Saturday, July 28, 2012

သံသယ ဖြစ်ဖွယ်ရာ လူသေ အလောင်း ဆေးမစစ်ဘဲ သဂြိုလ်

နေဗီဆိပ်ကျေးရွာမှ ရခိုင်အမျိုးသားတစ်ဦး (၂) ရက်ခန့် ပျောက်ဆုံးနေပြီး အလောင်းကိုသာတွေ့ရှိ
Written by ဒေါင်းမြရင်    Saturday, 28 July 2012 09:21    PDF Print E-mail
5mရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ နေဗီဆိပ်ကျေးရွာမှ ဦးသာမောင်သည် ယခုလ၂၅ ရက်နေ့က ပျေက်ဆုံးသွားရာမှ ၂၇ နေ့ တွင် ညောင်ပင်လှကျေးရွာ ဘုတ်ဆိပ်တွင် အလောင်းကို တွေ့ရှိရာ ဒေသဆိုင်ရာ အာဏာပိုင်များက တစ်စုံတစ်ရာ စစ်ဆေးမှု မပြုလုပ်ဘဲ သင်္ဂြိုလ်လိုက်ကြောင်း သတင်းရရှိသည်။
ဦးသာမောင် အလောင်းကို တွေ့ရှိသဖြင့် သက်ဆိုင်ရာ ရဲသားများကို ရွာသားများက ချက်ချင်း အကြောင်းကြားသော်လည်း ရောက်ရှိမလာဘဲ နောက်ပိုင်းတွင် သေဆုံးမှုအပေါ်စစ်ဆေးမှု တစုံတရာ မပြုလုပ်ဘဲ အလောင်းကို မြှုပ်နှံသင်္ဂြိုလ်လိုက်ကြောင်း သတင်းရရှိသည်။
ဦးသာမောင် မှာ အသက် ၅၀ ရှိပြီး နွားကျောင်းသွားရာမှ အိမ်သို့ပြန်မရောက်သည့်အတွက် ၂၅ ရက်နေ့က ရွာသားများ ၎င်းသွားနိုင်သည့် နေရာနှင့် ရွာပတ်ဝန်းကျင်နေရာအနှံ့ လိုက်လံရှာဖွေသော်လည်း မတွေ့ရှိဘဲ ၂၇ ရက်နေ့မှ အလောင်းကိုတွေ့ရှိခြင်းဖြစ်သည်။
ဦးသာမောင် အလောင်းအားတွေ့ရှိရာတွင် လက်တဘက်မှာ လက်မောင်းရင်းက လှုပ်နေပြီး မျက်လုံးတဘက်တွင်လည်း ဒဏ်ရာ ရရှိကာ သွေးထွက်နေကာ ပုံမှန်ရေနစ်သေဆုံးသည့် လက္ခဏာ အနေအထားမျိုးမဟုတ်ကြောင်း ရွာသားတစ်ဦးက ပြောသည်။
ဦးသာမောင်မှာ သွေးရိုးသားရိုး သေဆုံးခြင်းမျိုးမဟုတ်ဘဲ လူပျောက်၊ သေဆုံးမှုဖြစ်ရာ အဆိုပါ အလောင်းအား တစ်စုံတရာ စုံစမ်းစစ်ဆေးမှု မပြုလုပ်ဘဲ မြုပ်နှံ့သင်္ဂြိုလ်ခြင်းကြောင့် နေဗီဆိပ် ကျေးရွာသား တစ်ချို့နှင့် ပတ်ဝန်ကျင်ရွာသားတစ်ချို့မှာ မခံမရပ်နိုင်ဖြစ်နေပြီး အမှုမှန်ပေါ်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
နေဗီဆိပ်ကျေးရွာ အနီးတ၀ိုက်တွင် ဘင်္ဂလီမူဆလင်များ နေထိုင်သော ရွာများရှိရာ ရခိုင်တိုင်းရင်းသား များ၏ လယ်မြေနှင့် ဘင်္ဂလီမူဆလင်များ၏ လယ်မြေများမှာလည်း ထိစပ်နေကာ လယ်ထွန်၊ နွားကျောင်း၊ ဟင်းရှာကအစ အတူတကွသွားလာ လှုပ်နေကြကြောင်း သိရသည်။
နေဗီဆိပ်ကျေးရွာနှင့် အနီးတ၀ိုက်တွင် ပြိုင်းတောင် ဘင်္ဂါလီမူလင်ရွာတွင် လူဦးရေ ၁၈၃၅ ယောက်ခန့်ရှိပြီး နှင့် ဘဲလာမီ ဘင်္ဂါလီ ကုလားရွာတွင် လူဦးရေ ၈၉၅ ယောက်ခန့်ရှိရာ ဘင်္ဂလီမူဆလင်ဦးရေမှာ ရခိုင်ဦးရေထက်များပြားရာ ဘင်္ဂလီမူလင်-ရခိုင်အထိကရုန်း ဖြစ်နေသော ကာလအတွင်းတွင်လည်း ရခိုင်များအပေါ်တွင် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ထွန်းထွန်း
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျေးရွာ တစ်ရွာမှ ကျွဲရှာရင်း  ပျောက်ဆုံးနေသူ  တစ်ဦး၏  အလောင်းအား ဇူလိုင်လ ၂၇ ရက်နေ့က ချောင်းထဲမှ ရှာဖွေတွေ့ရှိ ခဲ့ပြီးနောက် ဆေးစစ် ရန် မြို့ နယ် ဆေးရုံသို့ မပို့ဘဲ သဂြိုလ်လိုက်သည်ဟု သိရသည်။

“ အမှန်ဆိုရင် သူဘယ်လို သေသွားတယ်ဆိုတာကို မြို့နယ် ဆေးရုံကို ပို့ပြီး ဆေးစစ်ဖို့ ကောင်းပါ တယ်။ ဒါမှ သူရေနစ်သေသွားတာလား၊ မဟုတ်ရင် အသတ်ခံပြီး သေဆုံး သွားတာလား ဆိုတာကို သဲသဲကွဲကွဲ သိနိုင်မှာ ဖြစ်ပါတယ်။ အခုတော့ နစက တာဝန်ရှိသူတွေရဲ့ အမိန့်နဲ့ အလောင်းကို ရှာဖွေတွေ့ပြီး နောက်ပိုင်းမှာ ချက်ချင်းဘဲ မြေမြုပ် သဂြိုလ်လိုက်ပါတယ်” ဟု နေဗီဆိပ် ရွာသား တစ်ဦးက ပြောသည်။
ရသေ့တောင်မြို့နယ် မယူကမ်း နေဗီဆိပ်ကျေးရွာမှ  ဦးဦသာမောင် (၅၈ နှစ်) သည် ကျွဲပျောက် သည်ကို ရှာဖွေရန်အတွက် လွန်ခဲ့သော ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီခန့်က အိမ်မှ ထွက်သွားခဲ့ကြောင်း၊ ၎င်းနောက်ပိုင်းတွင် အိမ်သို့ ပြန်မရောက်ဘဲ ပျောက်ဆုံးနေကြောင်း၊ သောကြာနေ့ နံနက် ၇ နာရီတွင် သူ့အလောင်းအား နေဗီဆိပ်ကျေးရွာအနီးရှိ ညောင်ပင်လှရွာ ဖေါင်တော်မှ ရှာဖွေ တွေ့ရှိခဲ့ကြောင်း သူက ဆက်ပြောသည်။
“ သူက အဲဒီနေ့ ညနေပိုင်းက ကျွဲတွေကို ရှာဖို့ ဆင်အိုးချောင်းကို ဖြတ်ပြီး တစ်ဘက်ကမ်းကို ကူးသွားတာကို တစ်ခြားလူတွေက မြင်လိုက်တယ်။ ဒါပေမယ့် ပြန်လာတာကိုကျတော့ လူတွေက မမြင်လိုက်တော့ဘူး။ ခါတိုင်းဆိုရင် ညနေ ၆ နာရီ၊ ၇နာရီဆိုရင် အိမ်ကို ပြန်ရောက်တယ်။ အဲဒီနေ့က ပြန်မရောက်လာတဲ့ အတွက် မိသားစုတွေက ညနေ ၉ နာရီကျော်မှာ ရွာသားတွေကို အကြောင်း ကြားတယ်။ ကျေးရွာသားတွေကလည်း လုံခြုံရေး အခြေအနေတွေကြောင့် အပြင်ကို ထွက်မရှာ နိုင်တာကြောင့် ရွာနီးချုပ်စပ်မှာဘဲ ရှာကြတယ်။ မနက်မိုးလင်းတော့ ရွာအနီးတ၀ိုက်ကို ဆက်ရှာ ကြတယ်။ မတွေ့ဘူး။ ဒီနေ့ သောကြာနေ့မနက်မှဘဲ အလောင်းကို ညောင်ပင်လှ ဖေါင်တော် အောက်က ရေထဲမှာ တွေ့ရပါတယ်” ဟု သူက ဆက်ပြောသည်။
ဦးသာမောင်မှာ ရိုးရိုး ရေနစ်သေတာလား၊ မွတ်ဆလင်ရွာသားများက သတ်၍ သေသလားဆိုတာကို ရွာသားများ အနေဖြင့် မပြောနိုင်ကြောင်း သူက ပြောသည်။
“ ကျွန်တော်တို့ ရွာနဲ့ သိပ်မနီးမဝေးမှာ ဘဲလာမိ၊ သံတူရွာနဲ့ ပြိုင်းတောင်ဆိုတဲ့ မွတ်ဆလင် ရွာ တွေရှိ ပါတယ်။ သူတို့က သတ်ပြီး ရေထဲပစ်ချတာလား။ ဒါမှမဟုတ် ချောင်း ကို ဖြတ်ကူးရင်နဲ့ သေတာလား။ ကျွန်တော်တို့ အတိအကျ မပြောနိုင်ပါဘူး။ အတိအကျ မသိဘဲနဲ့လည်း သံသယနဲ့ စွပ်စွဲတာတော့ မကောင်းပါဘူး။ ဆရာဝန်တွေဘဲ ပြောနိုင်မှာ ဖြစ်ပါတယ်။ ဆေးစစ်ရင်တော့ သိနိုင်မှာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။
သွေးရိုးသားရိုး မဟုတ်ဘဲ သေဆုံးသူ တစ်ဦးကို နစက တာဝန်ရှိသူများက သေမူ သေခင်းအရ တစ်စုံတစ်ရာ အမူ မဖွင့်သည့်အပြင်  သက်ဆိုင်ရာ မြို့နယ် ဆေးရုံသို့ ဆေးစစ်ရန် မပို့ဘဲ သဂြိုလ် လိုက်သည့် အပေါ် ရွာသားများက နားမလည်အောင် ဖြစ်နေသည်ဟုလည်း သူက ပြောပြသွားသည်။


No comments: