Wednesday, January 18, 2012

အမှု့ မှန်ဖေါ်ထုတ်နှိုင်ရေး

ပြည်ပရောက် ABSDF အဖွဲ့ ဝင်ဟောင်း အများစုသည်

  • မိမိတို့ ၏ ဒီမိုကရေစီတော်လှန်ရေး သိက္ခာ ၊ ကျောင်းသား သမိုင်း ၊ မကဒတ သမိုင်း ၊ မညိုးနွမ်းစေရန် အတွက်သော် ၄င်း ၊
  • ဒီမိုကရေစီဘက်တော်သားတို့ ၏ ကျင့် စဉ်အတိုင်း အမှန်တရားကို မျက်နှာ မလိုက်တမ်း၊ အရောင်မဆိုးစတမ်း ၊ ကျောသား ရင်သား ခွဲစတမ်း မှတ်တမ်းတင်ရန် အတွက်၎င်း
  • တောထဲတွင် မထင်မရှား ဇတ်တူသား အစားခံခဲ့ ကြရသော လုပ်ကြံ သတ်ဖြတ်ခံခဲ့ ကြရသော သေဆုံးသွားသူများသည် မိမိ ဖါသာ ခုခံကွာကွယ် တောင်းဆို ခြေပ နိုင်ခြင်းမရှိတော့ သည် အတွက် ထိုသူတို့ ကိုယ်စား ကျန်ရစ်သူ ကံကောင်းထောက်မ ၍ လွတ်မြောက်လာသူ အသက်ရှင်နေသေးသူများမှ ဖေါ်ထုတ်ပေး၇န်တာဝန်ရှိသည် အတွက် ၄င်း
  • ထို အသတ်ခံ ရ သူ တို့ ၏ကျန်ရစ် မိသားစုများကို ကိုယ်ခြင်းစာ ထောက်ထား သော အားဖြင့် ၎င်း 
တော ထဲ  နေ ရာ ဒေသ အသီးသီး တွင် ( ကချင်ဒေသ တခုတည်းမဟုတ်ပါ ) သူလှို ဟုစွတ်စွဲ ကာ လုပ်ကြံသတ်ဖြတ် အာဏာလုပွဲ တွင် အသက်ပေးစတေးခဲ့ ကြရသော အမှူ များ အားလုံးကို ထုတ်ဖေါ် မှတ်တမ်းတင် ရန် အချိန်ကျရောက်ပြီ ဖြစ်ကြောင်း နိုးဆော်အပ်ပါသည် ။
လက်ရှိ အေဘီ အဖွဲ့ ဝင် များ ဖြင့် သာ ဖွဲ့ ထားသော အဖွဲ့ မဟုတ်ပဲ အခြားသော ၊ သူ များလည်း ပါဝင် မှသာ ၊ ပြည့် စုံ မျှတ သော အဖြေ ၊ သမိုင်း မှန်ကို ရပါလိမ်မည် ၊
ထိုသမိုင်းမှန်ပေါ်တွင် ဘယ်သို့ ဆုံးဖြတ်ကြမည် ၊ ဘယ်တော့ ဆုံးဖြတ်ကြမည် ကို တော့  ၊ ထပ်မံ စောင့် ဆိုင်းရမည် ထင်ပါသည် ၊
ပုဂိုလ်ရေး ၊ ကိုနိုင်အောင်ဖက် ကိုမိုးသိးဖက် စသည် တို့ မပါ သင့်  ၊ ကရင်လုပ်သည် ကျောင်းသားခြင်းလုပ်သည် ဟုလူမျိုးရေး မပါသင့် ၊ ဂလဲ့ စားခြေမည်ဟု ခံစားချက်
အညိုးအတေးမပါ သင့် ပဲ ၊ နစ်နာ ထားသော သူများ အတွက် ကျူးလွန်ခဲ့ သောသူများမှ ၊ ထိုက်တန်သော အပြစ်ပြန်လည် ပေးဆပ်ရန်ဆိုသည့် ဥပဒေ အခြေခံ အတိုင်း
သာ သွားသင့် ကြပါသည် ၊ ကျွန်တော့် သူငယ်ချင်း၏ အကို လည်း ထို အသတ်ခံရသော သူ ထဲတွင်ပါဝင်ပြိး အနည်းကပ် မျှဝေ ခံစားခဲ့ ရသော ကြောင့် အကြံပေးခြင်းမျှသာဖြစ်ပါသည် ။

အားလုံးကို လေးစားလျှက်

စိုင်းကျော်ဦး

No comments: