Thursday, April 12, 2012

အောက်မေ့ဖွယ် ရှေးသင်္ကြန်







လမ်းတလျှောက် ပန်းပိတောက်တွေကြိုင်သင်း
ပျိုယမင်းတွေဆံစ ပန်ကြတာများ
ဟန်ကျလှပါကလား
သြော်… သင်္ကြန်ကျပြီလေ။

လူငယ်တတွေ အတာရေနဲ့
မင်္ဂလာဝေအောင် လောင်းကြပက်ကြ
ပျော်တော်ဆက်ကြပုံများ
ရွှန်းစိုတဲ့မျက်နှာအမူထားက
သက်သေထူသွားပါပြီလေ။

ရုပ်အဆင်းဟန်ပန်က
စိတ်တွင်းသဏ္ဌာန်ကိုမြင်နိုင်တာမို့
ယခုအခါ မြင်ရပါတဲ့လူငယ်တွေရဲ့ရုပ်
လငပုတ်ဖမ်း မရွှင်လန်းတော့ဘဲ
ညှိုးနွှမ်းပျော့ခွေ မှိုင်တထွေထွေနဲ့
ငိုင်နေကြရပါကလား။

ရှင်းနေပါပြီ စားဝတ်နေရေးအကြံအိုက်တော့
စိတ်တွင်းမပျော်ပိုက် အပျော်ကြိုက်တာမှန်သော်လည်း
မပျော်ပိုင်နိုင်တော့ပါ ရှေးယခင်အခါက
ပျော်ရှာခဲ့တဲ့နေ့ရက်များကိုသာ
အာသာငန်းငန်း တတမ်းတတနဲ့
လွမ်းရ မှန်းဆရင်းတမ်းချင်းတေးတပုဒ်ကို
လွမ်းရင်းဆိုရပါတော့မည်။

တက္ကသိုလ်ဘုန်းကြွယ်(ဧပြီ ၉ ၂၀၁၂)

No comments: