Thursday, March 29, 2012

နန်းဂိုဖန်း၏ ခင်ပွန်းဂျပန်လူမျိုးက နန်းဂိုဖန်းအား စစ်ဆေးခဲ့သူကို အထက်မှစစ်ဆေးပေးရန် တောင်းဆိုလျက်ရှိ



မတ်လ ၂၄ ရက်နေ့ မနက်အစောပိုင်းတွင် စသုံးလုံး ရုံးအပေါ်ထပ်မှ ပြုတ်ကျသေဆုံးသွားသော နန်းဂိုဖန်း၏
ခင်ပွန်းဖြစ်သူ ဂျပန်လူမျိုးမှ  သေဆုံးသူမိန်းကလေးအားစစ်ဆေးခဲ့သူကို အထက်မှစစ်ဆေးပေးရန် တောင်းဆိုလျက်ရှိကြောင်းသိရှိရသည်။
 “လူတစ်ယောက်ကိုအဲ့ဒီလိုထားထားတာ ထောင်ထဲထည့်ထားတာနဲ့တူတူပါဘဲ ၊ မြန်မာနိုင်ငံက ဒီမိုကရေစီနိုင်ငံမဟုတ်ဘူးလား၊ လူတယောက်ကို ၂ နာရီလောက်ပဲ အနားပေးပြီး စစ်ဆေးတာ လူမဆန်ဘူး၊ လူ့အခွင့်ရေးကို ချိုးဖောက်တာပဲ ” ဟု သေဆုံးသူမိန်းကလေး၏ ခင်ပွန်းဖြစ်သူ ဂျပန်လူမျိုး မစ္စတာ နာမာဆယ်မိုတိုဟိကို ကပြောသည်။
အဆိုပါ မိန်းကလေး၏ ခင်ပွန်းဖြစ်သူမှာ မိန်းကလေး၏ ဈာပနာအတွက် မြန်မာနိုင်ငံသို့လာခဲ့ခြင်းဖြစ်ကြောင်း၊
ထို ဂျပန်လူမျိုး ခင်ပွန်းဖြစ်သူ ဟိုတယ်၌ တည်းနေစဉ်လည်း စသုံးလုံးမှ လာရောက် တွေ့ဆုံခဲ့ကြောင်း အဆိုပါ
ဂျပန်အမျိုးသားက ပြောသည်။
မနန်းဂို ဖန်းအားစသုံးလုံးမှ ခေါ်ယူခြင်းမှာ ၎င်းနာမည်နှင့် ၀ယ်ထားသော မြေကွက်များအတွက် မေးမြန်းစုံစမ်း
ရန်ဖြစ်ပြီး မတ်လ ၂၁ ရက်နေ့တွင် မအိအိအောင်နှင့် မနန်းဂိုဖန်း အားခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“နန်းဂိုဖန်းက အဲ့ဒီညမှာ ပထမတစ်ခေါက်အန်တယ် ၊သူ့နောက်ကို အစောင့်တွေလိုက်သွားတယ် ကျွန်မလိုက်
ခွင့်မရှိဘူး ၊ နောက်တစ်ခေါက် ၀ရန်တာဘက်သွားအန်ပြန်တယ် အဲ့တစ်ခေါက်တော့ အစောင့်တွေလိုက်သွား
လား မလိုက်သွားလားမသိဘူး သူတို့ရဲ့  မရှိတော့ဘူး မရှိတော့ဘူးဆိုတဲ့ အော်သံကြားပြီးတော့ တိုက်အောက်
ကနေ နန်းဂိုဖန်း ရဲ့ အော်သံကြားရတယ်” ဟု နန်းဂိုဖန်း၏ သူငယ်ချင်းဖြစ်အမဖြစ်သူ မအိအိအောင်က ပြောသည်။

အဆိုပါ မိန်းကလေးမှာ မြန်မာစကား ကောင်းကောင်းမတက်သောကြောင့် မအိအိအောင်မှ ရှမ်းဘာသာပြန်နှင့်မေးမြန်းရန်ပြောရာ စသုံးလုံးမှ ၎င်းတို့တွင် ရှမ်းဘာသာပြန်မရှိကြောင်း ပြန်ပြောခဲ့ကြောင်းကို မအိအိအောင်၏ ပြောကြားချက်အရသိရသည်။
အဆိုပါ မနန်းဂိုဖန်း နာမည်နှင့် ၀ယ်ထားသော အိမ်ခြံမြေများမှာ ယခုအခါတွင် ကျပ်သိန်းသုံးသောင်းခန့်တန်ဖိုး
ရှိနေပြီး အဆိုပါ အိမ်ခြံမြေများကို Unity အိမ်ခြံမြေ အကျိုးဆောင်နှင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
 ကောင်းမြတ်ဖြိုး(မြစ်မခ)

No comments: