရှင်းပြောဆိုတာကိုမတွေရသေးကြောင်း သိရပါတယ်။ 


Myanmar News Now

No comments: