ကိုယ့်အိမ်ကိုယ်ပြန် အောင်ပွဲခံ
(ထိုင်းရောက်မြန်မာများရဲ့ဒုက္ခ)
ကိုယ့်နိုင်ငံကိုယ့်ပြည် မဟုတ်ပေ
ကိုယ့်အဖေကိုယ့်အမေ
မဟုတ်လေတဲ့အတွက်
ထိုင်းရဲတွေရဲ့အနှိပ်အစက်
ပက်ပင်းအခါမလင့်
အနိုင်ကျင့်ခံလိုက်ရ
အပျော်ကြိုက်ကြတဲ့မြန်မာတွေ
အဖမ်းခံလိုက်ရရှာပေ။
ဒါတွေကိုပမာထူ
သင်္ခန်းစာယူပြီး
စိတ်တူ ကိုယ်ညီ
ကိုယ့်တိုင်းပြည်ကိုယ်အကြံပေါက်
ပြန်ရောက်အောင်ပြန်ကြပါ။
သန်ကောင်ထက် ညဥ့်မနက်တော့ပါ
ကိုယ့်အိမ်ရာထက်နွေးထွေးတဲ့နေရာ
မရှိတော့ပါ။
အမှောင်ကွယ်ပျောက်ရင်
အလင်းရောက်လာစမြဲပါ
ဘယ်ကလာ ဘယ်သို့ပြန်
မှန်မှန်ကန်ကန် အတည်ပေါက်
တိုင်းပြည်ကိုယ် ပြန်တည်ဆောက်ကြလော့။
ကိုကိုအောင်(ခေါ်)တက္ကသိုလ်ဘုန်းကြွယ်
ဇန္န၀ါရီ ၁၈ ၂၀၁၂
အပေါ်ကလင့်ကိုကလစ်ပြီးဗွီဒီယိုကြည့်ရှုနိုင်ပါတယ်
အဖြူနဲ့အမဲ လွန်ဆွဲပွဲ
(ဇန္န၀ါရိ ၁၉ ၂၀၁၂ နေ့သို့)
အာဏာရှင်လက်ကိုင်တုတ်
လက်နှီးစုတ်ဘ၀က လွတ်ကြဖို့
ဓမ္မတရားကိုကိုင်ဆွဲ
အဓမ္မသမားတွေကိုကိုင်လှဲ
ခိုင်မြဲတဲ့သစ္စာတရား
မယိုင်လဲတဲ့မေတ္တာများဖြင့်
မုတိသာပွားနိုင်ကြပါစေဗျာ။
ကိုကိုအောင်(ခေါ်)တက္ကသိုလ်ဘုန်းကြွယ်
ဇန္န၀ါရီ ၁၈ ၂၀၁၂
No comments:
Post a Comment