Monday, January 23, 2012

အကောင်းအဆိုး ဒို့ချိန်ထိုး




ခြေချင်းခပ်
မသေမချင်းသတ်တဲ့ဝါဒ
ဒို့ရှုံ့ချ။

လူလူချင်း အငြူစူကင်း
ဖြူစင်းတဲ့ဝါဒ
ဒို့သဘောကျ။

မူမမှန် တယူတန်
လူမဆန်တဲ့ လူမျိုး
ဒို့မရှိခိုး။

ဦးခေါင်းမမာ ဒူးခေါင်းမာ
အာခံဝံ့သူ ရဲရင့်သူ
ဤလိုလူသား ဒို့လေးစား။

အများအရေး ဦးစားပေး
ကိုယ့်ရေးကိုယ့်အရာ ပစ်ပယ်ခွာ
မှန်ရာဘက်လိုက် ဒို့ဦးခိုက်။

လူသာသေကျေ နာမည်မသေ
အနေလည်းလှ သေလည်းလှ
အာဂပုဂ္ဂိုလ် ဒို့ကြည်ညို။

ကိုကိုအောင်(ခ)တက္ကသိုလ်ဘုန်းကြွယ်
ဇန္န၀ါရီ ၂၃ ၂၀၁၂



No comments: