
အမှန်တရားကို ပြောဆိုရဲအောင် တက်ကြွစွာ တိုက်တွန်းပြောဆို ရေးသားနေကြသော ၁၉၈၈ ကျောင်းသား ခေါင်းဆောင်ဆိုသူ အချို့ က တော်လှန်ရေး နယ်မြေတွင် ၁၉၉၃ မတ်လ က မြန်မာစစ်တပ်ထောက်လှမ်းရေး အမည်တတ်ခါ ဖမ်းဆီးလိုက်ပြီး တိတ်တဆိပ် သတ်ခဲ့သူမှာ ရန်ကုန် တက္ကသိုလ် သချာ်နောက်ဆုံးနှစ်ကျောင်းသား( ဘောလီဘော မြန်မာ့လက်ရွေးစင် ) ကိုဌေးနိုင် ဖြစ်ပါသည် ။ ။ ကျောင်းသားတပ်မတော်တောင်ပိုင်းဦးဆောင်သူ ဒေါက်တာနိုင်အောင် က ခေါင်းဆောင်ဖြစ်သူ မိုးသီးဇွန်နှင့် အဖွဲ့ ကို KNU ဗဟို အချုပ်ခန်း မှထုတ်ယူပြီး ကျောင်းသားဖြစ်သူ ကိုဌေးနိုင် နှင့် လှဝင်းကို သတ်ခါ စခန်းပြောင်းကြပါသည် ။ ကိုဌေးနိုင် ကိုဆေးထိုး သတ်ပြီး လှဝင်း ဦးခေါင်းကို သေနပ်နှင့် ပစ်သတ်စဉ်က ဒေါက်တာနိုင်အောင် မိုးသီးဇွန် ဘစောထွန်း( ဂျာမဏီ ) ထွန်းထွန်းဦး ( နယ်သာလန် ) ဇော်ရဲ ( သြစတေးလျှ ) လွမ်းဏီ (ကဗျာဆရာ ထိုင်း) အတူတကွရှိ နေကြသည်ဟု သိရပါသည် ။ မှန်ကန်မှု ရှိမရှိ စုံစမ်းပေးစေလိုပါသည် ။ ပါဝင်သူများအနေဖြင့် နောင်လာနောင်သားများ သမိုင်းမှန်တခုအတွက် ဝန်ခံကြစေလိုပါသည် ။စုံစမ်းရသော သတင်းများအရ မိုးသီးဇွန် ဦးဆောင်သော ကျောင်းသားတပ်မတော် ဗဟိုဌါနချုပ်ကို မယ်နပလော စခန်းမှ ကရင်နီစခန်းသို့  စက်လှေများဖြင့် ပြောင်းခါနီး ၁၉၉၃ မတ်လ ၂၂ ရက်နှင့် ၂၇ ရက်နေ့ ကြားတွင်ဖြစ်ပါသည် ။

No comments:
Post a Comment