၂၀၁၀ ရွေးကောက်ပွဲအရ ပေါ်ပေါက်လာတဲ့ အစိုးရ၏ သက်တန်း ၁၀ လ အတွင်းမှာ မြန်မာ့ သမိုင်းမှာ မဖြစ်ဖူး မရှိဖူးတဲ့ အပြုသဘော ဖြစ်ထွန်းမှုတွေ ရှိလာပါသည်။
နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်ပေးတာ၊ အတိုက်အခံတွေ၏ လှုပ်ရှားမှုတွေကို အတိုင်း အတာ တခုအထိ ဖွင့်ပေးလာပြီး စာနယ်ဇင်းသမားလွတ်လပ်မှုအပိုင်း ဂျာနယ်တွေ၏ ထုတ်ပိုင် ခွင့် လုပ်ပိုင်ခွင့်တွေ တင်းကြပ်မှု လျော့လားခြင် ဖြစ်ပါသည်။
ထို.အတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ.တွေနဲ. အပစ်အခတ်ရပ်စဲရေးတွေ လက်မှတ် ပြန်ထိုးနိုင်တဲ့အပြင် ပြည်ပရောက် အတိုက်အခံတွေကို ပြန်ဝင်ခွင့်ပြုတာ၊ တချို.အဖွဲ.တွေနဲ.လဲ ဆွေးနွေးဖို. ဖိတ်ခေါ်လာတာတွေဟာ အပြုသဘောဖြစ်ထွန်းမှုတွေပါ။
နိုင်ငံရေး စုစည်းမှုတွေ အခမ်းအနားတွေ သတင်းစာရှင်းလင်းပွဲတွေ လုပ်ခွင့်ရရှိသလို အသင်းအပင်းဖွဲ.စည်းမှုတွေကိုလဲ အစပျိုးခွင့်တွေ ပေးလာပါသည်။ ဗကသ တံဆိပ်တို. ခွပ်ဒေါ်အလံတို. ဒေါ်စု ဓာတ်ပုံတွေမပြောနဲ. ဗိုလ်ချုပ်အောင်ဆန်းပုံတွေတောင် တချိန်က ဗြောင် ချိပ်ခွင့် ၀တ်ခွင့် ပြခွင့်မရှိခဲ့သည့် အခြေအနေကနေ---အခုတော့ ဒီဓာတ်ပုံတွေဟာ အရောင်းချဆုံး နေရာတိုင်း ဆိုင်တိုင်းမှာ တင်ရောင်းနိုင်တဲ့ ရောင်းကုန်တွေ ဖြစ်လာပါသည်။
ဒီအတွက် အမေရိကန်က Action by Action will be matched ဆိုတဲ့မူအရ သံတမန် ဆက် ဆံရေးတွေ တိုးမြင့်လာပါသည်။
မြန်မာပြည်ကို အမေရိကန်က သံအမတ်အဆင့် တိုးမြင့် လိုက် သလို အခုဆိုရင် မြန်မာပြည်ကို လာတဲ့ နိုင်ငံခြား နိုင်ငံရေးသမားတွေ ခေါင်းဆောင်တွေထဲမှာ အမေရိကန်က အများဆုံး ဦးတဟို ၀င်ထွက်လာနေပါသည်။ တသုပ်ပြီး တသုပ်လို. ဆိုရမည်။ ထို.အတူ နော်ဝေး၊ သြစတေးလျနဲ. ဥရောပသမဂ္ဂတွေကလဲ တုန်.ပြန်မှုတွေ ရှိလာပါသည်။
စီးပွားရေးဒဏ်ခတ်မှုတွေကို တဆင့်ခြင်း လျော့ချဖို. ယုတ်သိမ်းဖို. လုပ်မယ်လို.လဲ ပြောနေပါ သည်။ လူမှုရေး ဖွံ.ဖြိုးရေးအကူအညီတွေလဲ တိုးပေးပြီး သံတမန်ရေး နိုင်ငံရေးအပြင် ပါလီမန် လွတ်တော်အချင်းချင်း ဆက်ဆံရေးတွေပါ ရှိလာတော့မည် ဖြစ်ပါသည်။ ဥရောပသမဂ္ဂကလဲ အစိုးရခေါင်းဆောင်တွေ ခရီးသွားလာရေး ပိတ်ပင်မှုတွေကို ဖယ်ရှားပေးလိုက်ပါပြီ။ မြန်မာပြည်မှာ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ရှိနေဖြစ်နေပြီလို. EU က ဆိုပါသည်။
ဒီလိုတုန်. ပြန်မှုတွေ ဟာ မြန်မာပြည်က အပြုသဘော ဖြစ်ထွန်းမှု အရွေ.တွေအတွက် အနောက်နိုင်ငံ တွေ၏ အပြု သဘော တုံ.ပြန်မှုတွေ မဟုတ်ပါလား။
နိုင်ငံခြားသားတွေက သူတို.ပြောစရာ ရစရာရှိတာကို ရအောင်ပြောတတ် ယူတတ်သလို လုပ်စရာရှိရင်လဲ လက်မြန် ခြေမြန်ပါသည်။
အတိုက်အခံတွေကတော့ တုံ.ဆိုင်းတုံ.ဆိုင်းနဲ. နှေးကွေးတာလား စနစ်တကျဖြင့် ပြင်ဆင်မှု တွေ ရှိမထားလို. သူ.ဖက်က ဘာလာရင် ကိုယ့်ဖက်က ဘာပြန်ပေးမယ်ဆိုတာ အဆင်သင့်ဖြစ်မနေလို.လား မပြောတတ်ပါ---နောက် ကျ ကျနေတာကတော့ လက်တွေ.ပါ။ ။
ဒါဆိုရင် ပြည်တွင်းမှာရှိတဲ့ ဒီမိုကရေစီ အင်အားစုတွေ မြန်မာ့အရေးလုပ်နေတဲ့ မြန်မာအတိုက် အခံတွေကရော ဘယ်လိုမျိုး အပြုသဘောဆောင်တဲ့ တုံ.ပြန်မှုတွေနဲ. အပြုသဘောဆောင် တဲ့ ဖြစ်ထွန်းမှု-အရွေ.တွေကို ကြိုဆိုမလဲ တုန်.ပြန်မလဲ စောင့်ကြည့်နေပါသည်။
အမျိုးသားသွေးစည်းညီညွတ်ရေးနဲ. စီးပွားရေး ဖွံ.ဖြိုးတိုးတက်ဖို. မြန်မာအရေးမှာ အဓိက ဇာတ်ကောင်တွေ ဖြစ်တဲ့ အစိုးရနဲ.အတိုက်အခံခေါင်းဆောင်တွေ။ တိုင်းရင်းသားခေါင်း ဆောင်တွေဟာ ယုံကြည်မှုနှင့် ညီညွတ်ရေးကို လက်တွေ. မတည်ဆောက်နိုင်ရေးရင်တောင် လက်တွေ.အရွေ.တွေ ပြုပြင်ပြောင်းလဲမှုတွေ လမ်းချော်မသွားအောင် နောက်ကြောင်းပြန် မကွေ.အောင် ပြောကျ ဆိုကျ သုံးသပ်ကျတဲ့အခါ ထိမ်းထိမ်းသိမ်းသိမ်းနဲ. ပြောဆိုဖို. လုပ်ဖို. လိုပါသည်။
ညီညွတ်ရေးနဲ. ယုံကြည်မှုကို လက်တွေ. မလုပ်နိုင်သေး အကောင်အထည် မဖော် နိုင်သေးရင်လဲ နှုတ်းလေးတွေ စကားလေးတွေနဲ.တော့ တဖက်နဲ.တဖက် ထိမ်းထိမ်းသိမ်း သိမ်းနဲ. ပြောဆိုဖို. အထူးအရေးကြီးပါသည်။
အပြုသဘော ပြောင်းလဲမှု ပြုပြင်မှုတွေကို ကိုယ့်ဖက်ကလဲ အသိအမှတ်ပြုဖို. လိုပြီး လက်တွေ.ကျတဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတွေနဲ. ၀ိုင်းကူညီပေးဖို. တုံ.ပြန်ဖို. လိုပါသည်။
ဒါကြောင့် အပြုသဘော တိုးတက်ဖြစ်ထွန်းမှုတွေကို အနည်းဆုံးတော့ စကားလုံးလေးတွေ စိတ်သဘောထားလေးတွေနဲ. တဖက်နဲတဖက် ယုံကြည်မှုဖြစ်အောင် ညီညွတ်ရေးရရှိနိုင် အောင် ထိမ်းထိမ်းသိမ်းသိမ်းနဲ. ပြောကျဆိုကျဖို.လိုပါသည်။ စိတ်ခံစားမှုတွေကို ထိမ်းသိမ်းဖို. အရေးကြီပါသည်။
ဒါကြောင့် အရင်က ရှိတဲ့ စိတ်သဘောထား Mind Set တွေကို Reset နှိပ်ဖို. လိုပါသည်။
Share
No comments:
Post a Comment