Monday, July 30, 2012

"မြစ်ဆုံစီမံကိန်းသို့ လာရောက်လေ့လာရန် CPI၏ဖိတ်ခေါ်ချက်အား ဒေါ်အောင်ဆန်းစုကြည် ငြင်းပယ်"

တရုပ် CPI ရဲ့မြစ်ဆုံစီမံကိန်းကို လက်မလျော့ဘဲ လူထုခေါင်းဆောင်ကို အသုံးချဖို့ကြံစည်ဖိတ်ခေါ်ချက်အား ဒေါ်အောင်ဆန်းစုကြည်မှ ငြင်းပယ်။
Popular Myanmar News Journal


မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းသို့ လာရောက်လေ့လာ ရန် CPI ကုမ္ပဏီ၏ ဖိတ်ခေါ် ချက်အား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ငြင်းပယ်လိုက် ကြောင်း CPI ကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
CPI ကုမ္ပဏီအနေဖြင့် မြစ်ဆုံစီမံကိန်း အပါအဝင် ဧရာဝတီမြစ် ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ၏ အကျိုးရလဒ်များအား မြန်မာနိုင်ငံရှိ ပြည်သူများ သဘောကျ နှစ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြား၍ ရှင်းလင်း တင်ပြသွားရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ဆက်သွယ် အကြောင်းကြားခဲ့သော်လည်း ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ယခု နှစ်အတွင်း ပြည်ပခရီးစဉ်များနှင့် လွှတ်တော်တက်ရန် အစီအစဉ်များ ရှိနေသည့်အတွက် လာရောက်လေ့ လာခြင်း မပြုနိုင်ဟု အကြောင်းပြန် ခဲ့ကြောင်း CPI ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ Mr. Wang Quiye ကပြောသည်။
''ကျွန်တော်တို့ အနေနဲ့ ဒေါ် အောင်ဆန်းစုကြည်ကို မြစ်ဆုံစီမံ ကိန်း အကြောင်း လာရောက်လေ့ လာဖို့အတွက် ဖိတ်ခေါ်ခဲ့ပေမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြန် ကြားရေးမှူး ဦးဥာဏ်ဝင်းက တစ်ဆင့် ဒေါ်စုက ဒီနှစ်အတွင်းမှာ ပြည်ပခရီးစဉ်တွေနဲ့ လွှတ်တော် အစီအစဉ်တွေရှိတဲ့အတွက် မလာ နိုင်ဘူးလို့ ပြောတယ်'' ဟု ၄င်းက ဆိုသည်။
CPI ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ ကော့ကိမ်းလျှောင်က ၄င်းတို့ အနေဖြင့် မြစ်ဆုံစီမံကိန်း အပါအဝင် ဧရာဝတီမြစ်ညာမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်း၏ အကျိုး ရလဒ်များနှင့် ပတ်သက်၍ မြန်မာ ပြည်သူများ သိရှိနိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်း၊ ထိုသို့ ကြိုးပမ်းရာတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်အား မြစ်ဆုံ စီမံကိန်းသို့ ဖိတ်ကြား၍ စီမံကိန်း၏ အကျိုးတရားများအား ရှင်းပြရန်အတွက်လည်း ပါဝင် ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ထိုစီမံကိန်း၏ အကျိုးကျေးဇူး များအား သိရှိပါက ပြည်သူများအား နားလည် သဘောပေါက်အောင် ပြန်လည်ပြောကြားနိုင်မည်ဟု ယူဆသည့်အတွက်ဖြစ်ကြောင်း ပြောသည်။
CPI ကုမ္ပဏီအနေဖြင့် မြစ်ဆုံ အပါအဝင် ဧရာဝတီ မြစ်ညာမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်း ၇ ခု အား ၂ဝဝ၆ ခုနှစ်တွင် တိုင်းတာ စစ်ဆေးမှုများ ပြုလုပ် ၍ ၂ဝ၁ဝ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ သော်လည်း ၂ဝ၁၁ ခုနှစ် မေလ ၁၉ ရက်တွင် ပြည်သူများ၏ တောင်းဆိုချက် အရ မြစ်ဆုံစီမံကိန်းအား နိုင်ငံတော် သမ္မတ၏ အမိန့်ဖြင့် ရပ်ဆိုင်းလိုက် ရခြင်း ဖြစ်သည်။

သူရထွန်း

ဓါတ်ပုံ - ၂၀၀၉ခုနှစ် ဒီဇင်ဘာလ ၂၀ရက်နေ့က တရုတ် ဒုသမ္မတ ရှိကျင်ပင်း ကြပ်ပြေး နေပြည်တော်သို့ ရောက်ရှိလာစဉ်က နအဖဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ မြစ်ဆုံရေကာတာစီမံကိန်း အတွက် စာချုပ်ချုပ်ဆိုခဲ့သည်။

 

တပ်မတော်သည် ဧရာဝတီကို သစ္စာဖောက်မဖောက်....

မြစ်ဆုံ ရေကာတာ (၈)ခုစီမံကိန်း
၂၀၀၉ခုနှစ် ဒီဇင်ဘာလ ၂၀ရက်နေ့က တရုတ် ဒုသမ္မတ ရှိကျင်ပင်း ကြပ်ပြေး နေပြည်တော်သို့ ရောက်ရှိလာစဉ်က နအဖဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ မြစ်ဆုံရေကာတာစီမံကိန်း အတွက် စာချုပ်ချုပ်ဆိုခဲ့သည်
၂၀၀၉ခုနှစ် ဒီဇင်ဘာလ (၂၀)ရက်နေ့က တရုတ်ဒုသမ္မတ ရှိကျင်ပင်း ကြပ်ပြေး နေပြည်တော်သို့ ရောက်ရှိလာစဉ် နအဖဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး မြစ်ဆုံ ရေကာတာစီမံကိန်းနှင့် တာပိန်(၁)ရေကာတာ စီမံကိန်းတွေအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့စဉ်
၂၀၀၉ခုနှစ် ဒီဇင်ဘာလက တရုတ်(ဒု)သမ္မတရှီကျင်ပင်းနှင့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၊ အမှတ်(၁)လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း တို့ စာချွန်လွှာ လက်မှတ်ရေးထိုးစဉ်က
မြစ်ဆုံဆည်ယူနန်လျှပ်စစ်ကော်ပိုရေးရှင်းအတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်ဆောင်
အမှတ်(၁)လျှပ်စစ်ဝန်ကြီးဋ္ဌာန ဝန်ကြီးဦးဇော်မင်းမှ တရားဝင် ရင်နှီးမြုပ်နှံမှု လိုင်စင်နှင့် တာပိန် (၁)စီမံကိန်းအပါအဝင် မြစ်ဆုံစီမံကိန်း စာချွန်လွှာများ လဲလှယ်ခဲ့ကြစဉ်
၂၀၁၀ ခုနှစ် စက်တင်ဘာလ (၂၃)ရက်နေ့ ကြပ်ပြေး နေပြည်တော်တွင် ပြုလုပ်ခဲ့သော အခမ်းအနား




ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန်အားမြစ်ဆုံစီမံကိန်းကိုရှင်းလင်းတင်ပြနေစဉ်
ထိုစဉ်က၀န်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့်မြစ်ဆုံစီမံကိန်းတရုတ်ပညာရှင်များရင်းနှီးစွာနှုတ်ဆက်နေကြစဉ်
၂၀၁၀ ဖေဖော်ဝါရီလ ၂၅ရက်နေ့ ထိုစဉ်က နအဖ ဝန်ကြီးချုပ်ဦးသိန်းစိန်နဲ့ သက်ဆိုင်ရာဝာာဝန်ရှိ ပုဂ္ဂိုလ်များ မြစ်ဆုံဆည် စီမံကိန်းသို့ ရောက်ရှိလာခဲ့ပြီး မြစ်ဆုံဆည် တည်ဆောက်ရေး လုပ်ငန်းများအား ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုခဲ့သည်။ ညစာစားပွဲတွင် ဝန်ကြီးချုပ်သိန်းစိန်နဲ့ အေရှဝေါလ်ကုမ္ပဏီ ဒါရိုက်တာ ဦးထွန်းမြင့်နိုင်(ခ) စတီဗင်လော (ဘိန်းဘုရင် လောစစ်ဟန်၏သား) နဲ့ တရုတ်CPI ကုမ္ပဏီမှ အကြီးအကဲများအားတွေ့ ရစဉ်
ထိုစဉ်ကဝန်ကြီးချုပ်နဲ့ အတူလိုက်ပါခဲ့သော မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း ၊ ဝန်ကြီးချုပ်သိန်းစိန် ၊ ကထစမှူး ဒုဗိုလ်ချုပ်ကြီးသာအေး ၊ အမှတ်(၁)လျှပ်စစ်ဝန်ကြီး ဗိုလ်မှူးကြီးဇော်မင်း ၊ ဦးထွန်းမြင့်နိုင်(ခ) စတီဗင်လော (ဘိန်းဘုရင် လောစစ်ဟန်၏သား) ၊ ပို့ဆောင်ရေးဝန်ကြီးဋ္ဌာန ဝန်ကြီး ဗိုလ်ချုပ်သိန်းဆွေ ၊ ဆက်သွယ်ရေးနှင့်စာတိုက်နှင့် ကြေးနန်းဝန်ကြီးဋ္ဌာန ဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော် ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာန ဝန်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့် တို့ကိုတွေ့ ရစဉ်။
၂၀၁၁/၁/၂၂ တွင်မြစ်ဆုံဒေသသို့  ထပ်မံရောက်ရှိလာစဉ်



ဓါတ်ပုံမှတ်တမ်းများကို
ဒီမိုဝေယံ မှကူးယူဖေါ်ပြပါသည်

(09-05-21) ဓါတ်ပုံ ဒေါင်းမာန်ဟုန်
တိုင်းပြည်ရဲ့သမိုင်းအမွေအနှစ်ဖြစ်တဲ့ဧရာဝတီမြစ်ကို ခြံခတ်ပြီး တရုတ်ကို လျှပ်စစ်ဓာတ်အားရောင်းစားဖို့ လုပ်နေတဲ့ ဦးသိန်းစိန် (2010-12-18) ဓါတ်ပုံ ဒေါင်းမာန်ဟုန်
Myanmar Prime Minister Thein Sein met with General Manager Zhai Ruoyu ဓါတ်ပုံ ဒေါင်းမာန်ဟုန်

No comments: