မိဘရင်ခွင်ကြားတိုးဝင်လာတဲ့သား
အများကကြို အိမ်သားတွေကငို
ယိုလာတဲ့မျက်ရည်များ
စိတ်အားငယ်ခြင်းမဟုတ်
ဝမ်းနည်းကြေကွဲခြင်းလဲမမည်
တူညီတဲ့ယုံကြည်ချက်
ရင်တွင်းကပွင့်ထွက်
အားတက်စရာ ခွပ်ဒေါင်းပြန်အလာ
ဝမ်းသာလွန်းလို့စိတ်လှုပ်ရှား
ယိုကျလာတဲ့မျက်ရည်များ။
အနာဂတ်အတွက် အားတက်တဲ့မျက်ရည်
ဒီမိုကရေစီရရှိရေး မျှော်တွေးတဲ့မျက်ရည်
လူမှုရေးနဲ့လူ့အခွင့်ရေး ဖွင့်ပေးမဲ့မျက်ရည်
တိုင်းပြည်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေး
ဖေါ်ပေးမဲ့မျက်ရည် အတွေးတွေကပို
မျက်ရည်တွေကစို အနာဂတ်ကိုရှေးရှု
ပြေးအုလာတဲ့ဒီမျက်ရည်များသည်
မေတ္တာတရားနဲ့အညီ သစ္စာထားကာအတည်
ယုံကြည်ချက်ကိုယ်စီနဲ့ အတူချီတက်သွားကြပါမည်
ပြည်သူတွေအတွက် မင်းကိုနိုင်ပြန်လာပြီ။
ကိုကိုအောင်(ဆန်ဖရန်စစ္စကို)ဇန္န၀ါရီ ၁၄ ၂၀၁၂
No comments:
Post a Comment