Wednesday, October 10, 2012

ရိုးသားတဲ့၊စာနာတတ်တဲ့ စိတ်အပြည့်နဲ့ နုလုံးသားရှိတဲ့(အဘဗိုလ်ချုပ်ကျော်ဇော သို့ )

ဗိုလ်မှူးချုပ် ကျော်ဇော်မှာ ရိုးသားတဲ့၊စာနာတတ်တဲ့ စိတ်အပြည့်နဲ့ နုလုံးသားရှိတယ်။
သူဟာ ထိုက်ထိုက်တန်တန် သမိုင်းဝင်သူတဦးလည်းဖြစ်တယ်။
သူ့ကိုအလေးနီပြုပါတယ်။
ဦးအေးဆောင်


-


၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ ၊ မြန်မာစံတော်ချိန် နံနက်
၃း ၃၀ ခန့် တွင် အသက် (၉၃) နှစ် အရွယ်ရှိ ရဲဘော်ဦးတင် (ခေါ်)
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇော ကွယ်လွန်သွားခဲ့ပါပြီ။

သူသည် ၁၃၀၀ ရာပြည့် မျိုးဆက်ဟောင်း လက်ကျန်ထဲမှ ရှားရှားပါးပါး
ခေါင်းဆောင်တဦးဖြစ်သလို ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဒုတိယအကြိမ်
ကွန်ဂရက်နှင့် တတိယအကြိမ် ကွန်ဂရက် ၂ ခုစလုံးတွင် တင်မြှောက်ခံရသော
နောက်ဆုံး ဗဟိုကော်မတီဝင်လည်း ဖြစ်ပါသည်။

သူသည် ကိုလိုနီနယ်ချဲ့ ဆန့် ကျင်ရေး၊ လွတ်လပ်ရေးတိုက်ပွဲနှင့်
ဖက်ဆစ်တော်လှန်ရေးတို့ တွင် ထင်ရှားလာသည့် တပ်မှူးတစ်ဦးဖြစ်သလို
နိုင်ငံတွင်းသို့  ကျူးကျော်ခြေချလာသော ကူမင်တန် တရုတ်ဖြူတပ်များကို
ပြောင်ပြောင်မြောက်မြောက် တိုက်ထုတ်ပေးနိုင်သူ၊ ဤ စွမ်းဆောင်ချက်ကြောင့်
တိုင်းပြည်၏ သူရဲကောင်းအဖြစ် ပြည်တွင်းပြည်ပမှ အသိအမှတ်ပြု ခံရသူလည်း
ဖြစ်ပါသည်။

၁၉၇၆ ခုနှစ်တွင် အရှေ့ မြောက်စစ်ဒေသသို့  မိသားစုလိုက် ထွက်ခွာလာပြီး
ပါတီ၏ ဗဟိုစစ်ကော်မရှင်ဝင်တဦးအဖြစ် စစ်ရေးတာဝန်များကို
ထမ်းဆောင်ခဲ့သည်။

၁၉၈၉ နောက်ပိုင်း ဗကပ ယူဂျီပါတီ ဖြစ်သွားပြီးတဲ့နောက် သူ အနားယူခဲ့ရသည်။
သူ မလုပ်ချင်လို့ ၊ မလုပ်နိုင်တော့လို့  အနားယူရခြင်းမဟုတ်။
သူ့ လိုကျော်ကြားထင်ရှားသူတစ်ယောက်၊ ယူဂျီ လုပ်ငန်းမှာ အံဝင်ဖို့ 
ခဲယဉ်းတာကြောင့် ပါတီက တောင်းဆို အနားယူခိုင်းလို့  နားရခြင်းဖြစ်သည်။

သို့ သော် မကွယ်လွန်မီအထိ ပါတီဗဟိုသို့ လိုအပ်သော အကြံဥာဏ်များပေးတာ၊
တော်လှန်ရေး အကျိုးစီးပွားအတွက် ရေးသားတာ၊ ထုတ်ပြန်တာ၊ အင်တာဗျူး
ပုံစံနဲ့  ဟောပြောတာတွေ အဆက်မပြတ် လုပ်ပေးသွားခဲ့သည်။

ပါတီထဲမှာ “တော်လှန်ရေးသမားဆိုတာ သချို င်္င်း မရွေးဘူး” ဆိုတဲ့ ပြောစကား
ရှိပါသည်။

သို့ သော် သူ့ လို တိုင်းပြည်ကချစ်သူ “ပြည်ချစ်ပုဂ္ဂိုလ် - တိုင်းပြည်ငြိမ်းချမ်းစေ
လိုသူ” လို့  သတ်မှတ်ခံထားရသူတယောက်ဟာ သူ့ နိုင်ငံတွင်းမှာပဲ
ခေါင်းချသင့်ပါသည်။ တခါကွယ်လွန်သွားတော့လည်း ပြည်တွင်းငြိမ်းချမ်းရေး၊
ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံလုပ်ခဲ့သူတစ်ဦးအနေနှင့်
သူ့ အရိုးပြာဟာ ရွှေတိဂုံခြေရင်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ 
အုတ်ဂူဘေးမှာ ရှိနေသင့်ပါသည်။

အကြောင်းကြောင်းကြောင့် ဖြစ်သင့်တာတွေကတော့ ဖြစ်မလာခဲ့ပါ။

နောင် အရိုးပြာ ဘယ်လိုထားမယ်ဆိုတာကိုတော့ သူ့ မိသားစုကပဲ
ဆုံးဖြတ်ကြပါလိမ့်မည်။

မည်သို့ ပင်ဖြစ်စေ သူသွယ်လွန်သွားတာဟာ တိုင်းပြည်အတွက် သမိုင်းဝင်
ပုဂ္ဂိုလ်တဦး ဆုံးရှုံးရတာဖြစ်သလို ပါတီအတွက် အဖိုးတန်ရတနာတခု
ဆုံးရှုံးရတာဖြစ်ပါသည်။ ဒါကြောင့်လည်း ပါတီက များစွာနှမြောသတခြင်းနှင့်
ဝမ်းနည်းကြေကွဲခြင်းဖြစ်မိပါသည်။

ချစ်စွာသော ရဲဘော်ဦးတင် ငြိမ်းချမ်းစွာ အနားယူပါတော့။

ဗဟိုစည်းရုံးရေးကော်မတီ

ဗမာပြည်ကွန်မြူနစ်ပါတီ
Xxxx
ရဲဘော်ကြီး ဦးတင် …. သို့

ဗမာပြည် လွတ်လပ်ရေးလှုပ်ရှားမှု သမိုင်းရဲ့
နယ်ချဲ့ဆန့်ကျင်ရေး
ဖက်ဆစ်တော်လှန်ရေးမှာ
သူဟာ … အမျိုးသားသူရဲကောင်း။

ပြည်တွင်းငြိမ်းချမ်းရေး စစ်စစ်အတွက်
တိုးတက်တဲ့ လှုပ်ရှားမှုတွေထဲမှာ
သူဟာ
မှိုင်း၊ ဗန်းမော်တင်အောင်၊ ဒဂုန်တာရာတို့ရဲ့ ရဲဘော် …။

အလုပ်သမား လယ်သမား
ပစ္စည်းမဲ့ ပြည်သူလူထုကြီးရဲ့ တိုက်ပွဲဝင် တပ်ဦးမှာ
သူက … လက်နက်ကိုင်တော်လှန်ရေးရဲ့ ကြယ်စင်အနီ။

သူ့ဘ၀ရဲ့
အစ … အလယ် … အဆုံး
အဖိနှိပ်ခံလူထုဘက်မှ
တိုက်ပွဲဝင် ရုပ်ပုံလွှာ …။

အဲဒီ ကြယ်စင်အနီကား
တိုက်ပွဲဝင်ရင်း ကြီးမြတ်ဂုဏ်ယူစရာ ကျဆုံးခဲ့လေပြီ…။

သူ့ဘ၀ကို အတုယူ
သူ့ရပ်တည်ချက်ကို ခံယူ
သူပြသည့်လမ်း လွတ်မြောက်ရေးလမ်းကို
တိုက်ရင်း ဆက်ဆက်ချီကြစို့ …။ ။

(ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော …. အမှတ်တရ)

ကမာပုလဲ
၁၀၊ ၁၀၊ ၂၀၁၂
Xxxxxx
ကဗျာဆရာ မောင်လွမ်းဏီ၏ အဘဗိုလ်ချုပ်ကျော်ဇောသို့....

သုံးကျိပ်ထဲက တယောက်

ဆိုင်းစုမှသည်
မန်ရှိုးဆီ
ဧရာဝတီ၊ ယန်စီမြစ်ဖျား
ငန်းရိုင်းများရဲ့  ခရီးရှည်။

သမိုင်းတွေက
သမိုင်းကိုပဲ ရေးခဲ့မယ်၊
သမိုင်းတွေက
သမိုင်းကိုပဲ သင်ခဲ့မယ်၊
သမိုင်းတွေက
သမိုင်းကိုပဲ ဆုံးဖြတ်မယ်၊
သမိုင်းတွေက
သူရဲကောင်းတွေ မွေးဖွားတယ်။

လူတယောက်ရဲ့ 
သမိုင်းထုပ္ပတ်၊ ဖြတ်လမ်းမရှိခဲ့ပါချေ။

သေငယ်ဇောနဲ့
တမ်းတမြောလွင့်
ဖူးခွင့်မကြုံ၊ ရွှေတိဂုံကို ကျောခိုင်း၍။

ဒီကနေ့  မနက်
အရှေ့ဆီမှာ
ဆည်းဆာ နီ လွင့်ခဲ့ပြီကော။

(အဘဗိုလ်ချုပ်ကျော်ဇော သို့ )

မောင်လွမ်းဏီ
၁၀ - ၁၀ - ၂၀၁၂
ဗဟိုကော်မတီဝင် ရဲဘော်ဦးတင် ကွယ်လွန်ခြင်းအပေါ်

ဗမာပြည်ကွန်မြူနစ်ပါတီ၏ ထုတ်ပြန်ကြေညာချက်

ရက်စွဲ (၁၀၊ ၁၀၊ ၂၀၁၂)

No comments: