Friday, July 27, 2012

*** သမီးလေး သို့ ***


 
*** သမီးလေး သို့ ***

သမီး မေမေ ကိုယ်ဝန်လွယ်....ဘာလေးလိုချ
င်လည်း မေးတုန်း ဖြေခဲ့ တယ်...

သားလေးပေါ့ကွယ်..


ဒီလိုနဲ့ လစေ့လို့ မွေးဖွား သမီးလေးဖြစ်လာတော့လည်း ချစ်ခဲ့ တာပါပဲ သမီးရယ်...

လူတွေ ပြောကြား ယောကျာ်းသားများ ..လိုချင်တာသာ ..သားကလေး

သားနဲ့ သမီး ယှဉ်ပြီးချစ်ရင် ...သမီးကို အကဲပို ...ချစ်တာ ပိုသတဲ့ လေ...

ငယ်တုန်းက သမီး မျက်နှာ ဖေဖေ ကြည့်ပြီး တွေးပူဘူးတယ်....

အော် ငါ ပုံရဲ့  အရိပ်အောက်မှာ လူတွေမှတ်သား နေရမဲ့  လူသားလေးပါလားပေါ့...

***ဖေဖေ သာ ဆရာဝန်ဆိုရင် သမီးလေးက ဆရာဝန်သမီး
ဖေဖေ သာ လက်သမားဆိုရင် သမီးလေးက လက်သမားသမီး
ဖေဖေ သာ သူဌေးဆိုရင် သမီးလေးက သူဌေးသမီး
ဖေဖေ သာ ဆင်းရဲသားဆိုရင် သမီးလေးက ဆင်းရဲသားသမီး***

ဒီလို ဒီလိုနဲ့ ...

ပညာနဲ့  ရာထူး..ငွေကြေးနဲ့ အဆင့်အတန်း သတ်မှတ်ချက်ပုံရိပ်တွေအောက်မှာ
ဖေဖေသမီးလေးအတွက်...ဖခင် ကောင်း တယောက်ဖြစ်အောင် ကြိုးစားနေရမယ်လို့ 
ကိုယ့်ကိုယ်ကို သတိပေးဘူးတယ်....

အဖေ ဆိုတာ မိသားစုရဲ့  ဦးဆောင်သူ...မာလိန်မှူးရယ်မို့ 
သမီး သားနဲ့  ဇနီးမယား... ၀မ်းစာရေး နဲ့ နောင်ရေး စိတ်အေးရအောင် ကြိုးစားရှာဖွေနေရလို့ ...
အမေတွေလို သားသမီးတွေကို ရင်အုပ်မကွာ မစောင့်ရှောက်နိုင်ပေမဲ့ ..
သားသမီးပေါ်ထားတဲ့  ချစ်ခြင်းမေတ္တာတရား အမေ ထက်တော့မလျှော့ပါဘူး....သမီးလေးရယ်

လ နဲ့ ရာသီ အလီလီပြောင်း..သမီးလေး အရွယ်ရောက်လာတော့
လူ့ စည်းမျဉ်းနဲ့ အမြင်တွေကြား သမီးလေးဟာ ဖေဖေ နဲ့ တဖြည်းဖြည်းဝေးကွာလာပါလား...

ဒါပေမဲ့ လည်း သမီးလေးရယ်...

အဖေ တယောက်ရဲ့  သမီးလေးပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတရားကတော့...

ဟိုအရင် သမီးလေး ကလေးဘ၀က လမ်းသွားရင် ဖေဖေ ဂုတ်ပေါ်ခွစီး..ပျော်မြူးနေတဲ့ သမီးလေး
ဖေဖေ သမီးလေးကို မြှောင့်ပင့်ကာဆော့ကစားတုန်းက
ဖေဖေ မျက်နှာပေါ်ရူးရူးတွေပေါက်ချတုန်းက..မေကြီးရေ လုပ်အုန်း..
မင်း ..သမီး ငါ့ မျက်နှာကို ရူးရူးပန်းကွ လို့  အပြုံးတရားနဲ့  ဖေဖေ ချစ်ခဲ့ရတဲ့  ...

သမီးလေးပါကွယ်








ဓါတ်ပုံပိုင်ရှင် ။ ။ ခွန်ခမ်းဒွမ် သာမည

(ပုံလေးက ဗီယက်နမ်ကပါ။ စာမေးပွဲခန်း မ၀င်ခင် ပင်ပန်းနေတဲ့ သမီးကို နှစ်သိမ့်နေတဲ့ ပုံလေးပါ။)
(ပုံလေးကြည့်ပြီး ကျတော်ခံစားမိသလိုလေးရေးထားတာပါ)

ရေးသားတင်ပြသူ ။ ။ မန္တလေးသားလေး

No comments: