Wednesday, January 18, 2012

ဝေဖန်အကြံပြုရန် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ်

NLD ၏ နိုင်ငံရေး လုပ်ငန်းစဉ်များကို အမြဲတမ်း ထောက်ခံနေခြင်း မပြုဘဲ လိုအပ်လျှင် ဝေဖန်အကြံပြုရန် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်ဟု သိရသည်။
(ဓာတ်ပုံ - ဧရာဝတီ)
လွန်ခဲ့သည့် ၂၁ နှစ်က အကျဉ်းထောင်တွင်း ကွယ်လွန်ခဲ့သည့် ရန်ကုန်တိုင်း NLD ၏ ခေါင်းဆောင်တဦး ဖြစ်သူ ဦးတင်မောင်ဝင်း နှစ်ပတ်လည်နေ့ အစီအစဉ်သို့ တက်ရောက်လာသော ပရိသတ်များကို ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဝေဖန်ပါ အကြံပြုပါ တိုင်းပြည် တိုးတက်ရေးမှာ အားလုံး အဘက်ဘက်ကနေ တာဝန်ယူ အလုပ် လုပ်ဖို့ ပြောတယ်” ဟု ဦးတင်မောင်ဝင်း မိသားစုဝင်တဦးဖြစ်သည့် ကိုအောင်ဇင်သက် ဧရာဝတီကို ပြောပြသည်။
မကြာခဏ ထိန်းသိမ်းခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် နှစ်စဉ်ပြုလုပ်လေ့ရှိသည့် ဦးတင်မောင်ဝင်း အမှတ်တရ အစီအစဉ်ကို အခွင့်အရေးရတိုင်း သွားရောက်လေ့ရှိသည်။
ဦးတင်မောင်ဝင်း ကွယ်လွန်ခြင်း ၂၁ နှစ်မြောက်နေ့ အစီအစဉ်ကို ဗဟန်းမြို့နယ် ဗိုလ်ဉာဏလမ်းရှိ သူ၏ မိသားစု နေအိမ်တွင် နံနက်ပိုင်းက ကျင်းပခြင်း ဖြစ်ပြီး  NLD ၏ နာယကများ ဖြစ်သည့် သူရဦးတင်ဦး၊  ဦးဝင်းတင်တို့ အပြင် နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်များ တက်ရောက်ကြောင်း သိရသည်။
ဦးတင်မောင်ဝင်းသည် ဖဆပလ အစိုးရလက်ထက် အထက်တန်းကျောင်းသား ဘ၀ကတည်းက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂတွင် ပါဝင်ခဲ့ပြီး၊ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုကို   ဆန့်ကျင်ခဲ့သူဖြစ်သည်။ ကျောင်းသား လှုပ်ရှားမှုများကြောင့် ၁၉၆၄ ခုနှစ်တွင် ထောင်ဒဏ် ၇နှစ် ချမှတ်ခံခဲ့ရသည်။
ရှစ်လေးလုံး လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ဦးတင်မောင်ဝင်းသည်  ထိုလှုပ်ရှားမှုအပြီး ပေါ်ပေါက်လာသည့် NLD ၏ ထိပ်တန်း စည်းရုံးရေးတဦး ဖြစ်လာသည်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ခရမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ၀င်ရောက်ယှဉ်ပြိုင်ရာ ထိုနယ်မြေတွင် သူ၏ အဓိက ပြိုင်ဘက်မှာ အစ်ကိုအရင်းဖြစ်သူ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည)  ပါတီ၏ ကိုယ်စားလှယ်လောင်း  ဗိုလ်မှူးကြီးဟောင်း ဇော်ဝင်း ဖြစ်သည်။
ဦးတင်မောင်ဝင်းသည်  ရွေးကောက်ပွဲ အနိုင်ရပြီး မကြာမီ ထိန်းသိမ်းခံရကာ နာမည်ကျော် အင်းစိန်ထောင်တွင် ၀မ်းကိုက် ရောဂါဖြင့် သေဆုံးသွားခဲ့သည်။
ဇနီးဖြစ်သူ ဒေါ်ခင်လှိုင်ကြူက“ အဲဒီတုန်းက ထောက်လှမ်းရေးခေတ် ဆိုတော့ အရမ်း တင်းကျပ်ထားတယ်။  အစားအသောက်၊ ဆေး၊ ပါဆယ်တောင် ပို့မရဘူး။ ဆုံးပြီးတော့မှ လာ အကြောင်းကြားတာ၊ အလောင်းကို ကြံတောသုဿန်မှာ ပြတယ်” ဟု ဆိုသည်။
၁၉၉၀ ၀န်းကျင်က ဦးတင်မောင်ဝင်း၏ လုပ်ဖော်ကိုင်ဘက်တချို့သည် စစ်ထောက်လှမ်းရေးတို့၏ နှိပ်စက်မှု နှင့် ထောင်တွင်းအခြေအနေဆိုးများကြောင့် ထိန်းသိမ်းခံရစဉ် သေဆုံးသွားခဲ့သည်။

 
18/01/2012

Daily Newsletter

သတင်း
KIO နှင့် အစိုးရ ကိုယ်စားလှယ်များ တရုတ်၌ ထပ်တွေ့ အပစ်အခတ်ရပ်စဲရေး အတွက် ပြည်ထောင်စု အဆင့် ဆွေးနွေးရန် အစိုးရ နှင့် ကချင်လွတ်လပ်ရေး အဖွဲ့(KIO) ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ယနေ့ထပ်မံ တွေ့ဆုံကြသည်။ သမ္မတ ဦးသိန်းစိန် ပြောင်းလဲရေးသမား အစစ်ဟု မက်ကော်နယ်ပြော
အမေရိကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နယ်က သမ္မတ ဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲရေးသမား အစစ်ဟု ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွင် အဓိက အရေးပါသူတဦးဖြစ်သော
ဇေယျာသော် ရွေးကောက်ပွဲဝင်မည်
နိုင်ငံရေး အကျဉ်းသားဟောင်း လူငယ် ဟစ်ပ်ဟော့ပ် အဆိုတော် ကိုဇေယျာသော်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ကို ကိုယ်စားပြု၍ လာမည့် ဧပြီ ၁ ရက်နေ့ကျင်းပမည့်
အာဏာသိမ်းမှု ထပ်မဖြစ်နိုင်ဟု ဦးရွှေမန်း ပြော
မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းနေပြီ ဖြစ်သည့်အတွက် စစ်တပ်မှ အာဏာသိမ်းယူမှု ထပ်မံမဖြစ်ပေါ် နိုင်တော့ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း က ပြောဆိုလိုက်သည်။
ဝေဖန်အကြံပြုရန် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ်
NLD ၏ နိုင်ငံရေး လုပ်ငန်းစဉ်များကို အမြဲတမ်း ထောက်ခံနေခြင်း မပြုဘဲ လိုအပ်လျှင် ဝေဖန်အကြံပြုရန် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်ဟု သိရသည်။
ငြိမ်းချမ်းရေး လက်ဆောင်အဖြစ် မန်းငြိမ်းမောင်ကို လွှတ်မည်
ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်တွင် အဖမ်းခံခဲ့ရသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူ ပဒို မန်းငြိမ်း မောင်ကို ငြိမ်းချမ်းရေး လက်ဆောင်အဖြစ်ပြန်လွှတ်ပေးမည်ဟု အစိုးရ မီးရထား
အားကစား
လှုပ်လှုပ်ရှားရှား ဘောလုံးသတင်းများ အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ ဖာဂူဆန်ဟာ နောက်သုံးနှစ်အတွင်း အနားယူသွားဖို့ မရှိတာကြောင့် ဆိုးရှားဟာ နည်းပြတယောက်အနေနဲ့ သူ့အရည်အချင်းတွေ ပြသဖို့ အချိန်ရပါသေးတယ်။
အယ်ဒီတာ့အာဘော်
တံခါးဖွင့်ကြိုဆိုလိုက်ပါ သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် လူထုလေးစားသော နိုင်ငံရေး အကျဉ်းသားများကို ယခုနှစ်ဆန်းတွင် နှစ်ကြိမ် လွှတ်ပေး လိုက်ခြင်းသည် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက်
ရုပ်သံသတင်း
မဟာချိုင်က စတိတ်ရှိုးပွဲ ထိုင်းရောက် မြန်မာပရိတ်သတ်တွေ အတွက် အဆိုတော် R ဇာနည်၊ ဟဲလေးနဲ့ ချစ်သုဝေတို့က မဟာချိုင်မြို့ ၀ပ်ကော်ကပ်နော့ ဘုန်းတော်ကြီးကျောင်း နှစ်ပတ်လည်နေ့ ပွဲတော် အခမ်းအနားမှာ လာရောက်ဖျော်ဖြေ သီဆိုတဲ့ ဗွီဒီယို မှတ်တမ်း Dateline Irrawaddy
နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာနဲ့ ပါတ်သက်ပြီး ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်၊ ဧရာဝတီ သတင်းထောက်တွေ ဖြစ်တဲ့ ကိုဝေမိုးနဲ့
ထွေရာလေးပါး
အခုတမျိုး တော်ကြာတမျိုး ရုက္ခစိုး ဦးရုက္ခစိုး အူမြူးနေသည်။ တပါးတည်း တခွိခွိဖြင့် ပြုံးလိုက်၊ ရယ်လိုက်ဖြစ်နေ၏။ ဖိုးရှုပ်။ ။ ဦးရုက္ခစိုး ရူးသွားပြီလား။ တော်ကြာ နတ်ရူးဆိုပြီး နာမည်ကြီးနေဦးမယ်နော်။

No comments: