သူတို့မိတ်ဆွေ အစုလိုက် သားသမီးများကျောင်းပိတ်ချိန်၊ မြန်မာပြည် အလည်သွားမယ်။ သူ့ရဲ့ ဆိုင်ခွဲတခု ရှမ်းပြည်မှာဖွင့်ထားတာလည်း သွားကြည့်မယ်။ အင်းလေး၊ ပုဂံ၊ မန္တလေးနဲ့ ပုပ္ပါးတောင်တွေကို တိုးရစ်အဖွဲ့နဲ့ သွားဖို့ ဘွတ်ကင်လုပ်ထားပြီးပြီ။
“ငါတို့က အရင်စစ်အစိုးရခေတ်က မသွားသင့်လို့ သွားချင်ရက် မသွားနိုင်ဘူး။ အခုတော့ မြန်မာလူထုကို သွားလေ့လာရမယ်။ ငါ့တို့စင်ကာပူကုမ္မဏီမှာ S-pass နဲ့ ခန့်ထားတဲ့ မြန်မာလူငယ်တွေ အများကြီးပဲ။ သူတို့က ကုလား၊ တရုတ်အလုပ်သမားလို မဟုတ်ဘူး။ ပညာတတ်၊ ဘွဲ့ရကြတယ်။ သူတို့ Part-Time ပညာသင်ကြတာ ငါတို့ခွင့်ပြုပါတယ်။ ၅နှစ် ငါတို့ဆီလုပ်ပြီး ဒီပလိုမာရတော့ Singapore Airline ကိုပြောင်းသွားတယ်။ အခုထိလည်း ငါတို့နဲ့ ခင်ခင်မင်မင်ပါ။ သူတို့က အလုပ်သမားဘ၀တုန်းကကော၊ အခု PR ဖြစ်သွားချိန်မှာကော မြန်မာပြည် လုံးဝမပြန်ချင်ဘူးလို့ ပြောကြတယ်။ သူတို့ဘာကြောင့် ကိုယ့်နိုင်ငံကို မပြန်ချင်ရသလဲ .. ငါသိချင်လွန်းတယ်။ ဒါကြောင့် ငါမိသားစု၊ မိတ်ဆွေတွေနဲ့ ဒီခရီးထွက်ဖို့ စီစဉ်ရပါတယ် ..။”
သူက တရုတ်ပြည်နဲ့ စီးပွားရေးလုပ်တဲ့ပုံစံကို ပြောပြန်တယ်။
“ငါတို့ရောင်းတဲ့ပစ္စည်းအကြောင်း ဆက်ပြောရရင် … ပစ္စည်းဆိုတာ ကွာလတီကောင်းမှ ဖြစ်မယ်။ ဟိုး … အနှစ်၂၀လောက်က အခုလို ဈေးချိုပြီး ကွာလတီမမှီတဲ့ တရုတ်ပစ္စည်းတွေ စင်ကာပူမှာတွေ့ရခဲ တယ်။ အခုတော့ တရုတ်ပြည်က ၀ိသမစီးပွားသမားတွေ လူတွေကို “ချိ”လုပ်ပြီး (Cheating) ပစ္စည်းအညံ့တွေရောင်းတယ်။ ငါ ဒီတရုတ် China Businessman တွေရဲ့ စိတ်သဘောထားကို လုံးဝမကြိုက်ဘူး။ သူတို့သား၊ သမီးတွေ၊ ငွေကြေးတွေကို စင်ကာပူမှာ လာထားကြတယ်။ သူတို့ကိုယ်တိုင်က အချိန်မရွေး အဖမ်းခံ၊ ဘ၀ဆုံးသွားနိုင်တယ်။ ဒါလဲ အသေခံပြီး (Risk) ၀ိသမစီးပွားလုပ်နေကြတယ်။
ဒီလူတွေက ဆင်းရဲသားများ၊ လူမှုအဖွဲ့အစည်းများကို ငွေလှူဒါန်းတာတော့ ရှိပါတယ်။ ပီးနပ် (ပဲစေ့လောက်) ပါပဲ။ နဲနဲလေး လှူဒါန်းပြပြီး Show Their Face မျက်နှာပြ လှူဒါန်းတာမျိုးပဲ လုပ်ကြတယ်။ ဒီလို ကွာလတီမဲ့ပစ္စည်းတွေကို ဆင်းရဲသူ၊ မသိနားမလည်သူတွေကို “ချိ”လုပ်ပြီး စီးပွားရေးလုပ်သူများနဲ့ ဘယ်တော့မှ ပေါင်းပြီးမလုပ်ဘူး။ အကောင်းဆုံး ကာကွယ်တဲ့နည်းလမ်းကတော့ ဒီလိုလူမျိုးတွေကို မှန်းသိရင် ဝေးဝေးရှောင်၊ လုပ်ငန်းအတူ လုပ်တာကို အမြန်ရပ်ဆိုင်းပစ်ရတဲ့ နည်းပါပဲ။”
ကျွန်တော်လည်း ဒီအမျိုးသမီးပြောစကားနားထောင်ရင် ခရစ်ယာန်ကျမ်းစာ ဒါဝိပ်မင်းကြီးရဲ့ ဆာလံကျမ်း အခန်း(၁)ကို သတိရပါတယ်။
မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့ မလိုက်၊၊ လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင် ပြုသောသူတို့၏ အစည်းအဝေး၌ မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညဥ့်မပြတ်ဆင်ခြင် အောက်မေ့သောသူသည် မင်္ဂလာရှိ၏၊၊ အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာ စိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏၊၊ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း၊၊
Burma's Big Brother By Dan Beaker ဆောင်းပါးတစ်စောင် ဖတ်မိပါတယ်။
ဆောင်းပါးက အောက်ပါ ၂ချက်ကို ပြန်ဆွေးနွေးချင်ပါတယ်။
၁။ Moreover, upper-middle-class Chinese investors are snapping up small and medium enterprises from across the country. The historic Burmese capital Mandalay, for example, is overwhelmed with Chinese-owned factories and shops. Among others, the local blanket and spare machine parts industries have been forced out of business in recent years. Locals attribute these developments to the actions of Chinese private and state actors who have increased prices of the necessary raw materials for these products while introducing cheap imports. Although much of this is taking place through proxy business owned by Burmese citizens, millions of first-generation Chinese in Burma, many with fake Burmese IDs obtained from corrupt immigration officials, are also in on the game.
… … … တရုတ်လူမျိုးများ အလယ်အလတ်တန်း ကုမ္ပဏီရင်းနှီးမြုတ်နှံမှုမှာ အထူးသဖြင့် မန္တလေးမြို့စီးပွားရေးများအပါအ၀င် နေရာကောင်းများစွာမှာ ကြီးစိုးထားကြောင်း၊ မြန်မာမှတ်ပုံတင်အတုနဲ့ ခပ်တည်တည် လာဘ်ပေးပြီးနေထိုင်လုပ်ကိုင်ကြောင်း... စသဖြင့် ရေးသားထားပါတယ်။
နိုင်ငံတနိုင်ငံတိုးတက်ရေးမှာ Small & Mediam Business ကုမ္ပဏီအလတ်၊ အသေးစားများစွာ ရှိမှ အလယ်လတ်တန်းစားများစွာ ပေါ်ပေါက်၊ နိုင်ငံစီးပွား တိုးတက်နိုင်မယ်ဖြစ်ပါတယ်။ တရုတ်များ လာရောက်ဖွင့်လှစ်ကြတာ နိုင်ငံစီးပွား တိုးတတ်သလားတော့မသိ .. အမြတ်ငွေအားလုံးက မြန်မာအစိုးရ(အစစ်)၊ ပြည်သူများ မရဘဲ .. တရုတ်၊ ယူနန်ပြည်နယ်ကို ပြန်သယ်သွားကြပါတယ်။ ဒီတရုတ်ပြည်သားများ ဘာကြောင့် မြန်မာပြည်ထဲ တရားမ၀င်နည်းနဲ့ ၀င်ရောက်လုပ်ကိုင်နိုင်သလဲဆိုတော့ မြန်မာနိုင်ငံမှာ ကာကွယ်ဖို့နည်းလမ်း လုံးဝမရှိလို့ဖြစ်ပါတယ်။
ထိုင်းလူမျိုးများ တရားမ၀င် လာမလုပ်ဖူးလား ဆိုတော့ … လုပ်ပါတယ် ပြောရမယ်။ ဒါပေမဲ့ ထိုင်းလူမျိုးများဟာ မြန်မာလိုပဲ လောဘဇောသိပ်မကြီးဘူး။ ယူနန်တရုတ်များလောက် လောဘမရှိတော့ ဒါလောက်လိမ်ညာလုပ်ကိုင် Cheat Business တွေ မလုပ်ကြပါဘူး။
ကာကွယ်ဖို့နည်းလမ်းကတော့ နယ်စပ်မှာ သူတို့အတွက် Work Permit System စနစ်တကျလုပ်ဖို့ပါပဲ။ ဘယ်နိုင်ငံမဆို နိုင်ငံခြားသား အလုပ်လာလုပ်ရင် Work Pass, EP, S-pass စသဖြင့် တရားဝင်လျှောက်ထားရပါတယ်။ အစိုးရက ငွေရပါတယ်။ မလျှောက်ချင်သူများကတော့ Visitor Pass နဲ့ စီးပွားရေးဝင်လာလုပ်တယ်။ စတေးရှောင်တယ်။ ပြန်ဝင်လာတယ်။ မြန်မာအခေါ် တိုင်ပတ်တယ်ပေါ့။ အခုတော မြန်မာပြည်ကို တခြားနိုင်ငံသားများစွာ စီးပွားလာလုပ်တော့ တရားဝင်နည်းနဲ့လုပ်ဖို့လည်း ခက်ခဲနေတယ်။ Work Permit System ကလည်း ဘယ်တော့ ဖြစ်မလဲမသိ၊ ဒီတော့ ၀ိသမလူညာကြီး တရုတ်ပြည်သားများက လုပ်ရဲ၊ ကိုင်ရဲဆိုတော့ အတုလုပ်ပြီး၊ လာဘ်ပေးနေထိုင်လိုက်ကြတယ်။ တဖက်သတ် စီးပွားရေးအသာစီးရသွားပြီး ပြည်တွင်းက ၀ိသမလောဘသမားများ၊ အာဏာပိုင်များကို လာဘ်ပေးလိုက်တော့ သူတို့ကို လုံးဝ မယှဉ်နိုင်တော့ဘူး။ ဒါကြောင့် ကာကွယ်နည်းလမ်းဟာ Work Permit System ကို ထက်မြက်စွာ လုပ်ကိုင် ပြဌာန်း၊ ကျင့်သုံးရန်ပဲဖြစ်ပါတယ်။
၂။ In the case of large-scale state-sponsored projects such as dam and pipeline building for energy export, the vast majority of this investment in fact stays in China. These companies have little interest in training local workers or facilitating technology transfers to their Burmese counterparts, bringing in all heavy machinery from China along with engineers and other specialists. Almost everything that must be sourced in Burma, such as security, basic materials, and corvée labor, is paid for through the provision of shares to state-owned or military-affiliated companies. Such companies, most prominently Asia World Co. and Max Myanmar, maintain strong relationships in China, acting as brokers to secure almost all large-scale projects and in return are handed many of their peripheral contracts. Not only does this deprive the Burmese people of the ordinary benefits that come with investment. It also risks creating total dependency on China within crucial areas of the country’s emerging economy.
နိုင်ငံခြားကုမ္ပဏီအကြီးစားများ ၀င်ရောက်လာခြင်းကလည်း Small & Medium Business များစွာ ပေါ်ပေါက်စေပါတယ်။ လောလောဆယ်တော့ တရုတ်၊ ပြင်သစ်၊ ကိုးရိးယား ရေနံကုမ္ပဏီကြီးများနဲ့ ယုံကြည်မှု တည်ဆောက်နေပါတယ်။ ကုမ္ပဏီကြီးများကို ဒေသခံ၊အာဏာပိုင်များက လာဘ် မတောင်းရဲပါဘူး။ အစိုးရ၊ စပယ်ရှယ်ပရောဂျက်ဖြစ်တော့ မထိရဲပေမဲ့၊ သူတို့အလုပ်သမားများ၊ အတတ်ပညာကို မြန်မာများ လုံးဝ မရပါဘူး။ သူတို့ အလုပ်သမား၊ ပညာရှင်များပဲ လုပ်ကိုင်ကြတော့ .. မြန်မာအစိုးရပဲ ပိုက်ဆံ၊ အခွန် (အခွံ) ရတယ်။ နိုင်ငံသားများက အလုပ်လဲမရ၊ အတတ်ပညာလည်း မရ ..သူတို့ကို Work Permit System ကျင့်သုံးဖို့လည်း မဖြစ်နိုင် ခက်ခဲနေဆဲဖြစ်ပါတယ်။
ပြည်တွင်း ကုမ္ပဏီကြီးများကလည်း လက်ဝါးကြီးအုပ်ထားပြီး ကုမ္ပဏီအငယ်စားများကို ၀ါးမြိုပါတယ်။ စင်ကာပူက မိတ်ဆွေများ ဒေါ်လာသိန်း၊ သန်း စုဆောင်းငွေနဲ့ မြန်မာပြည်သွားပြီး အလတ်စားစီးပွားရေးတွေ သွားလုပ်တာ “၀ါးစား” ခံရတယ်။ ဒီလူတွေ အကုန်ပြောင်ပြီး စင်ကာပူပြန်လာ လခစားအလုပ် ပြန်လုပ်ရတယ်။ ခံလိုက်ရသူတွေ များတယ်။ (အခုလည်း ဒီပုံစံနဲ့ တကမ္ဘာလုံးက နိုင်ငံခြားပြန်တွေ အထုတ်အပိုးတွေနဲ့ အလုပ်အကျွေးပြုဖို့ ပြန် (ပျံ)ဖို့ လုပ်နေကြပြီ)။
ပုဂ္ဂလိက လုပ်ငန်းများစွာ ပေါ်ပေါက်လာပေမဲ့၊ အာဏာပိုင်ဆွေမျိုး အသိုင်းအ၀ိုင်းကုမ္ပဏီများက တဖက်သတ် အသာစီးနဲ့၊ ဥပဒေကလည်း သူတို့ဖက်မှာ ရှိနေပါတယ်။ (Cronies လို့ ခေါ်ပါတယ်)။ အထူးသဖြင့် အရေးပါတဲ့ နယ်မြို့ အိမ်ယာ၊ လယ်ယာများကို ဈေးသက်သာစွာ သိမ်းပိုက်လိုက်ကြပြီး၊ သူတို့ရဲ့ နောက်ဂျင်နဂေးရှင်းအတွက် ပစ္စည်းဥစ္စာမပူပင်ရအောင် လုပ်ထားပြီးပါပြီ။ အကြံပေးပုဂ္ဂိုလ်များကတော့ တရုတ်ဝိသမ လောဘသများတွေပါပဲ။
ဘိန်းဘုရင်ဟောင်း၊ တရုပ်ပြည်တွင်းမှာ စီးပွားသောင်းကျန်းမှုနဲ့ ထွက်ပြေးလာသူများ .. မြန်မာပြည်မှာ ရောက်လာပြီး အကြံပေး (ပွဲစား) လုပ်စားနေကြပါတယ်။ မြန်မာပြည်က စီးပွားရေးသောင်းကျန်းသူများ အစိုးရအမြင်ကပ်ပုဒ်မနဲ့ မိသားစုလိုက် ထိုင်း၊ စင်ကာပူ၊ အမေရိကားတွေမှာ ထွက်ပြေးရသူများလိုပါပဲ တရုတ်ပြည်က ၀ိသမ၊ အစိုးရ၀ရမ်း ထုတ်ထားသူများလည်း မြန်မာပြည်မှာ လုပ်ကိုင်နေကြပါတယ်။
ကာကွယ်ဖို့နည်းလမ်းကတော့ နယ်စပ်မှာ နိုင်ငံခြားကုမ္ပဏီအကြီး၊ အသေး ကျောသားရင်သားမခွဲ၊ Work Permit System စနစ်တကျလုပ်ဖို့ပါပဲ။ ဒါမှမဟုတ်ရင်တော့ ၀ိသမတရုတ်စီးပွားရေးကို အမေရိကန်တောင် မနိုင်ဘဲ ဒုက္ခရောက်နေတာ .. မြန်မာလောက်တော့ တရုတ်ဝိသမများက အချဉ်ပါပဲ။
တရုတ်ဝိသမ မလွှမ်းမိုးနိုင်အောင် စစ်မှန်သော မျိုးချစ်မြန်မာများ ... ထိုင်းနိုင်ငံ၊ စင်္ကာပူနဲ့ မလေးရှားနိုင်ငံက စနစ်များကိုပဲ နည်းလမ်းယူဖို့ရှိပါတယ်။
ညွှန်း - မိုးမခ - http://moemaka.com/
~
~မြန်မာတို့ရဲ့ အကိုကြီးပေါက်ဖော်အကြောင်း
ဇော်အောင် (မုံရွာ)
No comments:
Post a Comment