Saturday, March 10, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွန်ပြည်နယ် စည်းရုံးရေး ခရီးစဉ်


ဒေါ်အောင်ဆန်းစုကြည် ဝေါမြို့တွင် နှုတ်ဆက်စဉ်
စစ်တောင်းတံတား အဆင်းတွင်လာရောက်ကြိုဆိုသူများကို နှုတ်ဆက်စဉ်
 
 ကျိုက်ထိုမြို့ ပြည်သူများက ကြိုဆို
ဒေါ်အောင်ဆန်းကြည်အားတွေ့ဆုံခွင့်ရရှိရန် strand hotel ရှေ့တွင်စောင့်စားနေသော
 မော်လမြိုင်လူထု
 ၁၀-၃-၂၀၁၂ 
ရန်ကုန်မြို့မှ နံနက် ၈ နာရီခန့်က ထွက်ခွာလာသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည်    ကျိုက်ထိုမြို့ စိမ်းလဲ့တင် စားသောက်ဆိုင်သို့ ၁၂ နာရီမထိုးမီ ၁၀ မိနစ်ဝန်းကျင်တွင်ဆိုက်ရောက်ကြ    ကာ နေ့လည်စာစားပြီး နာရီဝက်ခန့် ရပ်နားသည်။
ဒေါ်အောင်ဆန်းစုကြည်ကားတန်းမှာ ညနေ ၄နာရီ တွင် သထုံမြို့သို့ ၀င်ရောက်လာပြီဖြစ်သည်။
သထုံမြို့ ရွှေစာရံ ဘုရားရှေ့ အ၀ိုင်းတွင် များပြားလှသည့်လူပရိသတ်က စောင့်ကြိုလျှက်ရှိသည်ဟု       သိရှိရသည်။ 
ဒေါ်အောင်ဆန်းစုကြည် မော်လမြိုင်မြို့သို့ ည ၈ နာရီ ကျော်တွင် ရောက်ရှိလာရာ ကြိုဆိုသူ၊ လာ       ရောက် ကြည့်ရှုသူကားအစီး ၄၀၊ ၅၀ ဆယ်ကျော်နှင့်ဆိုင်ကယ် ထောင်ချီရှိသည်ဟု မော်လမြိုင်မြို့ခံ တဦးက ပြောသည်။ မြို့အ၀င် သံလွင်တံတားမှ ဆင်းပြီးနောက် အနောက်တပ်မြေ လမ်းအတိုင်း
ကမ်းနားဟိုတယ်သို့ တောက်လျှောက်မောင်းနှင်သွားရာ လိုက်ပါကြိုဆိုသူ ဆိုင်ကယ်များဖြင့် လမ်းပိတ်လုမတတ်ရှိသည်ဟု မြို့ခံတဦးက YPI သို့ပြောသည်။
 
 

ဒေါ်အောင်ဆန်းစုကြည်၏ မွန်ပြည်နယ် စည်းရုံးရေး ခရီးစဉ်

ရန်ကုန်မြို့မှ နံနက် ၈ နာရီခန့်က ထွက်ခွာလာသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ကျိုက်ထိုမြို့ စိမ်းလဲ့တင် စားသောက်ဆိုင်သို့ ၁၂ နာရီမထိုးမီ ၁၀ မိနစ်ဝန်းကျင် တွင်ဆိုက်ရောက်ကြကာ နေ့လည်စာစားပြီး နာရီဝက်ခန့် ရပ်နားမည်ဟု လိုက်ပါသတင်...းယူသည့် ၀ိုင်ပီအိုင် သတင်းထောက်က သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည်အား မွန်ပြည်နယ်ဧရိယာ အစဖြစ်သည့် စစ်တောင်းတံတား အဆင်းတွင် မွန်ပြည်နယ်မှ လာရောက် ကြိုဆိုသူ လူ ၃၊ ၄ ရာဝန်းကျင် တွေ့ရှိရကြောင်း သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ယနေ့ညနေပိုင်းတွင် မော်လမြိုင်မြို့သို့ ရောက်ရှိကာ ညအိပ်ရပ်နားပြီး မနက်ဖြန် နံနက် ၉ နာရီတွင် လူထုဟောပြောပွဲကို မော်လမြိုင်မှ ကျိုက်မရောမြို့သို့ သွားသည့်ကားလမ်းပေါ်ရှိ ၆မိုင်ကျေးရွာ ဘောလုံးကွင်းတွင် ပြုလုပ်မည်ဖြစ်သည်။

ယနေ့ညတွင် ဒေါ်အောင်ဆန်းစုကြည် တည်းခိုရာ ကမ်းနားဟိုတယ်တွင် မော်လမြိုင်မြို့ မှ နိုင်ငံရေး ပါတီအချို့၊ မြို့မိမြို့ဖများနှင့် ညစာစားသောက်ရန် စီစဉ်ထားသည်ဟု သိရှိရသည်။

သတင်း..... Yangon Press International
 ယနေ့ည မော်လမြိုင်မြို့Strand Hotel ရှေ့မြင်ကွင်း


ဒေါ်အောင်ဆန်းကြည်အားတွေ့ဆုံခွင့်ရရှိရန် strand hotel ရှေ့တွင်စောင့်စားနေသော မော်လမြိုင်လူထု
YPI 
 
 
 

No comments: