Monday, July 30, 2012

သွေး၊ချွေး၊မျက်ရည်စက်တွေနှင့် မြန်မာ့လယ်သမားများအခြေအနေ

 



သွေး၊ချွေး၊မျက်ရည်စက်တွေနှင့် မြန်မာ့လယ်သမားများအခြေအနေ
နိဒါန်း
 အနောက်နိုင်ငံသားတွေက ဂျူံအကြောင်းပြောကြသလို၊ ကျနော်တို့  မြန်မာနိုင်ငံသားတွေက လည်း ဆန်အကြောင်းပြောကြတယ်။ ဆန်ဟာ မြန်မာနိုင်ငံသားတွေအတွက် နေ့ တဒူဝ လိုအပ် ချက်ဖြစ်ပါတယ်။
အာရှစပါးကျီမှ အငတ်ပြည်
 တခေတ်တခါတုန်းကမြန်မာနိုင်ငံဟာအာရှစပါးကျီအဖြစ်ကမ္ဘာ့အဆင့်အတန်းဝင်ခဲ့တယ်။ ဒီက နေ့ အခါမှာတော့စစ်ခေါင်းဆောင်အဆက်ဆက်ရဲ့ ညံ့ဖျင်းတဲ့စီမံခန့် ခွဲမှု၊ဂုတ်သွေးဆုပ်တဲ့လယ် ယာမြေပေါ်လစီတွေကြောင့် မြန်မာနိုင်ငံဟာ အာရှစပါးကျီအဆင့်မပြောနဲ့ အာရှစပါးခွံအဆင့် တောင်မရှိတော့ပါဘူး။မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ ထိုင်းနိုင်ငံဟာ ကမ္ဘာ့ဆန်တင်မှု ပထမဖြစ်ပြီး၊အိန္ဒိယနိုင်ငံကတော့ဒုတိယဖြစ်တယ်။၁၉၈၀လွန်နှစ်များကစပြီး စပါးထွက်ရှိမှုနှုန်း မြင့်မားလာတဲ့ဗီယက်နမ်နိုင်ငံဟာ ကမ္ဘာ့ဆန်တင်ပို့ မှု တတိယစာရင်းဝင်နိုင်ငံဖြစ်ပါတယ်။
* ၂၀၀၅ခုနှစ်၊လူဦးရေနှုန်းထား

 
မြန်မာနိုင်ငံမှာနှစ်စဉ်စပါးတင်းချိန်သန်း(၁၂၀၀)ထွက်ရှိတယ်လို့စစ်ဗိုလ်တွေမှသတင်းထုတ်ပြန် ကြေညာတယ်။မြန်မာနိုင်ငံရဲလက်ရှိ လူဦးရေ(၅၄)သန်း*ကျော်ကိုမူတည်ပြီး လူတဦးကိုထမင်း တနှစ်စားသုံးရင် ပျှမ်းမျှစားသုံးမှုနှုန်း စပါးတင်း(၁၅)တင်းသာ ကုန်ကျမှာဖြစ်လို့  စပါးတင်း သန်းပေါင်း(၈၁၀) သာ ကုန်နိုင်မယ်လို့  တွက်ချက်ပြောဆိုကြတယ်။ စပါးတင်းသန်း (၁၂၀၀) ထွက်ရှိမှုနှုန်းကို အခြေပြုကာ လူဦးရေသန်း(၁၀၀)ကို ထမင်းကျွေးနိုင်ကြောင်း ၀ါဒဖြန့် ချီသေး တယ်။မြန်မာနိုင်ငံရဲ့  လူဦးရေ(၅၄)သန်းကျော်ဟာ ကျေးလက်မှာနေထိုင်တဲ့ လူဦးရေဟာ(၇၀) ရာခိုင်နှုန်းရှိတဲ့အတွက်ပြည်သူလူထုသန်း(၃၀)ကျော်ဟာကျေးလက်မှာနေထိုင်တဲ့ လူဦးရေဖြစ် ပါတယ်။ ဒီကျေးလက်နေပြည်သူတွေဟာ လယ်ယာစိုက်ပျိုးရေးကိုအခြေခံပြီး ဘ၀ရပ်တည်နေ သူများဖြစ်ပါတယ်။
 မြန်မာနိုင်ငံရဲ့ လူဦးရေ(၅၄)သန်းကျော်ကို စပါးတင်းသန်း (၈၁၀)နဲ့ ထမင်းကျွေးနိုင်တယ်လို့  ပြောဆိုနေတဲ့စစ်ဗိုလ်တွေဟာအိမ်ရှင်မတွေရဲ့ ဆန်အိုးထဲမှာဆန်မရှိလို့ ညီးညူနေရတဲ့ အဖြစ် တွေကိုတော့ ဂရုပြု ထုတ်ဖော်ပြောဆိုခြင်းမရှိပါ။ ကျေးလက်နေ ပြည်သူများစွာ အလုပ်လက်မဲ့ တွေဖြစ်ကာ အငတ်ပြဿနာနဲ့ ကြုံတွေ့ ရလို့  ရန်ကုန်-မန္တလေးတို့ လိုမြို့ တွေဆီပြောင်းရွေ့ ပြီး ကြုံရာကျပန်းလုပ်နေရတာတွေ၊ သူတောင်းစားတွေထမင်းငတ်နေသူတွေ ပိုများလာတဲ့အဖြစ်
တွေကို စစ်ဗိုလ်တွေရဲ့ ဝါဒဖြန့် ချီမှုက ထိမ်ချန်ထားပါတယ်။
 ဒီကနေ့ မြန်မာနိုင်ငံမှာ အညံ့စားဆန်တပြည်ဈေးနှုန်းဟာ ကျပ်ငွေရာကျော်ရှိနေလို့ အခြေခံ အလုပ်သမားတယောက်ရဲ့  တနေ့ ဝင်ငွေနဲ့ တွက်ချက်ပါက ထမင်းစားဖို့ ရန်အတွက်ပင် ပင်ပန်းဆင်းရဲကြီးစွာ ရုန်းကန်နေရတာကို တွေ့ နိုင်ပါတယ်။ စိုက်ပျိုးရေးနိုင်ငံဆိုပြီး ကြွေးကြော် နေတဲ့ မြန်မာနိုင်ငံမှာ ပြည်သူ့ လူထုဟာ တနေ့ ထက်တနေ့ ပိုမိုပြီး ငတ်မွတ်ခေါင်းပါးမှု၊ ၀မ်းစာ မဖူလုံမှု၊ဘ၀ရပ်တည်ရေးအတွက်ဆင်းရဲဒုက္ခကြီးစွာရင်ဆိုင်နေရမှုစတဲ့ ဇစ်မြစ်အားလုံးရဲ့  တခု တည်းသောလက်သည်တရားခံဟာစစ်အာဏာရှင်စံနစ်နဲ့ လက်တဆုပ်စာစစ်ခေါင်းဆောင်တွေ ပဲဖြစ်တယ်။ ထိုစံနစ်နဲ့ ထိုလူညစ်များလုပ်လို့ ဆင်းရဲနွမ်းပါးမှုတစ္ဆေထကြွသောင်းကျန်းနိုင်ခြင်း ဖြစ်တယ်။
ပဒေသရာဇ်ခေတ် လယ်ယာမြေစံနစ်
 မြန်မာနိုင်ငံရဲ့ လယ်ယာမြေရာဇ၀င်ကို ပြန်ကြည့်ပါက ရှေးပဒေသရာဇ်ခေတ်ကာလကပင် ပြည်သူလူထုဟာ တောထွင်ကာလယ်လုပ်ကိုင်ခဲ့ကြပါတယ်။ ဒီလိုမျိုးလယ်မြေကို “ဓါးမဦးချ လယ်မြေ”ဆိုပြီးခေါ်ဆိုကြတယ်။ သက်ဦးဆံပိုင်ဘုရင်ကဆုလာဘ်သဘောမျိုးနဲ့ ပေးတဲ့လယ် မြေကိုတော့ “ကံကြွေးချလယ်မြေ” လို့ ခေါ်ဆိုတယ်။ ဒီနေရာမှာ နှိုင်းယှဉ်ပြလိုတာက သက်ဦး ဆံပိုင်ခေတ်ဘုရင်တွေဟာ ဒီကနေ့ စစ်ဗိုလ်တွေလိုလယ်ယာမြေနဲ့ ပက်သက်ပြီးလူထုအပေါ် မှာအနိုင်အထက်မပြုကျင့်ဘူးဆိုတာဖြစ်တယ်။ရှေးမြန်မာဘုရင်တွေဟာစိုက်လို့ ဖြစ်မယ့်မြေကို ပဲ စိုက်ပျိုးစေပြီး စိုက်ပျိုးထွက်ရှိမှုအပေါ်ကလည်း ဆယ်ဖို့ တဖို့ သာ အခွန်ကောက်ကြတယ်။ ရှေးမြန်မာဘုရင်တွေဟာ စစ်ခေါင်းဆောင်များလို ပေါက်တက်ကရစိတ်ကူးတွေနဲ့ လယ်သမား များကိုမိုးစပါး၊နွေစပါး၊ဟိုသီးနှံ့ ၊ဒီသီးနှံ့ စတာတွေကိုမြေနဲ့အပ်စပ်၊မစပ်မသိနားမလည်ပဲအတင်း အကြပ်မခိုင်းစေပါဘူး။ ဒါ့အပြင်လယ်သမားများအပေါ်ဂုတ်သွေးမဆုပ်ပဲ ရှေးမြန်မာဘုရင်တွေ ဟာမင်းကျင့်တရားနဲ့ အညီဖြောင့်မတ်မှန်ကန်စွာနဲ့ တင်း၊ခွဲ၊စရွတ်၊ပြည်၊ပဲ၊မူး၊ကျပ်၊ဆယ်၊ပိဿာ အစရှိတဲ့အလေးချိန်ခွင်တွေကိုလယ်ယာလုပ်ကိုင်သူများနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်သူများ အသုံးပြုရာမှာ အဆင်ပြေချောမွေ့ စေအောင် သတ်မှတ်ပြဌာန်းပေးခဲ့တယ်။ ဒီကနေ့ ခေတ် စစ်ခေါင်းဆောင်တွေရဲ့ ကုန်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေးဌာနတွေလို လယ်သမားများရဲ့  လုပ်အားအပေါ်မှာမမှန်မကန်ချိန်တွယ်ပြီးခိုးဝှက်ခြင်းမျိုးလည်းပဒေသရာဇ်ခေတ်မှာမရှိခဲ့ပါဘူး။
 ပထမမြန်မာနိုင်ငံကိုတည်ထောင်ခဲ့တဲ့ အနော်ရထာမင်းဟာ တိုင်းပြည်အ၀ှမ်းမှာ ဆည်မြောင်း၊ ကန်၊ချောင်းဖြစ်ကောင်းတဲ့နေရာတို့ ကိုဆည်၊မြောင်း၊ကန်၊ချောင်းပြုလုပ်စေပါတယ်။ အနော်ရ ထာမင်းပြုလုပ်ခဲ့တဲ့ဆည်ခုနှစ်ဆည်ဟာပန်းယောင်မြစ်နားမှ ကင်းတားဆည်၊ ငနိုင်သေဉ်ဆည်၊ ပြောင်းပြာဆည်၊ဂူမည်းဆည်နဲ့ မက္ခရာမြစ်မှာ နွားတက်ဆည်၊ကွမ်းဆေးဆည်၊ဂူတော်ဆည်တို့  ဖြစ်ပါတယ်။ ဒါ့အပြင် ပေါက္ကံရာမ (ပုဂံပြည်) ကို ဆန်ရေစပါး ထောက်ပံ့နိုင်ဖို့ အတွက်လည်း လယ်တွင်း တဆယ့်တရွာကို တည်ပေးခဲ့တယ်။ ဒီလယ်တွင်း တဆယ့်တရွာဟာ ပင်လယ်၊မြစ် မနား၊မြစ်သား၊မြင်းခုံတိုင်၊ယမုံး၊ပနဲ၊မက္ခရာ၊တပြက်သား၊သင်တောင်း၊တမုတ်ဆိုး၊ခံလူးစတဲ့ရွာ
တွေဖြစ်တယ်။ ဒီရွာတွေမှာရှိတဲ့ လယ်မြေတွေကိုရေရရှိစေဖို့ အတွက်လည်း ကယွက်တောင် ထက်မှကျတဲ့ရေကိုဆည်ပြီး လယ်သောက်ရေလုပ်ပေးခဲ့ပါတယ်။ အနော်ရထာမင်းဟာ တိုင်း ပြည်တ၀ှမ်းလုံးမှာ လယ်ဧက ရှစ်သိန်းကို တည်ပေးခဲ့တဲ့ မင်းဖြစ်တယ်။ ဒါကြောင့်မို့ လည်း အဲ့ဒီခေတ်အချိန်မှာ ပုဂံပြည်ဟာ ဆန်ရေစပါးပေါကြွယ်ဝပြီး ထွန်းတောက်ခဲ့ပါတယ်။
ကိုလိုနီခေတ်လယ်ယာမြေ
  မြန်မာနိုင်ငံကိုအင်္ဂလိပ်တို့ က စစ်၃ကြိမ်တိုက်ပြီးသိမ်းယူခဲ့တယ်။ ၁၈၂၄ခုနှစ် ပထမအင်္ဂလိပ်- မြန်မာစစ်မှာရခိုင်၊တနင်္လာရီ၊အာသံ၊မဏိပူရပြည်တို့ အသိမ်းခံရပြီး၊၁၈၅၂ခုနှစ် ဒုတိယအင်္ဂလိပ် -မြန်မာစစ်မှာ ပဲခူး၊ရန်ကုန်နဲ့ အောက်ဗမာပြည်ထပ်အသိမ်းပိုက်ခံရကာ၊ ၁၈၈၅ခုနှစ် တတိယ အင်္ဂလိပ်-မြန်မာစစ်မှာတော့ အထက်မြန်မာပြည်အပါအ၀င် တပြည်လုံးအသိမ်းပိုက်ခံရတယ်။ ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲပြီးစ အောက်မြန်မာပြည်မှာ မြေယာဧက ၉၉၃၀၀၀(တသန်းနီးပါး) သာရှိတယ်။၁၈၈၅ခုနှစ် တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲနဲ့ အထက်မြန်မာပြည်အပါအ၀င်တပြည် လုံး အသိမ်းပိုက်ခံရပြီးချိန်မှာ လယ်ယာမြေဧကပေါင်း ၃ ၇၀၀ ၀၀၀(၃သန်းခွဲကျော်)ရှိပါတယ်။ ပထမကမ္ဘာစစ်(၁၉၁၄-၁၉၁၈ခုနှစ်)အပြီးတိုင်းပြည်များစွာမှာစားနပ်ရိက္ခာရှားပါးသွားလို့ မြန်မာ နိုင်ငံဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းလည်းအမြတ်အစွန်းရရှိလာတယ်။ အကျိုးဆက်အနေဖြင့် မိရိုးဖလာလယ်ယာမြေစံနစ်မှနေကိုလိုန်ီလယ်ယာမြေစံနစ်ကို ရောက်ရှိသွားတယ်။ ၁၉၃၁ခုနှစ် မှာ မြန်မာနိုင်ငံရဲ့  စပါးစိုက်ဧကဟာ (၁၂.၉)သန်းရှိခဲ့တယ်။ ဘူလင်ဂျားပူး၊စတီးဘရားသားတို့  လိုအင်္ဂလိပ်လူမျိုးပိုင်ကုမ္ပဏီတွေက မြန်မာနိုင်ငံဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းကို ချုပ်ကိုင် ခဲ့တယ်။ ကိုလိုနီအစိုးရရဲ့လူခွန်၊မြေခွန်စံနစ်နဲ့ ချစ်တီးကုလားများရဲ့ ငွေတိုးချေးစံနစ်ကလည်း အရှိန်အဟုန်နဲ့ ကြီးထွားလာခဲ့တယ်။
 ကမ္ဘာ့စီးပွားပျက်ကပ်ကြီးကြောင့် ကမ္ဘာ့ဆန်ဈေးကွက်ဟာ ထိုးကျခဲ့တယ်။ ဒီရိုက်ခတ်မှုဟာ မြန်မာလယ်သမားတွေအား ကြွေးမဆပ်နိုင်တော့တဲ့အခြေအနေကိုရောက်ရှိခဲ့တယ်။ ကြွေးရှင်
ဖြစ်တဲ့ ချစ်တီးကုလားတွေရဲ့ လယ်သိမ်း၊နွားသိမ်း၊သမီးပျိုသိမ်းအစရှိတဲ့ အနိုင်အထက်ပြုကျင့် မှုတွေကိုကိုယ့်ရပ်၊ကိုယ်မြေမှာနေထိုင်ရင်း လူမျိုးခြားရဲ့ စော်ကားမှုကိုခံခဲ့ရတယ်။ဒီလိုမျိုးလယ် သမားထုရဲ့  အဖိနှိပ်ခံအခြေအနေမှလွတ်မြောက်ဖို့ အတွက် နယ်ချဲ့ ကိုတော်လှန်ပုန်ကန်မှသာ ရမယ်ဆိုတဲ့အသိစိတ်ဓါတ်နဲ့ မြန်မာအသင်းချုပ် General Council of Burmese Association မှအဖွဲ့ ဝင်တဦးဖြစ်တဲ့ ဆရာစံဟာ “သုပဏ္ဏက ဂဠုဏရာဇာ”ဘွဲ့ ခံကာ ၁၉၃၀ခုကာလတွေမှာ သာယာဝတီ၊ရေတိုက်ရွာကနေ လယ်သမားအရေးတော်ပုံကြီးနဲ့  ကိုလိုနီစံနစ်ကို တိုက်ပွဲဝင်ခဲ့ ပါတယ်။ ၁၉၄၀ခုနှစ်ကာလတွေရဲ့  မြန်မာနိုင်ငံရဲ့  စပါးစိုက်ဧကတွေကို အောက်ပါဇယားအရ သိနိုင်ပါတယ်။

နှစ်
စပါးစိုက်ဧက
၁၉၄၀-၄၁ခုနှစ်
၁၉၄၅-၄၆ခုနှစ်
၁၉၄၆-၄၇ခုနှစ်
၁၉၄၇-၄၈ခုနှစ်
၁၂သန်းခွဲ
၆သန်းခွဲ
၇သန်းရှစ်သိန်းခွဲ
၉သန်းနီးပါး
 ကိုလိုနီလက်အောက်မှ မြန်မာနိုင်ငံဟာဆန်စပါးမှပဲအမြတ်ငွေ ၇ကုေ ခွဲရရှိတယ်။၁၉၄၀ခုနှစ်
စပါးစိုက်ဧက ၁၂သန်းမှာလည်း ၆သန်းမျှသာ လယ်လုပ်တဲ့ လယ်သမားတွေလက်ထဲမှာရှိကာ ကျန် ၆သန်းခန့် မှာ လယ်မလုပ်သူများ လက်ထဲရှိနေပါတယ်။
လွတ်လပ်ရေးရပြီး လယ်ယာမြေ
 တိုင်းပြည်လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာစိုက်ပျိုးရေးကိုအခြေခံတဲ့စီးပွားရေးစံနစ်ကိုကျင့်သုံး ပါတယ်။ ကိုလိုနီခေတ်မှာကျင့်သုံးခဲ့တဲ့ ပရိုဂျက်စီးပွားရေးစီမံကိန်းတို့ နေရာမှာနိုင်ငံပိုင်ကော်ပို
ရေးရှင်းများနဲ့ အစားထိုးခဲ့တယ်။ဖဆပလအစိုးရလက်ထက်မှာစိုက်ပျိုးရေးနဲ့ သက်ဆိုင်တဲ့ လုပ် ငန်းများကို နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ မှလုပ်ကိုင်တယ်။ လွတ်လပ်ရေးနဲ့  တဆက်တည်း ပေါ်ပေါက်ခဲ့တဲ့ ပြည်တွင်းစစ်မီးတောက်လောက်မှု၊ နိုင်ငံရေးမတည်ငြိမ်မှုတွေ ဟာလယ်ယာစိုက်ပျိုးရေးလုပ်ငန်းကိုနှစ်နဲ့ ချီပျက်သုန်းစေခဲ့တယ်။ အဲ့ဒီခေတ်မှာ “လူကိုကျင်း၊ နွားကိုဟင်း၊လှည်းဆိုထင်း” ဆိုတဲ့ စစ်ဝါဒီများရဲ့ ကြွေးကြော်သံဟာ လယ်သမားတွေရဲ့ ဘ၀ အခြေအနေကို မတောက်ပြောင်နိုင်ပဲ လောင်မြိုက်စေရတယ်။ ၁၉၄၈ခုမှ၅၀ခုနှစ် ပတ်ဝန်းကျင်
ကာလအထိပြည်တွင်းစစ်မီးဟုန်းဟုန်းတောက်လောင်နေရချိန်၊အာဏာရဖဆပလနဲ့ ကွန်မြူနစ် ပါတီပဌိပက္ခမြင့်မားနေချိန်မှာဧရာဝတီမြစ်ရိုးတလျှောက်နဲ့ မြန်မာပြည်အလယ်ပိုင်းမှာရှိတဲ့ကျေး
ရွာတွေကိုဖဆပလတပ်တွေဖြစ်တဲ့ ကရင်၊ကချင်၊ချင်း၊ဂေါ်ရခါးတပ်တွေကိုလွှတ်ပြီးနှိမ်နင်းခိုင်း ပါတယ်။အဲ့ဒီအချိန်ကဖဆပလလက်အောက်မှာကျန်ရှိနေတဲ့ဗမာတပ်အချို့ ဟာလည်း မတက် မကြွဖြစ်နေလို့  ကရင်၊ကချင်စတဲ့တပ်များကိုလွှတ်ပြီး အားလုံးသတ်၊အားလုံးမီးရှို့ ဆိုတဲ့အမိန့်  နဲ့  စစ်ဆင်ရေးလုပ်ခိုင်းခဲ့ပါတယ်။ လယ်သမားသမဂ္ဂရှိတဲ့ ကျေးရွာတိုင်းကို ကွန်မြူနစ်ရွာများ လို့ သတ်မှတ်ခဲ့ကာ အကုန်သတ်၊အကုန်ရှို့ ဆိုတဲ့ စစ်ဆင်ရေးအမိန့် ချမှတ်ခဲ့တယ်။ ဒီအမိန့်  ဟာ မြန်မာလယ်သမားထုကြီးကို အတိဒုက္ခရောက်ခဲ့ရတယ်။
ဖဆလပခေတ်လယ်ယာမြေဥပဒေ
 မြန်မာနိုင်ငံမှာ အာဏာအစိုးရအဆက်ဆက်က လယ်ယာမြေဥပဒေတွေကို သတ်မှတ်ပြဌာန်း ကြတယ်။ ဖဆပလအစိုးရက ၁၉၅၃ခုနှစ်မှာ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေကို ပြဌာန်း ခဲ့ပါတယ်။ မြန်မာမင်းအဆက်ဆက်မှာ တိုင်းပြည်ရဲ့ မြေထု၊ရေထု၊လေထုတို့ ကို နိုင်ငံတော် ကပိုင်သည်ဆိုကာ အစဉ်အဆက်သတ်မှတ်ပြဌာန်းပါတယ်။ တနည်းအားဖြင့် အဓိပ္ပါယ်ဖွင့်ဆို ပါက နိုင်ငံတော်ဆိုသည်မှာလည်း အုပ်ချုပ်နေတဲ့မင်း(သို့ မဟုတ်)အစိုးရပဲဖြစ်ပါတယ်။ ၁၉၅၃ ခုနှစ်လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေပုဒ်မ(၄)အရမြန်မာနိုင်ငံတ၀ှမ်းလုံးမှာလယ်ယာမြေ ကို ပေါင်နှံခြင်း၊ရောင်းချခြင်း၊လွဲပြောင်းခြင်း၊ခွဲစိတ်ခြင်းများကို လယ်ယာမြေပိုင်ဆိုင်သူအနေနဲ့  မိမိတဦးတည်းသဘောထားအရ လုပ်ပိုင်ခွင့်မရှိကြောင်း၊ ပုဒ်မ(၉)နဲ့ ပုဒ်မ(၁၀)အရ ကင်းလွှတ် ခွင့်ပေးခြင်းခံရတဲ့တောင်သူလယ်သမားများဟာမိမိတို့ ရဲ့ လယ်ယာမြေကိုသက်ဆိုင်ရာအာဏာ ပိုင်များရဲ့ သဘောတူညီချက်အရသာ လက်လွဲပြောင်းနိုင်ခွင့်နဲ့ ခွဲစိတ်ခွင့်ရှိကြောင်း၊ပုဒ်မ(၁၀)နဲ့  ပုဒ်မ(၁၂)တို့ အရတောင်သူလယ်သမားဘ၀ကို မစွန့် လွှတ်ရခြင်း၊လယ်မြေကိုပလပ်မြေအဖြစ် မထားရ၊သီးစားမချရဆိုတဲ့အချက်တွေဟာလယ်သမားများကိုလယ်ယာတကယ်ပိုင်ဆိုင်ခွင့်မရှိ ကြောင်းကိုဥပဒေအရသတ်မှတ်ထားပြီးဖြစ်တယ်။ဒါကြောင့်အာဏာရအစိုးရအဆက်ဆက်ပြောဆိုတဲ့ “လယ်လုပ်သူလယ်ပိုင်ရမယ်” ဆိုတဲ့ကြွေးကြော်သံဟာ အမြီးအမောက်မတည့်သလို ဖြစ်နေတယ်။ဖဆပလအစိုးရလက်ထက်ဆန်တင်ပို့ မှုမှရရှိတဲ့ဝင်ငွေကိုအောက်ပါစာရင်းဇယား အတိုင်းတွေ့ ရတယ်။
နှစ်
၁၉၅၁-၅၂
၁၉၅၂-၅၃
၁၉၅၃-၅၄
၁၉၅၄-၅၅
၁၉၅၅-၅၆
ကျပ်ငွေ-သန်း
၈၁၀
၁၀၁၉
၈၄၀
၈၄၅
၈၇၇

တော်လှန်ရေးကောင်စီခေတ်မြေယာဥပဒေ
တော်လှန်ရေးကောင်စီလက်ထက်မှာ၁၉၆၃ခုနှစ်လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေ၊သီးစားချထားရေးဥပဒေ၊တောင်သူလယ်သမားများအခွင့်အရေးကာကွယ်တဲ့ဥပဒေများကိုထုတ်ပြန်ခဲ့တယ်။တော်လှန်ရေးကောင်စီမှ ဆိုရှယ်လစ်စံနစ်ကို အခြေခံတဲ့ လယ်ယာမြေပေါ်လစီတွေဟာ လယ်သမားများအား သတ်မှတ်ထားတဲ့ဈေးနဲ့ အညီ ရောင်းချရေး၊ သတ်မှတ်နှုန်းထားအတိုင်း ကုန်ထုတ်လုပ်ရေး(quota of production)၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို ချုပ်ကိုင်ရေး၊ အမိန့် အမှတ် ၁၀/၆၄အရ ကောက်ပဲသီးနှံ့ ၂၁မျိုးအား ကုန်သွယ်ရောင်းဝယ်မှုကို အစိုးရမှ တားမြစ်ပိတ်ပင်ရေး၊၁၉၆၃ခုနှစ်သီးစားချထားခွင့်ဥပဒေအရ မြို့ နယ်၊ကျေးရွာများမှာ လယ်ယာ မြေကော်မီတီများဖွဲ့ စည်းကာသီးစားချထားခွင့်လုပ်ကိုင်ရေးတို့ ဖြစ်တယ်။၁၉၆၃ခုနှစ်လယ်ယာ မြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေအရသတ်မှတ်စပါး၊တာဝန်မကျေပွန်သောလယ်သမားရဲ့လယ်ယာ မြေကို စည်းကမ်းပျက်လယ်အဖြစ် လုပ်ကိုင်ခွင့်ပယ်ဖျက်ကာအစိုးရမှသိမ်းယူနိုင်ပါတယ်။ ဒါ့ အပြင် ၁၉၆၃ခုနှစ် သီးစားချထားရေးဥပဒေပုဒ်မ(၃)အရ အစိုးရက မည်သည့်လယ်ယာကိုမဆို သီးစားချထားနိုင်ကြောင်း ပြဌာန်းထားတယ်။ ဒီပုဒ်မ(၃)အရ ပုဂ္ဂလိကမြေရှင်များရဲ့ သီးစား ချထားခွင့်ရပ်စဲသွားကာ အစိုးရကမြေရှင်နေရာကို ၀င်ယူလိုက်ခြင်းဖြစ်တယ်။ အကျိုးရလဒ်ဟာ အစိုးရလက်ဝါးကြီးအုပ်မြေရှင်စံနစ်ဖြစ်ထွန်းခဲ့ကာ အစိုးရကိုယ်တိုင်လယ်သီးစားချလာတယ်။ ၁၉၆၃ခုနှစ် သီးစားချထားရေးဥပဒေရဲ့  ပုဒ်မ(၆)အရ အစိုးရက သီးစားချထားတဲ့ လယ်ယာမြေ များမှာ စိုက်ပျိုးလုပ်ကိုင်ခွင့်နဲ့ သက်ဆိုင်တဲ့ သီးစားလယ်သမားလိုက်နာရမယ့် စည်းကမ်းချက် များသတ်မှတ်နိုင်တယ်လို့ ဖော်ပြထားတယ်။ ၁၉၆၅ခုနှစ်ထုတ်ပြန်တဲ့ အမိန်ကြေညာစာမှာ “လယ်လုပ်သူ၊လယ်လုပ်ပိုင်ခွင့်” ပြဌာန်းချက်ဟာ “လယ်လုပ်သူ၊လယ်ပိုင်ခွင့်” ဆိုတဲ့အဆင့် ထက်နိမ့်ကျပါတယ်။ ၁၉၆၅ခုနှစ်မှာ ကောက်ပဲသီးနှံ(၆၄)မျိုးအား ကုန်သွယ်ရောင်းဝယ်မှုကို လည်းပိတ်ပင်ခဲ့တယ်။ တော်လှန်ရေးကောင်စီလက်ထက် ထုတ်ပြန်တဲ့ လယ်ယာမြေဆိုင်ရာ ဥပဒေများကြောင့် ၁၉၅၃ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေပုဒ်မ(၉)၊ပုဒ်မ(၁၀)အရ ပိုင်ဆိုင်ခွင့် သတ်မှတ်ပေးခဲ့တဲ့ လယ်ယာမြေများကိုပင် လယ်သမားများမှာ လက်လွှတ်ဆုံးရှုံး ခဲ့ကာ လယ်သီးစားဘ၀ကိုရောက်ခဲ့ရတယ်။
တော်လှန်ရေးကောင်စီခေတ်မှာ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲများကို အောက်ပါ အတိုင်း ရှစ်ကြိမ်တိုင်တိုင် ကျင်းပခဲ့ပါတယ်။
စဉ်
ကျင်းပသည့်နေရာ
ကျင်းပသည့်နေရက်

စစ်ကိုင်းတိုင်း၊အုန်းတောရွာ
ဟင်္သာတခရိုင်၊ဒူးယားရွာ
မြင်းခြံခရိုင်၊ပုပ္ပားတောင်ခြေ
တောင်ငူခရိုင်၊ ခပေါင်းစခန်း
ရန်ကုန်မြို့ ၊ကျိုက္ကဆံကွင်း
ရန်ကုန်မြို့ ၊ကျိုက္ကဆံကွင်း
ရန်ကုန်မြို့ ၊ကျိုက္ကဆံကွင်း
ရန်ကုန်မြို့ ၊ကျိုက္ကဆံကွင်း

၃၀ရက် ဒီဇင်ဘာလ ၁၉၆၂ခနှစ်-၁ရက် ဇန်န၀ါရီလ ၁၉၆၃ခုနှစ်
၃၀ရက် ဇန်န၀ါရီလ ၁၉၆၃ခုနှစ်-၁ရက် ဖေဖေါ်ဝါရီလ ၁၉၆၃ခုနှစ်
၃၀ရက် ဒီဇင်ဘာလ ၁၉၆၃ခုနှစ်- ၂ရက် ဇန်န၀ါရီလ ၁၉၆၄ခုနှစ်
၂ရက် မတ်လ ၁၉၆၄ခုနှစ်- ၅ရက် မတ်လ ၁၉၆၄ခုနှစ်
၂၆ရက် ဖေဖေါ်ဝါရီလ ၁၉၆၅ခုနှစ်- ၁ရက် မတ်လ ၁၉၆၅ခုနှစ်
၂၅ရက် ဖေဖေါ်ဝါရီ ၁၉၆၆ခုနှစ်- ၁ရက် မတ်လ ၁၉၆၆ခုနှစ်
၂၆ရက် ဖေဖေါ်ဝါရီ ၁၉၆၇ခုနှစ်- ၁ရက် မတ်လ ၁၉၆၇ခုနှစ်
၂၆ရက် ဖေဖေါ်ဝါရီ ၁၉၆၈ခုနှစ်- ၂ရက် မတ်လ ၁၉၆၈ခုနှစ်
 တော်လှန်ရေးကောင်စီကလယ်သမားနှီးနှောဖလှယ်ပွဲတွေပြုလုပ်ကာမြေယာတော်လှန်ရေးကို အသံကောင်းဟစ်ခဲ့သလို၊ ဇန်န၀ါရီလ(၁)ရက်နေ့ မှာ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ တောင်သူ လယ်သမားနေ့ ကိုလည်း စစ်တပ်ကအာဏာသိမ်းယူခဲ့တဲ့ မတ်လ(၂)ရက်နေ့ ကို သတ်မှတ် ပြောင်းလဲခဲ့ပါတယ်။စစ်ဗိုလ်များဦးဆောင်ကာ မြေယာကော်မီတီတွေဖွဲ့ ပြီး လယ်ယာမြေပိုင်ရှင် များထံမှလယ်ယာမြေများကို အခကြေးငွေမပေးပဲအဓမ္မသိမ်းယူကြတယ်။ အချို့ ဒေသများမှာ မြေယာကော်မီတီမှ စစ်ဗိုလ်များရဲ့ အသိမ်းကောင်းမှုကြောင့် သူများမယားများကိုပါ သိမ်းယူ သွားခဲ့တယ်။ လွတ်လပ်တဲ့ တောင်သူလယ်သမားသမဂ္ဂတွေကိုဖျက်သိမ်းပြီး ပြည်သူ့ တောင် သူလယ်သမားကောင်စီကို စစ်ဗိုလ်များမှဦးဆောင်ကာ မတ်လ(၂)ရက်နေ့ ၊၁၉၆၇ခုနှစ်မှာ ဖွဲ့  စည်းခဲ့တယ်။ အဲ့ဒီနှစ်ထဲမှာပဲ မြန်မာနိုင်ငံမှာ ဆန်ရှားပါးမှုဖြစ်ခဲ့လို့  ရခိုင်ပြည်မှ ပြည်သူတွေ ဆန်ရရှိရေးဆန္ဒပြပွဲအား သတ်ဖြတ်နှိမ်းနင်းခဲ့တယ်။ တောင်းတာကဆန်၊ ပေးတာကကျည်ဆံ ဆိုပြီးပြောစမှတ်တွင်ခဲ့တယ်။ ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ ကို ဖွဲ့ စည်းပြီး တောင်သူ လယ်သမားများရဲ့  လွတ်လပ်စွာရောင်းဝယ်ခွင့်ကို ထိမ်းချုပ်ခဲ့တယ်။

မဆလခေတ်လယ်ယာမြေအခြေအနေ
  တော်လှန်ရေးကောင်စီမှနေ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုကာ အမည်ပြောင်းခဲ့တယ်။ ၁၉၇၄ဖွဲ့ စည်းပုံဥပဒေ၊အပိုဒ်(၁)မှာ “နိုင်ငံတော်သည် ရေ၊မြေ၊လေတို့ အချုပ်အချာအာဏာ ပိုင်ရှင်ဖြစ်သည်”ဆိုကာပြဌာန်းထားပါတယ်။မဆလအစိုးရခေတ်မှာ ဆန်စပါးရောင်းဝယ်ရေးကို ကုန်သွယ်ရေးဝန်ကြီးဌာနမှ လုပ်ကိုင်ခဲ့တယ်။ ၁၉၇၈ခုနှစ်မှာ ကုန်သွယ်ရေးဝန်ကြီးဌာနက ၂/၇၈ နဲ့  ၃/၇၈ ဆိုတဲ့အမိန့် ကြေညာစာတွေကို ထုတ်ပြန်ခဲ့တယ်။ ဒီအမိန့် မှာ နိုင်ငံတော်မှ စိုက်ပျိုးမြေအားလုံးရဲ့ ပိုင်ရှင်ဖြစ်ကြောင်း၊နိုင်ငံတော်မှ ခွင့်ပြုထားတဲ့ ဆန်စပါးနဲ့ ကောက်ပဲသီးနှံ များကိုသာစိုက်ပျိုးရမည်ဖြစ်ကြောင်း၊သတ်မှတ်ထားတဲ့အခွန်နှုန်းထားအတိုင်းစိုက်ပျိုးသီးနှံများ အားနိုင်ငံတော်ကိုရောင်းချရမည်ဖြစ်ကြောင်းကြေညာတယ်။စပါးမရောင်းချနိုင်တဲ့လယ်သမားအားတာဝန်မကျေသူအဖြစ်သတ်မှတ်ကာလယ်မြေကိုသိမ်းယူခြင်း၊ဖမ်းဆီးခြင်းများပြုကြတယ်။ မဆလခေတ်တလျှောက်လုံးမှာ လယ်သမားတွေဟာ တာဝန်ကျေစပါး၊ စေတနာစပါးဆိုပြီး နာမည်လှလှတွေနဲ့ ကင်ပွန်းတပ်ထားတဲ့စီမံကိန်းတွေအောက်မှာအလူးအလဲခံရတယ်။ မဆလ ခေတ်မှာ စပါးစိုက်ဧက(၁၂.၉)သန်းရှိပါတယ်။
န၀တ/နအဖခေတ်မြေယာပေါ်လစီ
 မဆလခေတ်မှာ ဗဟိုမှချုပ်ကိုင်ထားတဲ့ စီမံကိန်းစီးပွားရေးစံနစ်ဖြစ်ကာ န၀တ/နအဖခေတ်မှာ တော့ ဈေးကွက်စီးပွားရေးစံနစ်ကို ကျင့်သုံးလာတယ်။ န၀တ/နအဖ စစ်ဗိုလ်တွေကျင့်သုံးတဲ့ မြေယာပေါ်လစီဟာလည်းမဆလခေတ်ဥပဒေများကိုပဲကျင့်သုံးပါတယ်။၁၉၈၈ခုနှစ်မှာ စိုက်ပျိုး ရေးဝန်ကြီးဌာနမှ  လယ်ယာမြေပေါ်လစီနဲ့ ပက်သက်လို့  အများပြည်သူနဲ့ ဆိုင်တဲ့(public sector)၊ သမ၀ါယမနဲ့ ဆိုင်တဲ့(cooperative sector) ၊ တသီးပုဂ္ဂလနဲ့ ဆိုင်တဲ့ (private sector)များအားလွတ်လပ်စွာစိုက်ပျိုးရောင်းချခွင့်ရှိရေး၊ လယ်ယာမြေဖွံ့ ဖြိုးရေးအတွက်လယ် သမားများအားစိုက်ပျိုးခွင့်အာမခံချက်ရှိရေး၊စိုက်ပျိုးသူတိုင်းအား စိုက်ပျိုးခွင့်အာမခံချက်ရှိရေး၊ လယ်သမားများအာား ဓါတ်မြေသြဇာနဲ့ လယ်ယာသုံးစက်ကရိယာများဝယ်ခွင့်ရှိရေး၊ တိုင်းပြည် ဖွံ့ ဖြိုးရေး၊ဈေးကွက်စီးပွားဖွံ့ ဖြိုးရေးတို့ အတွက် စိုက်ပျိုးမြေများအား ဖွံ့ ဖြိုးရေးစီမံကိန်းများမှာ အသုံးပြုခွင့်ရှိရေးဆိုကာ အမိန့် ကြေညာစာထုတ်ပြန်တယ်။ မဆလခေတ်မြေယာဥပဒေကို ကျင့်သုံးတဲ့ နအဖစစ်ဗိုလ်များက တမူထူးကာ သူတို့ ခေတ်မှာ စပါးစိုက်ဧက(၁၈)သန်း ရှိ ကြောင်းထုတ်ဖော်ကြေညာတယ်။ မြန်မာနိုင်ငံတ၀ှမ်းမှာ စိုက်ပျိုးနိုင်တဲ့ ဧက(၄၅)သန်းရှိပါ တယ်။ ၂၀၀၅ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ နအဖရဲ့ လယ်ယာမြေစာရင်းအရဆိုပါက မြန်မာနိုင်ငံရဲ့  လက်ရှိအသားတင် စိုက်ပျိုးမြေနှုန်းထားဟာ ဧက(၂၆.၆)သန်းပဲရှိနေတာကို အောက်ပါဇယား အတိုင်းတွေ့ ရပါတယ်။




စဉ်
အမျိုးအမည်
၂၀၀၅ခုနှစ်
စိုက်ပျိုးမြေဧရိယာဧက(သန်း)
မိုးစပါးစိုက်ဧက(သန်း)
နွေစပါးစိုက်ဧက(သန်း)
စုစုပေါင်းစပါးအထွက်တင်း(သန်း)
တဧကအထွက်နှုန်း(တင်း)
၂၆.၆
၁၅.၀၄
၃.၄၄
၁၂၀၀
၇၀


ကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့ တွက်ချက်မှုအရ မြန်မာနိုင်ငံတ၀ှမ်းလုံးမှာ မိုးစပါး၊နွေစပါး အပါ အ၀င် စိုက်ပျိုးမြေဧက(၁၆)သန်းသာ စိုက်ပျိုးတယ်လို့ သိရတယ်။ တနိုင်ငံလုံးရဲ့ လက်ရှိ စုစုပေါင်းစိုက်ပျိုးမြေဧက (၂၆.၆)သန်းမှာ မြေဧက(၃)သန်းခန့် ဟာ ပလပ်မြေတွေဖြစ်နေကာ တကယ်တမ်းစိုက်ပျိုးမြေဟာဧကသန်း(၂၀)ကျော်ပဲရှိပါတယ်။စိုက်ပျိုးမြေဧကသန်း(၂၀) ကျော် ထဲမှမြေဧကထောင်ပေါင်းများစွာကိုလည်း ဗိုလ်ချုပ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေက လက်ဝါး ကြီးအုပ်ထားတယ်။ နအဖခေတ်ရဲ့ စပါးထွက်ရှိနှုန်းကိုအောက်ပါစာရင်းဇယားအတိုင်းတွေ့ နိုင် တယ်။
နှစ်
၁၉၉၆-၉၇
၁၉၉၇-၉၈
၁၉၉၈-၉၉
၁၉၉၉-၀၀
၂၀၀၀-၀၁
တန်ချိန်
(၁၀၀၀တန်နှုန်းနဲ့  တွက်ချက်ထား)

၁၇,၃၉၇.ဝ
၁၆,၃၉၁.၂
၁၆,၈၀၇.၈
၁၉,၈၀၈.ဝ
၂၀,၉၈၆.၉

ခရိုနီလယ်ယာမြေ
 ခရိုနီလယ်ယာမြေစံနစ်ဟာ မရှိဆင်းရဲသားလယ်သမားများအပေါ် ခေါင်းပုံဖြတ်နေခြင်းဖြစ် တယ်။မြန်မာနိုင်ငံမှာတရားမျှတတဲ့ဥပဒေများကျင့်သုံးနိုင်ခြင်းမရှိသေးသလို၊မြေယာဝေခြမ်းရေး လုပ်ငန်းများဟာလည်းမသမာမှုများနဲ့ ပြည့်နှက်တယ်။ ရေနက်ကွင်းစပါးစီမံကိန်းမှာ ဗိုလ်ချုပ် ကြီးသူရရွှေမန်းနဲ့ သားပေး၊သမီးပေးလုပ်ခဲ့တဲ့ ကမ္ဘောဇဦးခင်ရွှေဟာ မြေဧကထောင်နဲ့ ချီကာ လုပ်ကိုင်ခွင့်ရခဲ့တယ်။မြန်မာ့စီးပွားရေးလောကမှာထိပ်တန်းရောက်နေတဲ့ဦးတေဇရဲ့ ထူးထရိတ် ဒင်းကုမ္ပဏီဟာ တနင်္လာရီတိုင်းမှာ ရာဘာနဲ့ ဆီအုန်းအတွက်ဆိုပြီး မြေဧကထောင်ပေါင်းများ စွာလုပ်ခွင့်ရထားသလို၊ ယုဇနကုမ္ပဏီပိုင်ရှင်ဦးဌေးမြင့်ဟာလည်း ကချင်ပြည်နယ်၊ဟူးကောင်း
ချိုင့်ဝှမ်းဒေသမှတနင်္လာရီကမ်းရိုးတန်းအထိမြေဧကများစွာရထားတယ်။တခြားကုမ္ပဏီများဟာ လည်း မြေဧကထောင်နဲ့ ချီပြီး ရထားတာကို အောက်ပါစာရင်းအတိုင်း တွေ့ ရတယ်။

၁၉၉၉ခုနှစ်မှာ စီးပွားရေးကုမ္ပဏီများအား မြေယာအသုံးချခွင့် ဇယား
စဉ်
ကုမ္ပဏီအမည်
ဒေသအမည်
မြေယာအသုံးချဧက



၁၀

၁၁
၁၂
၁၃
၁၄
၁၅

၁၆
၁၇

၁၈

၁၉


အာရှကမ္ဘာ
ဒဂုံအင်တာနေရှင်နယ်လ်
မြန်မာဘီလျှံအစု
ယုဇန
ဝန်ဆောင်မှုအင်တာနေရှင်နယ်လ်
(Service International)
ရွှေမိသားစု
ရွှေသဇင် syndicate
အိုလံပစ်
အောင်ထိန်မင်း

ကုမ္ပဏီအငယ်များ

ပြည်ထဲရေးဝန်ကြီးဌာန
စည်ပင်-ဌာန
ဒဂုံစိုက်ပျိုးရေး
Golden Plough
Steel Stone

SI Limited
ယုဇန

အိုလံပစ်

ကုမ္ပဏီအငယ်များ

မကွေးတိုင်း
ထိပ်ဗိုလ်ကန်၊ဆားလင်းမြို့ နယ်
ရေပေါက်ကြီး၊ပွင့်ဖြူမြို့ နယ်
မြို့ စားဘို၊မင်းဘူးမြို့ နယ်
ကျည်းကန်၊မင်းဘူးမြို့ နယ်၊ကန်တုတ်၊မင်းလှ
ငဖဲမြို့ နယ်၊ဆားလင်းမြို့ နယ်

ကိုးပင်၊ဆင်ပေါင်ဝဲမြို့ နယ်
သာစည်မြို့ နယ်၊ဆင်ပေါင်ဝဲမြို့ နယ်
ဆင်ပေါင်ဝဲမြို့ နယ်
ရေတွက်းကုန်း၊တောင်တွင်းကြီးမြို့ နယ်၊
ရွှေပန်းတော၊အောင်လံမြို့ နယ်

ရန်ကုန်တိုင်း
ဆင်ကန်၊တိုက်ကြီးမြို့ နယ်
ဆင်ကန်၊တိုက်ကြီးမြို့ နယ်
ထန်းတပင်မြို့ နယ်
ဆင်ကန်၊တိုက်ကြီးမြို့ နယ်
မှော်ဘီ၊တိုက်ကြီး၊ထန်းတပင်
ဧရာဝတီတိုင်း
ညောင်တုန်းမြို့ နယ်၊ဓနုဖြူမြို့ နယ်
ပန်းတနော်မြို့ နယ်
ပန်းတနော်မြို့ နယ်
ပန်းတနော်မြို့ နယ်
ဓနုဖြူ


၁၉၈ ၄၀၀
၁၀, ၀၀၀
၃၆, ၀၀၀
၂၉,၀၀၀
၃၀,၀၀၀
၄၀,၀၀၀

၁၀,၀၀၀
၂၀,၀၀၀
၅,၀၀၀
၇,၀၀၀

၁၁,၄၀၀
၂၈,၅၈၀
၂,၀၀၀
၁,၅၀၀
၁၈,၀၀၀
၂,၀၈၀
၅,၀၀၀
၂၄၄,၃၄၃
၃၀,၀၀၀
၂၀, ၃၈၀
၁,၅၀၀
၁၀,၆၅၀
၁၀,၀၀၀
၁၇၁,၈၁၃




စုစုပေါင်း
၄၇၁,၃၂၃
 အုပ်ချုပ်ရေးနဲ့ မြေယာဝေငှရေးကို ဗိုလ်ချုပ်ကြီးတွေအနေနဲ့ လက်ဝါးကြီးအုပ် လုပ်ကိုင်ကြ တယ်။ ရန်ကုန်-ပဲခူးကားလမ်းပေါ်မှ မိုင်တိုင်အမှတ် ၃၇-၃၈အကြားနေရာမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမြေဧက(၂၀၀)၊ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးကမြေဧက(၄၀၀)၊ ဒုဗိုလ်ချုပ်ကြီးအေး သောင်ကမြေဧက(၄၀၀)၊ ဒုဗိုလ်ချုပ်ကြီးတင်ဦးကဧက(၂၀၀)ကျော်၊ ရှေ့ နေချုပ်ဦးသာဒွန်းက ဧက(၂၅၀)၊တရားသူကြီးချုပ်ဦးအောင်တိုးကသမီးအမည်နဲ့ ဧက(၂၅၀)တို့ ကိုရယူခဲ့တယ်။ ဒါ့ အပြင်စစ်တပ်စခန်းတွေကလည်းတပ်ရိက္ခာအတွက်ဆိုပြီးအကြောင်းပြချက်နဲ့ လယ်သမားတွေ ဆီမှလယ်မြေများစွာကို အခကြေးငွေမပေးပဲ အဓမ္မသိမ်းယူတယ်။ လက်ဝါးကြီးအုပ်သိမ်းပိုက် ထားတဲ့ လယ်မြေတွေကိုလည်း လယ်သမားတွေဟာ အခမဲ့သွားရောက်လုပ်ကိုင်ပေးရတယ်။ ဈေးကွက်စီးပွားရေးစံနစ်အောက်မှာ လယ်သမားတွေနဲ့ စီးပွားရေးကုမ္ပဏီတွေရဲ့ အခွင့်အလမ်း ကွာဟချက်များကို အောက်ပါအတိုင်းတွေ့ ရတယ်။

၁၉၉၉ခုနှစ် လယ်သမားနှင့် စိုက်ပျိုးရေးကုမ္ပဏီများ လယ်ယာမြေ အသုံးချပိုင်ခွင့် နှိုင်းယှဉ်ချက်ဇယား
နှိုင်းယှဉ်ချက်
လယ်သမား
ကုမ္ပဏီ
ခွင့်ပြုနှုန်း
ဓါတ်မြေသြဇာဝယ်ယူခွင့် အမိန့်  မရ၊ စိုက်ပျိုးရေးချေးငွေမရ
အခွန်သက်ညှာခွင့်၊စိုက်ပျိုးရေးချေးငွေနဲ့ လယ်ယာ သုံးစက်ကရိယာများ၊ဓါတ်မြေသြဇာနဲ့ ပိုးသတ်ဆေး များတင်သွင်းခွင့်ရ
မြေပမာဏ
၃ဧကမှ ၅ဧက (ပျမ်းမျှ)
၅၀၀၀ဧက
အသုံးပြုခွင့်စံ
နစ်
သီးစားချစံနစ်(နှစ်စဉ်)
၃၀နှစ်
ဆန်စပါးရောင်းခွင့်
၁၂တင်းမှ ၁၄တင်းအာဏာပိုင်အ
ဖွဲ့ များနဲ့  စစ်တပ်အားဈေးကွက်
နှုန်းတ၀က်အောက်လျော့ရောင်းရ
၅၀ရာခိုင်နှုန်းပြည်ပတင်ပို့ ခွင့်၊၅၀ရာခိုင်နှုန်း ဈေးကွက်ပေါက်ဈေးအတိုင်းရောင်းခွင့်ရ
တိုင်းပြည်မှ
ထောက်ပံ့မှု
တိုးတက်ရေးအခြေခံအဆောက်အအုံမရှိ
မြေတူးဖော်မှု၊ရေမြောင်းတူးဖော်မှု၊လမ်း၊တံတားဆက်သွယ်ရေးစံနစ်များကိုရရှိ
တိုင်းပြည်မှတာဝန်ယူမှု
အာဏာပိုင်စီမံကိန်းများမှာ အဓမ္မ စေခိုင်းခံရ၊ထွန်ယက်ထားတဲ့လယ်ယာမြေများအား စစ်တပ်ရဲ့  သိမ်းဆည်းမှုခံရ
ကုမ္ပဏီစီးပွားရေးကိစ္စများအား စွက်ဖက်တာဝန်ယူမှုမပြု

 အာဏာပိုင်တွေနဲ့ အစွယ်အပွားကုမ္ပဏီတွေရဲ့ မတရားလယ်မြေသိမ်းပိုက်မှုများအားသည်းညီး မခံနိုင်တော့တဲ့အတွက်ပဲခူးတိုင်း၊ဒိုက်ဦး၊ဝေါအစရှိတဲ့မြို့ နယ်တွေမှလယ်သမား(၂၀) ကျော်ဟာ ရန်ကုန်မြို့ မှာရှိတဲ့ ကမ္ဘာ့အလုပ်သမားအဖွဲ့ ချုပ်ရဲ့ ဆက်သွယ်ရေးရုံးကို ၂၀၀၅ခုနှစ်အတွင်းမှာ တိုင်ကြားခဲ့ပါတယ်။ ဒီကိစ္စကိုလိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့ နေဦးအေးမြင့်ကိုလည်း မတရား ဖမ်းဆီးထောင်ချခဲ့တယ်။



ဆည်တွေဆောက်လို့ လယ်တွေပျောက်ရ
  ရေလှောင်တမံဆောက်လုပ်မှု စီမံကိန်းတွေကြောင့် လယ်မြေများစွာ အသိမ်းပိုက်ခံရတယ်။
ရန်ကုန်တိုင်း၊လှည်းကူးမြို့ နယ်၊ဖောင်ကြီးကျေးရွာအနားမှာဆောက်လုပ်ခဲ့တဲ့ငမိုးရိပ်ရေလှောင် တမံစီမံကိန်းကြောင့် ၀ါကြောင်းအရှေ့ ၊၀ါကြောင်းအနောက်၊ပုတ်သင်ညိုကျေးရွာအုပ်စုတို့ မှ ရွာပေါင်း(၁၃)ရွာ၊အိမ်ခြေ(၁၄၀၀)ကျော်၊လယ်မြေဧကထောင်နဲ့ ချီပြီး အသိမ်းပိုက်ခံခဲ့ရတယ်။ လူဦးရေ (၃၀၀၀၀)ခန့် လည်း အတိဒုက္ခဆိုက်ရောက်ခဲ့တယ်။ ရွာတွေကိုအတင်းအဓမ္မရွေ့  ပြောင်းနေမှုတွေဟာ လယ်ယာမြေတွေပျက်ဆီးစေသလို၊မရိတ်သိမ်းရသေးတဲ့ ကောက်ပဲသီးနှံ တွေလည်း ပျက်ဆီးစေတယ်။ ဆည်မြောင်းတာတမံတွေဆောက်မှုရဲ့ အကျိုးဆက်အနေနဲ့  ဌာနေလယ်သမားတွေရဲ့  ဘ၀ကိုပျက်ဆီးစေခြင်း၊ လယ်ယာမြေတွေအသိမ်းခံရခြင်း၊ သဘာဝ ပတ်ဝန်းကျင်တွေပျက်သုန်းစေခြင်း၊ မြေအောက်ရေလွှာကိုပြောင်းသွားစေနိုင်ခြင်း၊ မြစ်ချောင်း
တွေကောသွားစေနိုင်ခြင်း တို့ ကိုကြုံတွေ့ ရတယ်။ အဆိုးဆုံးကတော့ ရာသီဥတုဖောက်ပြန် နိုင်တယ်။ မြန်မာနိုင်ငံမှာကြုံတွေ့ ခဲ့ရတဲ့ ၁၉၉၇ခုနှစ်အတွင်းမှာ ရန်ကုန်၊ပဲခူး၊ဧရာဝတီတိုင်း တွေမှာ ရေကြီးလို့ လယ်မြေဧက(၈)သန်းပျက်ဆီးရမှု၊နှင်းခါးမိုးရွာသွန်းမှု၊အပူ-အအေး လွန်ကဲ မှုစတဲ့ ရာသီဥတုဖောက်ပြန်မှုတွေဟာ မဆင်မခြင်ပဲရေကာတာတွေဆောက်လုပ်မှု၊သစ်တော တွေခုတ်မှုတွေနဲ့ အများကြီးပက်သက်နေတယ်။ ရေကာတာတွေဆောက်တိုင်း လယ်ယာမြေ ကိုရေလုံလောက်စွာ ပေးဝေနိုင်ခြင်းမရှိပါ။ ဆည်တွေနဲ့ အလှမ်းဝေးတဲ့ လယ်တွေဆို လုံးဝကို ရေမရရှိပါ။ ဆည်တွေနဲ့ အလှမ်းနီးတဲ့ လယ်တွေရရှိဖို့ အတွက် လယ်သမားတွေအနေနဲ့  ဆည်မြောင်းဌာနကို ဒီဇယ်ဆီဖိုးပေးမှသာရေရရှိတယ်။ဗိုလ်ချုပ်ကြီးဟောင်းတဦးဖြစ်တဲ့ သမတ ဦးသိန်းစိန်အစိုးရမှ အရင်ကဆောက်ခဲ့တဲ့ ဆည်တွေရဲ့ ရာခိုင်နှုန်းတ၀က်ကျော်ဟာ အကျိုး မဖြစ်လို့ စဉ်းစားကိုင်တွယ်သွားမယ်လို့  ထုတ်ဖော်ပြောဆိုလာတယ်။
နားလှည့်ပြီးပါးရိုက်
 မရှိဆင်းရဲသားတွေအပေါ်မှာ ခေါင်းပုံဖြတ်အမြတ်ထုတ်နေမှုများဟာ သန့် ရှင်းတဲ့အစိုးရတရပ် ရဲ့ အုပ်ချုပ်ရေးမဖြစ်နိုင်ပါ။ အောက်ခြေမှာကြုံတွေ့ နေရတဲ့ လယ်သမားတွေရဲ့ ဓါတ်မြေသြဇာ မလုံလောက်မှု၊စိုက်ပျိုးရေးစရိတ်မြင့်မားမှု၊လုပ်အားနဲ့ အကျိုးအမြတ်ကွာဟမှုစတဲ့ အခက်အခဲ တွေကိုအုပ်ချုပ်သူအာဏာပိုင်တွေကအရေးတယူဆောင်ရွက်ပေးခြင်းမျိုးမရှိပါ။မဖြစ်စလောက်စိုက်ပျိုးရေးချေးငွေဆိုကာ လယ်သမားတွေအပေါ် ငွေထုတ်ချေးပါတယ်။၁၉၉၆ခုနှစ်စာရင်းအရ ပဲခူးတိုင်းအတွင်းမှာလယ်တဧကစိုက်ပျိုးစရိတ်ချေးငွေဟာကျပ်(၁၀၀၀)ဖြစ်ပြီး၊အချို့ ဒေသများ မှာကျပ်(၇၀၀)သာချေးပါတယ်။ ချေးငွေဟာလည်းတာဝန်ကျေစပါးပေးသွင်းနိုင်တဲ့ လယ်သမား ကိုပဲထုတ်ချေးတာဖြစ်တယ်။ဒီချေးငွေထဲကနေဟိုအသင်းရန်ပုံငွေ၊ဒီအဖွဲ့ ရန်ပုံငွေအစရှိတဲ့နည်း တွေနဲ့ အတင်းအကြပ်ငွေကောက်ခံလို့ တကယ်တမ်းလယ်သမားရတဲ့ချေးငွေဟာအပြည့်အ၀ မဟုတ်တော့ပဲတ၀က်ခန့် သာရရှိတယ်။နအဖရဲ့ GECခေါ်ဝန်ထမ်းသမမှကျပ်ငွေ(၂၁၀၀)ချေး ယူပါက (၆)လအကြာမှာ လယ်သမားကအတိုးသက်သက်ပဲ ကျပ်(၃၀၀၀)ဆပ်ရကြောင်းသိရ တယ်။ဒီအတိုးနှုန်းထားဟာငွေ(၁၀၀)ကိုတလအတိုး(၂၄)ကျပ်နှုန်းဖြစ်နေလို့ လယ်သမားတွေ ရဲ့ ဘ၀ဟာကြွေးသံသရာထဲမှလွှတ်မြောက်နိုင်ဖွယ်မရှိပါ။နအဖရဲ့ စိုက်ပျိုးစရိတ်ချေးငွေ ဆိုတာ ဟာလည်း လယ်သမားရဲ့ ကုန်ထုတ်လုပ်မှု အကျိုးအမြတ်ကို ဂုတ်သွေးဆုပ် အမြတ်ထုတ်ခြင်း၊
ချေးငွေကို သီးစားခသဘောမျိုးနဲ့ သီးနှံနဲ့ ပြန်ဆပ်ရခြင်း၊သီးနှံနဲ့ ပြန်ဆပ်ရာမှာလည်း အပြင် ပေါက်ဈေးထက်လျော့ပြီး သတ်မှတ်ထားတဲ့ဈေး နဲ့ ပြန်ဆပ်ရခြင်းတို့ ဖြစ်ပါတယ်။ ပိုပြီးရှင်း အောင်ပြောရရင်နအဖထံမှလယ်သမားတယောက်ဟာစိုက်ပျိုးစရိတ်ချေးငွေ(၁၀၀၀)ယူထားပါကအတိုးနှုန်းက(၁၀၀)ကို တလ(၂၄)ကျပ်နှုန်းနဲ့ ဆို (၆)လကြာလို့ တိုးရင်းပေါင်းပြန်ဆပ်ပါက (၂၄၄၀)ကျပ်ဆပ်ရမှာဖြစ်တယ်။
 နအဖကချေးငွေကိုငွေကြေးနဲ့ မဆပ်ခိုင်းပဲသီးနှံနဲ့ သာဆပ်ခိုင်းနေခြင်းနဲ့ ဆပ်ခိုင်းရာမှာလည်း အပြင်ပေါက်ဈေးထက်ဈေးနှိမ်ထားလို့ လယ်သမားတွေအနေနဲ့ များစွာပဲထိခိုက်နစ်နာရတယ်။ ဥပမာအနေနဲ့ အပြင်ပေါက်ဈေးမှာ စပါးတင်းတတင်းကို (၁၀၀၀)ကျပ်ပေါက်နေတယ်ဆိုပါက နအဖသတ်မှတ်ဈေးကစပါးတင်းတတင်း(၁၀၀)ကျပ်လောက်ဖြစ်နေတဲ့အတွက် စိုက်ပျိုးစရိတ်
ချေးငွေ(၁၀၀၀)ယူထားတဲ့လယ်သမားဟာ(၆)လအကြာမှာပြန်ဆပ်ရင်တိုးရင်းပေါင်း(၂၄၄၀)ကျပ်ပြန်ဆပ်ရမှာဖြစ်ပြီး သီးနှံနဲ့ ပြန်ဆပ်ရတဲ့အတွက် စပါးတင်း (၂၄)တင်းကျော်ပြန်ဆပ်နေရ တယ်။ငွေကြေးနဲ့ သာပြန်ဆက်ခွင့်ရှိပါက လယ်သမားဟာ စပါးတင်းတတင်းအပြင်ပေါက်ဈေး အတိုင်းရောင်းပြီးဆပ်ပါကစပါးတင်းနှစ်တင်းကျော်သာဆက်ရမှာဖြစ်တယ်။သတ်မှတ်ဈေးအတိုင်းသီးနှံနဲ့ ဆပ်နေရတဲ့အတွက်လယ်သမားဟာစပါးတင်း(၂၂)တင်းခန့် နစ်နာဆုံးရှုံးနေရကာ ငွေကြေးပမာဏနဲ့ ဆိုရင်ကျပ်(၂၂၀၀၀)ခန့် နစ်နာနေရတယ်။၂၀၀၃ခုနှစ်မှာဆန်စပါးလွတ်လပ် စွာသယ်ယူရောင်းဝယ်ခွင့်ကိုနအဖမှအမိန့် ထုတ်ပြန်ခဲ့လို့ အပြင်ပေါက်ဈေးအတိုင်း ရောင်းဝယ် နိုင်မယ်ထင်ကာလယ်သမားများဝမ်းသာကြပါတယ်။၂၀၀၆ခုနှစ်မှာ ရန်ကုန်မြို့ မှာပေါ်ဆန်မွှေး ဆန်တပြည် (၉၅၀)ကျပ်၊ ဧည့်မထဆန် (၅၅၀)ကျပ်ဖြစ်ခဲ့လို့ ဆန်စပါးသယ်ယူခွင့်ကိုတားဆီး ထိန်းချုပ်ခဲ့ပြန်တယ်။၂၀၀၈ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့်လယ်သမားတွေဘ၀ဟာ နာလန်ထူနိုင်ခြင်းမရှိတော့ချေ။ဒါကြောင့်နအဖရဲ့စိုက်ပျိုးရေးစရိတ်ချေးငွေစနစ်ဟာလယ်သမား တွေအပေါ်“နားလှည့်ပြီးပါးရိုက်”နေခြင်းပဲဖြစ်တယ်။
ဝမရှိပဲဝိလုပ်
 မြန်မာနိုင်ငံမှာ လယ်ယာမြေဖိနှိပ်ရေးဥပဒေတွေမပျောက်ကွယ်သေးပဲနဲ့  ကျေးလက်ဖွံ့ ဖြိုးရေး ဆိုတာဖြစ်မလာနိုင်ပါဘူး။ လယ်သမားဘ၀တိုးတက်ရှင်သန်ရေး၊ လယ်ယာမြေပိုမိုအထွက်တိုး
ရေး၊သုတေသနနဲ့ နည်းပညာထောက်ပံ့ရေးတွေမလုပ်ကိုင်ပဲနဲ့ စိုက်ပျိုးရေးကဏ္ဍ မြင့်မားမလာ နိုင်ပါဘူး။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ စပါးထွက်ရှိရာဒေသများဖြစ်တဲ့ အန်ထောင်(Anthong) တို့ လိုဒေသများမှာ နွားနဲ့ ဖက်ရုန်းကာလယ်လုပ်ကိုင်မှုများ မရှိတော့ ပါဘူး။ထိုင်းလယ်တွေမှာထော်လာဂျီနောက်မှာထွန်သွားဒလိမ့်တုံးတပ်ပြီးလယ်ထွန်မှု၊ ပျိုးစိုက်
ရာမှာလည်းထော်လာဂျီနောက်မှာပဲပျိုးပင်များကိုတင်ပြီးအတန်းလိုက်စိုက်သွားတဲ့နည်းပညာ
တွေကြောင့်လူ၊အချိန်နဲ့ လုပ်အားတွေကိုမပြုန်းတီးစေတော့ပါ။ထိုင်းရွာတွေမှာသက်ကြီးရွယ်အို မိဘတွေလောက်ပဲနေကာလယ်လုပ်နိုင်သလို၊မိသားစုဝင်တွေလည်းဝင်ငွေကောင်းရာ စက်မှုဇုံ
မြို့ များမှာသွားရောက်လုပ်ကိုင်နိုင်တယ်။ ကမ္ဘာ့ဆန်ဈေးကွက်ကိုတင်ပို့ နေတဲ့ ထိုင်းဆန်မွှေး (Fragrant rice) ဟာသုတေသနနဲ့ နည်းပညာပိုင်ဆိုင်ရာစီမံကိန်းရဲ့ အသီးအပွင့်ဖြစ်သလို၊ ထိုင်းလယ်သမားများရဲ့ လိုအပ်ချက်အပေါ်မှာ ဖြည့်ဆည်းအသုံးပြုနိုင်ခြင်းရဲ့ အကျိုးရလဒ်ဖြစ် တယ်။ ဒ့ါအပြင်အိန္ဒိယနိုင်ငံ၊ဘီဟာပြည်နယ်တို့ လိုမိုးခေါင်လှတဲ့ဒေသတွေမှာလယ်တွေရေရရှိ စေဖို့ မြေအောက်ရေအသုံးချနည်းပညာနဲ့ လယ်မြေတိုင်းမှာရေတုံကင်တွေထားကာရေတင်စေ  ပြီးလယ်သောက်ရေရဖို့ ဆောင်ရွက်ကြတယ်။အမေရိကန်အစိုးရက ကမ္ဘာ့ဂျုံဈေးကျတဲ့အခါမျိုး မှာချေးငွေများထုတ်ပေးခြင်း၊ဂျုံဝယ်ယူခြင်းတွေနဲ့ စိုက်ပျိုးရေးသမားတွေရဲ့ လက်ငုတ်လက်ရင်း မပျောက်စေဖို့ ကျောထောက်နောက်ခံပြုပေးတယ်။
 မြန်မာစစ်ခေါင်းဆောင်တွေကတော့ မြစ်ချောင်းနားမှာရှိတဲ့ ရေသောက်လယ်တွေအနားမှာ တာတမံလုပ်သလိုလုပ်တာတွေကြောင့် လယ်တွေမှာရေမရကာ ရေမ၀တဲ့လယ်တွေမှာလည်း ငါးစပါးစီမံချက်တွေကြောင့်ငါးလည်းအဖတ်မတင်၊စပါးပင်လည်းပျက်ရဖြစ်တယ်။ကြိုးတားစံနစ်ဆိုကာ စပါးပင်တန်းတတန်းကိုသာမန်စိုက်နေကြအပင်အရည်အတွက်ထက်ပြွတ်သိပ်စိုက်ခိုင်း
ပြန်လို့ လည်းစပါးပင်ရဲ့ အမြစ်တွယ်နှုန်းအားနည်းကာမကြီးထွားနိုင်ဖြစ်ရတယ်။ နှမ်း၊ပဲ၊ငရုတ်၊ ကြက်သွန်တို့ သာစိုက်လို့ ရတဲ့ မြေမျိုးကိုလည်း နွေစပါးဆိုပြီး အတင်းအကြပ်စိုက်ပျိုးခိုင်းတဲ့ လက်တည့်စမ်းစိုက်ပျိုးရေးနည်းစံနစ်ဟာပျက်ဆီးဆုံးရှုံးမှုကိုသာဖြစ်စေတယ်။လယ်အကြောင်းကိုလယ်သမားပဲသိနိုင်ပါတယ်။ ခုတော့စစ်သာတိုက်တက်တဲ့ စစ်ဗိုလ်တွေကစံပြလယ်တွေရဲ့  အထွက်နှုန်းအတိုင်းလယ်တဧကကိုစပါးတင်း(၇၀)ထွက်နှုန်းနဲ့ သတ်မှတ်ကြတယ်။ အောက်ပါ ဇယားအတိုင်းလယ်သမားတွေဟာသတ်မှတ်ဈေးနဲ့ ရောင်းချပေးရတယ်။
ဧရာဝတီတိုင်းသတင်းအရ(၂၀၀၅ခုနှစ်)
စဉ်
ရောင်းချပေးရတဲ့ဌာန
ရောင်းချပေးရတဲ့စပါးတင်းအရေအတွက်နှုန်းထား

ကုန်သွယ်ရေး
GEC ခေါ် ၀န်ထမ်းသမ
ဒေသအခြေစိုက်စစ်တပ်
ရေခွန်
ကုန်းခွန်
ဝန်ထမ်းသက်သာ
ကြံ့ ဖွတ်၊မိခင်နဲ့ ခလေး၊ရဲ
၁၅တင်း
၁၀တင်း
၃တင်း
၂တင်း
၂တင်း
၎တင်း(အလကားပေးရ)
၁၀တင်း

စုစုပေါင်း
၄၆တင်း
  အထက်ပါစာရင်းအရ လယ်သမားတဦးဟာ လယ်တဧကထွက်ရှိမှုမှစပါးတင်း(၄၀)ကျော်ကို သတ်မှတ်ဈေးနဲ့ တမျိုး၊အလကားပေးရတာကတမျိုးတို့ နဲ့ နအဖ သတ်မှတ်ချက်အတိုင်းပေး ဆောင်ခဲ့ရတယ်။နအဖရဲ့ တဧကစပါးထွက်နှုန်းတင်း(၇၀)ဆိုတဲ့လယ်မျိုးဟာစီမံကိန်းလယ်မျိုး (သို့ မဟုတ်)မြေအလွန်ကောင်းတဲ့လယ်မြေမျိုးဖြစ်တယ်။မြန်မာနိုင်ငံမှာရှိတဲ့လယ်မြေတိုင်းဟာ တဧကကို စပါးထွက်ရှိနှုန်းကပျှမ်းမျှ တင်း (၆၀)၀န်းကျင်ပဲရှိတယ်။ ဒီစပါးတင်း(၆၀)ထဲကစပါး
တင်း (၄၀)ကျော်ခန့် ကိုအဓမ္မနည်းနဲ့ တောင်းယူလို့ ကျန်တဲ့စပါးတင်း (၁၀)တင်းကျော် မျှနဲ့  မျိုးစပါး၊ ၀မ်းစာစပါးတို့ ကိုချန်နေရတာဖြစ်လို့  လယ်သမားတွေအတွက်ဝမ်းစာတောင်မှ ဖူလုံ မှုမရှိပါဘူး။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းကုန်ထုတ်လုပ်မှုရဲ့ (၇၀)ရာခိုင်နှုန်းကျော် ဟာဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုဖြစ်ကာ ဒေါ်လာငွေသန်းရာနဲ့ ချီပြီး နှစ်စဉ်ရရှိတယ်။ ဒါကြောင့်မို့ လည်း “ရလေလိုလေ၊အိုတစ္ဆေ”ဖြစ်တဲ့ စစ်ဗြူရိုကရေစီယန္တယားအောက်မှာ မြေရှင်ကြီးစံနစ်ပေါ်ထွက် လာတယ်။ နအဖရဲ့ မြေရှင်ကြီးစံနစ်ဟာ ကျွေးတဲ့လက်ကိုပြန်ကိုက်ကာ၊ ခွေးထက်မိုက်တဲ့ အပြု အမူများအားပြုလုပ်ကြတယ်။
ကြံ့ ခိုင်ရေးအစိုးရမြေယာပေါ်လစီ
 ၂၀၁၀ရွေးကောက်နောက်ပိုင်းပေါ်ထွက်လာခဲ့တဲ့ ကြံခိုင်ရေးအစိုးရရဲ့ စီးပွားရေးမူဝါဒဟာ ဈေး ကွက်စီးပွားရေးမူဝါဒဖြစ်ပြီး လယ်ယာမြေပေါ်လစီများအား နအဖခေတ်နည်းအတိုင်း ကျင့်သုံး
လုပ်ကိုင်နေတယ်။တိုင်းပြည်ရဲ့ ပြည်ပပို့ ကုန်လုပ်ငန်းမှာ ဆန်စပါးတင်ပို့ မှုကဏ္ဍဟာအားထား စရာလုပ်ငန်းဖြစ်နေတယ်။ဆန်အထွက်နှုန်းကို အောက်ပါဇယားအတိုင်းတွေ့ နိုင်ပါတယ်။
၂၀၁၁ခုနှစ် စိုက်ပျိုးရေးဝန်ကြီးဌာနစာရင်းအရ
နှစ်
ဆန်တန်ချိန်အထွက်နှုန်း
၂၀၀၇-၂၀၀၈
၂၀၀၈-၂၀၀၉
၂၀၀၈-၂၀၁၀
၂၀၁၀-၂၀၁၁
၂၀၁၁-၂၀၁၂
၃.၃၅၈သိန်း
၇သိန်း
၈.၉သိန်း
၅.၃သိန်း
၇.၉သိန်း
ဆည်မြောင်းဝန်ကြီးဌာနရဲ့ ၂၀၁၁ခုနှစ်ထုတ်ပြန်ချက်အရမြန်မာနိုင်ငံမှာသစ်တောဌာနထိန်းချုပ် မှုပြင်ပမှာသစ်တောဧက(၁၇)သန်း၊ထိန်းချုပ်မှုအောက်မှာ(၁၃)သန်း၊ပြည်သူပိုင်သစ်တောဧက(၂၈)သန်းနဲ့ပလပ်မြေ၊မြေလွတ်၊မြေရိုင်း(၁၄)သန်းခန့်ရှိကြောင်းသိရတယ်။ဒီမြေများကိုပုဂ္ဂလိကလုပ်ငန်းရှင်(၆၃၈၇)ဦးကို မြေဧက(၃.၈၉)သန်းလုပ်ကိုင်ခွင့်ပေးထားခဲ့ရာစိုက်ပျိုးထားတဲ့ဧက ဟာ(၀.၉၇)သန်းရှိလို့ ၂၆ရာခိုင်နှုန်းသာတကယ်စိုက်ပျိုးကြတယ်။ကျန်ရှိတဲ့ဧက(၂)သန်းကျော် ဟာသစ်ခုတ်လှဲရောင်းချမှုတွေနဲ့သာစခန်းသွားကြတယ်။ မြေလွတ်မြေရိုင်းဖော်ထုတ်ဧက(၁၄) သန်းဟာ ခရိုနီလူတစုအတွက်သာအမြတ်ထုတ်ခွင့်ရရှိနေလို့ လယ်သမားများအတွက် အကျိုး
ခံစားခွင့်မရှိချေ။ဒါ့အပြင်ကြပ်ပြေးလွှတ်တော်ကပြဌာန်းခဲ့တဲ့မြေယာအသုံးချခွင့်ဆိုင်ရာဥပဒေဟာခရိုနီအကျိုးစီးပွားကိုအကာအကွယ်ပေးထားတယ်။၂၀၁၂ခုနှစ်စပါးပေါ်ချိန်မှာ ဒေါ်လာဈေး ကျမှုရဲ့ ဂယက်ဟာလယ်သမားတွေအတွက်စပါးဈေးထိုးကျစေခဲ့တယ်။ စီးပွားရေးကုမ္ပဏီတွေ အတွက်စပါးကိုနှုန်းထားသက်သာစွာနဲ့ ဝယ်ယူခွင့်ရခဲ့တယ်။ စပါးစိုက်ရာသီမှာတော့ ဒေါ်လာ ဈေးပြန်တက်လာလို့ လယ်သမားတွေဟာ လယ်မြေအတွက်လိုအပ်တဲ့ဓါတ်မြေသြဇာ၊ပိုးသတ်
ဆေး၊လယ်ယာသုံးကရိယာများကိုဈေးကြီးပေးဝယ်ယူခဲ့ရတယ်။ ကုမ္ပဏီတွေအတွက်စပါးစိုက်
ရာသီမှာအမြတ်ရသလိုပဲ၊ စပါးထွက်ရာသီမှာဈေးကျလို့ ဝယ်လှောင်ခဲ့တဲ့ စပါးတွေ ကိုလည်း အမြတ်ဈေးနဲ့ ရောင်းနိုင်ခဲ့တယ်။မြန်မာနိုင်ငံရဲ့ လယ်ယာမြေပဌိပက္ခဟာ နာတာရှည်ရောဂါဆိုး လိုဖြစ်နေတဲ့အတွက်ဆေးမြီးတိုနည်းနဲ့သာကုစားနေပါကထွန်တုံးတိုက်ပွဲလိုလယ်သမားတွေရဲ့  မကျေနပ်ချက်များဟာပေါ်ထွက်နေမှာဖြစ်တယ်။
လယ်ယာမြေပြုပြင်ပြောင်းလဲရေး
 စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံမှာ လယ်ယာမြေပြုပြင်ပြောင်းလဲရေးဟာရှောင်လွဲလို့ မရတဲ့ လုပ်ငန်းဖြစ်တယ်။ လယ်ယာမြေပြုပြင်ပြောင်းလဲရေးဟာ ကျေးလက်ဖွံ့ ဖြိုးရေးနဲ့ သက်ဆိုင်နေ လို့ အရေးထားရမယ့်မူဝါဒဖြစ်တယ်။ လယ်ယာမြေနဲ့ သက်ဆိုင်တဲ့ အခြေခံမူဝါဒများဖြစ်တဲ့ လယ်ယာမြေပေါ်လစီ၊ကုန်ထုတ်လုပ်ရေးပေါ်လစီ၊အကျိုးခံစားခွင့်ရှိတဲ့ဈေးနှုန်းဆိုင်ရာပေါ်လစီ၊
နိုင်ငံခြားငွေလဲလှယ်နှုန်းပေါ်လစီ၊ငွေကြေးထောက်ပံ့ပေးမှုဆိုင်ရာပေါ်လစီ၊သဘာဝပေးဒဏ်နဲ့  စီးပွားရေးကျဆင်းမှုတို့ လို မထင်မှတ်ထားတဲ့ရိုက်ခတ်မှုများအား ကြိုတင်ပြင်ဆင် ကာကွယ် နိုင်တဲ့ပေါ်လစီများကို ဖော်ထုတ်ဖို့ လိုပါတယ်။ မြေယာခွဲခြမ်းမှုတရားမျှတရေး၊ လယ်လုပ်သူ လယ်ပိုင်ခွင့်ရှိရေး၊ရွေ့ ပြောင်းတောင်ယာမြေများအားစံနစ်တကျအာမခံချက်ရှိစေရေး၊လယ်သ မားအကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးတို့ အတွက်လယ်သမားထုရဲ့ ဘ၀နဲ့ ဆန္ဒကို အခြေ ခံကာ ဥပဒေအရ ပြဌာန်းပေးနိုင်ရမှာဖြစ်တယ်။ လယ်ယာမြေအငြင်းပွားမှု ကိစ္စရပ်များနဲ့ ပက် သက်လို့  လွတ်လပ်သောလယ်သမားရေးရာခုံရုံးများနဲ့ သာ သမာသမတ်ကျကျ ဖြေရှင်းရမှာ ဖြစ်တယ်။ လယ်ယာမြေရေးရာရပ်များမှာ အာဏာပိုင်၊ လွတ်လပ်သောလယ်သမားသမဂ္ဂများ၊
လယ်သမားရေးရာကျွမ်းကျင်သူများနဲ့ညှိုနှိုင်းဖြေရှင်းဆောင်ရွက်မှသာလယ်သမားများအတွက် အကျိုး ဖြစ်ထွန်းနိုင်မှာဖြစ်တယ်။
နိဂုံး
မြန်မာလူမျိုးတွေဟာစပါးစိုက်ပျိုးတဲ့လယ်သမားတွေအပေါ်အသက်သခင်ကျေးဇူးရှင်တွေအနေ နဲ့ လေးစားတန်ဖိုးထားကြတယ်။ ထမင်းလုံးတလုံးကိုတောင် ခြေနဲ့ နင်းဖို့ ဝန်လေးကြတယ်။ ပိုလျှံတဲ့ထမင်းကိုတောင်မလေလွှင့်ရအောင်နေလှန်းကာထမင်းခြောက်လုပ်တဲ့လူမျိုးဖြစ်တယ်။ ရှေးမြန်မာဘုရင်တွေကိုယ်တိုင်လယ်စိုက်ရာသီမှာလယ်ထွန်မင်္ဂလာအခမ်းအနားလုပ်ကြတယ်။ “ယမထာရွှေကြိမ်လုံးရယ်နဲ့ ၊ ထွန်တုံးကိုတဲ့ခြေတော်တင်၊ နွားင်္ကြန်စုံရှင်၊ ပျိုးခင်းကိုဝင်” ဆိုတဲ့ လယ်ထွန်မင်္ဂလာတေးအထင်ကရရှိခဲ့တယ်။ထမင်းစားတဲ့အသိတရားတွေနဲ့  စပါးစိုက်တဲ့လယ် သမားတွေကို ကျေးဇူးသိတက်တဲ့စိတ်ရှင်သန်နေမှသာ လယ်ယာမြေတွေစိုပြေကာ ရွှေရောင်
လွှမ်းနေမှာဖြစ်တယ်။   
ဧရာ  
၃၀၊၇။၂၀၁၂



ရည်ညွန်းကိုးကား
 Myanmar in economic transition : constraints and related issues affection the agriculture sector / Tin Soe. – Yangon : Yangon University of Distance Education, 2011
  မှန်နန်းရာဇ၀င် / ကထိကဒေါ်မြင့်သန်း(တည်းဖြတ်). - ရန်ကုန် : ပြန်ကြားရေးဝန်ကြီးဌာန, ၂၀၀၃ခုနှစ်.
  Burma’s economy in regional perspective / Peter Warr. – Canberra : Australian National University, 2003.
  Control of land and life in Burma / Nanacy Hudson-Rodd & Myo Nyunt. – Wisconsin : University of Winconsin, 2001.
  Land rights policy for future Burma /  Nanacy Hudson-Rodd & Myo Nyunt. – Washington D.C : Technical Advisory Network of Burma, 2000.
  ဒို့ ဗမာအစည်းအရုံးသမိုင်းအကျဉ်းချုပ်ပထမတွဲ / တိုင်းဗမာအစည်းအရုံးသမိုင်းပြုစုရေးအဖွဲ့  - ရန်ကုန် : စာပေဗိမာန်အဖွဲ့ , ၁၉၇၆ခုနှစ်
  ပြည်တော်သာခရီး ပထမတွဲ / ဦးသန့် . - ရန်ကုန် : မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း, ၁၉၅၈ခုနှစ်.
  Building a welfare state in Burma 1948-1956 / Frank N. Trager. – New York : Institute of Pacific Relation, 1957.



__._,_.___
Attachment(s) from Lin Aung
2 of 2 File(s)

No comments: