Thursday, January 19, 2012

ဒီထက် တခြားအရေးကြီးကိစ္စတွေ လုပ်စရာ မရှိကျတော့ဘူးလား၊

Don't we have nothing to do Important?- ဒီထက် တခြားအရေးကြီးကိစ္စတွေ လုပ်စရာ မရှိကျတော့ဘူးလား၊၊၊၊

by Udp Myanmar on Thursday, January 19, 2012 at 9:19pm
မြန်မာပြည်မှာ ဒီထက် အရေးကြီးတာ သေရေးရှင်ရေးတမျှ ဒီထက် ဦးစားပေးပြီး  လုပ်စရာ တွေ မရှိကြတော့ဘူးလား။  ။

ရွှေည၀ါဆရာတော်၏ ဘုန်းကြီးကိစ္စ လုံးဝမပြောရဖူး သတင်း မ လွင့်ရဖူး မဆိုလိုပါဘူး။  ။ ဒါပေမယ့် မြန်မာပြည်မှာ ဒီထက် အရေးတကြီးနဲ. ဦးစားပေးရမည့် အလေးထားပြီး လုပ်ရမည့် Top Priorities ထိပ်တန်းကိစ္စတွေ အများကြီးပါ။  ။ 

အခုတော့ ဘုန်းကြီးအမှု ရွာပတ်။ သံဃာအချင်းချင်း ဘုန်းကြီးတွေ အချင်းချင်းအကြား ဖြစ်တဲ့ကိစ္စ ဆရာတော်တွေ အချင်းချင်း သူတို.ဘာသာ ပြေလည်ရာ ပြောလည်ကြောင်း ညိကြလိမ့်မယ်။ သူတို.အချင်းချင်း ဖြေရှင်းကြပါလိမ့်မယ်။

မတရားမှုတွေဖက်က ရပ်တည်ပေးရမယ်ဆိုရင်လဲ မြန်မာပြည်မှာ ရပ်တည်ပေးရမည့် မတရား မှုတွေ အများကြီး ရှိနေပါသေးသည်။

အခုတော့ သတင်းတွေမှာ ဒီကိစ္စတွေပဲ အကြိမ်ကြိမ် ဖြစ်နေတော့----- အော် တခြား ဒီထက် တိုင်းပြည်နဲ. လူထုတွေအတွက် လုပ်ရမည့် ကိစ္စတွေ ပြောစရာတွေ မရှိတော့လေ.ရော.လား။  ။ မေးစရာ တွေးစရာ ဖြစ်လာပါသည်။

 အခုတော့ ပြည်ပ သတင်းဌာနတွေနဲ. အတိုက်အခံခေါင်းဆောင်တွေ အားလုံးဟာ ဘုန်းကြီး ကိစ္စမှာ ၀င်ပါနေတာ တွေ.ရတော့ အတော်လဲ စိတ်မကောင်းပါ။ အတော်လဲ စိတ်ပျက်စရာပါ-

ကချင်ပြည်နယ်မှာ စစ်ဘေး ဒုက္ခရောက်နေတဲ့တိုင်းရင်းသားတွေကို သွားမေးပါ။ အဲဒီကိစ္စနဲ. သူတို. လက်ရှိ အရမ်းအေးတဲ့ ဆောင်းရာသီမှာ ဖြတ်သန်းရမည့်ဘ၀ ဘယ်ကိစ္စ ဘယ်အရေး က ပိုပြီး သေရေးရှင်ရေး ဖြစ်မလဲ။ 

ချင်းတောင်မှာ စားစရာ ရိက္ခာ မရှိ အစာရေစာ ရှားပါးနေတဲ့ တောင်ပေါ်တိုင်းရင်းသားတွေ လောလောဆယ် ရင်ဆိုင်နေရတဲ့ ကိစ္စနဲ. အခု ရန်ကုန်မှာ ဘုန်း ကြီးအချင်းချင်း ပြသာနာတက်နေတဲ့တာ--- ဘယ်ဟာကို ဦးစားပေးပြီး ရှေ.ကနေ ဘေးကနေ ရပ်တည် ပေးဖို. လိုပါသလဲ။

ရန်ကုန်က မီးဘေးဒုက္ခရောက်နေတဲ့ သာမန်ပြည်သူတွေ နေစရာမရှိ စားစရာမရှိနဲ. ဘ၀တွေ ပြန်လည် တည်ဆောက်ရေးအတွက် အခက်အခဲတွေက သတင်းဌာနတွေရော အတိုက်အခံ ကျောင်းသားခေါင်းဆောင်တွေအတွက်ရော ဦးစားပေး ရှေ.တန်းတင်ပြီး ၀ိုင်းဝန်းဖြေရှင်း ပေးဖို. မသင့်တော့ဘူးလား----

 အခုတော့ ဒီ ရွှေည၀ါ ဆရာတော်ကြီးနဲ. မဟနအကြား ဖြစ်တဲ့ ကိစ္စကိုပဲ သတင်းတွေကလဲ ဒါပဲ---နောက် အံ့သြဖို.ကောင်းတာကတော့ မကြာခင်ကမှ လွတ်မြောက်လာတဲ့ ကျောင်းသားခေါင်းဆောင်တွေ။ သံဃာ့ခေါင်းဆောင်တွေ ကိုယ်တိုင်က ၀င်ပါတာ  ၀င်ပြောတာတွေကြားရတော့ မြန်မာပြည်မှာ ဒီထက် အရေးကြီးတဲ့ ဦးစားပေးရမည့် အလုပ်တွေ ပြသာနာတွေ မရှိတော့ဘူးလား။  ။

ဘုန်းကြီးချင်း ဖြစ်တဲ့ကိစ္စ လူတွေ ၀င်ပါရင် ပိုပြီး ပြသာနာတက်တတ်ပါသည်။ ရွာတွေမှာ  ဘုန်းကြီး ကျောင်း၂ကျောင်းရှိရင် ရွာနှစ်ခြမ်းကွဲပြီး ဖြေရှင်းရခက်တတ်တာကို  သတိထားဖို. လိုပါသည်။ နောက်ဘုန်းကြီးတွေပဲ လူတွေတောင် ဆိုဆုံးမနေတဲ့သူတွေပဲ--ဒီလောက် ကိစ္စတော့ သူတို. အချင်းချင်း ဖြေရှင်းနိုင်မှာမို. ဒီကိစ္စကြီးဟာ နိုင်ငံရေးအကြပ်အတည်း ပုံစံဖြင့် --- မီးလောင် မည့် မီးစ တခုလို အစ ရှာနေသလို ဖြစ်နေပါသည်။

မတရားမှုတွေ မမျှတမှုတွေအတွက် ရပ်တည်ဖို. ကိစ္စတွေအများကြီးပါ ဒီထက်အရေးကြီးတာတွေ ရှိပါသည်။ ခေါင်းဆောင်တွေရော သတင်းဌာနတွေရော ဦးစားပေး အချိန်ပေး အလေးပေး လုပ်ရမည့် လုပ်စရာတွေ အများကြီးပါ။

စစ်ဘေးဒုက္ခသည်ရောက်နေတဲ့ တောင်ပေါ်က တိုင်းရင်းသား ဒုက္ခသည်တွေတွေ အစာရေစာ ရှားပါးတဲ့ တိုင်းရင်းသားတွေသာ အခု မြေပြန်.မှာ ဘုန်းကြီးတပါးကိစ္စ ဒေါသ ထွက်နေတာကို မြင်ရင်---- သူတို. ဘယ်လို ထင်မလဲ ဘယ်လို ခံစားမလဲ----

မြန်မာပြည်မှာ တို်င်းရင်းသား ကိစ္စနံ. ငြိမ်းချမ်းရေးကိစ္စ အရေးကြီးပါသည်--- အဲဒီလိုအရေးကြီးတဲ့ကိစ္စတွေမှာ First To Do List မှာ ထည့်စေချင် အချိန်ပေးပြီး သတင်းဌာနတွေကလဲ အလေးအနက်ထားဖို. လိုပါသည်။

အထူးသဖြင့် Politically Established Leaders တွေအနေဖြင့် အထူးသတိထားပြီး---ကိစ္စတွေကို ဦးစားပေးဖို. လိုပါပြီ။  ။
Share

  • 2 people like this.
  • 1 share
    • Lu Nga Tay ဒီနေ့သတင်းတွေ သိပ်မမြူးတော့..လူတွေအတွက်ပြောစရာသိပ်မရှိတော့....ရတဲ့သတင်းကိုပဲ..အမျိုးမျိုးအဖုံဖုံဝေဖန်စောကြောရင်းနဲ့..သတင်းအသစ်လေးတွေကိုမျှော်ရတဲ့သဘောပါ။
      57 minutes ago
    • Soe Min Htet ၁၀၀ ရာခိုင်နှုန်း Like!
      46 minutes ago

No comments: