Monday, July 30, 2012

မြစ်ဆုံကို မျက်လှည့်လုပ်ထားတဲ့ ချီဖွေစီမံကိန်းကို တားပေးပါ


 
 
ပေးစာ(၂) - မြစ်ဆုံကို မျက်လှည့်လုပ်ထားတဲ့ ချီဖွေစီမံကိန်းကို တားပေးပါ
by-မိုးမခ photo-ဒီမိုဝေယံ

ကျနော်ဟာ လျှပ်စစ်(၁)မှာ တာဝန်ထမ်းဆောင်နေတဲ့ ညွှန်ကြားရေးမှုးတဦးပါ ကျနော်ပြောချင်တဲ့ အကြောင်းအရာက ကျနော်တို့ ဌါန ကျနော်တို့ အစိုးရရဲ့ ပွင့်လင်းမြင်သာမှုမရှိ ၊ ပြည်သူကို နားလှည့် ပါးလှည့်လုပ်၊ စီးပွားရေးသမားတွေနဲ့ တရုတ်တွေနဲ့ လက်ဝါးခြင်းရိုက်တဲ့ ကိစ္စတွေပါ၊
(၁၅ ဒီဇင်ဘာ ၂၀၁၁) နေ့မှာ လျှပ်စစ် (၁) အေးရှားဝေါလ်ဒ်နဲ့ စီပီအိုင် (တရုတ်)တို့ ချီဖွေ စီမံကိန်းကို ဒီဇင်ဘာမှာ စတင်အကောင်အထည် ဖော်ဖို့ စာချုပ်ချုပ်ဆို လက်မှတ် ရေးထိုးခဲ့ကြတယ်။ (၁၅.၁၂.၁၁)ညနေ(၇)နာရီမှာ ၀န်ကြီးဦးဇော်မင်းအမိန့်နဲ့ ညွှန်ချုပ်ဦးကြီးစိုး က သူလက်မှတ်ထိုးခဲ့ရတယ်လို့ ပြောပါတယ်။
(၁၆.၁၂.၁၁)နေ့မှာ ဒုသမ္မတ(၁)နဲ့ ဒီစီမံကိန်းကိစ္စကို တနေ့လုံး အကြေအလည်ဆွေးနွေးကြတယ်။ ဒါတွေအားလုံးကို ကျနော်တို့ရဲ့ ပြည်သူတွေကို လုံးဝချမပြပါဘူး။ သတင်းစာမှာလဲ မဖေါ်ပြပါဘူး။ ကျနော်တို့ အတတ်ပညာရှင်တွေကိုတောင် အသိပေးဆွေးနွေးခြင်း မပြုခဲ့ပါဘူး။ ငါသိတယ်၊ ငါတတ်တယ်၊ ငါကော်မရှင်ယူပြီးသား၊ ငါလုပ်ချင်ရာလုပ်မယ်၊ ပြည်သူ သဘောတူစရာမလိုဘူး … ဆိုတဲ့ သဘောပါ။
တကယ်တော့ ချီဖွေစီမံကိန်းဆိုတာ စီမံကိန်းအသစ်မဟုတ်ပါဘူး မြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း စီမံကိန်း ထဲက (၁)ခုပါ။ ဒီစီမံကိန်းက သမ္မတကိုယ်တိုင် ရပ်ဆိုင်းကြောင်း ကြေငြာထားတာပါ မြစ်ဆုံရဲ့ အထက် မိုင်(၆၀) အကွာ မေခမြစ်ပေါ်မှာ ရှိပြီး မဂ္ဂ၀ပ် (၃၄၀၀) ထုတ်မှာပါ။ စာချုပ်စည်းကမ်းတွေကတော့ အရင်စာချုပ်ထဲက အတိုင်းပါ။
မြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်းစီမံကိန်းထဲက တခုဖြစ်တဲ့ မြစ်ဆုံစီမံကိန်းမှာ စိုက်ထုတ်ခဲ့တဲ့ ငွေပမာဏကို ကျန် (၆) ထဲ ခွဲထည့်လို့ငွေစာရင်းအရ ပြောင်းသွားတာပဲ ကွာပါတယ်။ ပြည်သူလူထု သိသွားလည်း မြစ်ဆုံကို လုပ်တာ မဟုတ်ဘူး ချီဖွေကို လုပ်တာပါဆိုပြီး မလှိမ့်တပတ်နဲ့ လိမ်ညာ မုသားတွေ ပြောဦးမှာပါ။ ပြည်သူတွေ မသိရင်တောင်မှ တာဝန်သိ ၀န်ထမ်းတွေ ရှိသေးတယ် ပြည်သူကိုလည်း အသိပေးဦးမယ်ဆိုတာ သိစေချင်တယ်။
သမ္မတရပ်ခိုင်းတာ ဒီမြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း စီမံကိန်းကြီး တခုလုံးပါ မြစ်ဆုံလေးတခုတင် မဟုတ်ပါဘူး။ ချီဖွေကို လုပ်ရင်လည်း လူမှု့ရေးရော သဘာဝပတ်ဝန်းကျင်ရော ထိခိုက်ပျက်စီးမှာပါပဲ။ အဲဒီနယ်က လူမျိုးတွေရော သယံဇာတတွေရော အကုန် တရုတ်က သိမ်းမှာပဲ ထွက်လာမည့် လျှပ်စစ်ကလည်း တရုတ်နိုင်ငံအတွက်ပဲ အေးရှားဝေါလ်ဒ်း ဦးထွန်းမြင့်နိုင်၊ ဦးဇော်မင်းနဲ့ ဒုသမ္မတတို့ မိသားစု ကော်မရှင်ရ ကောင်းစားရေးအတွက် ကချင်လူမျိုးနဲ့ တိုင်းပြည် သယံဇာတတွေရင်းလိုက်ရတာပါပဲ အဖတ်တင်ပါတယ်။
သမ္မတကြီးကို ပြောပေးပါ။
ဒီကိစ္စ ပွင့်လင်းစွာ ပြည်သူကို ချပြပေးစေလိုပါတယ်။ ကျနော်တို့ အတတ်ပညာရှင်တွေကို ကြေညက်စွာ ဆွေးနွေးခွင့်ပြုပါ။ ကိုယ်ကျိုးစီးပွားကိုသာ ကြည့်တဲ့ သက်ဆိုင်ရာ အုပ်ချုပ်သူ အဆင့်ဆင့်ကို သန့်ရှင်းကောင်းမွန်တဲ့ အုပ်ချု့ပ်မှု့ မျိုး ဆောင်ရွက်တတ်အောင် လေ့ကျင့် ပျိုးထောင်ပညာပေးစေလိုကြောင်း မေတ္တာရပ်ခံ အပ်ပါတယ်။

ပေးစာ (၃) - မသန့်ရှင်း ညစ်ပတ်သော အစိုးရ၀န်ကြီးများကို ရှင်းလင်းပေးပါ
ပြည်သူ့လွှတ်တော်တွင် တင်ပြ ဆွေးနွေးသင့်သော အစိုးရအဖွဲ့ အတွင်း ၀န်ကြီးတချို့နှင့် အရာရှိကြီး တချို့၏ အကျင့်ပျက် ခြစား၍ တရားမ၀င်ရရှိထားသော တရားမ၀င်သည့် ၀င်ငွေပိုင်ဆိုင်မှုများကို စိစစ်သင့်ပါသည်။
ဥပမာ လျှပ်စစ်(၁)၀န်ကြီး ဦးဇော်မင်းသည် ဘိန်းဘုရင် ထွန်းမြင့်နိုင်၏ ဘိန်းဖြူလုပ်ငန်းမှ ရရှိငွေ ငွေမဲများမှ တဖက်လှည့်ဖြင့် ပံ့ပိုးမှု့ ရရှိထားခြင်း
မြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း စီမံကိန်း(၇)ခုနှင့် သောက်ရေခပ် စီမံကိန်း အကျိုးအမြတ်အတွက် ဒု သမ္မတ (၁) အပါအ၀င် ကော်မရှင်(၁၀.၅)ရာခိုင်နှုန်းအား ရယူထားခြင်း၊
လျှပ်စစ်(၁) JV စီမံကိန်းများအတွက် MOU အဆင့်မှာ (၇)ရာခိုင်နှုန်းအား စီမံကိန်းများ အတွက် ညွှန်ချုပ်ဦးကြီးစိုးထံမှ တဆင့်လက်ခံ ရယူထားခြင်း။
MOU အဆင့်မှာ (၅)ရာခိုင်နှုန်း ရယူခြင်း၊
JV ကုမ္မဏီ ထူထောင်ခွင့် အဆင့်တွင့် ထပ်မံ (၁၀)ရာခိုင်နှုန်း ရယူထားခြင်းများအား ရေအားလျှပ်စစ်စီမံရေးဦးစီးဌါန အရာရှိအပိုင်းမှတဆင့် သတင်း တိကျစွာ ရရှိထားပါသည်။
ဦးထွန်းမြင့်နိုင်မှ ပံ့ပိုးပေးပုံပေးနည်းမှာလည်း သိမ်မွေ့လှပေသည်။ နေပြည်တော် ဥတ္တရသီရိတွင် နန်းတော်ကြီးပမာ ခန်းနားလှသော အိမ်တော်ကို ဆောက်လုပ်ပေးထားသည်။
ရန်ကုန်မြို့တာမွေ မေတ္တာရိပ်မွန်တွင် ဦးဇော်မင်းအတွက် ခြံကျယ်ကြီးနှင့် အိမ်ကြီးတလုံး ၊ သားကြီး ဒေါက်တာ အာကာဇော်၊ သားငယ် ဒေါက်တာ လင်းထက်အောင် ၊ သမီးရတနာ ဇော်မင်းတို့ အတွက် အပျံစား အိမ်တလုံးစီ ဆောက်လုပ် လက်ဆောင်ပေးထားပါသည်။
သားကြီး အာကာဇော်အတွက် Great Mobile ဖုန်းဆိုင်ကိုလည်း ရင်းနှီးထုတ်ပေးထားပါသည်။
သားငယ်ဒေါက်တာ လင်းထက်အောင်အတွက် နေပြည်တော် ဇီဝက ဆိုင်တန်းတွင် မြတ်သုခ အမည်ရှိ ဆေးတိုက်ကြီးနှင့် Health Club Fitness Centre အား ရင်းနှီးမတည်ဖွင့်လှစ် ပေးထားပါသည်။
သမီးရတနာဇော်မင်းအတွက်လည်း ရန်ကုန်ဆူးလေအနီးတွင် နိုင်ငံခြားခရီးသွား ကုမ္မဏီကြီးတခုကို ဖွင့်လှစ်ပေးထားပါသည်။ သားကြီး ဒေါက်တာအာကာဇော်၏ COSY ကုမ္မဏီအတွက် စက်ယာဉ်ယန္တရားကြီး (၂၆)စီး အား မြစ်ဆုံ စီမံကိန်း (ရ)ခုနှင့် သောက်ရေခပ် စီမံကိန်းအတွက် စာရင်းပြ၍ ရောရောင်တင်သွင်းပြီး အပြီးလက်ဆောင်ပေးထားပါသည်။
ဦးဇော်မင်း မိသားစုသို့ ပံ့ပိုးပေးသည့် ငွေကြေးများအား သောက်ရေခပ်စီမံကိန်းတွင် ကျောက်လုပ်ငန်း အပေးပြလျှက် သားကြီး အာကာဇော်၏ COSYကုမ္ပဏီမှ တဆင့် လစဉ် သိန်း (၂၀၀၀) မှ (၄၀၀၀) အကြား လုပ်အားခအဖြစ် ပံ့ပိုးပေးထားပါသည်။ ဦးထွန်းမြင့်နိုင်ကဲ့သို့ ပံ့ပိုးပေးနေသော အခြားကုမ္ပဏီများလည်းရှိပါသည်။
ယင်းကဲ့သို့ ဘိန်းဖြူလုပ်ငန်းများမှ ရရှိထားသော ငွေမဲများအား ဦးထွန်းမြင့်နိုင်ထံမှ လွယ်ကူစွာ လက်ခံရယူထားသော ဦးဇော်မင်းနှင့် ဒု သမ္မတ(၁)တို့ အပေါ်တွင် SANCTION ပိတ်ဆို့မှု့ကို ဖွင့်လှစ် မပေးသင့်သလို စိစစ်အရေးယူ သင့်ပေသည်။
ဝန်ကြီးဌါနတွင်း အကျင့်ပျက်ခြစားမှု့များကိုလည်း လျှပ်စစ်(၁)၀န်ထမ်းများမှ တဆင့် နားမဆံ့အောင် ကြားနေရပါသည်။
ဥပမာ-တနင်္လာရီတိုင်း ဆလုံ တိုင်းရင်းသား ကျွန်းသူကျွန်းသား တရွာလုံးကို သတ်ဖြတ်ခဲ့သည့် သတ်ဖေါ် သတ်ဖက် တပည့်များအား လျှပ်စစ် (၁) ဌါနအတွင်း ရာထူးနေရာကောင်းကောင်း မြင့်မြင့်များ ပေးထားခြင်း၊ ဝ
န်ထမ်းရေးရာ ရာထူးတိုးမြှင့်မှုများတွင် ငွေများစွာ ရယူ၍ မတန်မရာ ရာထူးများအား မတန်တဆ မတရား တိုးမြှင့်ပေးထားခြင်း၊
စစ်ဘက်မှ ကူးပြောင်းလာသော ၀န်ထမ်းများအား အရပ်ဘက် နဂိုရှိပြီး ပညာရှင် ၀န်ထမ်းများထက် အခွင့်အရေးပိုမိုပေးပြီး ခွဲခြားဖိနှိပ်ဆက်ဆံသလို ပညာရျင်များကိုလည်း တန်ဖိုးမထားခြင်း၊
ဝန်ကြီးဌါနအတွက် ခွဲဝေရရှိသော အမျိုးအစားကောင်းမွန်သည့် မော်တော်ယာဉ် အစီး(၃၀)
ကျော်အား လက်အောက်အရာထမ်းများအတွက် ခွဲဝေပေးခြင်း မရှိပဲ ၀န်ကြီးသုံး အရန်ယာဉ်များ အဖြစ် မောင်ပိုင်စီးထားခြင်း နှင့်
အဆိုပါယာဉ်များအတွက် ခွဲဝေရသည့် စက်သုံးဆီများအား ရုံးအဖွဲ့မှုးမှ ရောင်းချ၍ ကိုယ်
ကျိုး အတွက် သိမ်းယူခြင်း၊
ဝန်ကြီးအဆင့်မှ မတရားမှုများ ရှိနေတော့ အောက်က စစ်ဘက်အရာထမ်း များကပါ လိုက်လံ အတုခိုး အကျင့်ပျက်ခြစားလာသည်မှာ နေပြည်တော် အထက် ပေါင်းလောင်းနှင့် နန်ချို စီမံကိန်း
များမှ စက်သုံးဆီ ဘိလပ်မြေ သံချောင်းလုံးများစွာ အသုံးပြု၍ နေအိမ်တိုက်တာများ ဆောက်လုပ်နေကြသည်မှာ မြင်မကောင်းအောင် ဖြစ်နေပြီး တိုင်းပြည်၏ ဘဏ္ဍာငွေ မြောက်များစွာ လေလွင့် ဆုံးရှုံးနေကြောင်း ဓါတ်ပုံနှင့် စာရင်း အထောက်အထားများအရ သိရှိရခြင်း၊
ဝန်ကြီးဌါနစီမံကိန်း မှန်သမျှ၏ စီမံကိန်းပစ္စည်း အားလုံးကိုလဲ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ကိုလည်း သားကြီး အာကာဇော်၏ ရွှေဝါလှိုင် သယ်သူပို့ဆောင်ရေး ကုမ္ပဏီကပဲ သယ်ယူဆောင်ရွက်ခွင့်ရှိပြီး ဈေးနှုန်းကြီးမြင့် သလို ပျက်စီးမှု့ဖြစ်လာရင်လည်း သက်ဆိုင်ရာ စီမံကိန်း
ကသာ ဖြေရျင်းရခြင်း
ဝန်ထမ်းများ ၀တ်ဆင်တဲ့ ပုဆိုး ထမီ အစုတ်ပလုပ်က အစ လုပ်ငန်းကြီးတွေ အထိ လက်ဝါးကြီးအုပ် မတရားရယူပြီး ဌါနကြီးတခုလုံးရဲ့ ဘတ်ဂျက်တခုလုံးကို သိမ်းပိုက်ပြီး တသက်စာ စားမကုန်အောင် ရှိနေ့ရက်နဲ့ ထပ်၍ ထပ်၍ လောဘဇော်တိုက်နေတဲ့ ဒီလိုဝန်ကြီးမျိုးတွေ ဟာ Clean Government Good Government လို့ အော်နေတဲ့ သမ္မတကြီးနဲ့ မှန်ကန်တဲ့ အချို့ဝန်ကြီးများမှ စိစစ်ဖေါ်ထုတ် ဟန့်တားသင့်ပါသည်။
နေစဉ်ရုံးတက်နေရတဲ့ ၀န်ထမ်းများကိုတောင် ရုံးရဲ့ အလယ်ဝင်ပေါက်က ၀င်ခွင့်မပြုပဲ ၀န်ကြီးနဲ့ ညွှန်ချုပ်များသာ ၀င်ခွင့်ပြုထားတာဟာ အလုပ်လုပ်နေတဲ့ နိုင်ငံဝန်ထမ်းများကို တရိစ္ဆာန်ကဲ့သို့ ဆက်ဆံပြီး လူဂုဏ်သိက္ခာကို ချိုးဖဲ့သလို ခံစားနေရကြောင်း၊
လျှပ်စစ် အောက်ခြေ၀န်ထမ်းတွေအဖို့ အလုပ်ကို ညအချိန်မတော်အထိ အနိုင်ကျင့်စေခိုင်းတာ ခံနေရပြီး ရာထူးဝင်ငွေ ပျော်ရွှင်မှု မိသားစု အရသာ ဘာမှ မျှော်လင့်ချက်မရှိ ဘ၀တွေပျက်နေရကြောင်း
ရင်ဖွင့်တာကို စိတ်မကောင်းစွာ ထပ်တူ ခံစားရပါသည်။
ဒီလို အဖြစ်ပျက်မျိုးတွေ အခြားဝန်ကြီးဌါနတွေမှာလည်း( ဥပမာ စည်ပင်သာယာလို ဆောက်လုပ်ရေးလို စီပွားကူးသန်းလို အကောက်ခွန်လို) ရှိနေနိုင်တာမို့ သမ္မတကြီး ဦးသိန်းစိန်ထံ(သို့) လွှတ်တော် ဥက္ကဌကြီးထံသို့ ယင်းဌါနများအား ထဲထဲဝင်ဝင် လေ့လာစုံစမ်း၍ ထိရောက်စွာ ပြောင်းလဲ ပြင်ဆင်ပြုပြင်သင့်ပါကြောင်း အကြံပြု တင်ပြ အပ်ပါသည်။
လွှတ်တော်နဲ့ အစိုးရကို ”ဖွတ်” မတက်ပါစေနဲ့ခင်ဗျား။

No comments: