အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ပထမဆုံးတင်သွင်းတဲ့ အဆိုကို လက်ခံဆွေးနွေးဖို့ ဇူလိုင် ၂၅ ရက်
ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ သဘောတူလိုက်ပြီလို့ သိရပါတယ်။ အဖွဲ့ချုပ်
ပုသိမ်မြို့ နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ရဲ့
(ကောင်းမွန်တဲ့အုပ်ချုပ်ရေး) နဲ့ (သန့်ရှင်းတဲ့အစိုးရ) ဖြစ်ပေါ်စေရေးအတွက်
ပြည်ထောင်စု အပါအ၀င် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေအဖြစ်
တာဝန်ထမ်းနေသူတွေရဲ့ ပိုင်ဆိုင်မှုနဲ့ အကျိုးစီးပွား တွေကို
ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားဖို့အဆိုကို လက်ခံဆွေးနွေးဖို့
ပြည်သူ့လွှတ်တော်က သဘောတူ လိုက်တာဖြစ်ပါတယ်။
Posted: 25 Jul 2012 07:31 AM PDT
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမဆုံးတင်သွင်းသော အဆိုအပေါ် အမေစု သဘောထား...
သတင်း၊ ဓာတ်ပုံ ကိုမောပြေ (Maw Pyay)
ဦးဝင်းမြင့်၊ ပုသိမ် မဲဆန္ဒနယ်က " Good governance(ကောင်းမွန်သော
အုပ်ချုပ်ရေး)၊ Clean government(သန့်ရှင်းသောအစိုးရ) ဖြစ်ပေါ်စေရေးအတွက်
ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များ၊
ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများသည် ငှင်းတို့၏ ရွှေ့
ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့်
အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်" အဆိုတင်သွင်းရာ
ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် ဒီကနေ့ ဇူလိုင်(၂၅) ရက်နေ့ တွင်
သဘောတူလိုက်သည်...
အထက်ပါ အကြောင်းအရာနှင့် ပါတ်သတ်ပြီး အမေစု အင်တာဗျူးတိုလေးကို ဖေ့ဘွတ်
သူငယ် ချင်းများကို လက်ဆောင် ပေးလိုပါသည်... စေတနာ ပိုစွာဖြင့် ကျတော့လက်ရာ
အမေ့ ဓါတ်ပုံလေးပါ တင်
ပြီး လက်ဆောင် အဖြစ်ပေးပါသည်။
NHK အမေး... ဒီကနေ့ ဆွေးနွေးတဲ့ အဆိုအပေါ်မှာ အန်တီသဘောထားလေး သိချင်ပါတယ်...
အဖြေ...
အဲ့ဒါ အန်တီတို့ ကတော့ ဖြစ်သင့်တယ်လို့ ထင်တယ်... တကယ်
ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေ မှာဆို ဒီလိုပဲ လုပ်ကြတာပဲလေ...
အဲ့တော့မှလဲ အစိုးရအဖွဲ့ဝင်တွေက သန့်သန့်ရှင်းရှင်းနေဖို့ရာ
လိုအပ်လာမှာပေါ့... ဥပမာ --- ၀န်ကြီးမဖြစ်ခင်တုန်းက အိမ်တစ်လုံး နဲ့
ဝန်ကြီးဖြစ်ပြီးတော့ အိမ်ဆယ်လုံး ဆိုရင်တော့ ဒါမေးစရာ ဖြစ်မယ်...
အဲ့ဒါတွေကို ကာကွယ်ဖို့အတွက် ဒီလို ဥပဒေတွေ ထုတ်ကြတာပဲ...
NHK
အမေး... အန်တီကရော အားရရဲ့လား... အဆိုအပေါ်မှာ ... အဖြေ... အင်း...
သူ့ရဲ့အဆိုအပေါ်မှာ အားရပါတယ်... ဒါက အဆိုက ရိုးရိုးလေးပဲလေ... နောက်တော့မှ
ဒါကို အခြေခံပြီး ဆွေးနွေးရမှာပေါ့... သားတို့ရော သဘောမတူဘူးးးးလား...
(သံပြိုင်- တူပါတယ်)...
ပြည်ထောင်စုလွှတ်တော်သို့ အ၀င်တွင်တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်
သတင်း၊ ဓာတ်ပုံ ကိုမောပြေ (Maw Pyay)
ပြည်ထောင်စု
ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ကွတ်ခိုင်မြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းထားသော
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးရန်
ပြဌာန်းပေးရန်အဆိုကို ပထမဆုံးအကြိမ်အဖြစ် ၀င်ရောက်ဆွေးနွေးခဲ့ရာ
( ဒေါ်အောင်ဆန်းစုကြည်၏ ၀င်ရောက်ဆွေးနွေးချက် အပြည့်အစုံ )
လေစားအပ်ပါသော လွှတ်တော် ဥက္ကဌ ကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ
ရှင်။ကျမက ရန်ကုန်တိုင်းဒေသကြီး ကောမှုးမြို့နယ်မှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါတယ်။ကျမ အနေနဲ့
ဦးတီခွန်မြတ်ရဲ့တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်ရေးများကာကွယ်
စောင့်ရှောက်ရေးနဲ့ပတ်သက်လို့ အနည်းငယ်ဆွေးနွေးချင်ပါတယ်။
အခု ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာဆိုလို့ ရှိရင် တိုင်းရင်းသားလူမျိုးများဆိုတဲ့
ဝေါဟာရကိုသတ်သတ် မှတ်မှတ် အဓိပ္ပယ်ဖေါ်ထားတာမရှိပါဘူး။၁၉၈၂ ခု နှစ် နိုင်ငံသားဥပဒေမှာဆို-ရင်တော့ တိုင်းရင်းသားဆိုတာ ၁၈၂၃
ခုနှစ်ကစပြီး ဒီနေ့ နိုင်ငံမှာ မှီတင်းနေထိုင်ခဲ့တဲ့ လူမျိုးများကိုဆိုလိုတာလို့ အဓိပါယ်ဖေါ်ထားပါတယ်။အဲ့ဒီ့အထဲမှာဗမာတွေလည်းပါပါတယ်။
အခု ဆွေးနွေးချက်တွေ အ၇ဆိုရင် ပြည်နယ်တွေကို အခြေခံတဲ့
တိုင်းရင်းသားလူမျိုးတွေရဲ့အခွင့် အရေးတွေ ကိုရည်ညွန်းပြီးတော့
ပြောကြတယ်လို့ ကျမတို့ မှတ် ယူရပါတယ်။
ပြည်နယ်တွေ အကြောင်း
ပြောမယ်ဆိုလို့ရှိရင် ကျမတို့နိုင်ငံမှာဆင်းရဲမွဲတေမှုနဲ့ပတ်သက်
လို့ပြည်နယ်ဒေသတွေဟာ အဆိုးဝါးဆုံးဒေသတွေ ဖြစ်ပါတယ်။ ချင်းပြည်နယ် ဆိုလို့ရှိရင်ခု နောက်ဆုံး အာရှ ဖွံ့ဖြိုးရေး ရဲ့နောက်ဆုံး
ဂဏန်းအရ ၇၃.၃ ရာခိုင်နှုန်းရှမ်းအရှေ့ဆိုလို့ရှိရင် ၄၆.၄ရာခိုင်နှုန်း ။ရှမ်းမြောက် ဆိုရင် ၃၇.၄ရာခိုင်နှုန်း။ရှမ်းတောင် ဆိုရင် ၂၅.၂ ရာခိုင်နှုန်း
ပျမ်းမျှခြင်းအားဖြင့် ရှမ်းပြည်နယ်ရဲ့ဆင်းရဲမွဲတေမှုနုန်းဟာ ၃၇.၁
ရာခိုင်နုန်းဖြစ်ပါတယ်။ရခိုင်ပြည်နယ်ရဲ့ ဆင်းရဲမွဲတေမှု အခြေနေကတော့ ၄၃.၅ ရာခိုင်နုန်းဖြစ်ပါတယ်။တစ်နိုင်ငံလုံးရဲ့
ပျမ်းမျ ဆင်းရဲမွဲတေမှု နှုန်းဟာ ၂၅. ၆ ရာခိုင်နှုန်း ဖြစ်တာကြောင့်မို့
ဒီပြည်နယ်တွေမှာပျမ်းမျှခြင်း နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုနုန်းမြင့်နေတယ်လို့ပြောလို့ရပါတယ်။ထို့အတူပဲ ကချင်ပြည်နယ်မှာလည်း ၂၈. ၆ ပျမ်းမျှခြင်းရာခိုင်နုန်းထက်မြင့်နေပါတယ်။
မွန်ကယားနဲ့ ကရင်တို့ကတော့ ပိုပြီးတော့ နိမ့်ကျနေတယ်။ဒီကိန်းဂဏန်း
တွေကိုကြည့်ခြင်းအားဖြင့် ကျမတို့ပြည်နယ်တွေရဲ့ဖွံ့ဖြိုးတိုးတက်မှု
အခြေနေဟာ ကြေနပ်ဖွယ်ရာ မ၇ှိဘူးဆိုတာ ထင်ရှားပါတယ်။
ထို့အပြင်လည်း ကျမတို့ရဲ့ နိုင်ငံမှာ ပြည်တွင်းစစ်မီးငြိမ်းသွားတယ်ဆိုတာ
မရှိသေးပါဘူး။ဒါကြောင့်တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများ
ကို ကာကွယ်စောင့်ရှေက်ခြင်းဆိုတာဟာဘာသာစကားယဉ်ကျေးမှု
ထိန်းသိမ်းခြင်းနဲ့ပိုပြီး..များစွာကျယ်ပြန့်နက်နဲတယ်ဆိုတာကိုကျမတို့ဆိုနိုင်
ပါတယ်။..ဒါကိုထောက်ထားပြီးတော့ ပင်လုံစိတ်ဓါတ်နဲ့ ကွာခြား
လို့မရတဲ့၊ ခွာလို့ မရတဲ့ တန်းတူ ညီမျရေး အပြန်အလှန် လေးစားယုံကြည်ရေး
တို့ကို အခြေခံပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်း
လာရေးအတွက် ကျမတို့လွှတ်တော် ကိုယ်စားလှယ်များအားလုံး ဆွေးနွေး
ညှိနိုင်းပြီး တိုင်းရင်းသားလူမျိုးများရဲ့ အခွင့် အရေးများကို ကာကွယ်နိုင်ဖို့
အတွက်ဥ ပဒေများကိုလိုအပ်သလို ပြုပြင်ခြင်း ၊လိုအပ်သလို
ပြဌာန်းခြင်းတို့ များဆောင်ရွက် ဖို့ ရန်ကို တိုက်တွန်းရင်း ဦးတီခွန်မြတ်ရဲ့ အဆိုကိုကျမအနေနဲ့ထောက်ခံပါတယ်။ကျေးဇူးတင်ပါတယ်။
Posted: 24 Jul 2012 10:15 PM PDT
စစ်တွေ သံတော်လီရွာမှ ဘင်္ဂလီများ.. (ဓာတ်ပုံ ဒီမိုဝေယံ သတင်းထောက်)
ညောင်ကုလား ကျည်းပေါင်းတရုတ်
ကဗျာရှင်(နေရဲနီ)
စေတီဘုရား
တည်ထားကောင်းလျက်
ညောင်ပင်ဖျက်၏။
ဘုရားစေတီ အထက်ဆီတွင်
ဘယ်ကဘယ်လို ရောက်လာမှန်းမသိ
ပေါက်သည့်ညောင်ပင်
မကြီးထွားခင် အမြစ်ပါမကျန် အမြန်ခုတ်ရှင်း အချိန်မှီ သတ်ပါမှ
သို့မဟုတ်လျှင် ညောင်မြို၍ ဘုရားပြိုရသည်။
ဤသို့သော ညောင်ကို
ညောင်ကုလား ဟူ၍ သမုတ်ကြ၏။
အဘယ့်ကြောင့် ဆိုသော်
တို့တိုင်းဌာနေ မြန်မာပြည်ကို
ဘယ်ကဘယ်လို ရောက်လာမှန်းမသိ
ခေါတော ကုလား
ဘင်္ဂလား ကုလား
ချစ်တီး ကုလား
စစ်တကောင်း ကုလား
ကုလားဖြူ ကုလားမည်း
အစရှိသော ကုလားအမျိုးမျိုး
တစ်စတစ်စနှင့် ဘုရားကို ညောင်မြိုသလို
ဘာသာလည်းပျောက်
လူမျိုးလည်းပျောက်
ကြာသော် တိုင်းပြည်ပါ ပျောက်လတ္တံ့။
ထို့ကြောင့် ဤညောင်သည်ကား
ညောင်ကုလား။
(၂၀၁၁ခုနှစ် မြစ်ဆုံသင်္ကြန်မှ CPI တရုတ်ဝန်ထမ်းများ) (ဓာတ်ပုံ ဒီမိုဝေယံ သတင်းထောက်)
ကျည်းပေါင်းပင်
မြေပြင်အထက်အမြစ်တွယ်၍
မိမိဘာသာရပ်တည် ရှင်သန်ရိုး ထုံးစံမရှိ
သရက် ပိန္နဲ
မာလကာ အစရှိသော သီးပင်အမျိုးမျိုး
ကျည်းပေါင်းပင် တွယ်ကပ်ပေါက်သော်
အသီးလည်းအ အရသာလည်းကင်း
သို့သော်ငြားလည်း
စားသုံးမရသည့် ကျည်းပေါင်းပင်မှာ
အသီးတဝင်းဝင်း။
တို့တိုင်းဌာနေ မြန်မာပြညဝယ်
ကပ်ရပ်ခိုစား
ကျည်းပေါင်းပင် တရုတ်များ
စီပွားရေး တဝင်းဝင်း
ကြီးပွားတိုးတက် ထင်တိုင်းကြဲနေချိန်
အိမ်ရှင် တိုင်းရင်းသား
မြန်မာပြည်သူ အပေါင်းကား
ဖွတ်ကျောပြာစု သူတောင်းစားပမာ
မွဲသည်ထက်မွဲကာ
ရန်ငါးပါးနှိပ်စက်၍
ဒုက္ခမျိုးစုံ ကြုံရလေပြီတကား။
နေရဲနီ
No comments:
Post a Comment