

ပြည်တွင်းပုဂ္ဂလိက ဘဏ်တစ်ခုဖြစ်သော ယူနိုက်တက် အမရာဘဏ်၏ လုပ်ငန်းခွင်တစ်ခုအား တွေ့ရစဉ်
“MPU စနစ်ကို မကြာမီ အသုံးပြုနိုင်တော့မှာပါ။ မြန်မာဘဏ်အားလုံး ချိတ်ဆက် အသုံးပြုရမှာ ဖြစ်ပါတယ်။ ထုတ်ဝေထားပြီးဖြစ်တဲ့ အေတီအမ်ကတ်တွေလည်း ဒီစနစ်ကို ပြန်ချိတ်ဆက်ဖို့လိုတယ်။ မြန်မာ ဘဏ်အချင်းချင်း ချိတ်ဆက်သလို နိုင်ငံတကာ ဘဏ်တွေနဲ့လည်း ချိတ်ဆက်သွားမှာပါ။ ၂၀၁၃ ခုနှစ်မှာ နိုင်ငံတကာမှာ MPU ကတ်သုံးနိုင် ဖြစ်သလိုမြန်မာနိုင်ငံမှာလည်း တခြား နိုင်ငံက ကတ်တွေ၊ နိုင်ငံတကာသုံး ကတ်တွေဖြစ်တဲ့ VISA ကတ်တို့၊ Master ကတ်တို့ကိုလည်း မြန်မာပြည်မှာ သုံးစွဲနိုင်မှာဖြစ်ပါတယ်”ဟု ပုဂ္ဂလိကဘဏ်တစ်ခုမှ ဒုတိယဥက္ကဋ္ဌ တစ်ဦးက ပြောကြားပါသည်။
MPU စနစ်ဖြင့် မြန်မာဘဏ်အားလုံးကို ၂၀၁၂ခုနှစ်အတွင်း ချိတ်ဆက်သွားမည်ဖြစ်ပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလက စတင်ထုတ်ပေးထားသော အေတီအမ်ကတ်များအပြင် Debit ကတ်နှင့် Credit ကတ်စနစ် များကိုလည်း အသုံးပြုနိုင်ရန် ပြင်ဆင်ထားကြောင်း သိရပါသည်။
အကြွေးဝယ်ကတ်ပြားများသည် ဘဏ်များ၏ အဓိကလုပ်ငန်းဖြစ်သည့် အပ်ငွေလက်ခံခြင်းနှင့် ငွေထုတ်ချေး ခြင်းတို့ကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်သော စနစ်တစ်ရပ်ဖြစ်သည်။ ထို့ပြင် အခိုက်အတန့် ငွေကြေး လိုအပ်သူများကို ၀န်ဆောင်မှုပေးနိုင်သော စနစ်တစ်ရပ်ဖြစ်ပြီး အပ်ငွေလက်ခံ သူနှင့် ငွေချေးသူ တစ်ပြိုင်တည်း ရနိုင်သော လက်လီဘဏ်လုပ်ငန်း စနစ်ဖြစ်ကြောင်း ဘဏ်လုပ်ငန်း ကျွမ်းကျင်သူများက ပြောကြားသည်။
အေတီအမ်ကတ် အပါအ၀င် အကြွေးဝယ်ကတ်များကို ၁၉၉၄ ခုနှစ်မှ ၂၀၀၃ခုနှစ်အထိ ပုဂ္ဂလိက ဘဏ်များက ၀န်ဆောင်မှုပေးခဲ့ဖူးပြီး ၂၀၀၃ခုနှစ်တွင် ပုဂ္ဂလိကဘဏ်များတွင် ဖြစ်ပေါ်ခဲ့သော ငွေကြေး အကျပ်အတည်းကြောင့် ပိတ်သိမ်းခဲ့သည်။ ထို့နောက် ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ၂၀၁၁ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ပြန်လည် အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment