ကျနော်လည်း ဦးသန်းဆွေလိုပါပဲ။
ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရတဲ့ ကာယကံရှင်လဲမဟုတ်ပါဘူး ။ ကျနော်ဟာ တောလည်းမခိုခဲ့ဘူးသလို၊ ABSDF အဖွဲ့ဝင်လည်းမဟုတ်ခဲ့ပါ။ အေဘီမြောက်ပိုင်းလူသတ်ပွဲမှာ အသတ်ခံရတဲ့ကျောင်းသားရဲဘော်ကြီးတွေထဲမှာ ကျနော့်အမျိုး။ အဆွေ တစ်ဦးတစ်ယောက်မှမပါခဲ့ပါ။
သို့ပေမယ့် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး ပြောဆိုခဲ့တဲ့စကားအတိုင်းပြောရမယ်ဆိုရင်
မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်... သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူပဲ တဲ့
ဒါကြောင့် ဖြစ်ရပ်မှန် သမိုင်းအမှန်ကိုသိချင်လို့ ဇန်န၀ါရီလ ၂၂ ရက်နေ့က ဂျပန် ဒမဖ(ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ်)က ကြီးမှူးကျင်းပတဲ့ “ကိုမိုးသီးဇွန်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေ သုံးသပ်ဆွေးနွေးပွဲတက်ရောက်ခဲ့ပြီး တစ်ချိန်က ABSDF ရဲ့ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ ကိုမိုးသီးဇွန်ကို မေးမြန်းခဲ့ပါတယ်။
မေးမြန်းထားခဲ့တဲ့ အသံဖိုင်အပြည့်အစုံကို ဟစ်တိုင်အင်တာနက်စာမျက်နှာမှာ တင်ထားပါတယ်။
လင့်ကတော့-
http://www.hittai.net/?show=rm&fileid=112&t=home17&id=11
ကိုမိုးသီးဇွန်ကတော့ သူမှာတာဝန်မရှိဘူး၊ ခံလည်း မခံစားရဘူး။ ABSDF ဥက္ကဋ္ဌဟောင်းတစ်ယောက်အနေနဲ့ ဖြစ်ပေါ်ခဲ့တဲ့ လူသတ်မှုကိစ္စတွေနဲ့ပတ်သက်ပြီး တာဝန်ယူဖြေရှင်းဖို့ဆိုတာ သူမှာ ဘာ ပါဝါမှ မရှိလို့တဲ့။
ကိုထွန်းကျော်ကတော့ ပြတ်တယ်။ မြောက်ပိုင်းကိစ္စဟာ သူတာဝန်ယူ
နေစဉ်ကာလမှာဖြစ်ခဲ့တာ မဟုတ်ပေမယ့် ကျောင်းသားတပ်မတော်ရဲ့ ဂုဏ်သိက္ခာကိုထိပါးစေတဲ့ ဘယ်လုပ်ရပ်မျိုးကိုမဆို၊ ဆန့်ကျင်တိုက်ဖျက်သွားဖို့ လိုတယ်ဆိုတဲ့အမြင်နဲ့ မြောက်ပိုင်းဗဟိုမှာဖြစ်ခဲ့တဲ့ပက်စက်မှုကြီးကို သိက္ခာရှိရှိရှင်းကြဖို့၊ တာဝန်သိသိဝင်ပြီး
ဆော်သြတဲ့လူ။ ကျနော် သဘောကျတယ်။ (ကိုထွန်းအောင်ကျော်ကို ကျနော်ကိုယ်တိုင် ဆက်သွယ်ပြီး ဂျပန်ကို ပထမဦးဆုံးခေါ်ခဲ့ဘူးတယ်။(၂၀၀၅ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာကျရောက်တဲ့ ၄၃ နှစ်မြောက် ၇ ဇူလိုင် အထိမ်းအမှတ် အခမ်းအနား ကျင်းပဖို့အတွက်ပါ။ အဲဒီ့တုန်းက ကျနော်စီစဉ်တာက ၆၂ ကျောင်းသားခေါင်းဆောင် ဦးတင့်ဇော်(ထိုင်း)ရယ်၊ ၇၄ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်ရယ်၊ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်ရယ် ကိုပါ။ စစ်အာဏာရှင်ကို ဆန့်ကျင်အန်တုခဲ့သော ခေတ် ၃ ခေတ် ကျောင်းသားခေါင်းဆောင်များရဲ့ပွဲသဘောမျိုး စီစဉ်လိုက်တာပါ။ သို့ပေမယ့် အကြောင်းကြောင်းကြောင့် အန်ကယ်ဦးတင့်ဇော်နဲ့ ကိုမိုးသီးဇွန်တို့ ဂျပန်လာဖို့အဆင်မပြေဖြစ်လိုက်ဘူး။ ကိုထွန်းအောင်ကျော်တစ်ယောက်ပဲ လာဖြစ်တယ် )
ကျနော်တို့ မိုးသောက်ကြယ်အဖွဲ့သားတွေက ကိုထွန်းအောင်ကျော်ကို ABSDF ဖြစ်ပေါ်လာပုံသမိုင်း၊ ABSDF နှစ်ခြမ်းကွဲခဲ့ရတဲ့အကြောင်း၊ လူသတ်မှုတွေ ပေါ်ပေါက်လာခဲ့ရတဲ့အကြောင်းကို အသေးစိပ်မေးမြန်းပြီး ၂၀၀၅ ခုနှစ် မိုးသောက်ကြယ်ဂျာနယ် အတွဲ ၂၊ အမှတ် ၈ စာမျက်နှာ ၈၊ ၉၊ ၁၀၊ ၁၁ မှာ စာအက္ခရာအနေနဲ့ ရေးသားဖော်ပြခဲ့ဘူးတယ်။ ကိုထွန်းအောင်ကျော် ကျနော်တို့နှိုက်နှိုက်ချွတ်ချွတ်မေးမြန်းခဲ့သမျှကို အချက်အလက်တွေနဲ့ အေးအေးဆေးဆေး ဖြေခဲ့ ပြောခဲ့တာ အရမ်းမိုက်တယ်။ လူကြီးပီသတယ်။ ခေါင်းဆောင်လည်းပီသတယ်။ နောက်ပြီးတော့ အဲဒီ့တုန်းက သူ(ကိုထွန်းအောင်ကျော်) ကျနော်တို့ကို ဖြေခဲ့ ပြောခဲ့တဲ့အတိုင်းပဲ။ အခုအချိန်အထိ သူ့စကားသူတည်ပြီး ABSDF မြောက်ပိုင်းကျောင်းသားတွေ ရက်ရက်စက်စက်အသတ်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး သူဆောင်ရွက်နေတယ်။ လိုရင်းပြောရင် အရောင်မပြောင်းဘူးပေါ့ဗျာ။ ဒါကြောင့် ကျနော်က ကိုထွန်းအောင်ကျော်ကို သဘောကျတယ်။ ကြိုက်တယ်လို့ပြောတာပါ။(ကျနော်တို့ ကိုထွန်းအောင်ကျော်ကို ဗျူးထားတဲ့ အင်တာဗျူးကို ဦးသန်းဆွေ(မြေနီကုန်း)ဖတ်ချင်တယ်ဆိုရင် ပို့ပေးပါမယ်)
ဒေါက်တာနိုင်အောင်နဲ့လည်း ကျနော် ဗျူးဖူးတယ်။ အတိအကျပြောရရင် ပြည်တွင်းထဲမှာ ဒီပဲယင်းနိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ပေါ်ပြီးစ၂၀၀၃ ခုနှစ် ဇွန်လတုန်းက။ သူရယ် သူ့အမျိုးသမီး(မခင်ဥ္မာ)ရယ် ဂျပန်ကိုလာတဲ့အချိန်မှာပါ။ အဲဒီ့အချိန်တုန်းက ကျနော်တို့ရဲ့ မိုးသောက်ကြယ်စာကြည့်တိုက်နဲ့ မိုးသောက်ကြယ်ဂျာနယ်ဆိုတာ မပေါ်ပေါက်သေးတဲ့အချိန်။ ဆရာဦးမင်းညိုရဲ့ မြန်မာ့ရေးရာရုံး(ဂျပန်)က ထုတ်တဲ့မြန်မာဂျာနယ်မှာ နာမည်မခံပဲ ကျနော်နဲ့ ကိုခင်မောင်ထိုက်နဲ့(ယခုထိုင်းနိုင်ငံ)နောက်ကွယ်ကနေ လုပ်နေတဲ့ကာလ။ ကျနော်က မြန်မာဂျာနယ်မှာလုပ်နေရင်း ဒီပဲယင်းကိစ္စပေါ်လာတော့ ဦးသန်းဆွေ(မြေနီကုန်း)နဲ့ နာမည်ဆင်တူတဲ့ ကိုသန်းဆွေ(ယခု မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသူ)ကို သွားစည်းရုံးပြီး ဂျပန်မှာ activist လုပ်ငန်းတွေ အတူလက်တွဲပြီး ပြန်လုပ်ဖို့ ကြိုးစားဆောင်ရွက်နေတဲ့ကာလ။ ပထမဦးဆုံး ကျနော်တို့စလုပ်ဖြစ်တာက ဂျပန်မှာရှိတဲ့ မြန်မာ့နိုင်ငံရေး၊ ဒီမိုကရေစီအရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေ၊ အင်အားစုတွေ စုစည်းပြီး အရေးပေါ်ပူးပေါင်းလှုပ်ရှားမှုကော်မတီ ဆိုတဲ့ခေါင်းစဉ်နဲ့ လုပ်ဆောင်နေတဲ့ကာလ။ အဲဒီ့အချိန်မှာ ဒေါက်တာနိုင်အောင်တို့ လင်မယား ဂျပန်ရောက်တယ်။ ကျနော်က မေးတယ်။ လိုရင်းပြောရရင် ဒေါက်တာနိုင်အောင်ကလည်း ကိုမိုးသီးဇွန်လိုပဲ။ အတိအကျမဖြေဘူး။(အသံဖိုင်တော့ ကျနော့်ဆီမှာမရှိတော့ဘူး။ သို့ပေမယ့် ဓါတ်ပုံတွေတော့ ရှိသေးတယ်)
ကျနော့်အယူအဆအရ ပြောရမယ်ဆိုရင် သမိုင်းဆိုတာ မေ့ဖျောက်လို့ရတဲ့အရာမဟုတ်သလို လိုတိုး ပိုလျော့လုပ်လို့ရတဲ့အရာမဟုတ်ဘူး။
နောက်ပြီး ခွင့်လွှတ်လို့ရတဲ့ အမှားရှိသလို၊ ခွင့်လွှတ်လို့မရတဲ့ အမှားလည်းရှိတယ်။
အခုကိစ္စဟာ လူ့ဘောင်အဖွဲ့အစည်း လူ့သမိုင်းအနေနဲ့ရော၊ ကျောင်းသားတပ်မတော်သမိုင်း(ABSDF)နဲ့ ဂုဏ်သိက္ခာအတွက်ရော၊ လူသားမဆန်စွာ သတ်ဖြတ်ကျူးလွန်ခဲ့တဲ့လုပ်ရပ်တွေအတွက်ရော ဘယ်လိုမှ ခွင့်လွှတ်မေ့ဖျောက်လို့မရဘူးလို့ ကျနော်ထင်တယ်။ ကျနော့်အယူအဆပြောတာနော်။ မှန်ချင်မှ မှန်မယ်။ ခံစားခဲ့ရတဲ့ ကာယကံရှင်တွေရဲ့ အယူအဆနဲ့လည်း တူချင်မှတူမယ်။
ဦးသန်းဆွေ(မြေနီကုန်း)စကားနဲ့ ပြန်ပြောရမယ်ဆိုရင်-
မြောက်ပိုင်းကိစ္စဟာ ဘက်နှစ်ဘက်(နိုင်ငံတော်နှစ်မျိုး)ကြားကပြဿနာ၊ တပ်စုတစ်စု၊ အဖွဲ့အစည်းတစ်ခုတည်း အတွင်းက ပြဿနာမျှသာမဟုတ်တော့ဘူး။ နယ်လွန်သွားပြီ၊ မြန်မာအပါအဝင်တိုင်းရင်းသားလူ့အဖွဲ့အစည်းဝင်အားလုံးရဲ့ယဉ်ကျေးမှု ဂုဏ်သိက္ခာကို ပြောင်ပြောင်တင်းတင်းအသရေဖျက်တာ။ လူ့အဖွဲ့အစည်းဝင်တွေရဲ့ လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဘိုးကိုမိုက်ရိုင်းစုတ်ပဲ့စွာစော်ကားလိုက်တာပဲလို့ ယူဆပါတယ် ဆိုတဲ့အတိုင်းပဲ။
ဒါကြောင့် သမိုင်းအမှန်ပေါ်အောင် ဖော်ထုတ်သင့်တယ်။ ဖော်ထုတ်တဲ့နေရာမှာလည်း ပုဂ္ဂိုလ်စွဲ၊ ဆန္ဒစွဲ၊ အယူဝါဒစွဲ၊ နေရာစွဲ၊ ဒေသစွဲ အစရှိတဲ့ အစွဲတွေဖျောက်ပြီး တိကျခိုင်မာတဲ့သမိုင်း၊ မှားရင်လည်း မှားခဲ့တဲ့အတိုင်း၊ မှန်ရင်လည်း မှန်ခဲ့အတိုင်း ဖော်ထုတ်ကြပါ....
မှားခဲ့တဲ့ လူတွေကလည်း မှားကြောင်း ၀န်ခံရဲတဲ့ စိတ်ဓါတ် သတ္တိတွေ ရှိကြပါ။ မွေးမြူကြပါ။ အကယ်၍ ကျူးလွန်ခဲ့တဲ့သူတွေက တောင်းပန်လို့ သက်ရှိထင်ရှားရှိနေတဲ့ ကာယကံရှင်တွေကရော မတရားသတ်ဖြတ်ခံလိုက်ရလို့ ကျဆုံးသွားခဲ့ကျတဲ့ ကျောင်းသားကြီးတွေရဲ့၊ မိဘ ညီအကို ဆွေမျိုးမိသားစုတွေကရော ခွှင့်လွှတ်တယ်ဆိုရင် မဟတ္တမဂန္ဓီရဲ့စကားနဲ့ ကော်ပီကူးပြီးပြောရမယ်ဆိုရင် ခွှင့်လွှတ်နိုင်ပေမယ့် ဖြစ်ပျက်ခဲ့တဲ့ သမိုင်းဆိုးကြီးကိုတော့ ဘယ်သောအခါမှ မမေ့ပစ်လိုက်ကြပါနဲ့ခင်ဗျား...
ရိုးသားမှုအားလုံးကို လေးစားလျက်-
စိုးဝင်းရှိန်
(မိုးသောက်ကြယ်ဂျာနယ် တာဝန်ခံအယ်ဒီတာတစ်ဦး)
မှတ်ချက်-
ဂျပန်မှာ (ဦး-ကို)သန်းဆွေ နှစ်ဆွေရှိတဲ့အတွက် စာပေအရာမှာ နှံစပ်တတ်အပ်ပြီး ပြသနာတိုင်းကို ခေါင်းအေးအေးနဲ့ လုပ်ဆောင်တဲ့ ဦးသန်းဆွေကို လူချင်းမမှားအောင် နာမည်ရဲ့အနောက်မှာ (မြေနီကုန်း) ဆိုတာ ထည့်ရေးလိုက်ခြင်းဖြစ်ပါတယ်။
ဘာကြောင့်(မြေနီကုန်း)ဆိုတာ ထည့်ရေးသလဲဆိုတာ သိချင်ရင် ကာယကံရှင်ကိုလည်းမေးမြန်းနိုင်MOETHIHAAUNGသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ CECတစ်ဦးဖြစ်တဲ့ ဘဘ သူရဦးတင်ဦးကို မေးမြန်းကြည့်ပါ...
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ျကိုထိန်လင်း ၊ မနန်းအောင်ထွေးကြည် ၊ ကိုညီညီကျော် ၊ ကိုထင်လင်းအောင်
သူတို့က ယုတ်ကန်းပက်စက်လှတဲ့အဲဒီငရဲခန်းကြီးကို ကိုယ်တိုင်ခါးစည်းပြီး ဖြတ်သန်းခဲ့ကြရတဲ့သူတွေထဲက ကံကြီးလွန်းလို့ မသေပဲလွတ်မြောက်လာသူ တစ်ချို့။ တနည်းပြောရရင် ငရဲကောင်တွေကိုငရဲပို့ဖို့၊ လူ့အဖွဲ့အစည်းတရားခွင်မှာ လူမဟုတ်တဲ့လူတူသတ္တဝါတွေကို လူ့စည်းဝိုင်းအပြင်ဘက် လူ့သမိုင်းအဆက်ဆက်မောင်းထုတ်ကြဖို့၊ လောကပါလတရားကိုယ် အရ၊ လိုအပ်မှုအရ ရှင်သန်ခွင့်ရခဲ့ကြတဲ့ လူတွေထဲကတစ်ချို့။၊ လူ့အဖွဲ့အစည်းဝင်တစ်ခုဖြစ်တဲ့မြန်မာ့လူ့အဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာနဲ့လူ့ယဉ်ကျေးမှုတန်ဘိုး ”စံ” ကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်ဖျက်ဆီးခဲ့ကြတဲ့၊ဖျက်ဆီးနေဆဲလည်းဖြစ်တဲ့၊ ဆက်ဖျက်ဆီးဖို့လည်းကြံစီနေကြတဲ့ဗီဇယုတ်ငရဲကောင်တွေနဲ့အပေါင်းပါတွေ ရဲ့အန္တရာယ်က နောက်
မျိုးဆက်တွေလွတ်ကြရအောင် လုပ်ဖို့တာဝန်ရှိတဲ့၊ တာဝန်သိတဲ့၊ခိုင်ကြည်
တဲ့ သက်သေ၊ တရားလိုတွေဖြစ်တယ် ။ ကာယကံရှင်တွေဖြစ်တယ်။
ကိုအောင်မိုးဝင်း
သူက စာဖွဲ့လို့မရနိုင်လောက်အောင်ဖြစ်ခဲ့တဲ့ ဒီပက်စက်မှုကြီးကို စာဖွဲ့ပြီးမှတ်တမ်းတင်နေတဲ့သူ ။ ပြီးတော့ လူ၊ လူ့တန်ဘိုး၊ လူ့ကျင့်ဝတ်၊
လူ့ဂုဏ်သိက္ခာ၊ အားလုံးကို တစ်စမကျန် ဖေါက်ပြန်ကျူးလွန်ခဲ့ကြတဲ့ အဲဒီ အဟိတ်တွေဘက် နဲ့ တရားမဲ့မှုကိုအပြစ်မဲ့စွာခံလိုက်ရတဲ့ဘက် ၊
နှစ်ဘက်လုံးက အတော်များများနဲ့ ထဲထဲဝင်ဝင်ကျွမ်းဝင်ခဲ့သူ ။ လုပ်ဖေါ်ကိုင်ဘက်၊ ရဲဘော် ၊ မိတ်ဆွေ ၊အသိ အဖြစ် ထိတွေ့ဆက်ဆံခဲ့ဘူး
သူ၊ သူ့မှာ အထောက်အထားတွေရှိတယ်။ သူ့အထောက်အထားတွေကို သူယုံတယ်။ မျှတတဲ့ စိမ်ခေါ်မှု နဲ့ ပြည်သူကိုချပြမယ်၊။ ဓမ္မနဲ့အဓမ္မ ပြည်သူကဆုံးဖြတ်ပါလိမ့်မယ်။ ဒီဖြစ်ရပ်ကြီးထဲ သူဘာကြောင့် ဝင် ပါခဲ့တယ်၊ သူ့ရပ်တည်ချက် က ဘယ်လိုဆိုတာ စ ဝင်ကတည်းက ” သူ”
ဒီလို ရှင်းရှင်းပြောပြီး ဝင်ခဲ့သူဖြစ်တယ်။
ကိုထွန်းအောင်ကျော်
ABSDF ကို စတည်ခဲ့ကြသူ တွေထဲကတစ်ဦး၊ ပင်မဗဟိုအေဘီရဲ့ အစောဆုံးဥက္ကဋ္ဌလည်းဖြစ်တယ်။ မြောက်ပိုင်းကိစ္စဟာ သူတာဝန်ယူ
နေစဉ်ကာလမှာဖြစ်ခဲ့တာ မဟုတ်ပေမယ့် ကျောင်းသားတပ်မတော် ရဲ့ဂုဏ်သိက္ခာကိုထိပါးစေတဲ့ ဘယ်လုပ်ရပ်မျိုးကိုမဆို၊ ဆန့်ကျင်တိုက်ဖျက်သွားဖို့ လိုတယ်ဆိုတဲ့အမြင်နဲ့ မြောက်ပိုင်းဗဟိုမှာဖြစ်ခဲ့တဲ့ ပက်စက်မှုကြီးကို သိက္ခာရှိရှိရှင်းကြဖို့၊ တာဝန်သိသိဝင်ပြီး
ဆော်သြတဲ့၊ အေဘီဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်တယ်။
ကျနော်က ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရတဲ့ကာယကံရှင်လဲမဟုတ်ပါဘူး ။ နှစ်ဘက်လုံးနဲ့ထဲထဲဝင်ဝင်သိခဲ့ကျွမ်းခဲ့ပြီးနှစ်ဘက်လုံးနဲ့ပတ်သက်တဲ့အထောက်အထားတွေ ရှိတဲ့သူလည်းမဟုတ်ပါဘူး ။ ဘယ်နိုင်ငံရေး၊ စစ်ရေးအဖွဲ့အစည်းဝင်မှလည်းမဟုတ်ပါဘူး။ ဒါဖြင့်
ဘာကြောင့် ဒီပြဿနာထဲကိုဝင်ပါရတာလဲလို့ သဏ္ဌာန်မျိုးစုံနဲ့မေးလာသူမိတ်ဆွေများ ကို ကျနော် တလေးတစားတန်ဘိုးထားပြီးဖြေ လိုက်ပါတယ် ” ကျနော်ဟာ မြန်မာနိုင်ငံမှာမွေးခဲ့တဲ့မြန်မာနိုင်ငံသားတစ်ဦးဖြစ်လို့ပါဘဲ” ။ ပြီးတော့ ”လူသား တစ်ဦးအနေနဲ့လူ့ဂုဏ်သိက္ခာ ၊ လူ့တန်ဘိုးကိုထိန်းသိမ်းဖို့တာဝန်ရှိတယ်” လို့အခိုင်အမာယုံကြည်လို့ပါဘဲ။ အရင်စာတွေမှာကတည်းက ကျနော်ရေးခဲ့ပြီးပါပြီ။ မြောက်ပိုင်းကိစ္စဟာ ဘက်နှစ်ဘက်(နိုင်ငံတော်နှစ်မျိုး)ကြားကပြဿနာ၊ တပ်စုတစ်စု၊ အဖွဲ့အစည်းတစ်ခုတည်း အတွင်းက ပြဿနာမျှသာမဟုတ်တော့ဘူး။ နယ်လွန်သွားပြီ၊ မြန်မာအပါအဝင်တိုင်းရင်းသားလူ့အဖွဲ့အစည်းဝင်အားလုံးရဲ့ယဉ်ကျေးမှု
ဂုဏ်သိက္ခာကို ပြောင်ပြောင်တင်းတင်းအသရေဖျက်တာ။ လူ့အဖွဲ့အစည်းဝင်တွေရဲ့ လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဘိုးကိုမိုက်ရိုင်းစုတ်ပဲ့စွာစော်ကားလိုက်တာပဲလို့ ယူဆပါတယ်။အဲဒီလူ့အဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့အဖွဲ့အစည်းဝင်တစ်ဦးဖြစ်တဲ့ကျနော့်မှာတာဝန်ရှိတယ်လို့ယုံကြည်လို့ အခုလိုဝင်ပြီးရေးသားခြင်းဖြစ်ပါတယ်။
မိတ်ဆွေများခင်ဗျား၊ အားလုံးကိုလေးစားပါတယ်။ ဒါကြောင့်လည်း ရေးလက်စ များဆက်မတင်ခဲ့တာပါ။ အခုလည်းကျနော့်အမြင်၊သဘောထားကို ကြားဖြတ်ပြီးကျနော်တတ်စွမ်းသမျှ ရှင်းပြလိုက်ပါတယ် ။ ကျနော်ဆက်ရေးသွားပါမယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။
”ဟေး... အသံတွေ တိတ်ကုန်ပါလားဟေ့......
ခွာရှပ်ပြီး ကန်သင်းကို ထိုးခွဲ ဂျိုပဲသွေးနေတာလား၊
စိတ်ကြိုက်ပြင်ဆင်ပြီးရင် ခတ်ကွင်းထဲဝင်ခဲ့တော့ ၊”ဂျို”ထောင်လား ”ဂြိုဟ်” ကောင်လား..
အံသွားတွေကျိကျိမြည်အောင်ကြိတ်ထားတဲ့ ပရိဿတ် ကြီးက သိပြီးသားအဖြေကို အေးစက်တဲ့မျက်လုံးတွေနဲ့ကြီုဆိုနေကြပါတယ် ။”
No comments:
Post a Comment