Monday, January 23, 2012

ခွပ်ဒေါင်း


by Myat Thi Ha on Monday, January 23, 2012 at 12:45pm

ကျောင်းသားဟာ
ဆူပူလှုံ့ဆော်ရေးသမားမဟုတ်
မဟုတ်မခံ
အမှန်တရားကို မြတ်နိုးသူသာဖြစ်တယ်။

ကျောင်းသားဟာ
တော်လှန်ရေးသမားမဟုတ်
ဖိနှိပ်ချုပ်ချယ်မှုကို ဆန့်ကျင်
လွတ်လပ်မှုကို ခုံမင်သူသာဖြစ်တယ်။

အေး … ဒါပေမယ့်
အမှန်တရား ဆိတ်သုဉ်း
လွတ်လပ်မှု ဆုံးရှုံးတဲ့အခါ
ကျောင်းသားဟာ ဆူပူလှုံ့ဆော်ရေးသမား ဖြစ်ရမယ်
ကျောင်းသားဟာ တော်လှန်ရေးသမား ဖြစ်ရမယ် … ။ ။
(၁၉၈၈ မတ်လတွင် ရေးသားသည်။  (ဒေါင်းအိုဝေမဂ္ဂဇင်းမှ …)

No comments: