Thursday, April 12, 2012

ငါးမှာလည်း ခွပ်ဒေါင်းငါး






ငါးမှာလည်း ခွပ်ဒေါင်းငါး
ယတြာမင်းက
ဖင်နေရာခင်းနိုင်အောင်
ယတြာအမျိုးမျိုးနဲ့ ရှင်းနေလေရဲ့။

စုကြည်ခိုက်အောင်
ကြက်ဆူပင်စိုက်တဲ့ယတြာချေခဲ့တယ်။

ကျည်ဆန်တထောင်းချင်းစုပြီး
ဖေါက်ပြလိုက်တော့
စုကြည်ချေက်ကျရောတဲ့လေ။

ဘဏ်စုငွေတောင် အမေစုရဲ့စုပါနေလို့
ဆုအဖြစ်ပြောင်းရေး ဘဏ်ဆုငွေတဲ့လေး။

ဘယ်လိုပင် အသံဟိတ်နဲ့
အမေစုကို ကံနိမ့်နိမ့်
နိမ့်သမျှ နိမ့်ကျမသွားဘဲ
နိမ့်လေလေ တက်လေလေ
ခွတ်ဒေါင်းရဲ့ အမြီးအရိပ်တောင်
ငါးရဲ့အမြီးထိပ်မှ
ခွပ်ဒေါင်းတံဆိပ်
ကောင်းနိမိတ်နှိပ်လိုက်သလို
လွတ်ကြောင်းပုံရိပ်ပြလိုက်လေပြီ။

ငါးကလေးတွေကတောင်
ဒေါင်းယောင်ဆောင်လာသမို့
ခေါင်းဆောင်နေတဲ့ဒေါင်းသခင်
ကောင်းကင်ဘုံအထက်
တန်ခိုးပါဝါတွေတက်ပြီး
အာဏာရှင်တွေရဲ့စက်ကွင်းပျက်ယွင်းပြီး
ခုချက်ချင်းပင် ဒီမိုကရေစီအသံ
ဆူညံလာပါတော့မည်။

တက္ကသိုလ်ဘုန်းကြွယ်
ဧပြီ ၀၈ ၂၀၁၂

No comments: