Tuesday, July 17, 2012

ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေး...ပြု....!

 

မျက်ရည်သွန်းလို့ ဘ၀င်ညိုး ဂျူလိုင်တစ်ဆယ့်ကိုး



 
 
မြက်ရိုင်းထဲကကြေးရုပ် (တင်မိုး)

မြက်ရိုင်းထဲတွင်

ထိုင်ဆဲမလှုပ်၊ ဆန်းကြေးရုပ်။

သမိုင်းများစွာ
ဖြတ်သန်းလာတော့
ငါသည်မြက်ရိုင်း
နေရာတိုင်းကို
သမိုင်းပြရုပ်
ဆန်းကြေးရုပ်ကို
ကျွန်ုပ်တို့ မေ့ခဲ့ကြပြီ။

ဆန်း၏လမ်းစဉ် တို့မမြင်တော့
ကျေးဇူးရှင်မှန်း မသိစွမ်းတော့
ဆန်း၏ဂုဏ်ပုဒ် ဆန်းကြေးရုပ်က
တိမ်မြုပ်ခဲ့ပြီ အတိတ်ဆီ။

ဗိုလ်ချုပ်အောင်ဆန်း
ခင်းသောလမ်းက
လွမ်းစရာပင် အလှမ်းကွာခဲ့ပြီ။

ဗိုလ်ချုပ်လက်တွင်
စာရွက်လိပ်ထား
ကြေးဝါပြားကို
ရောင်းစားဖို့ရာ
ခွာခဲ့ရှာပေါ့
လက်မှာ စာရွက်မဲ့ခဲ့ပြီ။

ဗိုလ်ချုပ် ဟောရ
မောရ သောကအများ
ကျောကမကြား ဖြစ်ခဲ့ပြီ။

လွတ်လပ်ရေးကို
သွေးနှင့်ရင်း၍
အပ်နှင်းခဲ့ရ
သူ့ဘဝကို မြေချသင်္ဂြိုလ်ခဲ့ကြပြီ။

သမိုင်းနာလည်း
နာမှန်းမသိ
တို့မထိတော့
တို့၏အကျိုး၊ တို့ထုတ်ပိုးကို
အမျိုးသားရေး၊ တို့မတွေးအား
အရေးတော်ပုံ၊ တို့မဖြုံအား
တို့ယုံသည်က၊ တို့ကောင်းစားဖို့
အများအရေး တို့မတွေးအား
ကိုယ့်ရေးကြည့်ရာ၊ ကိုယ်လိမ္မာဖို့
အရာရာတွင်၊ ကိုယ်ကျိုးမြင်က
မီးစင်ကြည့်၍ က,တတ်ပြီ။

ဗိုလ်ချုပ်ကြေးရုပ်
မြက်ရိုင်းအုပ်လည်း
မခုတ်တော့ပဲ
မျက်နှာလွှဲပြီ
နေမြဲနေကြပါစေတော့....။ ။

(တင်မိုး)
 
July 11

★ မြန်မာ့လွတ်လပ်ရေးအတွက် တာဝန်ကျေပြွန်ခဲ့ကြတဲ့ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေး...ပြု....!



 
အောင်ဆန်းနော်, 
ဗိုလ်ချုပ်နော်,
 တေဇနော်(မဟုတ်မမှန်ရင်ဘယ်သူ့ကိုမှ ခေါင်းငုံ့မခံတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့စိတ်ဓာတ်)...
 
ဗိုလ်ချုပ်အောင်ဆန်းတက္ကသိုလ်ကျောင်းသားဘဝတုန်းက...ညစာစားပွဲတစ်ခုမှာ မျက်နှာဖြူအင်္ဂလိပ်ထိပ်တန်းအရာရှိကြီးတစ်ယောက်က Dinner Speech မှာ.. နိုင်ငံရေးဟာလူယုတ်မာတွေရဲ့ခိုအောင်းရာနေရာတစ်ခုပါဗျာလို့ပြောလဲပြောလိုက်ကော...ဘာမှအစီအစဉ်မရှိပဲဗိုလ်ချုပ်ကချက်ချင်းပဲထိုင်ရမှထပြီးတော့(အင်္ဂလိပ်လိုပြောတာပါ)..ခင်ဗျားစောစောကပြောတဲ့စကားကိုပြန်ပြင်ပါ.. နိုင်ငံရေးဆိုတာဟာလူယုတ်မာတို့ရဲ့ခိုအောင်းရာနေရာမဟုတ်ပါဘူး...ဥပမာ အခုအင်မတန်ကောင်းတဲ့ဒီလိုနေရာမှာ.. ခွေးတစ်ကောင်ဝင်အိပ်ရင်..ဒီနေရာကြီးဟာခွေးများရဲ့ခိုအောင်းရာနေရာလို့ခင်ဗျားပြောမလား...လူကြီးလူကောင်းတွေမရှိတော့ဘူးလား..ခင်ဗျားစကားကိုပြင်ပါလို့လက်ညှိုးငေါက်ငေါက်ထိုးပြီး...အဲအရာရှိကြီးကိုပြောလဲပြောလိုက်ကော(ညစာစားပွဲတစ်ခုလုံးကြက်သေသေပြီး ထိတ်လန့်ကြောက်ရွံ့နေတဲ့အချိန်မှာ)..အဲထိပ်တန်းအရာရှိကြီးက မတ်တပ်ထရပ်လက်ခုပ်တီးပြီး...ကျွန်တော်စောစောကပြောသွားတဲ့စကားက..ညစာစားပွဲမှာမို့လို့ နောက်ပြောင်ပြီးတော့ပြောတာပါ... အောင်ဆန်းပြောသွားတဲ့စကားတကယ်မှန်ပါတယ်လို့ ဝန်ခံခဲ့ပါတယ်...
 

၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်
 

ကျွန်တော်တို့အားလုံးသံပြိုင်သီဆိုကြပါစို့........
 

 

 

၃၂ နှစ်သားကလေးဟာ ...

နှုတ်ခမ်းမွှေး ပေါက်မသွားဘူး၊ ကျည်ဆန် ၁၃ တောင့်ရသွားတယ်။

အ၀တ်အစားကောင်းကောင်း မရှိဘူး၊ သွေးအိုင်ထဲ လဲ နေတယ်။

ဗိုက်မရွှဲသွားဘူး၊ ဗိုက်ရွှဲကြီးတွေက မနာလိုတယ်။

ခဏခဏ အသတ်ခံရတယ် / ဘယ်တော့မှ မသေဘူး ။

သတ်ကွင်းနေရာ ( ငွေစက္ကူ ၊ နံရံပေါ် ၊ သီချင်းထဲ ၊ စာအုပ်ထဲ ၊ ပန်းချီထဲ ၊ နှလုံးသားထဲ ) ။

''ကျုပ်နဲ့ ကိုယ်ကျင့်တရားချင်း ယှဉ်ချင်တဲ့လူ လာဗျာ'' တဲ့ ..

၉၇ နှစ်နှစ် ရှိပြီ .. ။ ခေတ် ( ၄ ) ခေတ်လောက်ရှိပြီ .. ။

ဘယ်သူမှ တုပ်တုပ်မလှုပ်ရဲသေးဘူး ။

မလှုပ်ရဲသေးဘူး ၊ မြုပ်နေတုန်း

မလှုပ်ဝံ့သေးဘူး ၊ မြုပ်နေတုန်း

မလှုပ်ကြသေးဘူး ၊ မြုပ်နေတုန်း

လှုပ်ဖို့ မကြိုးစားဘူး ၊ မြုပ်နေတုန်း

လှုပ်လေ မြုပ်လေ မဟုတ်

ငါတို့ဟာ မလှုပ်လေ အောက်ဆုံးထိ စုံးစုံးမြုပ်လေပေါ့ ။

~ အာဇာနည်နေ့ ဥသြသံ နှင့် ရှားပါးပျောက်ကွယ်လုနီးပါးဖြစ်နေသည့် အာဇာနည်နေ့ မော်ကွန်းဝင် တေးသီချင်းများ ~

လွတ်လပ်ရေးအရယူပေးခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့နေ့၊ တပ်မတော်ဖခင်ကြီးကျဆုံးခဲ့တဲ့နေ့၊ဇူလိုင် ၁၉ ရက်နေ့ရောက်တိုင်း အာဇာနည်နေ့ဆိုတာကို အမျိုးကိုချစ်၊ နိုင်ငံကိုချစ်၊ တိုင်းပြည်နဲ့လူမျိုးကို ချစ်ကြတဲ့သူတိုင်း သတိရမိကြမှာပါ။ အာဇာနည်သီချင်းတွေရှားပါးပျောက်ကွယ်လုသီချင်းတွေထဲက လက်လှမ်းမီသမျှ စုစည်းပြီး ခံစားနားဆင်နိုင်အောင်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
* အလေးပြုပါသည် *
သီဆိုသူ - မေလှမြိုင်
ရေးစပ်သီကုံးသူ - ဂီတာတင်အုံး

(နှစ်လဌာနီ အခါရာသီရွေ့ပေမယ့် အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါသလေ…♫ ♪ ♫ ♪ ♫♪…ယနေ့ဖြင့် သတိ တရားထားဖို့ အခြေ …♫ ♪ ♫ ♪ ♫♪…အများပြည်သူတွေ အများပြည်သူတွေ …♫ ♪ ♫ ♪ ♫♪…အာဇာနည်နေ့ကိုလေ တွေးရှုကာပဲ …♫ ♪ ♫ ♪ ♫♪…အလေးပြုပါမယ်လေ…♫ ♪ ♫ ♪ ♫♪… )၂
စနစ်အနေပြောင်းခဲ့ပေမယ့် အဖြစ်ဟောင်းက ဖြေသော်မပြေ …♫ ♪ ♫ ♪ ♫♪… လွမ်း ... မျက်ရည် မြေခပြီမို့ တွေးတသသ ဆွေးစမရွှင်ပေ …♫ ♪ ♫ ♪ ♫♪… ရွှေရင်ဆူ ကဲ ကြေကွဲဝမ်းနည်းရပုံတွေ ယနေ့ထက်တိုင် အခြေ မမေ့ရက်နိုင်ပါလေ…♫ ♪ ♫ ♪ ♫♪…
အာဇာနည်ခေါင်းဆောင်ကြီးတွေ …♫ ♪ ♫ ♪ ♫ ♪ ♫ ♪…
အာဇာနည်ခေါင်းဆောင်ကြီးတွေ …♫ ♪ ♫ ♪ ♫ ♪ ♫ ♪…
ကောင်းရာသုဂတိရောက်ရှိကြပြီလေ…♫ ♪ ♫ ♪ ♫ ♪ ♫ ♪…
တေးကဗျာ အနုစာခွေရေးကာ တေးပြု …♫ ♪ ♫ ♪... အလေးပြုပါတယ်လေ …♫ ♪ ♫ ♪ ♫ ♪ ♫ ♪…
(အစအဆုံး ပြန်ဆို)
http://soundcloud.com/khant-linn-htet/we-salute
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~ သတိရပါသည် ~

ရေးစပ်သီကုံးသူ - မောင်မောင်သီ|
သံစဉ် စန္ဒယားလှထွတ်| သီဆိုသူ - ၀င်းဦး

(အာဇာနည်နေ့…♫ ♪ ♫ ♪ ♫ ♪… တမြေ့မြေ့ သတိရနေ …♫ ♪ ♫ ♪… သတိရသည်နှင့်အမျှလေ အသိက ညီရင်းတမျှဆွေ တိုင်းရင်းသားလူမျိုးစုတွေ …♫ ♪ ♫ ♪…
ဥမကွဲသိုက်မပျက် ခရီးဆက်လက်နှင်မလေ …♫ ♪ ♫ ♪…)၂

ဗိုလ်ချုပ်အောင်ဆန်း မှာတမ်းများခြွေ …♫ ♪ ♫ ♪… တပ်မတော်နဲ့ပြည်သူ …♫ ♪ ♫ ♪… တပြေးတည်းညီတူနေ …♫ ♪ ♫ ♪… တိုင်းပြည်ထူထောင်ရေး …♫ ♪… လုပ်ငန်းများ အထွေထွေ တွဲယှဉ်မကွာပေ မနှေးအစဉ်သာပေ …♫ ♪ ♫ ♪… ရင်ကြားစေ့အောင် ဆောင်ရွက်နိုင်စေ ညီနောင်တစုမှာလေ့ …♫ ♪ ♫ ♪ ♫ ♪…

ကျရောက်သမျှတာဝန်တွေ …♫ ♪ ♫ ♪… မသွေတမ်းပေ …♫ ♪ ♫ ♪… မခိုမကပ် လိုအပ်သမျှတွေ ဖြည့်တင်းလို့လေ …♫ ♪ ♫ ♪… သွေးစည်းခြင်းရဲ့ ရလဒ်အဖြေ လွတ်လပ်ခြင်းမှာ တို့ရာရဲအမွေ …♫ ♪ ♫ ♪… ဒီအမွေ ဒီအနှစ် တစက်မျှ အထိမခံပေ …♫ ♪ ♫ ♪… (အန္တရာယ်ရန်စွယ်ဟူသမျှတွေ)၂ သိုင်းသိုင်းဝန်းဝန်း ရိုင်းပင်းကာ တွန်းလှန်ဖြိုဖျက် တခဲနက် အောင်မြင်စေ …♫ ♪ ♫ ♪…

(အစအဆုံးပြန်ဆို)

http://soundcloud.com/komyoe/tha-ti-ya-par-thi-win-oo

Credit and Thanks to: Ko Myoe


 

 






 

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် နေ့၌ဗိုလ်ချုပ်၏မိခင်၊ အမေဒေါ်စု၏ တိုင်း ပြည် သို့ ရေဒီယိုမှပြောကြားခဲ့သော စကား


“လွန်ခဲ့သည့်နှစ်က ဂဠုန်အဖွဲ့ ခေါင်း ဆောင် ဦးစောအား သူခိုးကျင့်၊ သူခိုးကြံ၊ လူမသမာတစ်စုက ချောင်းမြောင်း လုပ်ကြံ ပစ်ခတ်ခဲ့စဉ်က သားဖြစ်သူဗိုလ်ချုပ်အောင်ဆန်းသည် များစွာရှုတ်ချ၊ ကဲ့ရဲ့စကားများ ပြောခဲ့ တယ်။ မိမိထံကို နယ်လှည့်လာရင်း ဝင် ရောက်ကန်တော့စဉ်အခါက မိမိကစိုးရိမ်ကာ”လူဆိုတာ အထက်ရောက်နေလျှင် မနာ လိုဖြစ်ပြီး မလိုသူများက မကောင်းကြံစည် တတ်တယ်။ အစစအရာရာသတိထားပါ” ဟု ပြောမိသေးတော့ သူက “ဗျာ..ဘုရားတောင်မှ အတိုက်အခံရှိ သေးတာပဲ။ အမှန်မှာတော့ ကိုယ်ကသာ လမ်းမှန်ဘက်ကနေပြီး အကြောင်းမှန်ကို ကိုယ်က လက်ကိုင်ထားရင် ဘာမှကြောက် စရာမလိုပါဘူး။ စစ်တိုက်တုန်းကတောင် မသေခဲ့သေးတာ မစိုးရိမ်ပါနဲ့။ အခု တိုင်း ပြည်လူထုဟာ အရင်လိုမဟုတ်ဘူး။ ဝေဖန် တတ်လာပါပြီ” ဟု အားရပါးရ ရယ်မော ၍ ပြန် ပြောခဲ့ပါသေးတယ်။ ခု အောင်ဆန်းဟာ သူအလွန် မုန်းတီး ရွံရှာတဲ့ချောင်းမြောင်းလုပ်ကြံ တဲ့နည်းနဲ့ပဲသေလွန်သွားရှာတယ်”

No comments: