Sunday, July 29, 2012

အရေးကြီး သွေးစည်းပါ။ ပါကစ္စတန် တာလီဘန်အဖွဲ့ မြန်မာကို ခြိမ်းခြောက်


0
မြန်မာနိုင်ငံကို အကြမ်း ဖက်တော့မည် ဟု တာလီဘန် တို့ ကြေငြာ၊ ရွှေတိဂုံ၊ သမ္မတအိမ်၊ ပြည်ထောင်စု လွှတ်တော် နှင့် ဒေါ်စု အိမ် တို့ကို ပစ်မှတ်ထား

ယခုနောက်ဆုံး ရရှိသော သတင်းအရ ရိုဟင်ဂျာကို လက်မခံတဲ့အတွက် ပါကစ္စတန် အခြေစိုက် တာလီဘန်အဖွဲ့မှ မြန်မာနိုင်ငံကို အကြမ်းဖက်တိုက်ခိုက်သွားဖို့ နိုင်ငံတကာမီဒီယာကြီးတစ်ခုမှတစ်ဆင့် ကြေညာခဲ့ကြောင်း သိရပါတယ်.. ။ ထိုင်းအခြေစိုက် အစ္စလာမ်အစွန်းရောက်များနဲ့ အခြား အစွန်းရောက်အဖွဲ့အစည်းများကလည်း ဒီလို ကြေညာခဲ့ပါတယ်..။

ပါကစ္စတန်နိုင်ငံရှိ တာလီဘန် အစွန်းရောက်အဖွဲ့တစ်ဖွဲ့မှ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက်မှုများပါဝင်သည့် ထုတ်ပြန်ချက်တစ်စောင်ကို ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာန၏ ဖော်ပြချက်အရ သိရပါတယ်။ အဆိုပါကြေညာချက်ထဲတွင် ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ လုပ်ဆောင်မှုများအပေါ် လက်စားချေ တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ပါကစ္စတန် အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံသံတမန်ရေးရာ ဆက်သွယ်မှုများကိုလည်း ဖြတ်တောက်သွားရန်ကိုလည်း ဖိအားပေး တောင်းဆိုထားသည့်အချက်များ ပါဝင်ပါတယ်။ ယင်းကြေညာချက်ကို ပါကစ္စတန်ရှိ တာလီဘန်အစွန်းရောက် အဖွဲ့တစ်ဖွဲ့ဖြစ်သော Tehreek-e-Taliban Pakistan (TTP) အဖွဲ့မှ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ်မာဘတ်ရှိ မြန်မာသံရုံးကိုလည်း ပိတ်ပစ်ရန် ယင်းကြေညာချက်ထဲတွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။

TTP အဖွဲ့မှ Ehsanullah Ehsan က ''ကျွန်တော်တို့ ပြန်လည်လက်တုံ့ပြန်သွားပါမယ်၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားမှန်သမျှကို ဖျက်ဆီးသွားမှာဖြစ်သလို မြန်မာနိုင်ငံအပေါ် လိုလားသူတွေကိုလည်း ဆန့်ကျင်တိုက်ခိုက်သွားပါမယ်''ဟု ကြေညာချက်ထဲတွင် ထည့်သွင်းပြောကြားမှုကို အေအက်ဖ်ပီ သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ၎င်းအဖွဲ့မှာ ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်က မအောင်မြင်ဘဲဖြစ်ခဲ့သည့် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ Times Square ကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်မှုတွင် ကြိုးကိုင်ခဲ့သော အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

ရိုဟင်ဂျာ ကိစ္စနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး လုတွင်ကျယ် အားလုံး နှုတ်ဆိတ်နေပေမယ့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ရိုဟင်ဂျာများနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးမစ္စတာ အန်တိုနီယိုဂူတာရက်စ်နှင့် တွေ့ဆုံစဉ်မှာ တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် ဘယ်လိုမှ မဖြစ်နိုင်ကြောင်း၊ နောက်ဆုံး ဖြေရှင်းသည့်နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန်ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်းနှင့် ဤသည်မှာ ပြဿနာဖြေရှင်းနည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း စသည်တို့ကို ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်ပါတယ်။

နယူးယောက် Times Square မှာ ဗုံးခွဲရန် အစီအစဉ် မအောင်မြင် သော်လည်း မြန်မာနိုင်ငံမှာတော့ လွယ်ကူစွာ ဗုံးခွဲနိုင်လိမ့်မယ် လို့ ယုံကြည်နေကြပြီး အဓိကပစ်မှတ်များ ကတော့ မြန်မာနိုင်ငံရဲ့ အထင်ကရ ရွှေတိဂုံစေတီ၊ နိုင်ငံတော် သမ္မတကြီးရဲ့ အိမ်ဖြူတော် နဲ့ ပြည်ထောင်စု လွှတ်တော် အဆောက်အအုံ တို့ အပြင် လူထုခေါင်းဆောင် နိုဘယ်ဆုရင် ဒေါ်အောင်ဆန်းစုကြည် အိမ် လည်း ပစ်မှတ်ထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။

တာလီဘန်တို့ရဲ့ အခု ပို့တဲ့ ချိန်းခြောက်စာဟာ မြန်မာအစိုးရအဆက်ဆက် မကြုံဖူးတဲ့ Terrorist (အကြမ်းဖက်မှု) ဆိုတာကို အခု အစိုးရနဲ့ ပြည်သူအများ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်.။ တကယ် တမ်း ပြန်လေ့လာကြည့်ရင် ဒီအခြေအနေအထိ ရောက်လာခြင်းဟာ....

(၁)ပြည်ပမီဒီယာများမှ သတင်းမှားများနှင့် ၀ိုင်းပြီးဘေးတီးပေးမှုကြောင့် နိုင်ငံတကာရှိ အစ္စလာမ် အစွန်းရောက်များက အစိုးရနှင့် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များအပေါ် အထင်အမြင်လွဲမှားလာခြင်း။

(၂) ဖြစ်စဉ်အတွင်း ရောက်ရှိနေသည့် ရခိုင်ဒေသတွင်းရှိ NGO အဖွဲ့အစည်းများမှ အခြေအနေမှန်ကို လျစ်လျူရှုထားကာ ရန်ပုံငွေတစ်ခုတည်းအတွက် ဘင်္ဂလီရိုဟင်ဂျာတို့ကို နစ်နာသူများအဖြစ် ကမ္ဘာကို သိစေခြင်း။

(၃) နိုင်ငံခြားသတင်းထောက်များ အလွယ်တကူ ၀င်ထွက်နိုင်ပြီဖြစ်သော ယနေ့အချိန်တွင် information အမှားများကို ပြည်ပမီဒီယာများက အသာစီးယူ သွေးထိုးလှုံ့ဆော်သွားနိုင်ခဲ့ခြင်း။

(၅) ပြည်ပတွင်ရှိသော အစိုးရအတိုက်အခံ အဖွဲ့အစည်းများမှ ရိုဟင်ဂျာများအား တိုင်းရင်းသားအဖြစ် သတ်မှတ်ရေးအတွက် အစိုးရနှင့် အတိုက်အခံတို့ နိုင်ငံရေးအကျပ်အတည်းဖြစ်စေရန် လမ်းကြောင်းပေး ဆောင်ရွက်ခြင်းဖြင့် ရန်ပုံငွေများ ရရှိနေခြင်။

(၆) အွန်လိုင်းအသုံးပြုသူ ဘာသာရေး စိတ်ဓာတ် ပြင်းထန်သော မြန်မာ လူငယ်များ၏ ရည်ရွယ်ချက်မျိုးစုံဖြင့် ဆဲရေးတိုင်းထွာမှုများ၊ ကြိမ်းဝမ်းသံများက ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ် အဖွဲ့အစည်းများထံသို့ ပျံ့နှံ့ရောက်ရှိသွားသဖြင့် ဘာသာရေးနှင့် နွယ်သော စစ်ပွဲသဏ္ဍာန် အသွင်ယူရန် တစ်ဖက်မှ အခွင့်အရေး ရသွားခြင်း။

(၇) လူထုခေါင်းဆောင် နာမည်ခံ၊ နိုဘယ်ဆုရှင်ကြီး ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးနိုဘယ်ဆု သာ ရထားပြီး မငြိမ်ူမချမ်းဖြစ်နေတာကို တစ်ခွန်းမှ ဝင်မပြောနိုင်ခြင်း။

စသည်တို့အပြင်..။

အရေးကြီးဆုံး အချက်မှာ ၁၉၉၂ ခုနှစ် ဇွန်လ (၇) ရက်နေ့စွဲဖြင့် ABSDF (မကဒတ) သုတေသနဌာန မှ ထုတ်ဝေသော စာမျက်နှာ ၄၉ မျက်နှာပါ Rohingya Researched by ABSDF ဆိုသော စာတမ်းကို မလေးအခြေစိုက် အစ္စလာမ် အဖွဲ့အစည်းများမှ ဒေါ်လာတစ်သန်းကျော်နှင့် လက်နက်ခဲယမ်းများ ထောက်ပံ့ကာ ရေးသားစေခဲ့ခြင်း။

ထိုသုတေသန စာတမ်းကြောင့် .. ဦးနေ၀င်းလက်ထက်က စီမံချက်များကြောင့် တိမ်မြုပ်ပျောက်ကွယ်နေသော ရိုဟင်ဂျာ ဇာတ်လမ်းကို ၁၉၉၂ တွင် NGO များမှတစ်ဆင့် ကမ္ဘာနှင့် UNHCR တို့မှ သိပြီး ယနေ့ထက်ထိ ရိုဟင်ဂျာအား မြန်မာနိုင်ငံမှ အဖိနှိပ်ခံလူမျိုးစုအဖြစ် တရားဝင်သတ်မှတ်ကာ ကမ္ဘာ့ဇာတ်ခုံပေါ် ရောက်လာခဲ့ခြင်းကြောင့် ယခုအကျိုးဆက်များအဖြစ် ဖြစ်ပေါ်လာသည်ဟု ယူဆပါသည်..။

ထို့ကြောင့် ယခုအကျီုးဆက်များ ဖြစ်ပေါ်လာအောင် နှစ်ပေါင်းများစွာ ဖန်တီးခဲ့သူများ ငြိမ်းချမ်းရေးကိုယ်စားလျယ်ယောင်ယောင်ဖြင့် ပါဝင်ပတ်သက်နေသူများ..။ ပြည်ပနိုင်ငံရေးအဖွဲ့အစည်းများ၊ INGO များ။ ABSDF သုတေသနဌာနမှ ရိုဟင်ဂျာ စာတမ်းပြုစုသူများ လမ်းကြောင်းပေးသူ ပြည်ပမီဒီယာများ၊ ကမ္ဘာသိ သတင်းမထုတ်ပြန်နိုင်သော ပြည်ပအခြေစိုက် မြန်မာတင်းဌာနများ၊ အစရှိသည်တို့အား ယနေ့ဖြစ်ပေါ်လာသော အခြေအနေဆိုးများ၏ သမိုင်းတရားခံများအဖြစ် ပြင်းထန်စွာ လူထုက ရှုတ်ချလျှက်ရှိကြောင်း သတင်းရရှိပါတယ်။
 
 

ပါကစ္စတန် တာလီဘန်အဖွဲ့ မြန်မာကို ခြိမ်းခြောက်

ပါကစ္စတန် နိုင်ငံရှိ တာလီဘန် အဖွဲ့တဖွဲ့က မြန်မာကို ရိုဟင်ဂျာများအား ရာဇ၀တ်မှုမြောက် ကျူးလွန်သည့်အတွက် တိုက်ခိုက် မည်ဟု ခြိမ်းခြောက်လိုက်သည်။ ပါကစ္စတန် အနေနှင့် အစ္စလမ်မာဘတ် မြို့ရှိ မြန်မာသံရုံးကို ပိတ်ပစ်၍ မြန်မာနိုင်ငံနှင့် ဆက်ဆံ ရေး ဖြတ်ရမည်ဖြစ်ကြောင်း၊“ခင်ဗျားတို့ သွေးတွေနဲ့ လက်စားချေမယ်”ဟု Tehreek-e-Taliban (TTP) တာလီဘန် အဖွဲ့က ပြော ဆိုကြောင်း AFP သတင်းက ယနေ့ ဖော်ပြထားသည်။ သို့သော် အစ္စလမ်မာဘတ်ရှိ မြန်မာသံရုံးက မည်သို့မျှတုံ့ပြန်မှု မရှိသေးကြောင်း သိရသည်။
 
 

No comments: