Thursday, March 22, 2012

ဒီလူတွေနဲ့ မြန်မာပြည်ရဲ့ ပညာရေးကြီးကောင်းအောင် လုပ်နိုင်မယ်လို့ထင်သလား? အပိုင်း(၃)

"သိန်းထောင်ချီတဲ့ ငွေကြေးအလွဲသုံးစားမှု ဂျာနယ်က ဖော်ပြခဲ့တဲ့ ၀န်ကြီးဌာန(၅)ခုအပြင် နေပြည်တော်မှာရှိတဲ့ ပညာရေးဝန်ကြီးရုံးမှာလည်း
 ပေါ်ပေါက်လျှက်ရှိကြောင်း"

၂၀၁၁-၁၂ဘဏ္ဍာရေးနှစ် စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာအရ နေပြည်တော်မှာရှိတဲ့
ပညာရေးဝန်ကြီးဌာန ၀န်ကြီးရုံးမှာ ငွေကျပ်သိန်း(၄၀၀)ကျော် စာရင်းကွာဟမှုနှင့်
 ငွေကျပ်သိန်း(၈၀၀)ကျော် စာရင်းကွာဟမှု(၂)ခု ဖြစ်နေပါတယ်။

ဒီလိုကွာခြားမှုဟာ ပညာရေးဝန်ကြီးဌာနတစ်ခုလုံးမှာရှိတဲ့ ၀န်ထမ်းတွေရဲ့ ၀န်ထမ်းကောင်းတံဆိပ်ချီးမြှင့်ငွေ တွေနဲ့ အခြားငွေကြေးများဖြစ်ကြောင်း သိရှိရပါတယ်။

 ရုံးအဖွဲ့မှူးတွေအနေနဲ့ ၀န်ကြီးတွေ၊ ဒုဝန်ကြီးတွေရဲ့ ကိုယ်ရေးကိုယ်တာသုံးစွဲမှုများအတွက် ကျခံသုံးစွဲထားရတယ်လို့ စာရင်းပြနေ ကြပါတယ်။

 ဒီငွေကြေးတွေဟာ ၀န်ထမ်းအားလုံးရဲ့ သက်ဆိုင်တဲ့ ချီးမြှင့်ငွေတွေဖြစ်တဲ့အတွက် ဒီလို အလွဲသုံးစားမှုတွေဟာ မဖြစ်သင့်ပါဘူး။ ဒီကိစ္စကို ဘယ်လိုရှင်းကြမယ်ဆိုတာ စောင့်ကြည့်
ရမှာဖြစ်ပါတယ်။

Myanmar News Now

ဒီလူတွေနဲ့ မြန်မာပြည်ရဲ့ ပညာရေးကြီးကောင်းအောင် လုပ်နိုင်မယ်လို့ထင်သလား? အပိုင်း(၂) 
http://www.thithtoolwin.com/2012/03/blog-post_1802.html

ဒီလူတွေနဲ့ မြန်မာပြည်ရဲ့ ပညာရေးကြီးကောင်းအောင် လုပ်နိုင်မယ်လို့ထင်သလား? အပိုင်း(၁)
http://www.thithtoolwin.com/2012/03/blog-post_8396.html

No comments: