Monday, January 23, 2012

မြန်မာနိုင်ငံ၏ ရေအရင်းအမြစ်ပိုင်ဆိုင်မှု ကမ္ဘာတွင် အဆင့် (၁၄) ရှိပြီး အာရှဒေသ နိုင်ငံများတွင် အဆင့် (၅)တွင်ရှိ၊







PDF Print
Sunday, 22 January 2012 13:19
AddThis Social Bookmark Button
7173a
မြစ်ဆုံဒေသတစ်နေရာ ဓါတ်ပုံ- မြင့်မောင်ကျော်
မြန်မာနိုင်ငံ၏ ရေသယံဇာတ အရင်းအမြစ်များပိုင်ဆိုင်မှုမှာ ကမ္ဘာ့ တွင်အဆင့် ၁၄ ရှိနေပြီး အာရှဒေသ နိုင်ငံများနှင့်နှိုင်းယှဉ်ပါက အဆင့်(၅) တွင်ရှိကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၊ နှစ်ပတ်လည်ညီလာခံ တွင် ဆည်မြောင်းဦးစီးဌာနမှ အငြိမ်းစား ဒုတိယ ညွှန်ကြားရေးမှူးချုပ်တစ်ဦးမှ ဖတ်ကြားခဲ့သော စာတမ်းအရ သိ ရှိရသည်။
ကမ္ဘာ့ပေါ်တွင် ရေအရင်းအမြစ် ပိုင်ဆိုင်မှု အခြေအနေကို နှိုင်းယှဉ်ပါက ဘရားဇီးလ်နိုင်ငံမှာ အဆင့်(၁) တွင်ရှိနေပြီး ရုရှားနိုင်ငံမှာမူ အဆင့် (၂)နေရာတွင် ရှိနေပြီး အာရှဒေသတွင်း နိုင်ငံများအနေဖြင့် တရုတ်  ပြည်သူ့သမ္မတနိုင်ငံမှာ အဆင့်(၅) ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အဆင့်(၆)နေရာတွင် ရှိနေကြောင်းလည်း သိရှိရသည်။
အာရှဒေသတွင်း နိုင်ငံများအနေဖြင့် နှိုင်းယှဉ်ကြည့်ပါက တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ အာရှအဆင့် (၁)၊ အင်ဒိုနီးရှားနိုင်ငံမှာ အဆင့်(၂)၊ အိန္ဒိယနိုင်ငံမှာ အဆင့်(၃)၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှာ အဆင့်(၄)နှင့် မြန်မာနိုင်ငံ မှာ အဆင့်(၅)တွင် ရပ်တည်လျက်ရှိကြောင်းလည်း သိရှိရသည်။
ကမ္ဘာ့နိုင်ငံများတွင် ရေအရင်းအမြစ်များ ထိန်းသိမ်းနိုင်ရန်အတွက် water policy များရှိသော်လည်း မြန်မာနိုင်ငံ၌မူ ရေအရင်းအမြစ်များ ကာကွယ်ထိန်းသိမ်း နိုင်ရန်အတွက် Myanmar National Water Policy မရှိသေးသောကြောင့် ဥပဒေတစ်ရပ် အခိုင်အမာပြဌာန်းရန် လိုအပ်နေကြောင်းလည်း ပညာရှင်များက သုံးသပ်ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံမှာ ရေအရင်းအမြစ် ပိုင်ဆိုင်မှုက ကမ္ဘာ့အဆင့်(၁၄) မှာ ရှိတယ်။ ဒါပေမယ့် ရေချိုရေကောင်းကလည်း ရှားပါးလာတာ တွေ့ရတယ်။ စိုက်ပျိုးမြေတိုးလာတယ်။ စက်မှုဖွံ့ဖြိုးလာတာနဲ့အမျှ ရေကိုဘယ်လိုရယူမလဲ၊ ဘယ်လိုစီမံခန့်ခွဲမလဲ၊ ရေနဲ့ပတ်သက်တဲ့ကဏ္ဍ တွေ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် ဒီအတိုင်းနေလို့မရဘူး။ Water Policy  ရှိရမယ်။ ရှိနေပြီးသား အရင်းအမြစ်တွေကို ဥပဒေတွေပြဌာန်းပြီး ထိန်းသိမ်းဖို့လိုတယ်။ ဘာကြောင့် ဒီလိုချမှတ်ဖို့လိုလဲဆိုရင် လက်ရှိ မြန်မာနိုင်ငံမှာ ရေချိုရေကောင်းက quality ရော quantity ပါကျလာပြီ။ ဒါတွေဟာ ထိန်းသိမ်းဖို့လိုနေပါပြီ” ဟုလည်း ဆည်မြောင်းဦးစီးဌာနမှ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်တစ်ဦးက ပြောကြားခဲ့သည်။
7173 ဆက်လက်ပြီး ARDC (Agri -business and Rural Development ) မှ အကြံပေးဖြစ်သူ ဦးဇော်ဝင်း ကလည်း “မြန်မာနိုင်ငံမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ဥပဒေပြဌာန်း ဖို့လုပ်နေကြတယ်။ ဒီလိုဥပဒေပြဌာန်းရာမှာပဲဖြစ်ဖြစ် မြေပေါ်လစီ၊ ရေပေါ်လစီတွေ ထည့်သွင်း စဉ်းစားသင့်တယ်။ မြေပေါ်လစီက မူကြမ်းအဆင့်ပဲ ရှိနေသေးတယ်။ မြေ၊ ရေပေါ်လစီမရှိဘဲလုပ်ရင် အံချော်တတ်တယ်။ မြန်မာနိုင်ငံမှာ ရေသန့်က တစ်နေ့တစ်ခြား ရှားပါးလာတယ်။ ရေအရည်အသွေးဆိုရင်လည်း WHO standard  ပဲရှိတယ်။ မြန်မာနိုင်ငံ အဆင့်သတ်မှတ် တာမျိုးမတွေ့ရသေးဘူး။ အာဆီယံနိုင်ငံတွေထဲမှာလည်း water policy မရှိသေးတာ မြန်မာ နိုင်ငံပဲရှိတယ်။ ကမ္ဘောဒီးယား၊ လာအိုတို့မှာတောင် ရှိတယ်။ ကမ္ဘာနဲ့ပဲ ယှဉ်ယှဉ်၊ ဒေသတွင်းနိုင်ငံတွေပဲ ယှဉ်ယှဉ် ကိုယ့်နိုင်ငံရဲ့လက်ရှိရေအရင်း အမြစ်တွေဟာ ထိန်းသိမ်းဖို့အတွက်  ရေအရင်းအမြစ် ထိန်းသိမ်းရေးအဖွဲ့တွေ ကော်မတီတွေ ဖွဲ့စည်းပြီး ဆောင်ရွက်သင့်ပါတယ်”ဟုလည်းပြောပြခဲ့သည်။
အလားတူ ရေနှင့်ပတ်သက်ပြီး ကျွမ်းကျင်သူတစ်ဦးကလည်း “မြန်မာ နိုင်ငံက စက်ရုံအလုပ်ရုံ၊ အရက်ချက် စက်ရုံစတာတွေက ထွက်တဲ့ရေဆိုးတွေကို မြစ်ချောင်းထဲကို တိုက်ရိုက်စွန့် ပစ်ကြတယ်။ ဒီတော့ မြစ်ချောင်းထဲ က ရေအရည်အသွေးကို ထိခိုက်တယ်။ ဒါတွေကို ထိထိရောက်ရောက် ဟန့်တားနိုင်ဖို့လိုတယ်။ ရေသယံဇာတတွေ ထိန်းဖို့လိုနေသလို ရာသီဥတုတွေ ပြောင်းလဲနေတော့ ရေကြီးမှုတွေ လည်းဖြစ်ပွားလာတယ်။ ရေနဲ့ပတ်သက်တဲ့ သဘာဝဘေးတွေအတွက် သတိ၊ ပြင်ဆင်၊ အဆင်သင့် အနေအထားဖြစ်နေဖို့ လိုပါတယ်”ဟုလည်း စာတမ်းရှင်က သုံးသပ်ပြောကြား သွားခဲ့သည်။
မြန်မာနိုင်ငံတွင် ရေကိုလယ်ယာ စိုက်ပျိုးရေးကဏ္ဍ၌ အဓိကသုံးစွဲလျက်ရှိသည်ဖြစ်ရာ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ စာရင်းများအရ ၂၀၀၀ ပြည့်နှစ်အတွင်းက ရေအသုံး ချမှုစုစုပေါင်း၏ ၉၁ ရာခိုင်နှုန်းကို လယ်ယာကဏ္ဍအတွက် အသုံးပြုလျက်ရှိသည်ကို တွေ့ရကြောင်း၊ စက်မှုလက်မှုကဏ္ဍအတွက် သုံးစွဲသည့် ပမာဏမှာ ၃ ရာခိုင်နှုန်းနှင့်သောက် သုံးရေအတွက် ၆ ရာခိုင်နှုန်းသာရှိကြောင်းလည်း သိရသည်။  
တစ်ကမ္ဘာလုံးဆိုင်ရာ ရေအရင်းအမြစ်ပိုင်ဆိုင်မှု အခြေအနေ (ထုထည်ပမာဏ)

       ပြန်လည်ဖြည့်တင်းနိုင်သော ရေအရင်းအမြစ် မြေအောက်ရေ ရေအရင်းအမြစ် မြေပြင်ပေါ်ရှိရေပမာဏ ရေအရင်းအမြစ် ပြည်လည်ဖြည့်တင်းနိုင်သော ရေအရင်းအမြစ်
ဘရာဇီးလ်  ၅၄၁၈  ၁၈၇၄ ၅၄၁၈  ၈၂၃၃
ရုရှား   ၄၃၁၂ .၇       ၇၈၈   ၄၀၃၆ .၇        ၄၅၀၇ .၂၅
အမေရိက        ၂၈၁၈ .၄      - - ၃၀၆၉ .၎
ကနေဒါ ၂၈၅၀ ၃၇၀   ၂၈၄၀  ၂၉၀၂
တရုတ် ၂၈၇၉ .၄              ၈၃၂ .၈ ၂၇၇၄ .၅ ၂၈၉၆ .၅၇
အင်ဒိုနီးရှား      ၂၈၃၈  ၄၅၅    ၂၇၉၃  ၂၈၃၈
ကိုလံဘီယာ    ၂၁၁၂  ၅၁၀    ၂၁၁၂  ၂၁၃၂
အမေရိကန်     ၂၀၀၀  ၁၃၀၀  ၁၈၆၂  ၂၀၇၁
ပီရူး    ၁၆၁၆ ၃၀၃    ၁၆၁၆  ၁၉၁၃
၁၀ အိန္ဒိယ  ၁၂၆၀ .၅၄     ၄၁၈ .၅၄       ၁၂၂၂  ၁၉၀၇ .၇၆
၁၁ ကွန်ဂို  ၉၀၀    ၄၂၁   ၈၉၉    ၁၂၈၃
၁၂ ဗင်နီဇွဲလား      ၇၂၂ .၄၅        ၂၂၇    ၇၀၀.၁၄         ၁၂၃၃ .၁၇
၁၃ ဘင်္ဂလားဒေ့ရှ်   ၁၀၅    ၂၁ .၀၉  ၈၃.၉၁ ၁၂၁၀ .၆၄
၁၄ မြန်မာ  ၈၈၀ .၆ ၁၅၆   ၈၇၄.၆ ၁၀၄၅ .၆

No comments: