Sunday, April 8, 2012

ကာဘွန်အခွန် အငြင်းအခုံ


 
ဥရောပသမဂ္ဂ ကာဘွန်ထုတ်လွှတ်မှု ရောင်းဝယ်ရေး အစီအစဉ် EU Emissions Trading Scheme -ETS သည် ၁-၁-၂ဝ၁၂ နေ့မှစတင်၍ ဥရောပသမဂ္ဂလေကြောင်း ပိုင်နက်အတွင်း ပျံသန်းသည့် လေယာဉ်များ အားလုံးတွင် ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု မြီရှင် လက်မှတ်များ ပါရှိကြရမည်ဟု ပြဋ္ဌာန်းခဲ့သည်။ ယခု နှစ်အတွက် ကာဘွန်မြီရှင်လက်မှတ်တို့ကို ဝယ်ယူကြရ မည်ဖြစ်သည်။ ကာဘွန်မြီရှင်ဈေးသည် တက်လာမည် ဖြစ်ပြီး လေကြောင်းကုမ္ပဏီတို့၏ ကုန်ကျစရိတ်သည် လည်း များပြားလာမည်ဖြစ်သည်။ ကာဘွန်မြီရှင် လက် မှတ် များ ဝယ်ယူရခြင်းသည်ပင် ကာဘွန်အခွန်ပေး ဆောင်ရခြင်း ဖြစ်ပေသည်။ ၂ဝ၁ဝ ခုနှစ်က အပြည်ပြည်ဆိုင်ရာ လေကြောင်း အဖွဲ့ International Civil Aviation Organisation - ICAO အားမည်သူ့ကိုမျှ ထိခိုက်နစ်နာမှုမရှိစေဘဲ လေ ကြောင်းခရီးများ ၏ ကာဘွန်ထုတ်လွှတ်မှုကို လျှော့ချ ရန်လုပ်ပိုင်ခွင့်ပေးအပ်ခဲ့သည်။ မည်သူ့ကိုမျှ မထိခိုက်စေဘဲ ကာဘွန် ထုတ်လွှတ်မှုကို လျှော့ချနိုင်ပါမည်လား။ ဥက္ကဋ္ဌ Roberto Kobeh Gonzalez သည် ကျဉ်းထဲကျပ်ထဲကျ ခဲ့ရသည်။ လေကြောင်းကုမ္ပဏီများသည် ဥရောပ သမဂ္ဂဇုန် ၏လေကြောင်းပိုင်နက်အတွင်း ပျံသန်းဝင်ထွက်သော လေယာဉ်ခရီးစဉ်အားလုံးမှ ထုတ်လွှတ်သည့် ကာဘွန် များအတွက် ကာဘွန်အခွန်ကိုပေးဆောင်ကြရပေတော့ မည်။ ၂ဝ၁၂ ခုနှစ် အတွင်း ထုတ်လွှတ်ခဲ့သည့် ကာဘွန် များအတွက် အခွန်ကို ၂ဝ၁၃ ခုနှစ်အတွင်း ပေးဆောင် ကြရမည်ဖြစ်သည်။ ETS ၏ အခွန်စည်းကြပ် မှုကို တရုတ်၊ အိန္ဒိယ၊ အမေရိကန် ပြည်ထောင်စုနှင့် အခြား နိုင်ငံ တစ်ဒါဇင်တို့က သဘောမတူ ကန့်ကွက်ခဲ့ကြ သည်။ နိုင်ငံအချို့က တုံ့ပြန်အရေးယူရန်၊ အချို့က အရေးယူဆောင်ရွက်ခြင်း မပြုရန် ပြောဆိုနေကြသည်။ တရုတ်နိုင်ငံက ၄င်း၏လေကြောင်းကုမ္ပဏီများအား သူတို့အစိုးရ၏ ခွင့်ပြုချက်မရဘဲ EUETS သို့ ကာဘွန် အခွန်ပေးဆောင်ခြင်းမပြု ရန်တားမြစ်ခဲ့သည်။ EUETS ၏ ကာဘွန်အခွန်အား ကန့်ကွက်နေကြ သည့် နိုင်ငံတို့က ICAO အား ယခု ၂ဝ၁၂ မကုန်မီတွင် ကာဘွန်အခွန်စည်းကြပ်မှုအတွက် လုပ်ထုံးလုပ်နည်း တစ်ရပ်ထွက်ပေါ်လာရန် လိုလားမျှော်လင့်နေကြသည်။ ICAO ၏ အစီအစဉ်ထွက်ပေါ်မလာပါက သူတို့သည် EUETS ၏အစီအစဉ်တွင် ပိတ်မိကြရတော့မည်ဖြစ်သည်။ ကာဘွန်အခွန်ဟူသည် ကာဘွန်အခွန်ဟူသည် ဒီဇယ်၊ ဓာတ်ဆီစသော လောင်စာတွင် ပါရှိ သည့် ကာဘွန်အပေါ်တွင် အခွန် ကောက်ခံခြင်းဖြစ်သည်။ အထူးသဖြင့် ရုပ်ြ<ွကင်းလောင်စာများအား စွမ်းအင် ထွက်ပေါ်လာစေရန် လောင်ြ<ွကမ်းစေ ရာမှ ထွက်ပေါ်လာသော ကာဘွန် ဒိုင်အောက်ဆိုဒ်အပေါ် အခွန်စည်း ကြပ်ခြင်းဖြစ်သည်။ ထို့ကြောင့် ကာ ဘွန်ဒိုင်အောက်ဆိုဒ် အခွန်၊ ကာဘွန် အခွန်ဟုခေါ်ဆိုခဲ့ကြသည်။ ရုပ်ြ<ွကင်းလောင်စာများဖြစ် သော ကျောက် မီးသွေး၊ သဘာဝ ဓာတ်ငွေ့၊ ဒီဇယ်၊ ဓာတ်ဆီ၊ ရေနံဆီ တို့တွင် ကာဘွန်နှင့် ဟိုက်ဒရိုဂျင် တို့ပါရှိသည်။ ရုပ်ြ<ွကင်းလောင်စာ အတွင်းကာဘွန်နှင့်ဟိုက်ဒရိုဂျင်တို့၏ ပေါင်းစည်းမှုသည်ပင် စွမ်းအင်ကို ဖြစ်ပေါ်စေသည်။ ရုပ်ြ<ွကင်းလောင်စာ လောင်ကျွမ်းသောအခါ ကာဘွန် အက်တမ် အားလုံးသည် ဖြစ်သွား သည်။ ထွက်လာသော ကာဘွန်ဒိုင် အောက်ဆိုဒ် -CO2 သည် အခြား ဓာတ်ငွေ့များစွာတို့နှင့်အတူ လေထု လွှာအတွင်းသို့ ရောက်ရှိသွားသည်။ လေထုအတွင်းသို့ ရောက်ရှိသွားသော CO2 သည် လေထုထဲတွင် နေထိုင် ကာ နေရောင်ခြည်မှ အပူဓာတ်တို့ကို ဖမ်းယူထားပြီး ကမ္ဘာကြီးကို ပူ ပြင်းလာစေသည်။ ကမ္ဘာ့ရာသီဥတုကို ဖောက်ပြန်ပြောင်းလဲစေသည်။ လေ စွမ်းအင်၊ နေစွမ်းအင်၊ ရေအား၊ ဒီလှိုင်းအား၊ အနုမြူ ပြိုကွဲမှုတို့မှ စွမ်းအင်ထုတ်ယူခြင်းသည် CO2 ထုတ်လွှတ်ခြင်းမရှိပေ။ ကာဘွန် အခွန်ဟူသည် CO2 ထုတ်လွှတ်သော လောင်စာစွမ်းအင်တို့ကို အသုံးပြုသော ကြောင့် ပေးဆောင်ရခြင်းဖြစ်သည်။ CO2 ထုတ်လွှတ်ခြင်း မရှိသော စွမ်း အင်တို့ကို အသုံးပြုပါက ပေးဆောင် ရန်မလိုပေ။ ရုပ်ြ<ွကင်းလောင်စာ တစ်မျိုးစီ၏ CO2 ထုတ်လွှတ်နှုန်းသည် မတူညီကြပေ။ သဘာဝဓာတ် ငွေ့သည် CO2 ထုတ်လွှတ်မှုအနည်းဆုံးဖြစ်ပြီး၊ ကျောက် မီးသွေးသည် အများဆုံးဖြစ်သည်။ စွမ်းအင်တစ်ယူနစ် ရရှိစေရန်အတွက် ကျောက်မီးသွေးသည် ဒီဇယ်ထက် CO2 ထုတ်လွှတ်မှု ၄ဝ ရာခိုင်နှုန်း ပိုမိုများပြားသည်။ သဘာဝဓာတ်ငွေ့ထက် ၈ဝ ရာခိုင်နှုန်း ပိုမိုများပြား သည်။ ကာဘွန်အခွန်ကောက်ခံရာ၌ CO2 ထုတ်လွှတ်မှု အချိုးအဆအရ တွက်ချက်ကောက်ခံခြင်းဖြစ်သည်။ CO2 ထုတ်လွှတ်မှုများပြားသော စွမ်းအင်ကိုသုံးစွဲပါက ကာ ဘွန်အခွန်ပိုမိုကျသင့်ပြီး ဃဥ၂ ထုတ်လွှတ်မှုနည်းသော စွမ်းအင်ကိုသုံးစွဲပါက ကာဘွန်အခွန်သက်သာမည်ဖြစ် သည်။ ကမ္ဘာ့လေထုအတွင်းရောက်ရှိပြီးဖြစ်သော CO2 နှင့် နေ့စဉ်ထုတ်လွှတ်ရောက်ရှိ လာသော CO2 တို့သည် ကမ္ဘာကြီးကို ပိုမိုပူပြင်းလာစေကာ ရာသီဥတုပုံစံကို မတည်မငြိမ် ဖောက်ပြန်ပြောင်းလဲစေသည်။ မြေကမ္ဘာ ၏ဂေဟစနစ်ကို ခြိမ်းခြောက်လာသည်။ ကမ္ဘာကြီး ပူပြင်းလာမှုကြောင့် ဖြစ်ပေါ်လာရသော ရာသီဥတု ဖောက်ပြန်မှု၊ ရေလွှမ်းမိုးမှု၊ အပူလှိုင်း၊ အအေးလှိုင်း တို့ကျရောက်မှု၊ ရောဂါဘယများပြန့်နှံ့မှု၊ ရေသယံ ဇာတဆုတ်ယုတ်လာမှု၊ စိုက်ပျိုးရေးပျက်စီးမှု၊ အစာ ရေစာငတ်မွတ်မှု၊ လူမျိုးစုလိုက် နေရပ်စွန့်ခွာရွှေ့ပြောင်း ရမှု၊ နိုင်ငံရေးမတည်ငြိမ်မှု၊ နိုင်ငံတကာပဋိပက္ခဖြစ် ရမှုတို့ကို လျော့ပါးစေရန်အတွက် အမေရိကန်ပြည် ထောင်စုအပါအဝင် ကမ္ဘာ့နိုင်ငံများသည် ကာဘွန်ထုတ် လွှတ်မှုကို သိသာစွာ လျှော့ချရန်လိုအပ်နေပေသည်။ ကမ္ဘာ့နိုင်ငံအသီးသီး၏ ကာဘွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်ရန်အတွက် ကာဘွန်အခွန်ကိုစည်းကြပ်ရန်လို အပ်လာသည်ဟု အခွန်စည်းကြပ်သူတို့ကဆိုသည် ။ ယနေ့ဒီဇယ်၊ ဓာတ်ဆီ၊ လျှပ်စစ်ဓာတ်အားဈေးနှုန်းတွင် ကမ္ဘာကြီးပူပြင်းမလာစေရန် ကမ္ဘာ့ရာသီဥတုဖောက်ပြန် မလာစေရန် ကာကွယ်ထိန်းသိမ်းရေးကိစ္စကို ထည့်သွင်း စဉ်းစားမထားပေ။ ဤချို့ယွင်းချက်ကြောင့် စွမ်းအင်ကုန်ကျမှု သက်သာသော ကား၊ အပူပေးစက်၊ လေအေးစက် စသည်တို့ကို တီထွင်ထုတ်လုပ်ရေး၊ သုံးစွဲရေး၊ တိုက်လေစွမ်းအင်၊ နေစွမ်း အင် စသောပြန်လည်ပြည့်ဖြိုးစွမ်းအင် တို့ပြောင်းလဲသုံးစွဲရေး၊ ကုန်ပစ္စည်း များကို နှစ်ကြော့ပြန်၊ သုံးကြော့ပြန် ပြန်လည် ပြုလုပ်သုံးစွဲရေးတို့အပေါ် စိတ်ထက်သန်မှု၊ ဦးတည်ရည်ရွယ်မှု နည်းပါးနေခဲ့ရသည်။ ကာဘွန်အခွန်ကို စည်းကြပ် လိုက်သောအခါ လူတစ်ဦးစီသည် ကားဝယ်ယူရာတွင်၊ နေအိမ်ဆောက် လုပ်ရာတွင်၊ စွမ်းအင်သုံးရသော လူ သုံးကုန်ပစ္စည်းများဝယ်ယူရာတွင် ၊ ကုန်ပစ္စည်းထုတ်လုပ်ရန်အတွက် ပုံစံ ရွေးချယ်ရာတွင်၊ စက်ရုံတည်ဆောက် ရန်အတွက် နေရာရွေးချယ်ရာတွင် အစိုးရတို့သည် မူဝါဒများချမှတ်ရာ တွင် ကာဘွန်ထုတ်လွှတ်မှုကို ဦးစား ပေး၍စဉ်းစားလာကြမည်ဖြစ်သည်။ ကာဘွန်ထုတ်လွှတ်မှု နည်းပါးရေးကို အလေးထား၍စဉ်းစားလာကြမည်ဖြစ် သည်။ သို့သော် ကာဘွန်အခွန် ကောက်ခံရုံမျှဖြင့် ကာဘွန်ထုတ်လွှတ် မှုသည် လျော့နည်းသွားမည်မဟုတ် ပေ။ ကမ္ဘာကြီးသည် ပူပြင်းမလာဘဲ နေမည်မဟုတ်ပေ။ ကမ္ဘာ့ရာသီဥတု မဖောက်ပြန်တော့ဘဲ နေမည်မဟုတ် ပေ။ ကမ္ဘာကြီးကို ပူပြင်းမလာစေ မည့် ရာသီဥတုကို ထိန်းညှိထားနိုင် မည့် ကာဘွန်ထုတ်လွှတ်မှုကို လျော့ နည်းစေမည့်လုပ်ငန်းများကို ဆောင် ရွက်ကြမှသာ ကမ္ဘာကြီးပူပြင်းမလာ စေရန် ဇက်ကြိုးဆွဲထားနိုင်မည်ဖြစ် သည်။ ဇက်ကြိုးဆွဲထားနိုင်စေရန် ကာဘွန်အခွန်က အားဖြည့်ထောက် ကူပေးနိုင်မည်ဖြစ်သည်။ ကာဘွန်အခွန်စည်းကြပ်သူတို့ က ကာဘွန်အခွန်သည် ပြည်သူတို့ အပေါ်ထပ်တိုးအခွန် မဖြစ်စေရပါဟု ဆိုသည်။ ရရှိလာသော ကာဘွန်အခွန် မှ အနည်းငယ်မျှကိုသာ ကာဘွန် ထုတ်လွှတ်မှုလျှော့ချရေးကိစ္စတို့တွင် အသုံးပြုပြီး အများစုကို ပြည်သူတို့ အား ပြန်ပေးမည်ဟုဆိုသည်။ အမေ ရိကန်ပြည်ထောင်စု၊ အလာစကာ ပြည်နယ်တွင် လွန်ခဲ့သော နှစ် ၃ဝ အတွင်း North Slope ကုမ္ပဏီထံမှ ကောက်ခံရရှိသည့် ရေနံအခွန်တို့ကို ပြည်နယ်သားအားလုံးအား အညီအမျှ ခွဲဝေပေးခဲ့သည်။ နောက်တစ်နည်းမှာ ပြည်သူတို့ပေးဆောင်ရမည့် အခွန်တို့ ကို ကာဘွန်အခွန်ဖြင့် ခုနှိမ်ပေးခြင်း ဖြစ်သည်။ ထို့ကြောင့် ကာဘွန်အခွန် သည် ထပ်တိုးအခွန် မဟုတ်ပါဟု စည်းကြပ်သူတို့ကဆိုခြင်းဖြစ်သည်။ သို့သော် ကာဘွန်အခွန်သည် CO2 ထုတ်လွှတ်သော စွမ်းအင်သုံးစွဲ မှုနှင့်မူ သက်ဆိုင်မည် ဖြစ်သည်။ ဓာတ်ဆီအစားများသည့် ကားကိုစီး သော၊ လေယာဉ်ဖြင့် မကြာခဏခရီး သွားသော၊ စွမ်းအင်များစွာသုံးရသည့် အိမ်ကြီးကြီးတွင် နေထိုင်သော၊ လေ အေးစက်၊ ရေခဲသေတ္တာ၊ အဝတ် လျှော်စက် စသည်တို့ကို များစွာအသုံး ပြုသော သူတို့သည် ကာဘွန်အခွန် များများပေးဆောင်ကြရမည် (သို့) ကျသင့်မည်ဖြစ်သည်။ ကာဘွန်ထုတ် လွှတ်ခြင်းမရှိသည့် နေစွမ်းအင်၊ တိုက်လေစွမ်းအင်၊ ရေစွမ်းအင်၊ အနု မြူစွမ်းအင် စသည်တို့ကိုသုံးစွဲသည့် လုပ်ငန်းဌာနတို့သည် ကာဘွန်အခွန် ကင်းလွတ်ကြမည်ဖြစ်သည်။ ကာဘွန်ထုတ်လွှတ်မှုကို လျော့ ကျစေရန် ထိန်းချုပ်နည်းတစ်ခုမှာ လေထုအတွင်းသို့ ထုတ်လွှတ်မည့် ကာဘွန်တို့ကို ဖမ်းယူသိုလှောင် ရောင်းဝယ်နည်း Cap-and-Trade System ဖြစ်သည်။ စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းဌာနတို့သည် မိမိလုပ်ငန်းမှ ထုတ် လွှတ် သည့် ကာဘွန် တို့ကို ကမ္ဘာ့လေထုအတွင်းသို့ ရောက်မသွား စေရန် ဖမ်းယူထားပြီး သိုလှောင်ထိန်း သိမ်းထားခြင်းဖြစ်သည်။ ၁၉၉ဝ ခုနှစ် တွင် အမေရိကန်ပြည်ထောင်စုသည် ဓာတ်အားပေးစက်ရုံများက လေထု ထဲသို့ထုတ်လွှတ်သည့် ကန့်ဒိုင် အောက်ဆိုဒ်တို့ကို ဖမ်းယူသိုလှောင် စေခဲ့ရာ အက်ဆစ်မိုး-Acid Rain ရွာသွန်းမှု သိသာစွာလျော့ပါးသွား ခဲ့သည်။ သို့သော် ကာဘွန်များကို ဖမ်းယူသိုလှောင်ထားရမည့်လုပ်ငန်း သည် ကန့်ဒိုင်အောက်ဆိုဒ်ကို ဖမ်းယူ သိုလှောင်မှုလုပ်ငန်းထက် နည်းပညာ အရ ခက်ခဲပြီး လုပ်ငန်းပမာဏသည် လည်း အဆများစွာကြီးမားကျယ်ပြန့် ပေသည်။ ရှုပ်ထွေးခက်ခဲလှသည့်၊ များစွာ ညှိနှိုင်းဆွေးနွေးကြရမည့် ကာဘွန်ဖမ်း ယူသိုလှောင်မှုကို ချက်ချင်းမဆောင် ရွက်နိုင်သေးသော်လည်း ကမ္ဘာကြီး ပူပြင်းလာမှု၊ ရာသီဥတုဖောက်ပြန်လာ မှုကိုလျော့ပါးသက်သာစေရန်အတွက် တစ်ခုခုကို အလျင်အမြန်လုပ်ဆောင် ရန် လိုအပ်နေချိန်တွင် ကာဘွန်အခွန် ကောက်ခံမှုသည် ချက်ချင်းအကောင် အထည်ဖော်ဆောင်ရွက်နိုင်သည့် လုပ် ငန်းအဖြစ် ထွက်ပေါ်လာသည်။ ကာ ဘွန်အခွန်ကောက်ခံမှုလုပ်ငန်းသည် ပွင့်လင်းမြင်သာပြီး လူအများလည်း နားလည်နိုင်သည်။ ကာဘွန်အခွန် ကောက်ခံရရှိငွေများကို ပြည်သူများ သို့ လွယ်ကူစွာခွဲဝေထုတ်ပေးနိုင် သည်။ ယခုအခါ တရုတ်နိုင်ငံသည် အမေရိကန် ပြည်ထောင်စုကို ဖြတ် ကျော်ကာ ကမ္ဘာတွင် ကာဘွန်ထုတ် လွှတ်မှုအများဆုံးနိုင်ငံဖြစ်လာသော် လည်း အမေရိကန်ပြည်ထောင်စုသည် လေထုထဲ့သို့ ကာဘွန်များစွာ ဆက်လက်ထုတ်လွှတ်နေဆဲ ထုတ်လွှတ် နေဦးမည်ဖြစ်သည်။ လေထုထဲသို့ တစ်ကြိမ်ရောက်ရှိ လာသော CO2 သည် ရာစုတစ်ခေတ်ခန့်ကြာအောင် ကျောက်ချတည်ရှိနေသည်ဖြစ်ရာ အမေရိကန် တို့ ထုတ်လွှတ်ခဲ့သော ကာဘွန်ဓာတ်တို့၏ ဆိုးကျိုးသက် ရောက်မှုကို နောက်နှစ်တစ်ရာခန့် တွေ့ကြုံရင်ဆိုင်ကြရဦးမည်ဖြစ်သည်။ တရုတ်နိုင်ငံသည် တိုင်းပြည်တစ်ပြည် လုံးအနေဖြင့် ကာဘွန်ထုတ်လွှတ်မှု အများဆုံးဖြစ်နေသော်လည်း လူတစ် ဦးပျမ်းမျှကာဘွန်ထုတ်လွှတ်မှုပမာဏ တွင် အမေရိကန်သည် တရုတ်နိုင်ငံ ထက် သိသာစွာ ပိုမိုနေဆဲဖြစ်သည်။ အမေရိကန်တစ်ဦး၏ တစ် နေ့ကာ ဘွန်ထုတ်လွှတ်မှုသည် ဖွံ့ဖြိုးဆဲနိုင်ငံ သားများ၏ ရက်သတ္တတစ်ပတ်ထုတ် လွှတ်မှုနှင့်ညီမျှသည်။ အမေရိကန်တို့ လေထုအတွင်းသို့ ကာဘွန်ထုတ် လွှတ်နေသည်မှာ ဆယ်စုခေတ်များစွာ ကြာခဲ့ပြီဖြစ်ရာ ယနေ့ရာသီဥတု ဖောက်ပြန်ဆိုးရွားနေမှု၏ လေးပုံသုံး ပုံသည် အမေရိကန်တို့၏ ထုတ်လွှတ် မှုကြောင့် ဖြစ်လာရသည်ဟု သုတေ သီတို့က သုံးသပ်ကြသည်။ တရုတ် နိုင်ငံကြောင့် ရာသီဥတုဖောက်ပြန်မှု ကို ၂ဝ၅ဝ ခန့်တွင် ခံစားရမည်ဟု ဆိုသည်။ ရာစုခေတ် ချီကာစုပုံလာခဲ့ပြီး ဖြစ်သော လူသားတို့၏ ကာဘွန် ထုတ်လွှတ်မှုကြောင့် ဖြစ်ပေါ်လာရ သည့် ကမ္ဘာကြီးပူပြင်းလာမှု၊ ကမ္ဘာ့ ရာသီဥတုဖောက်ပြန်လာမှုကို ယနေ့ အခါတွင် လူသားအားလုံး၊ နိုင်ငံအား လုံးတက်ြ<ွကစွာပါဝင် ဆောင်ရွက်ကြ မှသာ သက်သာရာရနိုင်မည့် အခြေသို့ တိုင်ခဲ့ပြီဖြစ်သည်။ လူသားတစ်ဦးစီ၏ ကာဘွန်ချွေတာမှုဖြင့် လုပ်ငန်းဌာန တစ်ခုစီ၏ ကာဘွန်ချွေတာမှုများဖြင့် ကမ္ဘာကြီးပူပြင်းလာမှုကို ဟန့်တားရပ် တန့်စေရပါမည်။ လျော့ချကြရပါ မည်။ ဆောင်ရွက်မှု တစ်ခုချင်းစီသည် ပင် တစ်တပ်တစ်အားဖြစ် သည်။ အလုံးစုံမပြီးမြောက်နိုင်သည့်တိုင် ခရီး တစ်ထောက်ကိုမူ ရောက်ရှိ နိုင်ပါ သည်။ အမေရိကန်ပြည်ထောင်စု၏ ကာဘွန်အခွန် အမေရိကန်ပြည်ထောင်စုတွင် တစ်နိုင်ငံလုံး လွှမ်းခြုံသော ကာဘွန် အခွန်မရှိပေ။ ၂ဝဝ၆ ခုတွင် ကိုလို ရာဒိုပြည်နယ်သည် လျှပ်စစ်စွမ်းအား အသုံးပြုမှုအပေါ်တွင် မြူနီစပယ်ကာ ဘွန်အခွန်ကိုစည်းကြပ်ခဲ့သည်။ ပြန် ပြည့်စွမ်းအင်တို့မှရရှိသည့် လျှပ်စစ် စွမ်းအားကိုသုံးစွဲပါက အခွန်ကိုလျှော့ ၍သတ်မှတ်သည်။ ဤအခွန်ဖြင့် မှန် စိမ်းအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ ချရန်ဆောင်ရွက်နေသည့် လုပ်ငန်းစီ မံချက်များအား ကူညီထောက်ပံ့ပေး သည်။ ကို လိုရာဒိုသည် ကျိုတို သဘောတူညီချက် နှင့်အညီ ၂ဝ၁၂ တွင် ၁၉၉ဝ ကာဘွန်ထုတ်လွှတ်မှု အောက် ၇ ရာခိုင်နှုန်းအောက် လျှော့ ချနိုင်ရန် ရည်မှန်းထားသည်။ ကာဘွန် အခွန်ကို လျှပ်စစ်ဓာတ်အားတစ်ကီလို ဝပ်နာရီအတွက် အိမ်သုံးအတွက် ဝ.ဝဝ၄၉ ဒေါ်လာ၊ စီးပွားရေးလုပ်ငန်းများအတွက် ဝ.ဝဝဝ၃ ဒေါ်လာ စည်းကြပ်သည်။ ၂ဝ၁၃ တွင် ကာ ဘွန်ထုတ်လွှတ်မှုကို လိုအပ်သည့် အဆင့်အထိ လျှော့ချနိုင် ကာဘွန် အခွန်စည်းကြပ်မှုကို ရပ်နားရန် မျှော် မှန်းထားသည်။ မေရီလဲန်းပြည်နယ်သည် ၂ဝ၁ဝ မေလတွင် နိုင်ငံ၏ ပထမဆုံးအခွန်ကို သတ်မှတ်စည်းကြပ်ခဲ့သည်။ အခြေ ချလုပ်ငန်းတစ် ခုသည် တစ် နှစ် အတွင်း ကာဘွန်ဓာတ်တန် တစ် သန်းထက်ပို၍ထုတ် လွှတ် ပါက ထုတ်လွှတ်ကာဘွန်တစ်တန်အတွက် ငါးဒေါ်လာပေးဆောင်ရမည်ဖြစ်သည်။ ဤစည်းကမ်းနှင့် အကျုံးဝင်သည်မှာ မေရီလဲန်းသည် ကာဘွန်အခွန်ဒေါ် လာ ၁ဝ မှ ၁၅ သန်းခန့်ရရှိမည်ဟု မျှော်မှန်းထားပြီး၊ ရရှိသော အခွန်၏ ထက်ဝက်ကို လျှပ်စစ်ဓာတ်အားသုံး စွဲမှုလျော့ကျစေရန် ဆောင်ရွက်မည့် နေအိ မ်များအား အတိုးသက် သာ စွာဖြင့် ချေးငွေထုတ်ပေးရန် ရည်မှန်း ထားသည်။ ဥရောပသမဂ္ဂ၏ ကာဘွန်အခွန် ဥရောပသမဂ္ဂ- European Union- EU သည် ကာဘွန်အခွန်ကို ၁၉၉ဝ တွင် စတင်ဆိုပြုခဲ့သော်လည်း စက်မှုလုပ်ငန်းရှင်များ၏ ကန့်ကွက်မှု ကြောင့်  အသက် ဝင်မလာခဲ့ပေ။ ၂ဝ၁ဝ တွင် ဥရောပကော်မရှင်သည် ဥရောပအားလုံး အကျုံးဝင် သော ဥရောပသမဂ္ဂထုတ်လွှတ်မှန်စိမ်းအိမ် ဓာတ်ငွေ့ကုန်သွယ်မှုစနစ် EUA GHG Emissions Trading System-EU ETS ကို ချမှတ်ရန် လုပ်ဆောင်လာ ခဲ့သည်။ ဤစနစ်အရ ကာဘွန်အခွန် ကို လောင်စာတွင် ကာဘွန်ပါဝင်မှု ပမာဏအရ စည်းကြပ်မည်ဖြစ်သည်။ စနစ်သစ်အရ ကာဘွန် အခွန်သည် ထုတ်လွှတ်မှုတစ်တန်အပေါ်တွင် ယူ ရိုငွေ ၄.ဝ မှ ၃ဝ.ဝ အထိ ကျသင့် မည်ဖြစ်သည်။ ဒိန်းမတ်နိုင်ငံ၏ ကာဘွန်အခွန် ဒိန်းမတ်နိုင်ငံသည် ၁၉၉၆ ခုနှစ် မှစတင် ၍ CO2 ထုတ်လွှတ်မှုတစ် တန်အပေါ်တွင် ကာဘွန်အခွန်အဖြစ် ဒိန်းမတ်ကရိုနာ ၁ဝဝ စည်းကြပ်ခဲ့ သည်။ ကာဘွန်အခွန်သည် ဒီဇယ် ဓာတ်ဆီ တစ်ဂါလန်အတွက် ၄ဝ၂ ကရိုနာ၊ သဘာဝဓာတ်ငွေ့တစ်တန် အတွက် ၅.၆ ကရိုနာကျသင့်သည်။ ပြန်ပြည့်စွမ်းအင်တို့အတွက် ကာဘွန် အခွန်ကင်းလွတ်သည်။ လျှပ်စစ်ဓာတ် အားထုတ်လုပ် ရာတွင် CO2 ထုတ် လွှတ်မှု တစ်တန်အတွက် ကရိုနာ ၁၁၆၄ (ဝ.ဝ၁၇ ဒေါ်လာ)ကျသင့် သည်။ ကာဘွန်အခွန်ကို စွမ်းအင်သုံး စွဲသူတိုင်းပေးဆောင်ရသည်။ စက်ရုံ အလုပ်ရုံများအား မည်သည့်အတွက် စွမ်းအင်ကိုအသုံးပြုသည်၊ စွမ်းအင်ကုန်ကျမှုသက် သာစေသည့်နည်း စနစ်များသို့ မိမိသဘောဖြင့် ပြောင်း လဲလိုခြင်းရှိ မရှိတို့အပေါ် မူတည် လျက်အခွန်ကိုစည်းကြပ်သည်။ ဤမူ သည် စက်ရုံအလုပ်ရုံတို့အား ထာဝ စဉ်တည်တံ့သောလုပ်ငန်းစနစ်များသို့ ပြောင်းလဲရန် ဆွဲဆောင်နိုင်ခဲ့သည်။ ဒိန်းမတ်သည် ၁၉၉၂ ခုမှစတင် ၍ ကာဘွန်တစ်တန် ထုတ်လွှတ်မှု အတွက် နေအိမ်များအတွက် ၇.ဝ ဒေါ်လာ၊ စီးပွားရေးလုပ်ငန်းများ အတွက် ၁၄.ဝ ဒေါ်လာ စည်းကြပ် သည်။ စွမ်းအင်ကုန်ကျမှုသက်သာသည့်စနစ်သို့ပြောင်းလဲသူများအတွက် ပြန်အမ်းငွေများထုတ်ပေးသည်။ ဒိန်း မတ်၏ ကာဘွန်အခွန်စနစ်သည် စွမ်း အင်အသုံးပြုမှုထက်မြက်စေရန် ပြန် ပြည့်စွမ်းအင်များကို ပြောင်းလဲအသုံး ပြုကြရန် ရည်ရွယ်ဦးတည်ပေသည်။ ကာဘွန်အခွန်အများစုကို ပြန်ပြည့်စွမ်း အင်သုသေတနလုပ်ငန်း၊ စွမ်းအင်ကုန် ကျမှုသက်သာစေသည့် သုတေသန တို့တွင်သုံးစွဲရန် လျာထားခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံ၏ ကာဘွန်အခွန် ဆွစ်ဇာလန်နိုင်ငံသည် ၂ဝဝ၈ မှစ၍ စွမ်းအင်အတွက် အသုံးပြုခြင်း မဟုတ်သည့်  ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့ စသည် ဟိုက်ဒရိုကာဘွန်လောင်စာတို့အပေါ်တွင် CO2 အခွန်စည်းကြပ်ခဲ့သည်။ အခွန်သည် CO2 ထုတ် လွှတ် မှုတစ်တန်အတွက် ၁၁.၄ ဒေါ်လာကျသင့်သည်။ အခွန် ကို ၃၄ ဒေါ်လာအထိ တိုးမြှင့်သွား ရန် ရည်ရွယ်ထားသည်။ အခွန်သည် ထပ်တိုးအခွန်မဖြစ်စေရဘဲ ကျန်းမာ ရေးအာမခံစနစ်၊ အသက်အာမခံစနစ် တို့မှတစ် ဆင့် ပြန်လည် ထုတ်ပေး သည်။ ကာဘွန်ထုတ်လွှတ် မှုလျော့ ကျစေရန် ဆောင်ရွက်သည့်ကုမ္ပဏီ များအား ပြန်ထုတ်ပေးသည်။ စွမ်း အင်သုံးစွဲမှုသက်သာသည့် နေအိမ်များဆောက်လုပ်ပေးသည်။ ဆွစ်ဇာလန် သည် ၂ဝဝ၅ တွင် သယ်ယူပို့ဆောင် ရေးသုံးလောင်စာတို့အပေါ် တစ်ဂါ လန် ဝ.ဝဝ၃၈ ဒေါ်လာနှုန်းဖြင့် ထပ် ဆောင်းအခွန်ကောက်ခံခဲ့သည်။ ဆွစ် ဇာလန်သည် ကျိုတိုသဘောတူညီ ချက်အတိုင်း ၂ဝ၁၂ တွင် ၁၉၉ဝ ၏ကာဘွန်ထုတ်လွှတ်မှုအောက် ၈.ဝ ရာခိုင်နှုန်း လျှော့ချနိုင်မည်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာစွမ်းအင်အဖွဲ့ International Energy Agency- IEA သည် ဆွစ်ဇာလန်နိုင်ငံ၏ CO2 အခွန် ကိုထောက်ခံခဲ့သည်။ အခြားဥရောပနိုင်ငံများ အိုင်ယာလန် သည် ၂ဝ၁ဝ တွင် ကာဘွန်အခွန်ကို ဃဥ၂ ထုတ်လွှတ်မှု တစ်တန်လျှင် ဒေါ်လာ ၂ဝ နှုန်းဖြင့် စတင်စည်းကြပ်ခဲ့သည်။ ဖင်လန်နိုင်ငံ သည် ၁၉၉ဝ ခုနှစ်မှစတင်၍ ကာဘွန် အခွန်ကောက်ခံခဲ့သည်။ သို့သော် ကောက်ခံမှုနည်းစနစ်၊ ပုံစံတို့သည် အမျိုးမျိုးပြောင်းလဲခဲ့သည်။ ဆွီဒင်နိုင်ငံ သည် ၁၉၉၁ ခုတွင် ပြည်တွင်း သယ်ယူပို့ဆောင်ရေးတွင် သုံးစွဲသည် လောင်စာတစ်တန်လျှင် ဒေါ်လာတစ်ရာ အခွန် စည်းကြပ် သည် ။ စက် ရုံအလုပ်ရုံများသည် ထက်ဝက်နှုန်းဖြင့် ပေးဆောင်ရသည်။ ၁၉၉၇ တွင် ဒေါ်လာ ၁၅ဝ သို့တိုး မြှင့်ကောက်ခံသည်။ ၂ဝဝ၇ တွင် CO2 ထုတ်လွှတ် မှုအပေါ်အခြေခံ၍ ကောက် ခံသည့်စနစ်သို့ပြောင်းလဲခဲ့ သည်။ ဤအခွန်စနစ်သည် သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသူတို့ အား ပိုမိုအခွန်ကျသင့်စေကာ စွမ်းအင် ကိုထိရောက်စွာအသုံးပြုသူတို့အား အခွန်သက်သာမှုရရှိစေပေသည်။ ဤ သို့အခွန်စည်းကြပ်ခဲ့သော်လည်း ဆွီ ဒင်သည် ကုတ်ထုတ်စွမ်းအားကို မထိခိုက်ခဲ့ဘဲ၊နှစ်စဉ် ၂.၈ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ဗြိတိန် သည် ၁၉၉၃ တွင် သယ် ယူပို့ဆောင်ရေးကဏ္ဍမှ ကာဘွန် ထုတ်လွှတ်မှုလျော့ကျစေရန် ရည်ရွယ် လျက် ရေနံထွက်ပစ္စည်းရောင်းချမှု အပေါ်တွင် သဘာဝပတ်ဝန်းကျင် အခွန်ကိုစည်းကြပ်သည်။ သို့သော် နိုင်ငံရေးအရ ဝေဖန်တိုက်ခိုက်မှုများ ကြောင့် ၁၉၉၉ တွင် သဘာဝပတ် ဝန်းကျင်အခွန်တိုးမြှင့်ကောက်ခံမှုကို ရပ်ဆိုင်းလိုက်ရသည်။ ၂ဝဝ၆ တွင် ဒီဇယ်ဓာတ်ဆီရောင်းဈေးတွင် အခွန် သည် ၇၅ ရာခိုင်နှုန်းအထိ ပါဝင်နေ သည်။ ၂ဝဝ၁ တွင် ရာသီဥတုပြောင်း လဲရေးအခွန်ကို ဖြည့်စွက်စည်းကြပ် ခဲ့သည်။ နော်ဝေနိုင်ငံ သည် ၁၉၉၁ တွင် ဓာတ်ဆီတစ်တန်လျှင် ၅၁ ဒေါ်လာ နှုန်းဖြင့် CO2 အခွန်စတင်စည်းကြပ် ခဲ့သည်။ နော်ဝေ၏ ကာဘွန်အခွန် နှုန်းသည် ဥရောပတွင် အမြင့်ဆုံး ဖြစ်သည်။ ကာဘွန်အခွန်သည် တစ် နှစ်လျှင် ဒေါ်လာ ၁.၃ ဘီလီယံခန့် ရရှိမည်ဟု ခန့်မှန်းကြသည်။ နော် ဝေ၏ CO2 အခွန်သည် နော်ဝေနိုင်ငံ ကာဘွန်ထုတ်လွှတ်မှု၏ ၆၄ ရာခိုင် နှုန်း၊ မှန်စိမ်းအိမ်ဓာတ်ငွေ့ ထုတ်လွှတ် မှု၏ ၅၂ ရာခိုင်နှုန်းအပေါ် သက် ရောက်သည် ။ ကာဘွန်အခွန်စည်း ကြပ်ခဲ့သော်လည်း ၁၉၉၁ မှ ၂ဝဝ၈ အတွင်း နော်ဝေနိုင်ငံ၏ တစ်ဦးပျမ်းမျှ CO2 ထုတ်လွှတ်မှုသည် လျော့ကျ မသွားဘဲ ၁၅ ရာခိုင်နှုန်း တိုးများလာခဲ့သည်။ နယ်သာလင်နိုင်ငံ သည် ၁၉၉ဝ မှစ၍ ကာဘွန် အခွန် စည်းကြပ်ခဲ့ သည်။ ၁၉၉၂ ခုတွင် သဘာဝပတ် ဝန်းကျင်အခွန်ဟု အမည်ပြောင်းခဲ့ သည်။ နောင်တွင် အထွေထွေအခွန် ၏အစိတ်အပိုင်းတစ်ခုဖြစ်လာကာ စီမံ ဘဏ္ဍာဌာနအောက်သို့ရောက်ရှိသွား သည်။ ၂ဝဝ၇ တွင် နယ်သာလင် သည် ကာဘွန်ကိုအခြေခံသော ထုပ် ပိုးပစ္စည်းခွန်ကို စည်းကြပ်ခဲ့သည်။ ဤအခွန်သည် ထုပ်ပိုးပစ္စည်းထုတ် လုပ်သူတို့အား ထုပ်ပိုးပစ္စည်းတို့၏ အနည်းဆုံး ၆၅ ရာခိုင်နှုန်းကို ပြန် လည်ဝယ်ယူစေကာ ပစ္စည်းအသစ် များ ပြန်လည်ထုတ်လုပ်စေခဲ့သည်။ ကာဘွန်အခြေပြုထုပ်ပိုးပစ္စည်းခွန်ကို တစ်တန်လျှင် မှန်များကို ၉၂ ဒေါ်လာ ဒန်ကို ၁၂၁၉ ဒေါ်လာ၊ သံကို ၂ဝ၃ ဒေါ်လာ၊ ပလတ် စတစ်ကို ၆ဝ၂ ဒေါ်လာ၊ စက္ကူကို ၁ဝ၂ ဒေါ်လာ၊ သစ်ကို ၃ဝ ဒေါ်လာစည်းကြပ်သည်။ ပြင်သစ် သည် ၁ဝ-၉-၂ဝဝ၉ နေ့တွင် ၁-၁-၂ဝ၁ဝ နေ့မှစ၍ အသက်ဝင်စေမည့် ကာဘွန်ဥပဒေကို အဆိုပြုခဲ့သည်။ သို့သော် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ပြင်သစ်အခြေခံ ဥပဒေကောင်စီက ကာဘွန်အခွန် ဥပဒေသည်ြ>ွခင်းချက်များလွန်သည်၊ အခြေခံဥပဒေနှင့် ဆန့်ကျင်နေသည် ဟု သုံးသပ်ကာ ပယ်ချခဲ့သည်။ ကော့စတာရီကာ သည် ၁၉၉၇ ခုနှစ်တွင် ကာဘွန်အခွန်ကို စတင် စည်းကြပ်ခဲ့သည်။ အခွန်၏တစ်စိတ် တစ်ပိုင်းကို သဘာဝပတ်ဝန်းကျင် ဝန်ဆောင်မှုတွင် အကျုံးဝင်သည့် ထာဝစဉ်တည်တံ့မှုဖွံ့ဖြိုးရေး၊ သစ် တောထိန်းသိမ်းရေး ဆောင်ရွက်သူ များအား ထောက်ပံ့ပေးသည်။ ကော့ စတာရီကာသည် ဤလုပ်ငန်းတွင် အကျုံးဝင်သော အိမ်ရှင် ၈ဝဝဝ ခန့် အား ဒေါ်လာ ၁၅ သန်းထုတ်ပေးခဲ့သည်။ ကာဘွန်အခွန်အပေါ် အယူ အဆအမျိုးမျိုး၊ ငြင်းခုံမှုအမျိုးမျိုး ထွက် ပေါ်ခဲ့သည် ။ ကာဘွန်အခွန် သည် မြင်သာသော၊ တိုက်ရိုက်သက် ရောက်သော၊ ပို၍အကျိုးဖြစ်စေသော အခွန်ဖြစ်သည်ဟု အချို့ကဆိုသည်။ သို့သော် အခွန်သည် ထုတ်လုပ်သူများ ထံမှစားသုံးသူထံကျရောက်လာသည် ဟုဆိုသည်။ ကာဘွန်အခွန်သည် ညစ်ညမ်းမှု၊ ရုပ်ြ<ွကင်းလောင်စာအသုံးပြုမှုအပေါ် ကောက်ခံသော အခွန်ဖြစ်သည်။ လေ ထုညစ်ညမ်းစေမှုအပေါ် ကောက်ခံ ခြင်းဖြစ်၍ လုပ်ငန်းရှင်နှင့် တစ်ဦးချင်း စီတို့အား ကာဘွန်ထုတ်လွှတ်မှုလျှော့ ချရေး ပိုသန့်ရှင်းသောစွမ်းအင်တို့ကို အသုံးပြုရေးကို ဦးတည်သည်။ ကာဘွန်အခွန်သည် လေကြောင်း ကုမ္ပဏီတို့အား ကုန်ကျစရိ တ်တိုး များလာစေမည်ဖြစ်ရာ ဤဝန်ထုပ် ဝန်ပိုးသည် ခရီးသည်တို့အပေါ် ကျ ရောက်လာမည်ဖြစ် သည်။ အီးတီ ဟက်လေကြောင်းသည် ခရီးတစ်ဦး အပေါ် သုံးဒေါ်လာ၊ ကုန်ချိန်တစ်ကီ လိုအပေါ် ဝ.ဝ၃ ဒေါ်လာတိုးမြှင့်ခဲ့ သည်။ အီမိရိတ်လေကြောင်းသည် ၂ဝ၁၂ ခုနှစ်အတွက် ဒေါ်လာ သန်း ၄ဝ ပိုမိုကုန်ကျမည် ဖြစ် ရာ ထို စရိတ်ကို ခရီးသည်တို့အပေါ်မှ ရယူ မည်ဖြစ်သည်။ အီမိရိတ်ခရီးသည် လေးပုံတစ်ပုံသည် ဥရောပတိုက်သား များဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ရာသီဥတု ပြောင်းလဲမှုအဖွဲ့မှ Hannouche က ကမ္ဘာ့ရာသီဥတု ဖောက် ပြန်လာမှု တွင် လေယာဉ်များ၏ CO2 ထုတ် လွှတ်မှုသည် ၃.၅ ရာခိုင်နှုန်းပါဝင် သည်။ CO2 ထုတ်လွှတ်မှုသည် တိုး များလာနေရာ ၂ဝ၅ဝ တွင် ၁၅ ရာခိုင် နှုန်းအထိရှိလာမည်ဟု ဖော်ပြခဲ့သည်။ သို့သော် လေကြောင်းကုမ္ပဏီများ သည် လွန်ခဲ့သော ဆယ်နှစ်အတွင်း စွမ်းအင်သုံးစွဲမှု ပိုမိုထိရောက်သော လေယာဉ်အသစ်များကို ၂ဝ ရာခိုင်နှုန်း အစားထိုးအသုံးပြုခဲ့သည်။ ဆက် လက်၍လည်း အစားထိုးသွားကြ မည်ဖြစ်သည်။ သို့သော် လေကြောင်း များ၏ ၂ဝ၁၂ ကာဘွန်ထုတ်လွှတ် မှုသည် ၂ဝဝ၅ ခုနှစ်ထက် ၁၃ဝ ရာခိုင်နှုန်းတိုးများလာမည်ဖြစ်သည်။ ဥရောပတွင် သယ်ယူပို့ဆောင်မှု အား လုံး၏ ကာဘွန်ထုတ်လွှတ်မှုသည် ၂၅ ရာခိုင်နှုန်းတိုးလာစဉ်တွင် လေကြောင်း ပို့ဆောင်ရေး၏ ထုတ်လွှတ်မှုသည် နှစ်ဆတိုးလာခဲ့သည်။ ၂ဝ၅ဝ တွင် ကမ္ဘာ့လေကြောင်းခရီးများ၏ ကာဘွန် ထုတ်လွှတ်မှုသည် ခုနစ်ဆတိုးလာ မည်ဟု ICAO ကတွက်ချက်ထားသည်။ EU သည် ၂ဝဝ၈ တွင် လေ ကြောင်းများအပေါ် ကာဘွန်ကောက် ခံရန်ဆုံးဖြတ်ခဲ့သည်။ EU က ကာ ဘွန်အခွန်သည် ၂ဝ၂ဝ တွင် ဥရောပ ၂၇ နိုင်ငံအား ကာဘွန်ထုတ်လွှတ်မှု ၂ဝ ရာခိုင်နှုန်း လျော့ကျသွားစေမည် ဟုပြောကြားခဲ့သည်။ သို့သော် ကန့် ကွက်သောနိုင်ငံများ၏ တောင်းဆို ချက်အရ ICAO ကဆုံးဖြတ်ရတော့ မည်ဖြစ်သည်။ ICAO တွင် ၁၉၁ နိုင်ငံ ပါဝင်သည်။ ICAO ၏ဆုံးဖြတ်ချက် မချနိုင်မီတွင် လေကြောင်းခရီးတို့ သည် အကျပ်အတည်းကြုံကြရမည် ဖြစ်သည်။ အချို့လေကြောင်းခရီးတို့က ဥရောပယူနီယံ၏ ကာဘွန်အခွန်သည် အဓိပ္ပာယ်ကင်းမဲ့လှသည်။ မိမိနယ်နိ မိတ် ပြင်ပပျံသန်းမှုအတွက် ထည့် သွင်းကောက်ခံသည်မှာ လုံးဝ မမှန် ကန် ဟုဆိုကြသည် ။ အာရှလေ ကြောင်းခရီးတို့က သူတို့သည်အဝေး ဆုံးပျံသန်းကြရမည်သူများဖြစ် ရာ၊ အထိအနာဆုံးဖြစ်မည်ဟု တင်ပြကန့် ကွက်နေကြသည်။ တရုတ်အရှေ့လေကြောင်းက ကာဘွန် အခွန်ကြောင့် တစ်နှစ်ကုန်ကျစရိတ်သည် ဒေါ်လာ ၁၂၄ သန်း ပိုမိုလာမည်ဟုပြောသည်။ အမေရိကန် ပြည် ထောင် စုက ဥရောပ၏ ကာဘွန်အခွန်သည် လွတ် လပ်သော အာကာသသဘောတူညီ ချက်ကို ချိုးဖျက်နေသည်ဟု ဥရောပ တရားရုံးသို့တင်သွင်းခဲ့သည်။ သို့ သော် ဥရောပတရားရုံးက ကာဘွန် အခွန်သည် တရားဝင်သည်ဟု ဆုံး ဖြတ်ကာ ပယ်ချခဲ့သည်။ ကာဘွန် ထုတ် လွှတ် မှုများ ကြောင့် ကမ္ဘာ့ရာသီဥတုဖောက်ပြန် လာရသည့် ပြဿနာ၊ အထူးသဖြင့် လေကြောင်းခရီးများ၏ ကာဘွန် ထုတ်လွှတ်မှုသည် ဥရောပတစ်ခု တည်း၏ ပြဿနာမဟုတ်၊ တစ် ကမ္ဘာလုံး၏ ပြဿနာဖြစ်ပေသည်။ ဥရောပသမဂ္ဂကမူ ကမ္ဘာလုံးဆိုင်ရာ အဖြေရရှိရန်အတွက် ပူးပေါင်းဆောင် ရွက်သွားပါမည်။ တစ်ကမ္ဘာလုံးနှင့် ဆိုင် သည့်အဖြေတစ်ခုရရှိလာပါက ဥရောပထက်ပို၍ ပျော်ရွှင်သူရှိမည် မဟုတ်ပါ။ သို့သော် ကာဘွန်အခွန် ကိုမူ ဆိုင်းထားမည်မဟုတ်ပါဟု တုံ့ ပြန်ခဲ့သည်။ EU က လေယာဉ်ခများ သည် တစ်ဦးလျှင် ယူရိုငွေ ၂ မှ ၁၂ အထိတက်လာနိုင်သည်ဟု ခန့် မှန်းထားသည်။ အကယ်၍ တရုတ် စသော နိုင်ငံတစ်ခုခုက တန်ပြန် လျက် ကာဘွန်အခွန်ကောက်ခံခဲ့သော် EU သည် ထိုတုံ့ပြန်မှုကို မည်သို့ကာ ကွယ်မည်နည်း။ သဘာဝပတ်ဝန်းကျင် ပြဿနာ ကို ဖြေရှင်းရန်ကြိုးစားမှုသည် ကုန် သွယ်မှုပြဿနာသို့ ဦးတည်လာခဲ့ရ သည်။ ကမ္ဘာကြီးတစ်ခုလုံး လွှမ်းခြုံ သည့် ကာဘွန်ထုတ်လွှတ်မှုပြဿနာ ကိုဖြေရှင်းရန် ကြိုးစားမှုသည် ခက်ခဲ မည်သာဖြစ်သည်။ အားလုံးသဘော ကျသည့်အဖြေရရှိရန်မှာ ပို၍ခက်ခဲပေ သည်။ လေကြောင်းကုမ္ပဏီတို့၏ ပြဿနာသည် ခရီးသည်တို့အပေါ် ကျရောက်လာမည်၊ လေယာဉ်ခသည် တက်လာမည်ဖြစ်သည်။ နိုင်ငံအစိုးရတို့သည် ကမ္ဘာကြီး ပူပြင်းမလာစေရန် အတွက် သူတို့ အကျွမ်းကျင်ဆုံး အလုပ်ကို လုပ်ကိုင် ခွင့်ရရှိလာသည်။ အခွန်စည်းကြပ်ရန် ခေါင်းစဉ်တစ်ခု ရရှိလာသည်။ စီးပွားရေးလုပ်ငန်းတို့သည် ကုန်ဈေးနှုန်းတက်ရန် အကြောင်းပြချက်တစ်ခု ရရှိလာသည်။ ပြည်သူတို့သည် တာဝန်ရှိသည့်အတိုင်း စည်းကြပ်လာမည့်အခွန် တို့ကိုပေးဆောင်လျက် ကုန်ဈေးနှုန်း တက်မှုကိုခံယူလျက် ပိုမိုပူပြင်းလာ မည့်နွေရာသီကို ရင်ဆိုင်ရန် ပိုမိုပြင်း ထန်လာမည့် မုန်တိုင်းများကို ကြံ့ကြံ့ ခံရန် ပြင် ဆင်ထားကြရမည် ဖြစ်ပါကြောင်းဖြင့်...။ ဖိုးဆွေ(သစ်လုပ်ငန်း) Source : : 1. BBC News, 2. Wikipedia, the Free Encyclopedia.
ဖိုးဆွေ(သစ်လုပ်ငန်း)
 

No comments: