တိုင်းပြည်အတွက် ယုံကြည်ချက်နဲ့
သက်ပေးကြိုးပမ်း ထမ်းဆောင်စွမ်းသူ
ရဲရင့်သူကို ဂုဏ်ယူရှေးရှု
အလေးပြုသည်။
ယခုအခါ
ဒို့တတွေမှာ သွားလဲဒီစိတ်
စားလဲဒီစိတ် နားလဲဒီစိတ်
အိပ်လဲဒီစိတ် ရင်ထိတ်စရာ
ကြုံရပါလည်း ဘယ်ခါမလျှော့
အားမပျော့ဘဲ ရင်ကော့လျက်သာ
ချီတက်ပါမည် ပြည်သာတဲ့ထိ
လျှောက်ပါဘိ။
ကိုကိုအောင်(ခေါ်)တက္ကသိုလ်ဘုန်းကြွယ်
ဇန္န၀ါရီ ၁၇ ၂၀၁၂
No comments:
Post a Comment