![]() |
နောက်ဆုံးရရှိထားတဲ့သတင်းကိုပို update news on the release of political prisoners--ko min ko naing, u khin nyunt (former general/PM), ko ko gyi, u khun htun oo, ko htay kywe, pan hteit htun, ashin gambira, ma mie mie, ma nilar thein, ko nyan lin, ma thet thet aung, ko zaw zaw min, aunt bwe kyae, dr. tin min htut, ko min zaya, ko may aye, ko jimmy, ko myo aung naing, ko than tin, ko hla myo naung, ko thet zaw, ko pyone cho, ko zaw thet htwe, ma sanda min, u nyi pu.......they do not have to sign the promissory note 401 either... |
ကြာသပတေး, 12 ဇန်နဝါရီ 2012
လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်/ကျဉ်းတွေပါဝင်မည်ဟု မျှော်လင့်
အင်းစိန်အကျဉ်းထောင်ရှေ့ကမှာ စောင့်မျှော်နေကြသည့် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ
မနက်ဖြန် ဇန်န၀ါရီ ၁၃ ရက်ကစလို့ အကျဉ်းသား ၆၅၁ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ပေးမယ်လို့ မြန်မာ့ရုပ်မြင်သံကြားမှာ ဒီကနေ့ ဇန်န၀ါရီ ၁၂ ရက် ညနေပိုင်းက ကြေညာသွားပါတယ်။ အခုတခေါက် ထုတ်ပြန်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ အရင်ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်လို ထောင်ဒဏ်လျော့ပေါ့တာမျိုးမဟုတ်လို့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေကြတဲ့ နိုင်ငံရေးအကျဉ်းသားအများစု ပါလာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေလည်း ရှိနေပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။
ဇန်န၀ါရီ ၁၂ ရက် ကြာသာပတေးနေ့ ညနေ ၆နာရီ မှာ မြန်မာရရုပ်မြင်သံကြားကနေ အကျဉ်းသား ၆၅၁ ယောက်ကို မနက်ဖန် ဇန်န၀ါရီ ၁၃ ရက်နေ့ကနေ လွှတ်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။
…. လူသားချင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်ရဲ့မေတ္တာနဲ့စေတနာကို နားလည်ကြပြီး နိုင်ငံတော်သစ်တည်ဆောက်ရေးမှာ တဘက်တလမ်းမှ အထောက်အပံ့ဖြစ်စေတဲ့ နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲနိုင်စေရေး အတွက်လည်းကောင်း ရည်ရွယ်ပြီး အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်အသီးသီး ကျခံလျှက်ရှိသော အကျဉ်းသား အကျဉ်းသယ ၆၅၁ ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ….
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ သူတို့ရဲ့စာရင်းအရ အကျဉ်းထောင်တွေအတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော် ရှိနေတယ်လို့ NLD ပါတီရဲ့ သဘာပတိအဖွဲ့ဝင်တဦးဖြစ်တဲ့ သတင်းစာဆရာကြီးဦးဝင်းတင်က ပြောပါတယ်။
“ကျနော်တို့ကတော့ ဘာမှမသိဘူးဗျာ။ နိုင်ငံရေးအကျဉ်းသားတွေ ပါမလား၊ မပါမလားဆိုတာ ရင်တမမနဲ့ စောင့်ကြည့်နေပါတယ်။ ကျနော်တို့အဖွဲ့ချုပ်ရဲ့သတ်မှတ်ချက်ကတော့ နိုင်ငံရေးအကျဉ်းသားပေါင်း ၅၀၀ ကျော်ကျန်နေပါသေးတယ်လို့ ပြောချင်ပါတယ်”
ဒါကတော့ NLD ပါတီက သဘာပတိအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးဝင်းတင်ပါရှင်။ ဒါဟာ မြန်မာအရပ်သားအစိုးရ တက်လာပြီး စတ္တုထအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာလည်းဖြစ်ပါတယ်။ အခုတခေါက်ထူးခြားချက်ကတော့ အရင် ၃ ကြိမ်ပေးခဲ့ဖူးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွေလို ကန့်သတ်ချက်တွေ လျှော့ပေါ့ချက်လို သတ်မှတ်ချက်တွေမပါတော့ အများတောင်းဆိုနေတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အများစုပါလာနိုင်၊ မျှော်လင့် နိုင်တယ်လို့ ရန်ကုန်တိုင်းမ်ဂျာနယ်အယ်ဒီတာ ဦးကိုကို(စက်မှု)က သုံးသပ်ပါတယ်။ ဒီလိုထူးခြားမှုတွေ ဆက်စပ်မယ် ဆိုရင်လည်း ဒီကနေ့ဟာ ကရင်အမျိုးသားအစည်းအရုံး KNUနဲ့ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးအဖွဲ့တို့ ပဏာမအဆင့် သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့အပြီး ညနေပိုင်းမှာ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
“အရင်ဟာတွေကတော့ ရက်လျှော့ပေါ့ပေးလိုက်တာ၊ ဘယ်နှစ်နှစ်၊ ဘယ်လိုလျှော့လိုက်တာ စသည်ဖြင့် ပါပါတယ်။ အခုကတော့ အဲလိုမဟုတ်ဘဲနဲ့ တကယ့်ကို totally ပါပဲ။ Absolute Amnesty လို့တောင် ပြောလို့ရပါတယ်။ တကယ့် လွတ်ငြိမ်းချမ်းသာခွင့်အစစ်၊ ကျနော်တို့အားလုံးမျှော်လင့်တောင့်တနေတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများ ပေါ့လေ၊ နိုင်ငံရေးအကျဉ်းသားလို့ပဲခေါ်ခေါ် အဲဒီလူတွေ အများစုပါလာနိုင်မယ့် လွတ်ငြိမ်းချမ်းသာခွင့်လို့တော့ ကျနော်ကတော့ ထင်နေပါတယ်။ ယုံလည်းယုံကြည်ပါတယ်”
ဒီလိုသုံးသပ်ချက်တွေအပြင် ရုတ်တရက်ထုတ်ပြန်လိုက်တဲ့ ဒီကြေညာချက်ကြောင့် သတင်းထောက်တွေကလည်း နံမည်ကြီး နိုင်ငံရေးအကျဉ်းသားတွေရှိတဲ့နယ်ထောင်တချို့ကို မနက်ဖြန်မှာ သွားစောင့်ကြမယ်လို့လည်း ပြောပါတယ်။ အခုလွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ချက်ထွက်အပြီး နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေဆီ ထောင်အာဏာပိုင်တွေ ဆက်သွယ်တာမျိုး မရှိပေမယ့် မိသားစုဝင်တွေကတော့ လွတ်လာကြမလားလို့ မျှော်လင့်နေကြတယ်လို့ သရက်ထောင်မှာ နှစ်ရှည်အကျဉ်းချခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့အမ ဒေါ်ကြည်ကြည်ညွန့်က ပြောပါတယ်။
“ကျမတို့မိသားစုဝင်တွေအနေနေ့တော့ ဘာမှ ထူးထူးခြားခြားသိရတာ မရှိပါဘူး။ ကိုယ်တဦးတည်းမဟုတ်ပါဘူး။ တခြားမိသားစုဝင်တွေရော အားလုံးအတူတူပါပဲ။ ဘယ်သူတွေပါတယ်၊ ဘယ်သူတွေမပါဘူးဆိုတာ အတိအကျ မသိသေးဘူးပေါ့နော်။ နောက်ပြီးတော့ ၁၃ ရက်နေ့မှ စလွှတ်မယ်လို့လည်း ပြောထားလို့ပေါ့လေ။ ဘာပဲဖြစ်ဖြစ် အားလုံးကတော့ ကိုယ့်လူ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ လွတ်လာတဲ့သူတွေအားလုံးအပေါ်မှာ မုဒိတာပွားပြီးတော့ ဝမ်းသာပေးကြရမှာပါပဲ”
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကို မင်းကိုနိုင်ရဲ့အမ ဒေါ်ကြည်ကြည်ညွန့်ပါ။ ဒီိလို ၈၈ မျိုးဆက် ကျောင်းသား မိသားစုတွေအပြင် တိုင်းရင်းသားခေါင်းဆောင်တွေလည်း လွတ်လာကြမလားလို့ စောင့်နေကြကြောင်း ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ပြောခွင့်ရသူ ဦးစိုင်းလိတ်ကပြောပါတယ်။ ထူးခြားတဲ့ ဒီကြေညာချက်ကြောင့် ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့တခြားသူတွေရှိတဲ့ နယ်ထောင်တွေဆီ ဆက်သွယ်မေးမြန်းနေတယ်လို့ပြောပါတယ်။
“အခုချိန်ထိတော့ ထူးထူးခြားခြား ကျနော့်တို့ကို ဆက်သွယ်လာတာ မရှိသေးပါဘူး။ မျှော်လင့်သလားဆိုတော့ မျှော်လင့်တာပေါ့ဗျာ၊ အားလုံးကိုပဲ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံးကိုလွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံရေးကိစ္စတွေမှာ အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့မှ လွှတ်တယ်ဆိုတဲ့ အသုံးအနှုန်းလေးတွေပါလာတာ တွေ့ရတဲ့အတွက်ကြောင့်မိုလို့ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံးမဟုတ်တောင်မှ တော်တော်များများတော့ ပါလာလိမ့်မယ်လို့ ဒီအတိုင်းပဲ သုံးသပ်ပါတယ်”
SNLD ပါတီပြောခွင့်ရသူ ဦးစိုင်းလိတ်ပါ။ မြန်မာအစိုးရတက်လာပြီးတဲ့နောက် ၂၀၁၁ မေလ ၁၆ ရက်နေ့က လွတ်ငြိမ်း ချမ်းသာခွင့်တကြိမ် ၂၀၁၁ ထဲမှာပဲ အောက်တိုဘာ ၁၁ ရက်နေ့မှာ ဒုတိယအကြိမ်ထုတ်ပြန်ခဲ့သလို ၂၀၁၂ နှစ်ဆန်း ဇန်န၀ါရီ ၂ ရက်နေ့မှာ တတိယအကြိမ်ထုတ်ပြန်အပြီး အခု ၁၀ ရက်အကြာမှာ စတ္တုထအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ခဲ့ပေမယ့် သာမာန်ရာဇ၀တ်မှုနဲ့ ကျနေသူတွေသူသာ အများစုလွတ်လာပြီး နိုင်ငံရေးအကျဉ်းသားတွေ မပါဝင်တာမို့ ဝေဖန်မှုတွေလည်း အတော်လေးရှိခဲ့ပါတယ်။

No comments:
Post a Comment