Saturday, July 28, 2012

"အကြံပိုင်တဲ့ မြင့်ခိုင်"

 


------------------------------
---------------------
ဟင်္သာတ က ဒုရဲအုပ်မြင့်ခိုင် လုပ်ချင်တိုင်း လုပ်နေတာကို ..
သိနေတဲ့ ရဲမှုးကြီးမျိုးသန့်က ဘာမှ မလုပ်နိုင်တဲ့ အကြောင်းကတော့ ..
လယ်တီကွင်း၊ အင်္ဂပိုလမ်း ချမ်းသာ ကေတီဗွီ စားသောက်ဆိုင်တွင် ရဲမှုးကြီးမျိုးသန့်နှင့် လှိုင်းဘုန်းမှ ကျမ်းမာရေး ဆရာမတို့ လူမှုရေးဖေါက်ပြန်သည်ကို သိရှိထားခြင်း။
မအူပင်ခရိုင်ရဲစခန်းကို စစ်ဆေးရင်း ညောင်တုန်းမှ ပြည့်တန်ဆာ အမျိုးသမီးနှင့် ညအိပ်ခဲ့ခြင်း။
ဖျာပုံခရိုင်ရဲစခန်းအား စစ်ဆေးရင်း အရက်မူးပြီး အချုပ်သားပေါ်လဲကျခြင်း၊
မအူပင်ဂေါက်ကွင်း ဂေါက်ကယ်ရီ အမျိုးသမီးရဲ့ ယောက်ျားကို စခန်းမှုးနှင့် ရဲမှုးကြီးတို့မှ ခေါ်ရစ်တဲ့ ကိစ္စတွေကို ဒုရဲအုပ်မြင့်ခိုင်က သိရှိထားခြင်း တို့ကြောင့် ဖြစ်ပါတယ်။
(ဦးဌေးဦး တို့မြို့မှ-မှုခင်းများစုစည်းမှု)

 

Letter from Irrawaddy Delta - Hinthada - Police Corruption


ဧရာဝတီတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှုးကြောင့်  ဒုစရိုက်၊ အကျင့်ပျက်လာဘ်စားမှု များပြားနေခြင်း
ဟင်္သာတက ပေးစာ၊ ဇူလိုင် ၂၄၊ ၂၀၁၂
ဟင်္သာတမြို့ရဲ့ ဌာနဆိုင်ရာတွေတော့ မသိဘူးဗျာ။ မြို့ခံလူထုအတွက်တော့ သတင်းစာထဲမှာ လာဘ်စားတယ် ဆိုတာ ခဏခဏပါနေတော့ ရှက်မိပါတယ်။ မြို့လည်း သိက္ခာကျ ပါတယ်။ အရင်တုန်းက လာဘ်စားတာ ရှိပေမယ့် ဒီလောက် မများပါဘူး။
ဟင်္သာတနည်းပညာတက္ကသိုလ်က ကျောင်းသူလေး မ………… ကို ဇလွန်ရထား လမ်းတာဝန်ခံက မုဒိန်းကျင့်သည့် အမှု့ကို ဟင်္သာတတရားရုံးက တရားခံကို ပြစ်မှုကြီး အမှတ်
(၃၆/၂၀၁၁)(၃-၃-၂၀၁၂) ဖြင့် တရားသေ လွှတ်ပေးခြင်း။
          ယုန်သလင်းတိုက်နယ် မုဒိန်းမှုတခုကို ဟင်္သာတဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးက အသက် လိမ်ပေးခြင်း။ (လာစစ်တဲ့အဖွဲ့က တရားခံပိုင်သောသူတွေ)
 ဟိုတလောက ဓနုဖြူမြို့နယ်မှာ မိတဲ့ ကျွန်းတံခါး ၁၃ တန် တရားခံများကို လိုင်းကြေးယူ၍ ခတ္တတိမ်းရှောင်ခိုင်းခြင်း …
 တိမ်းရှောင်ရင်း မြို့အထွက်မှာ မောင်းလာတဲ့ဆိုင်ကယ်ကို ကားဖြင့်တိုက်မိပြီး ကားနံပါတ်မှတ်မိ၍ အမှုတခုထပ်တိုးခြင်း။
          ဖေဖေါ်ဝါရီလ ၁၇ ရက်ထုတ်၊ ဧရာဝတီဂျာနယ် အတွဲ ၁ အမှတ် ၁၉ စာမျက်နှာ ၁၀ ပါ သတင်းထောက် နဒီလှိုင်း ရေးသားထားတဲ့ ဖေဖေါ်ဝါရီလ ၉ ရက် ညနေ ၅း၁၀ နာရီအချိန်တွင် ဟင်္သာတခရိုင် (ဒနက) အဖွဲ့ ခေါင်းဆောင် ရဲအုပ် မြင့်ခိုင်(လ-၁၆၃၈၉၇)နဲ့ အဖွဲ့သည် ဒုရဲအုပ် ကျော်ကျော်ညွန့် ဒုတပ်ကြပ် ကျော်စွာဝင်း၊ တပ်သား အောင်နိုင်ထွန်းတို့ လိုက်ပါပြီး၊ လောင်းကစားပပျောက်ရေး အတွက် တာဝန်ထမ်းဆောင်နေစဉ် ဖဲဝိုင်း သတင်း ရရှိသဖြင့် အမှတ်(၁) စခန်း နယ်ထိမ်း ဒုတပ်ကြပ် အောင်နိုင်စိုးနဲ့ ပူးပေါင်းပြီး သက်သေ အောင်မြင့်ဦး၊ ဦးသန်းဦးတို့နဲ့အတူ ရဲတပ်ဖွဲ့ဒုရဲမှုး အောင်ကိုကိုရဲ့ လောင်းကစား ဖမ်းဝရမ်း အမှတ် (၁၄/၁၂) အရ မြို့ပတ်လမ်းနေ ဦးသန်းနိုင်ဦး ပဲသန့်စင်စက်အတွင်းသို့ ၀င်ရောက်ရှာဖွေရာ ဖဲကစားနေသော ဦးသန်းနိုင်ဦး (၃၈-နှစ်)(ဘ)ဦးအေးမောင်၊ ကိုစိုးစံ (၃၅-နှစ်) (ဘ)ဦးစံဝင်း တို့နဲ့ အတူ ကစားနေသော၊ ကိုအောင်ပိုင် (ဘ)ကိုဇော်ဝင်း၊ ကိုကျော်စွာရှင်းတို့နဲ့ အပေါင်းပါ များကို ဖမ်းမိသော်လည်း ဖုံးကွယ်ထားခြင်း။
 အမှုမှန်ပေါက်ပေါက်လာပါကလဲ လူစားလဲလှယ်ရန် အလုပ်သမားများကို အဆင်သင့် ပြင်ဆင်စည်းရုံးထားခြင်း။
          ဖဲဝိုင်းတွင် အမှန်တကယ် ဖမ်းဆီးရမိသော ငွေမှာ ငွေသား သိန်း ၄၀ ကျော် ဖြစ်သော်လဲ ဂျာနယ်ထဲတွင် ၄၆၇,၀၀၀ ဟုသာ အစွန်းထွက် သာသာလောက်သာ ဖမ်းမိကြောင်းဖေါ်ပြခြင်း။
ဖမ်းဆီးချိန်တွင် တပါတည်းဖမ်းမိသော ထိုင်း ဆိုင်ကယ်များ ပျောက်နေခြင်း။
ဖဲဝိုင်းတွင် လူနှစ်ဦးတည်း ကစားသည်ဟု ဆိုကာ ကျန်သူများကို လွှတ်ထားခြင်း။
၎င်းအမှုကို ဟင်္သတ အမှတ်(၁) ရဲစခန်းမှ ဒုရဲအုပ်အောင်ရည်သွေးမှ ၂၅၊ ၁၂ ပုဒ်မ(၁၃)က ၁၄(က)တို့ဖြင့် တာဝန်ယူ တရားစွဲဆို ဆောင်ရွက်နေသည်မှာ ၅ လကျော်လာသော်လည်း တရားခံများမှာ လွတ်နေခြင်း။
          တရားခံများဘက်မှ  တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်၊ ဗိုလ်ချုပ်များနဲ့ ခေတ်အဆက်ဆက် အလုပ်တွဲလုပ်နေခဲ့သော အငယ်လေး (ခေါ်) ဇော်ဝင်းရှိန် ၏ သူငယ်ချင်း ဦးမျိုးပိုင် မှ တိုင်းရဲတပ်ဖွဲ့မှုးအထိ လွတ်မြောက်ရေးအတွက် ကြားပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့ပါတယ်။
          ထိုကိစ္စများ အပြင် (ဒနက)ရဲအုပ် မြင့်နိုင်သည် လယ်တီကွင်း လောင်းကစားဒိုင်ချုပ် ခင်မောင်မြင့်ကို သတင်းပေး အဖြစ်ထားပြီး(ကိုခင်မောင်မြင့်၏ အမျိုးသမီး နှစ်လုံးထီကစားမှု့ဖြင့် အရေးယူခံရသည်ကို လက်ကိုင်ထားပြီး) သစ်ကားတစ်စီးဖြတ်က ကျပ်ငါးသောင်း၊ ချဲဒိုင်ချုပ် အသေးလေးတွေကို အဖမ်းပြပြီး ဒိုင်ချု့ပ်တခုကို တလ ကျပ်သုံးသိန်း၊ ပြည့်တန်ဆာဂေဟာတခုလျှင် တလ သုံးသိန်း ဘောလုံး ဒိုင်ချုပ်တခုလျှင် ကျပ်ငါးသိန်း၊ ဆင်ဆာမဲ့ခွေ ရောင်းချသူများကို သတင်းတပ်ဖွဲမှ နေလင်းစိုးက တလ ကျပ်သုံးသိန်း၊ (ဒနက) နှစ်စဉ်ကြေး သုံးသိန်းကို ကိုခင်မောင်မြင့်က တဆင့် ကောက်ခံပါတယ်။
ကောက်ခံသော အကြောင်းပြချက်မှာ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုနှင့် ရဲချုပ်ကျော်ကျော်ထွန်းတို့အား ဂါရ၀ ပြုရန် ဖြစ်ပါတယ်။
          ဒုရဲအုပ်မြင့်ခိုင် လုပ်ချင်တိုင်း လုပ်နေတာကို သိနေတဲ့ ရဲမှုးကြီးမျိုးသန့်က ဘာမှ မလုပ်နိုင်တဲ့ အကြောင်းကတော့ လယ်တီကွင်း၊ အင်္ဂပိုလမ်း ချမ်းသာ ကေတီဗွီ စားသောက်ဆိုင်တွင် ရဲမှုးကြီးမျိုးသန့်နှင့် လှိုင်းဘုန်းမှ ကျမ်းမာရေး ဆရာမတို့ လူမှုရေးဖေါက်ပြန်သည်ကို သိရှိထားခြင်း။
မအူပင်ခရိုင်ရဲစခန်းကို စစ်ဆေးရင်း ညောင်တုန်းမှ ပြည့်တန်ဆာ အမျိုးသမီးနှင့် ညအိပ်ခဲ့ခြင်း။
ဖျာပုံခရိုင်ရဲစခန်းအား စစ်ဆေးရင်း အရက်မူးပြီး အချုပ်သားပေါ်လဲကျခြင်း၊
မအူပင်ဂေါက်ကွင်း ဂေါက်ကယ်ရီ အမျိုးသမီးရဲ့ ယောက်ျားကို စခန်းမှုးနှင့် ရဲမှုးကြီးတို့မှ ခေါ်ရစ်တဲ့ ကိစ္စတွေကို ဒုရဲအုပ်မြင့်ခိုင်က သိရှိထားခြင်း တို့ကြောင့် ဖြစ်ပါတယ်။
တရားဥပဒေ စိုးမိုးရေးအတွက် အမှု့တွေကို နေပြည်တော်မှ မှန်မှန်ကန်ကန် စစ်ဆေးပေးမဲ့ စိတ်ချရသောသူတွေကိုသာ စေလွှတ်စေချင်ပါတယ်။ ဘာကြောင့် စိတ်ချရတဲ့ သူတွေကို စေလွှတ်စေချင်တာလဲဆိုရင် ဂေါက်ကွင်းကေတီဗွီ၊ ချမ်းသာကေတီဗွီ၊ ဂိုးတန်းကေတီဗွီ၊ ကမ်းနားပြည့်တန်ဆာလုပ်ငန်းတွေကို လာစစ်ဆေး တယ်ဆိုလျှင် စစ်ဆေးသူတွေကို အစစ်ခံရသူတွေက ခေါ်ကျွေးမွေးပြုစုတယ်ဆိုတာ အရင်ဖြစ်ခဲ့ဖူးပါတယ်။
ထိုနေရာများ ပိတ်တယ်ဆိုရင်လဲ အလွန်ဆုံး ၅ ရက်ပါပဲ ပြန်ဖွင့်ပြန်ပါတယ်။
          ထို့ကြောင့် သမ္မတကြီးတို့မှ အမှန်တကယ် စစ်ဆေးမဲ့ အဖွဲ့ကို စေလွှတ်ပေးမည်ဆိုရင် မိမိတို့ဖက်မှ ယုံကြည်စိတ်ချရသော ဟင်္သာတမြို့ ညောင်ပင်ရပ် အတွင်းရှိ ဦးငြိမ်းထွန်း၊ ဦးခင်မောင်စန်း နှင့် တာငါးဆယ်မြောက် အုပ်ချုပ်ရေးမှုးတို့မှတဆင့် စုံစမ်းနိုင်ပါတယ်။
သမ္မတကြီးဆီက စစ်ဆေးတဲ့ အဖွဲ့ တွေမလာခင် ၎င်းလူသုံးဦး၏ အသက်အန္တရာယ်နှင့် ချိန်းခြောက်မှု ပြဿနာရှာမှု့များမှ ကာကွယ်ပေးပါ။
          ယခုအချိန်မှာ သစ်မှောင်ခိုမှု့နဲ့ ဆင်ဆာမဲ့ ခွေများ ရောင်းချခြင်း ပိုများလာပါတယ်။ လိုင်းကြေးပေးထားတဲ့ သူတွေကို ကြိုပြောတယ်၊ ရှောင်ခိုင်းတယ်၊ ရှာဖွေတယ် မတွေ့ဘူး လုပ်ပစ်လိုက်တာပါပဲ။
ဖြစ်သမျှတွေဟာ ဟင်္သာတ၊ ဟင်္သာတချည်းပဲ ဖြစ်နေတော့ အလွန်ရှက်မိပါတယ်။ (သက်သေအဖြစ် သတင်းစာကို စကင်ဖတ်ပြီး ပေးပို့ထားပါတယ်)

No comments: